သတင်းဆောင်းပါးများ

အသားစားနွား ဘာကြောင့် မွေးမြူသင့်သလဲ အပိုင်း(၁)

October 30, 2015

သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၆)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ခင်မောင်မြင့် ရေးသည်။ မြက်ခင်းစိမ်းများကိုဖြတ်ကာ တိုက်ခတ်လာသည့် လေတွင် အောက်သိုးသိုး နွားချေးနံ့များ မွှန်ထူနေသည်။ ထိုမြက်ခင်းစိမ်းတို့ အလယ်တွင် အစိမ်းရောင် သွပ်မိုးထားသော ရှည်မျောမျော အဆောက်အအုံလေးခုရှိသည်။ အဆောက် အအုံတစ်ခုချင်းစီ၏ အလယ်တွင် ရေမြောင်းပုံစံလုပ်ထားသည့် နွားစာခွက် နှစ်ခုစီရှိသည်။             အဆိုပါနွားစာခွက်ထဲရှိ မြက်များကို နွားများက အထွေး လိုက် ဝါးစားနေကြသည်။ နဖားကြိုးတပ်ထားသော ယင်းနွားများ သည် အမြင့် ငါးပေခန့်ရှိသည်။             အဆောက်အအုံအပြင်ဘက်တွင် သံပိုက်ချောင်းများဖြင့် ကာရံထားသည့် ခြံငယ်များလည်းရှိသေးသည်။ ယင်းခြံများထဲ တွင် နွားချေးနှင့် ရွှံ့များရောကာ ဗွက်ထနေသည်။ အထဲတွင် နွား ငယ်လေးများက မျက်လုံးများ ပြူးကာ ဟိုဟိုဒီဒီ ကြည့်နေကြသည်။             ရန်ကုန်တိုင်းဒေသကြီး၊ […]

အပြည့်အစုံဖတ်ရန်

မသန်စွမ်းတို့ မဲပေးရေး အဟန့်အတားတွေနဲ့ ရင်ဆိုင်နေရဆဲ အပိုင်း(၂)

October 19, 2015

Photo: ANFREL     အာဖဂန်နစ်စတန်မှ မသန်စွမ်း မဲဆန္ဒရှင်တစ်ဦး အောက်တိုဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၈)မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။ လင်းမြတ်နှင့် မင်းလွင်ရေးသည်။ အတားအဆီးမဲ့ ပတ်ဝန်းကျင်လို ထိုကဲ့သို့ သွားရေးလာရေးကိစ္စအခက်အခဲများသည် နိုင်ငံ ရေးတွင် အခြားသန်စွမ်းသူများနှင့် တန်းတူပါဝင်ခွင့်၊ ပညာရေး နှင့် အလုပ်အကိုင်ရရှိရေးကိစ္စများတွင် ကြီမားသောအတား အဆီးများဖြစ်နေသဖြင့် အတားအဆီးကင်းသော  ပတ်ဝန်းကျင် (Barrier Free Environment) တစ်ခုလိုသည်ဟု ဦးစောသောင်း ကြည်က ဆိုသည်။ သို့သော် မြန်မာနိုင်ငံ၏ အနေအထားအရ မသန်စွမ်းသူ များ မဆိုထားနှင့်၊ သန်စွမ်းသည့် သာမန်လူများအတွက်ပင် လွတ်လပ်စိတ်ချစွာ သွားလာလှုပ်ရှား၍ ရသော ပတ်ဝန်းကျင်မှာ နည်းပါးသေးသည်ဟု သူက ဆိုသည်။ မသန်စွမ်းသူများအတွက်မူ ”အမှန်ပြောရရင်တော့ နည်း တယ်ဆိုတာထက် (အတားအဆီးမဲ့တဲ့လမ်းတွေ) […]

အပြည့်အစုံဖတ်ရန်

မသန်စွမ်းတို့ မဲပေးရေး အဟန့်အတားတွေနဲ့ ရင်ဆိုင်နေရဆဲ အပိုင်း(၁)

October 19, 2015

အောက်တိုဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၈)မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။ လင်းမြတ်နှင့် မင်းလွင်ရေးသည်။ ဦးအောင်နိုင်သည် ငယ်စဉ်က သန်စွမ်း၏။ သူ အသက် သုံးဆယ်အရွယ်တွင် မြဝတီဘက်၌ သစ်လုပ်ငန်းသွား လုပ်စဉ် မြေမြှုပ်မိုင်းနင်းမိ၍ ဘယ်ခြေတစ်ဖက်ကို ဒူး အောက်မှ ဖြတ်ပစ်လိုက်ရသည်။ ယခု သူ တပ်ဆင်ထား ရသည့် ခြေတုမှာလည်း သူ့ကိုကောင်းမွန်စွာ အထောက်အပံ့မပေးနိုင်။ ခြေတု၏ ခြေခုံနေရာမှာ ကွဲ နေပြီး ခြေတုတစ်ခုလုံး ကြေးတက်ကာ မည်းနေသည်။ ခြေတုတပ်သည့်ဘက်ကို အားပြုရပ်ပါက ဒူးအောက် အရွတ်များက အသားကို ဆူးနဲ့ ထိုးလိုက်သလို နာကျင်လာ၍ လမ်းဝေးဝေးမလျှောက်နိုင်ဟု ဦးအောင်နိုင်က ဆိုသည်။ ချိုင်း ထောက်ဝယ်ရန်လည်း သူ့မှာ ငွေလုံလောက်စွာ မရှိ။ ခြေထောက်တစ်ဖက်ဆုံးရှုံးသွားချိန်မှစ၍ သာမန်လူတစ် ယောက်လို […]

အပြည့်အစုံဖတ်ရန်

ပုဂံမှာ အဖြေရှာခြင်း အပိုင်း(၂)

October 17, 2015

မတ်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၁)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ သန်းထိုက် ရေးသည်။ အဖြေရပြီ             ပညာရှင်များ ထောက်ပြသည်က အထက်ပါအချက်တို့ ကြောင့် ပုဂံသည် ယူနက်စကို၏ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာ ရင်းထဲတွင် မဝင်ရခြင်းဖြစ်သည်ဟုဆိုသည်။             သို့သော်ယူနက်စကိုမှ ဒေါ်ဥမ္မာမျိုးနှင့် တွေ့ဆုံမေးမြန်း ခွင့်ရသည့်အခါမှာ ”ယူနက်စကိုက ကန့်ကွက်တာတို့၊ ပယ်ချတာ တို့ အဲဒီလိုမဟုတ်ပါဘူး။ မပယ်ချဘူး”ဟု ဆိုသည်။             ”ပုဂံဆိုတာအရေးကြီးတဲ့ဒေသ၊ ကမ္ဘာ့အမွေအနှစ်စာရင်း မှာ ပါသင့်တဲ့ဒေသဆိုတာကို ယူနက်စကိုက တစ်ချိန်လုံး သတိရှိ နေပါတယ်၊ အသိအမှတ်ပြုနေပါတယ်”ဟု ၎င်းက ဆက်ပြောသည်။             ၁၉၉၅ ခုနှစ်တွင် ပုဂံကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်  စာရင်းသို့ မြန်မာအစိုးရက တင်ခဲ့ဖူးသည်။             ရှေးဟောင်းအမွေအနှစ်တစ်ခုအနေဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်းသို့ တင်သွင်းလိုပါက […]

အပြည့်အစုံဖတ်ရန်

ပုဂံမှာ အဖြေရှာခြင်း အပိုင်း(၁)

October 17, 2015

မတ်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၁)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ သန်းထိုက် ရေးသည်။ ပုဂံ အချိန်ကား လင်းကြက်ပင်မတွန်သေး။ ကောင်းကင်တစ် ခွင်လုံးက နက်မှောင်နေသေးသည်။ မည်းမှောင်နေသောကောင်း ကင်နောက်ခံတွင် ရွှေချထားသည့် ဘုရားများကို မီးရောင်တထိန် ထိန်နှင့်တွေ့ရသည်မှာ အနက်ရောင်ကတ္တီပါပေါ်တွင် ရွှေတုံးလေး များ ချထားသည့်နှယ်။             အနော်ရထာမင်းတည်ထားခဲ့သော ရွှေဆံတော်ဘုရား အထက်ပစ္စယံအရှေ့ဘက်တွင်တော့ လူများက အပြည့် အမောက်။ တီးတိုးစကားပြောသံများ၊ ဆုတောင်းသံလိုလို ရေ ရွတ်သံများ၊ ကင်မရာနေရာပြင်ဆင်မှုများ၊ နောက်ထပ်ရောက် လာ၍ နေရာယူကြသူများဖြင့် လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ ထို အချိန်တွင် ပတ္တမြားသွေးများ ပန်းထွက်လာသလား ထင်မှတ်မှား ရလောက်အောင် နီစွေးစွေးရောင်စဉ်တန်းများ တုရင်တောင်ထိပ် တွင် တွေ့လိုက်ရသည်။             နက်မှောင်နေသောမြေပြင်၊ ပုစွန်ဆီရောင်၊ မဲနယ်ရောင် တို့ဖြင့် လိမ်းကျံထားသည့် […]

အပြည့်အစုံဖတ်ရန်

လယ်သမားတွေ အိပ်မက် မမက်ဝံ့သော သမ္မတလယ်တော အပိုင်း(၂)

October 10, 2015


အပြည့်အစုံဖတ်ရန်

လယ်သမားတွေ အိပ်မက် မမက်ဝံ့သော သမ္မတလယ်တော အပိုင်း(၁)

October 10, 2015

အောက်တိုဘာလထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၈) မှ သတင်းဆောင်းပါးဖြစ်ပါသည်။ မောင်သင်တုန်း ရေးသည်။ တဖြူးဖြူး တိုက်ခတ်နေတဲ့ လေပြည်တွေကြားမှာ တစ်ထွာ လောက်ရှိတဲ့ စပါးပင်ကလေးတွေဟာ ယိမ်းထိုးလှုပ်ရှားနေကြ တယ်။ လေပြည်တစ်ချက်အဝှေ့မှာ အဝါနုရောင်သမ်းနေတဲ့ စပါး ပင်ထိပ်ဖျားကလေးတွေဟာ လယ်ကွင်းထဲက ရေတွေကို ငုံ့ သောက်နေကြသလို။           အဲဒီစပါးပင်ကလေးတွေကို ပြုစုပေးမယ့် လယ်လုပ်သမား နှစ်ဆယ်လောက်ဟာ ပေါက်တူးပေါက်ပြား ကိုယ်စီနဲ့ လယ်ကန် သင်းပေါင်ကို တူးဆွပြုပြင်နေကြတယ်။           အဲဒီလယ်ကွက်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ မြေသားလမ်း ကလေးပေါ်မှာတော့ လယ်တောကို ကြီးကြပ်သူတွေ စီးလာတဲ့ Pajero ကားတစ်စီး၊ Hilux SURF ကားနှစ်စီးနဲ့ လယ်ယာ လုပ်ငန်းသုံးပစ္စည်းတွေသယ်ယူတဲ့ ကုန်တင်ယာဉ်ငယ်တစ်စီး ရပ် ထားတယ်။           စပါးခင်းလယ်ကွက်တွေကို စတုရန်းပုံသဏ္ဌာန် လေး […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်မြို့ပြ အနှေးယာဉ် လောက

September 26, 2015

အောက်တိုဘာလထုတ်-၂၀၁၄၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၇)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ သန်းထိုက်ရေးသည်။ ‘အနီရောင် သာကေတ’ဟူသော ယာဉ်နောက်လိုက်၏ လူ ခေါ်သံနှင့်အတူ သာကေတသို့သွားမည့် မီနီဘတ်စ်ကားတစ်စီးက သူ့ဆိုက်ကားကို ကျော်တက်၍ ပိတ်ရပ်လိုက်သောကြောင့် ဆိုက် ကားကို ရုတ်တရက်အရှိန်သတ်လိုက်ရင်း ချွေးစို့နေသော နှုတ် ခမ်းများဖြင့် ကိုကျော်နောင်နောင်လှိုင်က တစ်စုံတစ်ရာကို ဆဲဆို ရေရွတ်လိုက်သည်။ ပြီးတော့ ဟွမ်းသံတတီတီမြည်နေသော၊ လူ တင်နေသော ကားများကြား ကွေ့ဝိုက်ကျော်တက်လိုက်သည်။ ”အ္တနရာယ်များတာတွေ၊ ပင်ပန်းတာတွေ ရှိပေမယ့် ပုံမှန် ဝင်ငွေလေးရလို့လုပ်နေတာပါ။ ပန်းရံလုပ်တယ်ဆိုရင် တစ်နေ့ လေး၊ ငါးထောင်လောက်ပဲရတယ်။ ဆိုက်ကားနင်းတာကတော့ ကိုးထောင်၊ တစ်သောင်းလောက်ရတယ်”ဟု ကိုကျော်နောင် နောင်လှိုင်က ပြောသည်။ တစ်နေ့ထက် တစ်နေ့ ကားစီးရေ တိုးပွားလာနေသော ရန် ကုန်မြို့၏ လမ်းမများထက်တွင် မော်တော်ယာဉ်များကြား လွန်း […]

အပြည့်အစုံဖတ်ရန်

ကျောတစ်ခင်းစာ နေရာပေးပါ

September 24, 2015

Photo: Thet Oo Mon မေလထုတ်-၂၀၁၄၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၁၃)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ သက်ဦးမွန် ရေးသည်။ သင် အိပ်ရာ ပျောက်ခဲ့ဖူးပါသလား။ ပြန်စရာအိမ်မရှိတဲ့ အဖြစ်ကို ရောက်ခဲ့ဖူးပါသလား။ အိပ်စရာနေရာမရှိလို့၊ ပြန်စရာ အိမ်မရှိလို့ လမ်းဘေးတစ်နေရာရာမှာ အိပ်စက်ခဲ့ဖူးပါသလား။ ဒီအတွေ့အကြုံမျိုး သင်မကြုံတွေ့ခဲ့ဖူးဘူးဆိုရင်တော့ စာဖတ်သူ ဟာ အင်မတန်မှ ကံကောင်းတဲ့သူဖြစ်ပါလိမ့်မယ်။           စာဖတ်သူလို ကံမကောင်းကြတဲ့ အိုးမဲ့အိမ်မဲ့တွေနဲ့ရော တွေ့ဆုံဖူးပါသလား။ သူတို့တစ်တွေရဲ့ ဒုက္ခအဝဝကိုရော မေးမြန်း ကြည့်ဖူးပါသလား။ အဲဒီလို မကြုံတွေ့ဖူးဘူးဆိုရင်တော့ အောက် မှာ ဖော်ပြထားတဲ့ သတင်းဆောင်းပါးကို ဖတ်ရှုရင်းနဲ့ အိုးမဲ့အိမ်မဲ့ တွေရဲ့ ဘဝကို တစ်စေ့တစ်စောင်း လှမ်းကြည့်နိုင်ပါလိမ့်မယ်။ ည ည ည           အချိန်က  ည ၉ နာရီ […]

အပြည့်အစုံဖတ်ရန်

တောနက်နက်၊ ခရီးကြမ်းကြမ်း၊ အန္တရယ်ကြားက ရိုးရာဆေးသောက်ပွဲ အပိုင်း(၄)

September 23, 2015

  ဇူလိုင်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၅) မှ ခရီးသွားဆောင်းပါးဖြစ်ပါသည်။ သက်ဦးမွန် ရေးသည်။ ဖြူချေးခါးဟင်း နေ့လယ်စာထမင်းစားတော့ထူးထူးခြားခြားဟင်းတစ်မျိုးကို တွေ့ရသည်။ ဖြူဝမ်းတွင်းသား(သို့)ဖြူချေးခါးဟင်းဖြစ်သည်။မုဆိုးဆရာတို့လက်စွမ်းဖြင့် ဖြူတစ်ကောင်ရထားခြင်းဖြစ်သည်။ ဖြူသားဟင်းကတော့ကျက်နေလေပြီ။ ဖြူချေးခါးကတော့ဒန်အိုးထဲတွင်ချက်နေတုန်း။အနံ့ကတော့ မွှေးလှသည်။အရောင်အဆင်းကတော့စားချင်စဖွယ်မရှိလှ။ရွံ့ရောင်တောက်တောက်။ ဆေးဖက်ဝင်သည်ဟုပြောပါသည်။ ဖြူချေးခါးကျက်တော့ထမင်းပန်းကန်ထဲနှစ်ဇွန်းလောက်ခပ်ကာပုံပြီးလက်ညှိုးနှင့်ကလော်ကာအရသာမြည်းကြည့်လိုက်သည်။စားလက်စထမင်းတောင်အန်ထွက်တော့မလို ဖြစ်သွားသည်။ခါးလိုက်သည့်အရသာ။မတတ်နိုင်တော့။ပါးစပ်ထဲ ရောက်ပြီးမှ ပြန်ထွေးရမှာလည်း ဆေးဖက်ဝင်ဟင်းဆိုတော့နှမြောမိကာထမင်းနှင့်လုံးထွေးမျိုချပြီး ရေသောက်လိုက်ရပါတော့သည်။ ထမင်းစားပြီးမိမိအိပ်ရာသို့ ပြန်လာကာတစ်ရေးတစ်မောအိပ်ဖို့ပြင်လိုက်သည်။ဒါပေမဲ့အိပ်၍မပျော်။အခြားသူများကိုကြည့်မိတော့လည်းအိပ်သူကအိပ်၊စကားပြောသူက ပြောနေကြသည်။ကရင်စကားနှင့်ထားဝယ်စကားများ ပြောကြတာ ဖြစ်သည်။ကျွန်တော်ကတော့တစ်လုံးမှနားမလည်။လုပ်စရာအလုပ်ကလည်းမရှိ။ တောင်တွေးမြောက်တွေးနှင့်ပျင်းဖို့ ကောင်းလှသည်။ပထမတောထဲစဝင်တုန်းက ပျော်ဖို့ကောင်း ပေမယ့်ရက်ကြာလာတော့ပျင်းလာသည်။ ရန်ကုန်မှာ မွေး၊ရန်ကုန်မှာကြီးပြင်းခဲ့ရသူကျွန်တော့်အတွက်ကားသံ၊လူသံ၊တိုက်တာအဆောက်အအုံတွေကဘဝ၏အစိတ်အပိုင်းတစ်ခုလိုစွဲမြဲနေလေပြီ။ထိုအရာများအနားမှာမရှိသည်နှင့်တစ်ခုခုလိုအပ်နေသလို။ တောတောင်အရိပ်အာဝါသက အေးချမ်းလှပေမယ့်ပူလောင်မှုတွေဆီပဲစိတ်က ရောက်ရောက်နေမိပါသည်။ပိုဆိုးသည်ကဒီနေ့ကသင်္ကြန်အကြိုနေ့လည်း ဖြစ်ပါသည်။ ပုခက်ထဲတွင်ပျင်းရိစွာတလူးလူးတလိမ့်လိမ့်နှင့်ညနေ စောင်းသို့ ရောက်လာတော့သည်။ထမင်းချက်သည့်နေရာတွင် နေ့လယ်ကရှာထားသည့် ဆေးမြစ်များခုတ်ထစ်နေကြသည်ကို တွေ့ရပါသည်။ဒီကနေ့ကျွန်တော်တို့ဆေးသောက်ရမှာသုံးရက် မြောက်နေ့၊တစ်နည်း နောက်ဆုံးရက်လည်း ဖြစ်သည်။ Photo: Thet Oo Mon            […]

အပြည့်အစုံဖတ်ရန်

တောနက်နက်၊ ခရီးကြမ်းကြမ်း၊ အန္တရယ်ကြားက ရိုးရာဆေးသောက်ပွဲ အပိုင်း(၃)

September 23, 2015

ဇူလိုင်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၅) မှ ခရီးသွားဆောင်းပါးဖြစ်ပါသည်။ သက်ဦးမွန် ရေးသည်။ ဆေးစသောက်ခြင်း ကျွန်တော်တို့အဖွဲ့တွေဒီည ဆေးစသောက်ရမည်ဖြစ်သည်။ကိုတင့်လွင်ကိုမေးကြည့်တော့ နောက်နေ့ တောင်ပေါ်တက်ရန်အမောခံနိုင်စေရန်တစ်ပွဲတိုးဆေးသောက်ရမှာဖြစ်သည်ဟုဆိုပါသည်။မကြာမီစခန်းသို့ ဆေးဆရာနှင့် ဆေးဆရာမတို့ ဆေးပင် တွေ၊ ဆေးမြစ်တွေကိုင်ပြီး ရောက်လာကြတော့သည်။ဒီညကျွန် တော်တို့သောက်ရန် ဆေးသွားရှာခြင်းဖြစ်သည်။ ဆေးသောက်ချိန်ကို မေးကြည့်တော့တစ်ရက်ကိုသုံးချိန်ရှိသည်။ သောက်သည့်အချိန်ကညနေကြက်အိပ်တန်းတက်ချိန် (၆နာရီ)တစ်ခါ၊ညသန်းခေါင်ယံတစ်ခါ၊မနက်ကြက်အိပ်တန်းဆင်းချိန်(မနက်၆နာရီဝန်းကျင်) တစ်ခါ ဆေးသောက်ဆေးချိုးရမည်ဖြစ်သည်။ ဆေးဆရာအဖွဲ့ကပါလာသည့် ဆေးပင်၊ ဆေး မြစ်များကိုခုတ်ထစ်ကာ ဆေးသောက်မည့်အဖွဲ့လိုက်ဒန်အိုး လေးတွေနဲ့ခွဲကာထည့်ပေးသည်။ ဆေးကအသက်အရွယ်ကန့်သတ်ကာခွဲသောက်ရခြင်း ဖြစ်သည်။၁၈နှစ်မှ၂၅နှစ်အထိက ဆေးတစ်မျိုး၊၂၅နှစ်မှအသက်၄ဝအထိက ဆေးတစ်မျိုး၊အသက်၄ဝမှငါးဆယ်၊ ခြောက်ဆယ်အထိ ဆေးတစ်မျိုးဟူ၍အမျိုးအစားအလိုက်ခွဲကာ သောက်ရမည်ဖြစ်သည်။ ကျွန်တော်တို့အဖွဲ့တွင်သုံးယောက်ပါသည်။ကျွန်တော်၊ထားဝယ်CSO အဖွဲ့မှကိုမျိုးသူနှင့်ကိုသားထူးတို့ပါ။ကိုသားထူးကလည်းထားဝယ်မြို့ပေါ်မှဃှဥအဖွဲ့တစ်ခုမှ ဖြစ်သည်။တချို့အဖွဲ့က လေးယောက်တစ်အိုး၊ငါးယောက်တစ်အိုးဖြစ်သည်။ ဆေးကျိုဖို့ပထမဆုံးကျွန်တော်တို့အဖွဲ့ ကျောက်ခဲကြီးကြီးသုံးလုံးကို ချောင်းထဲမှသွားရှာရသည်။မီးဖိုလုပ်ရန်ဖြစ်သည်။ပြီးတော့မီးမွှေးဖို့ထင်းများလိုက်ရှာသည်။ ဆေးမြစ်များထည့်ထားသောဒန်အိုးထဲသို့ ချောင်းထဲမှ ရေဖြည့်ရသည်။ပြီးနောက်မီးမွှေးကာ ဆေးအိုးကိုမီးဖိုပေါ်တင်ထားလိုက်တော့သည်။ အားလုံးပြီးတော့ ဆေးသောက်ဆေးချိုးဖို့ဝါးခွက်လေး တွေလိုသေးသည်။ထို့ကြောင့်ဝါးခွက်လုပ်ရန် ပြင်သည်။ကျွန် တော်လည်းသူများတွေလုပ်သလိုဝါးပင်လိုက်ခုတ်သည်။ဝါးပင်ကတော့ပေါသည်။ကြိုက်သည့်အပင်ရွေးခုတ်ရုံသာ။ကျွန်တော်လည်းအနေတော်ဝါးတစ်လုံးကိုခုတ်ကာခွက်တစ်လုံးအရွယ်ခုတ်ထစ်သည်။ ဒါပေမဲ့မခုတ်တတ်သည့်အတွက်ဝါးကခွက်ဖြစ်ခါနီးကွဲသွားလိုက်၊ခုတ်ရင်းတိုသွားလိုက်နှင့်ဝါးတစ်ပင်လုံးသာကုန်သွားသည်။ခွက်တစ်လုံး […]

အပြည့်အစုံဖတ်ရန်

တောနက်နက်၊ ခရီးကြမ်းကြမ်း၊ အန္တရယ်ကြားက ရိုးရာဆေးသောက်ပွဲ အပိုင်း(၂)

September 23, 2015

ဇူလိုင်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၅) မှ ခရီးသွားဆောင်းပါးဖြစ်ပါသည်။ သက်ဦးမွန် ရေးသည်။ တောတွင်းသို့စဝင်ကြပြီ မနက်၆နာရီခွဲသည်နှင့်မျက်နှာသစ်၊ကိုယ်လက်သန့်စင်ပြီးမနက်စာကြက်ဥကြော်နှင့်ထမင်းကြော်ကိုစားသောက်ကြသည်။ပြီးလျှင်သွားလာဖို့အတွက် ပြင်ကြဆင်ကြတော့သည်။  တောထဲတွင်အဓိကလိုအပ်သည်မှာရိက္ခာဖြစ်သည်။ထို့ကြောင့်အခြေခံဆန်၊ဆီ၊ဆားကိုတော့လုံလောက်စွာထည့်ရသည်။ ဟင်းစားကတော့ တောထဲတွင် ဖြစ်သလိုပင်။မိမိတို့တွင်ပါလာကြသည့်ငါးခြောက်ငါးခြမ်းလေးများနှင့်စားကြမှာဖြစ်ပြီး တောထဲတွင် မျောက်(သို့) တောကောင်များပစ်လို့ရပါကဟင်းအဖြစ်သုံးဆောင်ရမည်ဟုအရင်နှစ်က ဆေးသောက်ပွဲလိုက်ပါဖူးသူခမောင်းသွယ်ဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်ကိုလွှမ်းမိုးက ပြောပြသည်။ ဆန်ကိုတော့တစ်ယောက်ကိုတစ်ပြည်ကျကြွပ်ကြွပ်အိတ်နှင့်ခွဲသယ်ကြရသည်။ထို့အပြင် ဆေးကျိုရန်ဒယ်အိုးတို့ကိုလည်းကိုယ်စီသယ်ဆောင်ရသည်။ဦးစောကဲဒိုတို့ဆိုလျှင်ဆန်အပြင်ဆီ၊ဆား၊ ဆေးကျိုဖို့ဒန်အိုးစသဖြင့်ဆာလာအိတ်နှင့်အပြည့်သယ်ရသည်။ ကျွန်တော်ကတော့သက်သာပါသေးသည်။ဆန်တစ်ပြည်၊ ကျောပိုးအိတ်တစ်လုံး၊ဟန်းကောချိုင့်တစ်လုံးပါသည်။ဒါတောင်ကျွန်တော့်အဖို့ လေးလှသည်။ကျွန်တော်တို့အဖွဲ့တွင်ပါသောမိန်းကလေးများလည်းထိုနည်းတူ။ကိုယ့်ဆန်အိတ်၊ကိုယ့်ဒန်အိုး လေးတွေကိုယ်စီနှင့်။ ခုနစ်နာရီခွဲသည်နှင့်ကျွန်တော်တို့အဖွဲ့ဆိုင်ကယ်နှင့်ဆိတ်ဖြုံးကျေးရွာသို့ထွက်လာခဲ့ကြသည်။ကျွန်တော်တို့ကိုဦးဆောင် ခေါ်သွားမည့် ဆေးဆရာအိမ်သို့ဖြစ်သည်။ လေးဆယ့်ငါးမိနစ်ခန့်ဆိုင်ကယ်မောင်းပြီးသောအခါ ဆေးဆရာအိမ်သို့ ရောက်ရှိသည်။ ဆေးဆရာအိမ်ကနှစ်ထပ်ခြေတံရှည်အိမ်ဖြစ်သည်။ခြံထဲတွင်ကွမ်းပင်၊သီးပင်စားပင်နှင့်သစ်ခွပန်းများကိုစိုက်ပျိုးထားသည်။ အိမ်အပေါ်ထပ်တွင် ဆေးသောက်ပွဲသို့လိုက်ပါမည့်ရွာခံများကိုလည်းထပ်တွေ့ရသည်။ကျွန်တော်တို့အဖွဲ့လည်း ဆေးဆရာနှင့် ခေတ္တစကားပြောကြသည်။ ဆေးသောက်ပွဲအတွေ့အကြုံများအကြောင်းဖြစ်သည်။ ဆေးဆရာကြီးနာမည်ကဦးစောဖိတတ်။ပုံစံကဂင်တိုတို၊အသက်က ခြောက်ဆယ်ရှိပြီဖြစ်သည်။အသက်အရွယ်နှင့်မလိုက်အောင်ဖျတ်လတ်လွန်းလှသည်။အသားကနဂိုဖြူသော်လည်း နေပူဒဏ်ကြောင့်ညိုညစ်ညစ်ဖြစ်နေဟန်တူသည်။ပါးစပ်ထဲမှာလည်းကွမ်းတွေကအပြည့်။သွားတွေပင်မမြင်ရ။ရဲရဲနီနေသည်။ သူက ဆေးဆရာမျိုးရိုးတော့မဟုတ်။အိမ်ထောင်ကျမှ ဆေးဆရာဖြစ်လာခြင်းဖြစ်သည်။သူ၏ယောက္ခမက ဆေးဆရာကြီးဖြစ်ပြီးသူ့သမီးနှင့်အကြောင်းပါသောအခါသူကိုယ်တိုင် ဆေးဆရာဖြစ်လာသည်။ ဆေးဆရာကြီး၏ဇနီးကလည်းသူ့ဖခင်၏ ဆေးပညာအမွေကိုအကုန်ရရှိထားသူဖြစ်သည်။သူငယ်စဉ်၁၂နှစ်သမီးတည်းကဖခင်ဖြစ်သူက တောထဲ ဆေးသွားနုတ်သည့်အခါ ခေါ်သွားပြီးသင်ပြပေးသည်ဟုယခုအသက်၄၈နှစ်အရွယ်ရှိပြီဖြစ်သော ဒေါ်နော်ထီးဖောကရှင်းပြပါသည်။ ဆေးသောက်ပွဲလိုက်မည့်သူများထဲတွင် ကျောင်းဆရာမပါသည်။မုဆိုးပါသည်။ထားဝယ်ဒေသခံလူမှုအဖွဲ့အစည်းတွေပါသည်။ နောက်သတင်းသမားဆိုလျှင်ကျွန်တော်နှင့်ကိုတင့်လွင်၊အားလုံးပေါင်း၃၄ […]

အပြည့်အစုံဖတ်ရန်
1 … 22 23 24 25 26 27 28 … 34

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."