စစ်ကိုင်းတိုင်း – ၂၀၂၂ ဒီဇင်ဘာ ၂၇ (မော်ကွန်း)
လူထုသပိတ်တွေ နေ့စဉ်ချီတက်နေတဲ့ စစ်ကိုင်းတိုင်းထဲက သပိတ်တစ်ခုဖြစ်တဲ့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့မှာ သပိတ်ရဲဘော် ကိုချမ်းမြေ့ကျော်ကျဆုံးမှု ၂၁ လပြည့်နေ့အဖြစ် ချီတက်ခဲ့ကြပါတယ်။
ကိုချမ်းမြေ့ကျော် ခေါ် ကိုဖိုးချမ်းဟာ ၂၀၂၁ မတ် ၂၇ ရက်က ပုသိမ်-မုံရွာ-ယာကြီးလမ်းဆုံးမှာ ငြိမ်းချမ်းစွာဆန္ဒပြရင်း အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုမှာ ကျဆုံးခဲ့ရပြီး ကွယ်လွန်ချိန်မှာ အသက် ၃၀ သာရှိပါသေးတယ်။
ဒီကနေ့မှာတော့ ရဲဘော်ဖိုးချမ်းကို ရွာပေါင်းစုံသပိတ်အနေနဲ့ မမေ့ဘဲ ၂၁ လပြည့်အဖြစ် အုတ်ဂူရှေ့ကို ချီတက်အလေးပြုခဲ့ကြပါတယ်။
ရွာပေါင်းစုံသပိတ်ဟာ ပျက်ရက်မရှိဘဲဒီကနေ့ဆို ၆၅၆ ရက်မြောက်သပိတ်နေ့ဖြစ်လာပါပြီ။
ဓာတ်ပုံ – CJ
#Dailynews

