သပိတ်ကျင်း – ၂၀၂၃ ဇန်နဝါရီ ၂၅ (မော်ကွန်း) မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျွန်းကြီးကုန်းရွာကို အာဏာသိမ်းစစ်တပ်က မနေ့မနက်အစောပိုင်း ၅: ၀၀ ဝန်းကျင်က မီးရှို့ပြီး ရွာသားတွေအားလုံးနီးပါးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာပြီးနောက် ကျေးရွာနေအိမ်တွေကိုမီးရှို့ကာ ဒေသခံရွာသားတွေကို ရွာဘုန်းကြီးကျောင်းမှာဖမ်းဆီးထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “သူတို့စစ်ကြောင်းကတခြားရွာကိုသွားသလိုအယောင်ပြပြီးမှရွာထဲကိုဝင်လာတာဆိုတော့ ရွာသားတွေပြေးချိန်မရလိုက်ဘူး၊အကုန်ဖမ်းခံထားရတယ်”လို့ အဆိုပါဒေသခံက မော်ကွန်းကိုပြောပါတယ်။ အာဏာသိမ်းအကြမ်းဖက်စစ်တပ်မီးရှို့လို့ ကျွန်းကြီးကုန်းကျေးရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ CDM ဝန်ထမ်းတွေရဲ့နေအိမ်တွေအပါအဝင် နေအိမ် ၁၃လုံးခန့်မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံကပြောပါတယ်။ အာဏာသိမ်းစစ်တပ်၊ စစ်သားတွေ ဒီနေ့ထိ ကျွန်းကြီးကုန်းကျေးရွာထဲမှာရှိနေသေးတဲ့အပြင် ရွာသားတွေလည်းဖမ်းဆီးခံထားရတာကြောင့်နောက်ဆက်တွဲအခြေနေကိုမသိရသေးပါဘူး။ #Dailynews
ဒီပဲယင်း – ၂၀၂၃ ဇန်နဝါရီ ၂၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်ထဲကိုအာဏာသိမ်းစစ်တပ်က မနေ့ကစတင်ပြီး စစ်ကြောင်းထိုးကာ ရွာတွေကို မီးလိုက်ရှို့နေတာကြောင့် ကျေးရွာ ၁၈ရွာက ဒေသခံသောင်းချီထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဒီပဲယင်းမြို့နယ်အထက်ပိုင်း၊အလယ်ပိုင်းနဲ့အောက်ပိုင်းကျေးရွာပေါင်း ၁၈ရွာက ရွာသားတွေထွက်ပြေးနေရတာဖြစ်ပြီး အကြမ်းဖက်စစ်တပ်က လက်ယက်ကုန်းရွာ၊ ညောင်လှကျေးရွာနဲ့ သရက်တောကျေးရွာတွေကိုမနေ့က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အကြမ်းဖက်စစ်တပ်၊ စစ်ကြောင်းဟာ ဆည်ကြီးကျေးရွာကနေလက်နက်ကြီးနဲ့ပစ်ခတ်ပြီး ညောင်လှကျေးရွာကို စစ်ကြောင်းထိုး၊ မီးရှို့ခဲ့တာလို့ ရွာသားတစ်ဦးကပြောပါတယ်။ “မနေ့က မီးရှို့ခံရပြီးတော့ဒရုန်းနဲ့ကြည့်တာတိုက်တွေပါရှို့ခံထားရတာ၊တစ်အိမ်မှမကျန်တော့ဘူး၊ အကုန်မီးတိုက်ရှို့သွားတာ၊ဟင်းလင်းပြင်ကြီးဖြစ်နေပြီ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ညောင်လှကျေးရွာက နေအိမ် ၁,၅၀၀ ဝန်းကျင်ရှိတဲ့ ရွာကြီးဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကစစ်ကြောင်းထိုးတဲ့အချိန်တိုင်းမီးရှို့ခံရတာဖြစ်တယ်လို့ ဒေသခံဆီကသိရပါတယ်။ ” ရွာထဲကိုတစ်ခါစစ်ကြောင်းထိုးရင်တစ်ခါရှို့တာ၊တစ်နေ့ထဲသုံးခါလောက်ကိုရှို့တဲ့အချိန်လည်းရှိတယ်၊အရင်က ၇၀ရာခိုင်နှုန်းလောက်ပဲလောင်တာ၊ ရွာအပြင်တန်းတွေကျန်သေးတယ်၊ခုကတအိမ်မှကိုမကျန်တော့တာ”လို့အနီးနားကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ကမနေ့က တစ်ရက်ထဲမှာ လက်ယက်ကုန်း၊ မူးခံတွင်း၊ နဘဲလှ၊ ညောင်လှနဲ့သရက်တောကျေးရွာကိုမီးရှို့ခဲ့တာဖြစ်ပြီး ရွာသားအားလုံးတိမ်းရှောင်နေရတာကြောင့် […]
မန္တလေး – ၂၀၂၃ ဇန်နဝါရီ ၂၅ (မော်ကွန်း) စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်က “အသံမတိတ်၊ အလံမလိပ်၊ ပြည်/ခွန်သပိတ်” ဟာ ဒီကနေ့မှာ ၆၄၅ ရက်မြောက်နေ့အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ကျောက်မှော်-၂၀၂၃ ဇန်နဝါရီ ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျောက်မှော်ကျေးရွာအုပ်စုကရွာတွေကို ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက မနေ့ကနေ့လယ်ပိုင်းမှာ မီးရှို့ဖျက်ဆီးတာကြောင့်အိမ်ခြေခုနစ်ဆယ်ကျော်မီးလောင်ပျက်ဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ “နေ့လယ် ၁၁ နာရီလောက်ကစပြီးရွာတွေကိုမီးပတ်ရှို့နေတာ။အိမ်တွေအကုန်ဖောက်ပြီး ရွေငွေတွေလည်းအကုန်မသွားတယ်” လို့ ကျောက်မှော်ဒေသခံတစ်ဦးကပြောပါတယ်။ မီးရှို့ခံရတဲ့ ကျောက်မှော်ကျေးရွာအုပ်စုကရွာတွေဟာ ကျောက်မှော်၊ ကျောက်ကုန်း၊ အင်းပက်၊ ကြက်ကြာ၊ နှောပင်၊ ကျွန်းပေါ် စတဲ့ရွာတွေဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးမှုကြောင့် အဲဒီရွာတွေက ဒေသခံထောင်နဲ့ချီထွက်ပြေးနေရပြီး လူအသေအပျောက်တော့ မရှိသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ လက်ရှိအချိန်မှာတော့ ချင်းတွင်းမြစ်ကြောင်းကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေတယ်လို့ဆိုပါတယ်။ Photo – Supplied #Dailynews
စစ်ကိုင်းတိုင်း – ၂၀၂၃ ဇန်နဝါရီ ၂၄ (မော်ကွန်း) စစ်အာဏာရှင်ကို လူထုသပိတ်နဲ့ နေ့စဉ်မပြတ်ဆန့်ကျင်တော်လှန်နေတဲ့ စစ်ကိုင်းတိုင်းထဲက သပိတ်တစ်ခုဖြစ်တဲ့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းဟာ အာဏာသိမ်းစစ်တပ်ရဲ့ တရားမဝင်ရွေးကောက်ပွဲကို မဲမပေးဖို့ ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော် #Dailynews
ကလေးမြို့ – ၂၀၂၃ ဇန်နဝါရီ ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်းမှာ စစ်အဏာရှင်ကို နေ့စဉ်မပြတ်ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်တစ်ခုဖြစ်တဲ့ ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်ရဲ့ တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်ကို နေ့စဉ်မပြတ်ဆန္ဒထုတ်ဖော်လာတာ ဒီကနေ့ဆို ၇၁၇ ရက်ရှိလာပါပြီ။ ဓာတ်ပုံ – CJ #Dailynews
ပုလဲ – ၂၀၂၃ ဇန်နဝါရီ ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှာ အာဏာသိမ်းစစ်တပ်စစ်သားတွေနဲ့ ပျူစောထီးတွေဒီနေ့ မနက် ၆:၀၀ နာရီဝန်းကျင်ကတိုက်ခိုက်ခံရပြီး ပျူစောထီးလေးဦးသေဆုံးခဲ့တယ်လို့ ဂဠုန်နက်တပ်ဖွဲ့၊ တာဝန်ရှိသူကိုဂဋ္ဌုန်ကမော်ကွန်းကို ပြောပါတယ်။ ဇီးဖြူကုန်းကျေးရွာထဲက ပျူစောထီးနေအိမ် သုံးလုံးကိုဒေသကာကွယ်ရေးတပ်ဖွဲ့တွေဝင်ရောက်မီးရှို့ခဲ့ပြီးနောက်အာဏာသိမ်းစစ်တပ် စစ်သားတွေနဲ့တစ်နာရီနီးပါးတ်ိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကိုဂဋ္ဌုန်ကပြောပါတယ်။ ” ကျွန်တော်တို့နဲ့ထိပ်တိုက်တွေ့ပြီးပွဲဖြစ်တာ၊ပျူစောထီးလေးကောင်ရတယ်၊ အရှင်ဖမ်းမလို့ပဲ၊ ဖမ်းမရလို့ပစ်ခဲ့လိုက်ရတာ”လို့ကိုဂဋ္ဌုန်ကပြောပါတယ်။ ဇီးဖြူကုန်းရွာမှာ အာဏာသိမ်းစစ်တပ်နဲ့ တစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ သူကဆိုပါတယ်။ ဇီးဖြူကုန်းမှာ အာဏာသိမ်းစစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေ အခုလအတွင်း မကြာခဏတိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ စစ်ရှောင်နေကြရတာ ၁၆ ရက်ကျော်ရှိလာနေပါပြီ။ စစ်ရှောင်ဒေသခံတွေအတွက် စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း၊ အမိုးအကာတွေ အကူအညီလိုအပ်နေပါတယ်။ #Dailynews
ပခုက္ကူ – ၂၀၂၃ ဇန်နဝါရီ ၁၃ (မော်ကွန်း) မကွေးတိုင်း၊ ပခုက္ကူမြို့၊ စက်မှုဇုံနဲ့ မြို့သစ်ကြား ကာနီပယ် KTV အနားမှာ ဆိုင်ကယ်စီးလာသူအမျိုးသားနှစ်ဦးကို မနေ့က အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ပစ်သတ်ခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ “သူတို့ကတော့ PDF သတင်းရလို့ကြိုစောင့်နေတာလို့ပြောတယ်၊ အဲ့ဒီအခြေအနေမှာတိုက်ဆိုင်ပြီး ဆိုင်ကယ်နှစ်ယောက်စီးတဲ့ လူငယ်နှစ်ယောက်ကို PDF ဆိုပြီးလိုက်ပစ်ကြတာ၊ သေနတ်ဒဏ်ရာ ၁၂ ချက်လောက်ရပြီးနေရာတင်သေသွားတယ်”လို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးကပြောပါတယ်။ ပစ်သတ်ခံရသူတွေရဲ့အလောင်းကို အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတွေလာသယ်သွားပြီး သတင်းမဖြန့်ဖို့ မိသားစုဝင်တွေကိုသတိပေးထားတာကြောင့် ကိုယ်ရေးအချက်လက်တွေကို မသိရှိရသေးဘူးလို့ ဒေသခံကပြောပါတယ်။ ရေစကြိုနယ်က ထန်းပင်မြစ်တူးတဲ့အမျိုးသားတစ်ဦးကိုဗုံးထောင်တယ်လို့ဆိုကာ အကြမ်းဖက်စစ်တပ်ကပစ်သတ်ထားတဲ့ အလောင်းလည်း ပခုက္ကူ ပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံမှာရောက်ရှိနေတယ်လို့ ဒေသခံကပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ စောင့်ကြည့်တွက်ချက်မှုအရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ပြည်သူဟာ အနည်းဆုံး ၂,၇၀၀ ကျော်ရှိလာပါပြီ။ […]
ပုလဲ – ၂၀၂၃ ဇန်နဝါရီ ၁၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက အာဏာသိမ်းစစ်တပ်နဲ့ပျူစောထီးတွေကို ဒီကနေ့ နံနက် ၁၁:၀၀ ဝန်းကျင်က အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးတစ်ဦးရဲ့အလောင်းကိုရရှိခဲ့တယ်လို့ ဂဠုန်နက်အဖွဲ့က တာဝန်ရှိသူ ကိုဂဠုန်ကပြောပါတယ်။ “ကျွန်တော်တို့အနီးကပ်ဝင်တိုက်တာပါ၊သူတို့ဘက်ကစနိုက်ပါသုံးလာလို့ ကျွန်တော်တို့လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာပါ၊ အနီးကပ် ပစ်ခတ်တာ သုံးနာရီနီးပါးကြာခဲ့တယ်၊သူတို့ထဲက ပျူတစ်ကောင်ဘန်ကာထဲအလောင်းတွေ့လို့ကင်းတဲနဲ့မီးရှို့ခဲ့လိုက်တယ်”လို့ ကိုဂဋ္ဌုန်ကပြောပါတယ်။ ဇီးဖြူကုန်းကျေးရွာဟာ ပျူစောထီးရွာဖြစ်ပြီး ရွာခံတွေအများစုဟာလည်းပျူစောထီးတွေဖြစ်တယ်လို့ သူကပြောပါတယ်။ ဇီးဖြူကုန်းကျေးရွာမှာ အာဏာသိမ်းစစ်တပ်ကစစ်သား၂၀ ဝန်းကျင်ရှိကာ တိုက်ပွဲဖြစ်ပွါးပြီးနောက် ရွာထဲကိုပြေးဝင်သွားကြတယ်လို့ ကိုဂဠုန်ကပြောပါတယ်။ ဇီးဖြူကုန်းရွာအဝင်က ကင်းတဲတွေနဲ့ ပျူစောထီးနေအိမ်နှစ်လုံးကိုမီးရှို့ခဲ့ပြီး ဂဋ္ဌုန်နက်အဖွဲ့နဲ့ မဟာမိတ်အဖွဲ့လေးဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သူကပြောပါတယ်။ #Dailynews
အရာတော် – ၂၀၂၃ ဇန်နဝါရီ ၁၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ဒီကနေ့မနက် ၇:၀၀ နာရီဝန်းကျင်က အင်ကြင်းလှရပ်ကွက်ထဲ အိမ်ထောင်စုစာရင်းကောက်ဖို့ ရှေ့ပြေးလုံခြုံရေးလာယူတဲ့ အာဏာသိမ်းတပ်က စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ ရှေ့ပြေးလာတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်၊ စစ်သားတွေကို ကြိုတင်စောင့်ကြိုပြိီး မိုင်းနှစ်လုံးနဲ့တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့တာလို့ အရာတော်မြို့နယ် ပ.က.ဖ တာဝန်ရှိသူကပြောပါတယ်။ “သူတို့ထိခိုက်မှုရှိမရှိတော့မသိရသေးပါဘူး၊မိုင်းဆွဲခံရပြီးတော့သူတို့လှည့်ပြန်သွားပြီး စစ်ဆေးမှုတွေလုပ်နေတယ်၊ ကျွန်တော်တို့ဘက်က ရရာနည်းနဲ့ကန့်ကွက်သွားမှာပါ”လို့ တာဝန်ရှိသူကပြောပါတယ်။ အရာတော်မြို့နယ်မှာ ၂၀၂၃ ဇန်နဝါရီကိုးရက်နေ့ကစတင်ပြီး အာဏာသိမ်းစစ်တပ်နဲ့ရဲတွေ လက်နက်ကိုင်ဆောင်လုံခြုံရေးယူကာ မီးသတ်နဲ့ NonCDM ဝန်ထမ်းတွေ တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်း စတင်ကောက်ခံခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ တရားမဝင်ရွေးကောက်ပွဲအတွက် အားတက်သရောပါဝင်ပြီး သန်းခေါင်စာရင်း၊အိမ်ထောင်စုစာရင်းလိုက်လံကောက်ခံပေးနေတဲ့ Non CDM ဝန်ထမ်းတွေ စာရင်းကိုအတိအကျရရှိထားပြီး အရေးယူမှုဆောင်ရွက်သွားမှာဖြစ်တယ်လို့ အရာတော်ပ.က.ဖ […]
ယင်းမာပင် – ၂၀၂၃ ဇန်နဝါရီ ၁၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်သပိတ်စစ်ကြောင်းတွေထဲက တစ်ခုဖြစ်တဲ့ “သွေးမအေးတဲ့ ရွှေနွယ်သွေး”သပိတ်ဟာ ၆၀၇ ရက်မြောက်နေ့အဖြစ် စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ -CJ #Dailynews
ပေါက် – ၂၀၂၃ ဇန်နဝါရီ ၈ (မော်ကွန်း) မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း ဝန်လဲအထက်ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့မနက် ၇:၀၀ ဝန်းကျင်က စတင်မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီး သွားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ “စစ်ကြောင်းဝင်တာ ငါးရက်လောက်ရှိနေပြီ၊သူတို့ဒီမနက်မီးရှို့တာတစ်ရွာလုံးကုန်တယ်၊အရင်တစ်ခါ၊အခုတစ်ခါ၊သူတို့လည်း လမ်းမှာမိုင်းထိလို့တော်တော်သေတယ်ပြောတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဝန်လဲအထက်ကျေးရွာက နေအိမ် ၇၀ နီးပါးမီးလောင်ပျက်စီးသွားခဲ့တာဖြစ်ပြီးကျေးရွာသားတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဝန်လဲကျေးရွာကနေ ပြန်ထွက်ခွာသွားပြီဖြစ်ပြီး အင်အား ၈၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံကပြောပါတယ်။ အာဏာသိမ်းစစ်တပ်မီးရှို့လို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀ရက်နေ့အထိ မကွေးတိုင်းက နေအိမ် ၇,၈၁၈လုံး မီးလောင်ပျက်စီး ခဲ့တယ်လို့ Data For Myanmar က ၂၀၂၂ ဒီဇင်ဘာ ၁၀ရက်မှာထုတ်ပြန်ထားပါတယ်။ #Dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."