ရေစကြို – ၂၀၂၂ ဒီဇင်ဘာ ၂၁ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သရက်ပင်ကန်အုပ်စု၊ ထန်းပင်ချောင်းရွာကို ဒီကနေ့ည ၇:၀၀ နာရီဝန်းကျင်မှာ အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကစတင်မီးရှို့နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ “အဝေးကနေ မီးခိုးလုံးတွေပဲ မြင်နေရတယ်၊ လောင်နေတဲ့ပုံစံနဲ့ဆို ဘာမှကိုမကျန်လောက်ပါဘူး”လို့ဒေသခံတစ်ဦးကပြောပါတယ်။ ထန်းပင်ချောင်ရွာကို ဝင်ရောက်ခဲ့တဲ့အာဏာသိမ်းစစ်တပ်ကစစ်သားနဲ့ပျူတွေဟာ ကျေးရွာအတွင်းက ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ခိုးယူသွားတယ်လို့ ဒေသခံကပြောပါတယ်။ နေအိမ်လောင်ကျွမ်းမှုအတိအကျမသိရသေးသလို ဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လတ်တလောသိရပါတယ်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့ထိ စစ်အာဏာသိမ်းကာလအတွင်း အကြမ်းဖက်အာဏာသိမ်းစစ်တပ်နဲ့လက်အောက်ခံအပေါင်းအပါတွေ မီးရှို့ဖျက်ဆီးလို့ မကွေးတိုင်းက နေအိမ် ၇,၈၁၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့Data For Myanmar က ဒီဇင်ဘာ ၁၀ရက်နေ့ထုတ်ပြန်ထားပါတယ်။ ရုပ်သံ-မီးရှို့ခံနေရတဲ့ ထန်းပင်ချောင်းရွာ #Dailynews
အင်းတော်-၂၀၂၂ ဒီဇင်ဘာ ၂၁ (မော်ကွန်း) အကြမ်းဖက်စစ်ကောင်စီတပ် အင်အားတစ်ရာကျော်ဟာ ဒီဇင်ဘာ ၂၀ ရက်က စစ်ကိုင်းတိုင်း အထက်ပိုင်း၊ အင်းတော်မြို့နယ် စက်တောကုန်းရွာကို မီးရှို့ဖျက်ဆီးပြီး စက်တောကုန်းရွာက အသက်၆၀အရွယ် အမျိုးသားတစ်ဦးနဲ့ ပိန်းအင်းရွာက လူလေးဦးကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။ “အိမ်ကလေးဆယ်ကျော်မီးရှို့ခံရတယ်။ လူကတစ်ယောက်သတ်ခံရတယ်။ လယ်ဇင်ဘက်မှာက ငါးယောက်ဆွဲသွားတယ်။ ပိန်းအင်းဘက်မှာလည်း လေးယောက်ကိုလမ်းမှာ ပစ်သတ်ပြီးမြှုပ်သွားတယ်” လို့ အဲဒီဒေသခံတစ်ဦးကပြောပါတယ်။ Indaw Revolution IRကလည်း စက်တောကုန်းရွာကိုအကြမ်းဖက် စစ်ကောင်စီတပ်အင်အားတစ်ရာကျော်က မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ ၄၁လုံးနဲ့ စပါးတိုက် အလုံး၃၀ မီးလောင်ပျက်ဆီးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်တွေဝင်လာတာကြောင့် အနီးနားရွာတွေက ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ Photo: Indaw Revolution-IR #Dailynews
ယင်းမာပင် – ၂၀၂၂ ဒီဇင်ဘာ ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဒီကနေ့ ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ဆားလင်းကြီး – ၂၀၂၂ ဒီဇင်ဘာ ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ နံနက်မိုးမလင်းခင် အာဏာသိမ်းစစ်တပ်တွေ ဝင်ရောက်စစ်ကြောင်းထိုးလာလို့ ကျေးရွာတချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ မုံရွာမြို့မှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပိ(နမခ) ကနေ ဆားလင်းကြီးက ကြေးနီထုတ်လုပ်နေတဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီဆီ အင်အားအများအပြားနဲ့ ဝင်ရောက်လာတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဒီလိုဝင်ရောက်လာလို့ ပုသိမ် – မုံရွာလမ်းမဘေး၊ ယင်းမာပင်အရှေ့ခြမ်း၊ ဆားလင်းကြီးမြောက်ခြမ်းက ရွာတွေဖြစ်တဲ့ အောင်မိုး၊ မြပင်စီ၊ အုံတုံပင်၊ မြရွှေစည်၊ ဘိန်းနွယ်ချောင်၊ ဂုဏ်တော၊ ဒုန်းတော၊ ကံကုန်း ကျေးရွာကပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ စစ်ကြောင်းထိုးလာရင် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေ၊ နေအိမ်တွေက အဖိုးတန်ပစ္စည်းတွေ၊ စားနပ်ရိက္ခါတွေကို ခိုးယူတာတွေ၊ မီးရှိ့တာတွေ လုပ်လေ့ရှိတာကြောင့် ခုလို ဒေသခံတွေထွက်ပြေးကြရတာဖြစ်ပါတယ်။ ဓာတ်ပုံ – CJ […]
ပခုက္ကူ – ၂၀၂၂ ဒီဇင်ဘာ ၂၁ (မော်ကွန်း) မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က နဂါးညီနောင်ပြောက်ကျားတပ်ဖွဲ့စခန်းကို ဒီကနေ့မနက် ၅:၀၀ ဝန်းကျင်က အာဏာသိမ်းစစ်တပ်၊ စစ်သားတွေစစ်ကြောင်းထိုးဝင်ရောက်မီးရှို့ခဲ့တယ်လို့ နဂါးညီနောင်တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။ “စစ်ကြောင်းက ရှင်မတောင်ဘက်ကနေတက်လာတာ၊ ၅:၀၀ နာရီလောက်က အသံကြားလို့ ဆုတ်ပြေးပြေးရင်းနဲ့ ရဲဘော်နှစ်ယောက် အဆက်သွယ်ပြတ်နေသေးတယ်၊ စခန်းတော့မီးရှို့ခံလိုက်ရပြီ၊ ခုထိမီးခိုးတွေအူနေတုန်းပဲ”လို့ တာဝန်ရှိသူက ပြောပါတယ်။ နဂါးညီနောင်ပြောက်ကျားတပ်ဖွဲ့စခန်းဟာ နိုဝင်ဘာတုန်းကလည်း သတင်းပေးခံရမှုကြောင့် ပထမအကြိမ် ဝင်ရောက်စီးနင်းခံထားရပြီး ယခုနောက်တစ်ကြိမ်ဝင်ရောက်စီးနင်းမီးရှို့ခံရတာဖြစ်တယ်လို့ သူကပြောပါတယ်။ စခန်းမီးရှို့ခံရမှုကြောင့်အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ထွက်ပြေးလာရပြီး စောင်၊အနွေးထည်နဲ့ စခန်းပါမီးရှို့ခံလိုက်ရတာကြောင့်စခန်းပြန်လည်ထူထောင်ဖို့အခက်ခဲတွေရှိနေတယ်လို့ ပြောပါတယ်။ ရုပ်သံဖိုင် – နဂါးညီနောင်စခန်း ယနေ့မီးရှို့ခံနေရစဉ်။ #Dailynews
ယင်းမာပင် – ၂၀၂၂ ဒီဇင်ဘာ ၂၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်သပိတ်စစ်ကြောင်းတွေထဲက တစ်ခုဖြစ်တဲ့ “သွေးမအေးတဲ့ ရွှေနွယ်သွေး”သပိတ်ဟာ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီကနေ့ သပိတ်ရဲ့ဆောင်ပုဒ်ကတော့ “ကြောက်ခေတ်ကိုမှောက်ပစ်”ဖြစ်ပါတယ်။ ဓာတ်ပုံ -CJ #Dailynews
ယင်းမာပင် – ၂၀၂၂ ဒီဇင်ဘာ ၂၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဒီကနေ့ ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
မုံရွာ-၂၀၂၂ ဒီဇင်ဘာ ၂၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချင်းတွင်းမြစ်အနောက်ဖက်ကမ်း ကျောက်မှော်ရွာမှာ ဒီဇင်ဘာ ၁၈ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရတဲ့ ရွာသားခြောက်ဦး လက်ရှိအချိန်အထိ အဆက်အသွယ်ပြတ်နေတယ်လို့ ညီနောင်မဟာမိတ်တပ်ပေါင်းစုက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “အခုချိန်ထိပြန်မလွှတ်သေးပါဘူး။ ဘာသတင်းအစအနမှမရဘူး။ ထောက်ပို့ရဲဘော်မဟုတ်ဘူး။ အဲဒါပြည်သူတွေဗျ” လို့ညီနောင်မဟာမိတ်တပ်ပေါင်းစုထဲက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ကျောက်မှော်ရွာထဲဝင်တာကြောင့် ပိတ်မိနေတဲ့ ဒေသခံရွာသားတွေကို ကယ်ထုတ်ချိန်မှာ နဂါးညီနောင်အဖွဲ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဒီဇင်ဘာ ၁၈ ရက်က ကျောက်မှော်ရွာကို ဝင်ရောက်လာတာကြောင့် ကျော်မှော်ရွာအပါအဝင် အနီးနားက ရွာတွေက ဒေသခံတစ်ထောင်ကျော်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ #Dailynews
မြိုင် – ၂၀၂၂ ဒီဇင်ဘာ ၁၈ (မော်ကွန်း) မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမြေ Well 2စခန်းမှာ စခန်းချနေထိုင်နေတဲ့ အာဏာသိမ်းစစ်တပ်၊ စစ်သားတွေကို မနေ့ညနေပိုင်းက ဒရုန်း၊ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black God ပြောက်ကျားတပ်ဖွဲ့ ကသိရပါတယ်။ Well 2စခန်းထဲကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်သားတွေက ဒရုန်းလာရာဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခတ်ခဲ့တယ်လို့ Black God ပြောက်ကျားတပ်ဖွဲ့၊ တာဝန်ရှိသူကပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့ကျော်ကလည််း လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ခန့်ကြာခဲ့တယ်လို့ပြောပါတယ်။ “နာရီဝက်ကျော်လောက်ထိဆက်တိုက်ပြန်ပစ်တယ်၊ပြီးတော့ ငြိမ်သွားကြတယ်၊ ထိပြီး သေကုန်ကြသလားဆိုတာတော့ အတိအကျမသိရသေးဘူး”လို့ Black God ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။ Well 2 စခန်းထဲမှာ အာဏာသိမ်းစစ်တပ်က အင်အားရာဂဏန်းဝန်းကျင်ရှိပြီး အင်အားဟာ […]
ပခုက္ကူ – ၂၀၂၂ ဒီဇင်ဘာ ၁၈ (မော်ကွန်း) မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဒီကနေ့ မွန်းလွဲ ၁:၃၀ ဝန်းကျင်က ပခုက္ကူတက္ကသိုလ်နဲ့ ချောက်ကန်ကျေးရွာအကြား စစ်ဆေးရေးလုပ်နေတဲ့ စစ်သားလေးဦးကို ပစ်ခတ်ခဲ့ပြီး သုံးဦးနေရာတင်သေဆုံးခဲ့တယ်လို့ Earthquake Peoples Defense Force အဖွဲ့က သတင်းပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံကိုပိန်ကပြောပါတယ်။ ” သူတို့စစ်ဆေးနေတာကိုဝင်ပစ်ခဲ့တာ၊ သုံးယောက်ကတော့ပြန်ကိုမပစ်နိုင်ဘူး၊ နေရာတင်သေတာ၊ တစ်ယောက်ကတော့ ပြန်ပစ်တယ်၊ ကျွန်တော်တို့ကားက အဆင်မပြေတော့ သေနတ်တွေကောက်ပြီး သူတို့ကားနဲ့ ပြန်ထွက်လာခဲ့တာ”လို့ကိုပိန်ကပြောပါတယ်။ သေနတ်နှစ်လက်အပါအဝင် G3 ကျည် (၅၀၀)၊ G3 ကျည်ဘောက်နှစ်ခု၊ ကားတစ်စီး၊ လက်ထိပ်၊ ဆက်ကြေးစာအုပ်တစ်အုပ်၊ မှတ်ပုံတင်၊ ဖိနပ်၊ ဦးထုပ်၊ ငွေသားသုံးသိန်းနဲ့ လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။ ပုံစာ – သိမ်းဆည်းရမိတဲ့လက်နက်၊ […]
ရန်ကုန် – ၂၀၂၂၊ ဒီဇင်ဘာ ၁၈ (မော်ကွန်း) ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေတဲ့ချယ်ရီသင်္ဘောပေါ်မှာ ဒီနေ့ည ၇:၁၅ ဝန်းကျင်လောက်က ပေါက်ကွဲမှုဖြစ်ပွါးခဲ့ပါတယ်။ “အုန်းခနဲဆိုပြီးကျွန်တော်တို့အိမ်ထိပါကြားရတယ်။ အခုအဲ့ဒီက သမ္ဗာန်နဲ့ပြန်လာတဲ့သူတွေပြောတာကတော့ သင်္ဘောကမျောနေတုန်း။အသေအပျောက်ရှိတယ်။ ” လို့ ဒလမြို့နယ်အနီးအနားက ဒေသခံတစ်ဦးကပြောပါတယ်။ လောလောဆယ်မှာတော့ ကယ်ဆယ်ရေးသင်္ဘောတွေသွားနေပြီး လူအသေအပျောက်ဘယ်နှစ်ဦးရှိလဲဆိုတာတော့မသိရသေးပါဘူး။ ချယ်ရီသင်္ဘောဟာ ရန်ကုန်-ဒလက်ို နံနက် (၆:၀၀) နာရီ ကနေ ည(၈:၀၀) နာရီထိပြေးဆွဲပေးနေတာပပြီးဒလမြို့နယ်က ပြည်သူတွေအဓိကအသုံးပြုနေတဲ့သင်္ဘောပါ။ ဒီဗုံးပေါက်မှုဟာ ဘယ်အဖွဲ့အစည်းကပြုလုပ်တာလည်းဆိုတာကတော့ လတ်တလောမသိရှိရသေးပါ။ #Dailynews
ရေစကြို – ၂၀၂၂ ဒီဇင်ဘာ ၁၇ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗြိဘရွာအနောက်ဘက်မှာဒီကနေ့မနက်ပိုင်း ၁၀: ၀၀ ဝန်းကျင်က အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်က စစ်သား ၅၀ ဝန်းကျင်က ရေစကြို ဗြိဘရွာဘက်ကို စစ်ကြောင်းထိုးလာချိန်မှာ တိုက်ခိုက်ခဲ့တာလို့ပြောပါတယ်။ ” သူတို့ဘုန်းကြီးကျောင်းကနေထွက်လာတော့ ကျွန်တော်တို့ရှေ့ပြေးမိုင်းအရင်ဆွဲတယ်၊ လက်နက်ကြီး ၄၀မမ နဲ့ပစ်တယ်၊ ဒရုန်းနဲ့ အီနာဂါလည်းချတယ်၊ သူတို့စစ်ကြောင်းကိုအနီးကပ်လည်းဝင်ပစ်ခဲ့တယ်”လို့ ရေစကြိုမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ရေစကြိုမြို့နယ်ထဲကိုစစ်ကြောင်းထိုးနေတာသုံးရက်ဝန်းကျင်ရှိပြီး မနေ့က ထိပ်တိုက်မတွေ့လိုက်ဘဲ စစ်ကြောင်းက ဘုန်းကြီးကျောင်းထဲဝင်ရောက်သွားတာကြောင့် မတိုက်ခိုက်ခဲ့တာလို့ ပကဖတာဝန်ရှိသူကပြောပါတယ်။ ဒီကနေ့ စစ်ကြောင်းပြန်ထွက်လာချိန်တိုက်ခိုက်ခဲ့တာကြောင့် စစ်သားနှစ်ဦး သေဆုံးခဲ့ပြီး သေဆုံးတဲ့စစ်သားအလောင်းတွေကို နေရာမှာတင်ပစ်ထားခဲ့ပြီး ဘုန်းကြီးကျောင်းထဲ ပြန်ဝင်သွားတယ်လို့ပြောပါတယ်။ ဒီကနေ့တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)၊ Salingyi […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."