မတ္တရာ – ၂၀၂၂ ဒီဇင်ဘာ ၂၇ (မော်ကွန်း)
မန္ဆလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပိုဝရွာအနီးမှာ ဒီကနေ့မနက်ပိုင်းက အသက် ၂၀ ဝန်းကျင်အမျိုးသားတစ်ဦးရဲ့အလောင်းကို အာဏာသိမ်းစစ်တပ်က လာပစ်သွားတယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစုဆီကသိရပါတယ်။
ပိုဝကျေးရွာက မြေနုကျွန်းမှာအလုပ်လုပ်နေသူတစ်ဥိီးကို အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာ ၂၅ ရက်က ဖမ်းဆီးသွားပြီးနောက် ဒီကနေ့မနက်မှာအလောင်းတွေ့ရှိခဲ့ရတာလို့ပြောပါတယ်။
“သူတို့က ရွာထဲကိုဖမ်းခေါ်သွားတာဆိုတော့ ဘယ်လိုနှိပ်စက်တယ်ဆိုတဲ့ဖြစ်စဥ်အတိအကျကိုတော့မသိရဘူး၊ ဒါပေမယ့်အလောင်းကိုမြင်ရတာတော့တော်တော်နှိပ်စက်ပြီးသတ်ထားတာ”လို့ ကောင်းကင်တော်လှန်ရေးအင်အားစုက တာဝန်ရှိသူက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပိုဝကျေးရွာမှာတပ်စွဲထားပြီး ဒေသခံရွာသား ၃၀ ဝန်းကျင်ကို လူသားဒိုင်းအဖြစ်ဓားစာခံဖမ်းဆီးထားတယ်လို့ သူကပြောပါတယ်။
ပိုဝကျေးရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်၊ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကမနေ့ညပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ပြည်သူနှစ်ဥိီးကယ်ဆယ်နိုင်ခဲ့တယ်လို့ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ မနေ့ကနောက်ဆုံးစောင့်ကြည့်တွက်ချက်မှုအရ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ လက်ချက်နဲ့ နွေဦးတော်လှန်ရေးအတွင်းကျဆုံးရသူ အနည်းဆုံး ၂,၆၆၂ ဦးရှိလာပါပြီ။
ဓာတ်ပုံ – ကောင်းကင်တော်လှန်ရေးအင်အားစု
#Dailynews

