Photo : Kyaw Zayar Htun ၂၀၁၅၊ မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ် (၂၃)မှ သတင်းဆောင်းပါးမှဖြစ်ပါသည်။ သီရိဟန်ရေးသား သည်။ ဝန်းကျင်တခိုတွင် မြူ ခိုးတို့က ခပ်ပါးပါးလွှမ်းခြုံထားဆဲ။ လှိုင် မြစ်ပေါ်တွင် ကန့်လန့်ဖြတ်ထိုးထားသော ဘုရင့်နောင်တံတား အမှတ် (၁) ဘက်ကို လှမ်းမျှော်ကြည့် လိုက်ချိန်မှာ စက်ဘီးပေါင်း မြောက်မြားစွာတို့သည် တံတားကို ဖြတ်လျက် ဘုရင့်နောင်လမ်း ဆုံရှိရာဘက်သို့ တစ်ရှိန်ထိုး ပြေးဆင်းလာနေကြသည်ကို တွေ့ ရသည်။ ထိုစက်ဘီးတို့သည် မြစ်၏တစ်ဖက်ကမ်း လှိုင်သာယာ ဘက်ခြမ်းမှ အပြေးနှင်လာကြခြင်းဖြစ်သည်။ ရုတ်တရက်ကြည့် လိုက်လျှင် စက်ဘီးပြိုင်ပွဲ ဝင်နေကြသလား ထင်မှတ်မှားစရာ။ သို့ မဟုတ်လျှင်လည်း လမ်းလယ်က မောင်းလာသော ကားများကို ဘေးတစ်ဘက်တစ်ချက်မှ ခြံရံကာ နင်းလာကြသည့်နှယ်။ သို့သော် တစ်ခုမှမဟုတ်ပါ။ […]
Photo : Kaung Myat Moe ၂၀၁၄-နိုဝင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ် (၁၈) စီးပွားရေးဆောင်းပါး ဖြစ်ပါသည်။ ကောင်းမြတ်မိုး ရေးသည်။ သီတာဝင်း ပံ့ပိုးသည်။ မြန်မာနိုင်ငံက ပြည်ပပို့ကုန်တွေထဲမှာ သွက်သွက်လက်လက် ရောင်းတန်းဝင်ခဲ့ဖူးတဲ့ ကုန်ပစ္စည်းတစ်ခု ရှိ ပါတယ်။ အဲဒီပို့ကုန်ရဲ့ အဓိကဝယ်လက်ကတော့ တရုတ်နိုင်ငံပါ။ တရုတ်နိုင်ငံရဲ့ဈေးကွက်မှာ မြန်မာနိုင်ငံရဲ့ အဲဒီ ပို့ကုန်ဟာ ကာလတစ်ခုအထိ နေရာယူထားပြီး မြန်မာနဲ့ယှဉ်ပြိုင်နိုင်တဲ့ အခြားနိုင်ငံဆိုလို့ မရှိသလောက် ရှားပါးခဲ့ပါတယ်။ အဲဒီထွက်ကုန်ဟာ မြန်မာနိုင်ငံရဲ့ သစ်တောတွေ၊ သဘာဝ ဓာတ်ငွေ့တွေ၊ ကျောက်မျက်ရတနာတွေ မဟုတ်ပါဘူး။ နောက်ဆုံး ကုန်ကုန်ပြောရရင် မြေပေါ်၊ မြေအောက်ကနေထွက်တဲ့ သယံဇာတတွေ တစ်ခုမှမဟုတ်သလို ထုတ်ကုန်လည်းမဟုတ်ပါဘူး။ ဒီပို့ကုန်ကတော့ မြန်မာအမျိုးသမီးတွေ အမြတ်တနိုးတန်ဖိုးထားခဲ့ကြတဲ့ အရာဝတ္တုတစ်ခုပေါ့။ ခေတ်အဆက်ဆက် […]
Photo : Kyaw Zay Yar Htun ကြာအင်းဆိပ်ကြီးမှ တရားပွဲကြော်ငြာပိုစတာများ ၂၀၁၅ ၊ မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၃)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ ခင်မောင်မြင့် နှင့် ကျော်ဇေယျာထွန်း ရေးသည် ပဋိပက္ခတွေနဲ့ ၉၆၉ ဆက်စပ်မှုရှိလား မဘသကို အခုလိုထောက်ပြစရာဖြစ်နေတာဟာ မဘသ အဖွဲ့ ဦးဆောင်ဆရာတော်တွေနဲ့ မသက်ဆိုင်ဘဲ တခြားသော မျိုး ချစ်အဖွဲ့တွေက မဘသအဖွဲ့အမည်ခံကာ တစ်သီးပုဂ္ဂလ ရေးသား၊ ပြောဆိုနေခြင်းတွေကြောင့် ဝေဖန်ချင်သူတွေအတွက် ထောက် ပြစရာတွေ ဖြစ်နေတယ်လို့ မဘသ(အထက်မြန်မာပြည်) ဦး ဆောင်ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။ တစ်ခါတစ်ရံမှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ ဦးဇင်းတစ် ပါးစသဖြင့် ပြောဟောသွားတာဖြစ်စေ၊ လူမှုကွန်ရက်စာမျက်နှာ မှာ ရေးသားထားတာဖြစ်စေ တချို့က မဘသအဖွဲ့လို့သာ ထင် မြင်ကြတယ်လို့ […]
Photo : Thet Oo Mon မစိုးရိမ်ကျောင်းတိုက် အတွင်းရှိ ဓမ္မသဟာယကျောင်းရှေ့က ပိုစတာများကိုဧည့်သည် များကကြည့်နေကြစဉ် ၂၀၁၅ ၊ မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၃)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ ခင်မောင်မြင့် နှင့် ကျော်ဇေယျာထွန်း ရေးသည် ကောင်းမြတ်မိုး ပံ့ပိုးသည်။ မဘသရဲ့ အကြီးမားဆုံးလှုပ်ရှားမှု နှစ်နှစ်အတွင်း မဘသလုပ်ဆောင်ခဲ့တဲ့ ဆောင်ရွက်ချက် တွေထဲမှာ ယနေ့အထိ အငြင်းပွားဖွယ်အဖြစ်ဆုံးနဲ့ အကြီးမားဆုံး လှုပ်ရှားမှုကတော့ အမျိုးစောင့်ဥပဒေရေးဆွဲ အတည်ပြုရေးလှုပ် ရှားမှုပဲဖြစ်ပါတယ်။ အမျိုးဘာသာသာသာသနာစောင့်ရှောက်ရေးဆောင်ရွက် နေကြတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေ အဓိကစိုးရိမ်တာက မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်ဦးရေများပြားလာပြီး တစ်ချိန်မှာ ဗုဒ္ဓဘာသာနိုင်ငံကနေ အစ္စလာမ္မစ်နိုင်ငံ ဖြစ်သွားမှာကိုပါ။ အင်ဒိုနီးရှား၊ မလေးရှား၊ အာဖဂန်နစ္စတန်နိုင်ငံတွေဟာ တစ်ချိန်က ဗုဒ္ဓဘာသာထွန်းကားရာနေရာတွေ ဖြစ်ခဲ့ပေမယ့် […]
အသင်းအဖွဲ့တွေထဲမှာ အင်အားအကောင်းဆုံး၊ အတက် ကြွဆုံးနဲ့ ပြည်တွင်းပြည်ပ ဝေဖန်ခံရမှုတွေ၊ ထောက်ခံမှုတွေနဲ့ အများအာရုံစိုက်ခံရဆုံးအဖွဲ့ကတော့ မဘသ လို့ အတိုကောက်ခေါ်နေကြတဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ပဲ ဖြစ်ပါတယ်။
သစ်ပင်ကြီးတစ်ပင်ကို ဧဒင်ခြံထဲသို့ရွှေ့ပြောင်းစိုက်ပျိုးနေပုံ Photo : Than Htike ၂၀၁၅ ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်းအမှတ်(၂၂)၊မှမျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ ပုဂံရှိဘုရားများနှင့် မြေများကို အပိုင်သိမ်းခြင်း၊ ဌာနဆိုင် ရာများနှင့်ပူးပေါင်း၍ မြေနေရာများကျူးကျော်ခြင်း၊ ဥပဒေနှင့် ဆန့်ကျင်သည့် ကိစ္စရပ်များပြုလုပ်ပြီး ရှေးဟောင်းအမွေအနှစ် များကို ထိခိုက်ပျက်စီးစေနိုင်သည့် လုပ်ရပ်များ လုပ်ကိုင်နေခြင်း ကို ပုဂံဒေသအနှံ့တွေ့ရှိရသည်။ ပုဂံဒေသအတွင်း ပြိုပျက်တော့မည့် ရှေးဟောင်းအမွေ အနှစ်များအနီး အဆောက်အအုံဆောက်လုပ်ခြင်း၊ ဘုရားပုထိုးများကို ခြံဝင်းခတ်ခြင်း၊ ဥမင်လိုဏ်ခေါင်းများကို ပိတ်ဆို့ဆောက် လုပ်ခြင်း၊ ဟိုတယ်များတွင် ဘုရားပုထိုးပုံစံမုခ်ဦးပုံစံ အဆင်တန် ဆာများ ပြုလုပ်ထားခြင်း အစရှိသည့် ကိစ္စများကို မမြင်မတွေ့ချင် သည့်အဆုံး မြင်တွေ့နေရသည်။ ယခုအချိန်တွင် ဆောက်လုပ်ထားကြသည်မှာ အတော် လွန်နေပြီဖြစ်ပြီး ၎င်းတို့ကိုတားမြစ်ရမည်မှာ ရှေးဟောင်းသုတေ သနဦးစီးဌာန၏အလုပ်ဖြစ်သော်လည်း ကျူးကျော်ထားမှုများကို […]
ညောင်ဦးစည်ပင်ဝန်းထဲရောက် နေသော စောင်းတန်းဟောင်းနှင့်ခြင်္သေ့ကြီးများ Photo : Than Htike ၂၀၁၅ ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်းအမှတ်(၂၂)၊မှမျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ ရှေးဟောင်းအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရန် တာဝန်ရှိသော စည်ပင်ဝင်းအတွင်း၌ပင် ရှေးဟောင်းအမွေအနှစ် များ လျစ်လျူရှုခြင်းခံနေရသည်။ ပုဂံညောင်ဦးလမ်းဟောင်းဘေး ရွှေစည်းခုံဘုရားအနီးတွင် စောင်းတန်းအဟောင်းတစ်ခုရှိသည်။ ယင်းစောင်းတန်းကို ရှေး ဟောင်းသုတေသနဦးစီးဌာနက ထိန်းသိမ်းထားသည်ဟူသော ဆိုင်းဘုတ်ချိတ်ထား၍ သစ်သားတန်းလေးများဖြင့် ကာရံထားသည်။ ယင်းစောင်းတန်းနှင့် မနီးမဝေးတွင် အခြားစောင်းတန်း တစ်ခုလည်း ရှိနေသေးသည်။ စောင်းတန်းဟုဆိုသော်လည်း စေ့ စေ့ကြည့်မှသာ ရေးရေးပေါ်နိုင်သည့်စောင်းတန်းဖြစ်နေသည်။ အဝတ်အစားအစုတ်များ၊ အမှိုက်သရိုက်များ၊ ရေဆိုးများနှင့် ထနောင်းရွက်ကြွေများက ယင်းနေရာတွင်ပြည့်နှက်နေသည်။ အုတ်တံတိုင်းအသစ်များ၊ ခြံစည်းရိုးများအောက်တွင် ယင်း စောင်းတန်းအုတ်ရိုးများက မြုပ်နေသည်။ တစ်နေရာတွင် စောင်းတန်းလျှောက်လမ်းကို ဝါးထရံများ ဖြင့် ပိတ်ကာထားသည်။ ဝါးထရံတစ်ဖက်တွင်တော့ စောင်းတန်း သည်ထင်ရှားစွာရှိနေပြီး […]
Photo : Than Htike ၂၀၁၅ ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်းအမှတ်(၂၂)၊မှမျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ ထိုနေရာကတော့ ပုဂံဒေသအနှံ့ ဆိုင်းဘုတ်ထောင်ထား သော ဇုန်မြေပုံထဲမှ ဟိုတယ်ဇုန် (၁) ဆိုသည့်နေရာဖြစ်သည်။ ယင်းနေရာသည် ဦးချစ်ခိုင်၏ ဧဒင်အုပ်စုကုမ္ပဏီပိုင်ဆိုင်သည့်နေရာဖြစ်သည်။ ထိုနေရာကို ဧဒင်ခြံဟုခေါ်ကြသည်။ အစိုးရအိမ်တော်ကြီးနှင့် မြင်းကပါရွာတို့အကြား မင်္ဂလာစေတီ၏အနောက်ဘက်တွင်တည်ရှိသည်။ ၃၃ ဧက ကျယ်ဝန်းသောယင်းနေရာကို ဗိုလ်ချုပ်ကြီးခင် ညွန့်လက်ထက်က ဟိုတယ်ဇုန်အဖြစ် သတ်မှတ်၍ နိုင်ငံခြားသား တစ်ဦးအား ငှားရမ်းရန်စီစဉ်ခဲ့သည်။ ထိုသူက ယင်းဇုန်အတွင်းရှိ ဘုရားတစ်ဆူအား မီးထွန်းပြီး မဟာရံတံတိုင်းပေါ်တွင် မြင်း လှည်းမောင်းရန်တောင်းဆိုသည်ကို ဦးအောင်ကြိုင်ကန့်ကွက်ခဲ့သည့်အတွက် ငှားရမ်းရန် အစီအစဉ်ပျက်သွားခဲ့ရသည်။ ၁၉၉၆ ခုနှစ်တစ်ဝိုက်တွင်တော့ ဦးချစ်ခိုင်အား လုပ်ကိုင်ရန် ပေးအပ်ခဲ့ လေသည်။ ယင်းနေရာသည် […]
ရှေးဟောင်း အဆောက်အအုံ အနီးတွင် ပြုလုပ်နေ သည့် အုတ်ဖုတ်လုပ်ငန်းများ(ဝက်ကြီးအင်း) Photo : Than Htike ၂၀၁၅ ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်းအမှတ်(၂၂)၊မှမျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ လွန်ခဲ့သည့်နှစ်လကျော် ဝက်ကြီးအင်းရွာမှ ကိစ္စတစ်ခုသည် လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် Facebook ပေါ်တွင် အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။ ဓာတ်ပုံဆရာတစ်ယောက်သည် ဝက်ကြီးအင်းရွာ၌ရှိသော ဘုရားများအား ဓာတ်ပုံရိုက်ရန်သွားခဲ့သည်။ ယခင်ကလည်း နှစ်ကြိမ် သူသွားရောက်ဓာတ်ပုံရိုက်ခဲ့ဖူးသည်။ ယခုတတိယအကြိမ် တွင်တော့ ယင်းနေရာအား ခြံဝင်းခတ်ထားသည်ကို တွေ့ရပြီး ဝင်ခွင့်လည်း မရတော့ပေ။ မည်သည့်နိုင်ငံသားဖြစ်သနည်းဟု ယင်းခြံတွင်နေထိုင် သည့် နိုင်ငံခြားသားက ၎င်းကိုမေးသည်။ မြန်မာနိုင်ငံသားဖြစ် ကြောင်း ၎င်းက ပြန်ဖြေရာ ဝင်ခွင့်မပေးနိုင်ကြောင်း ပြန်ပြောခဲ့သည်ဟု Facebook ပေါ်တွင် ရေးသားခဲ့ရာမှ ထိုနေရာသို့ ယဉ် ကျေးမှုဝန်ကြီးဌာနမှ […]
The Bagan Step : ခြံဝန်းအတွင်း မှရှေးဟောင်းအဆောက် အအုံ များ Photo : Than Htike ၂၀၁၅ ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်းအမှတ်(၂၂)၊မှမျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ ယခုဖြစ်ပျက်နေသည့်နေရာများသည် ပုဂံမြို့ဟောင်းနှင့် ပုဂံမြို့သစ်တို့တွင်ဖြစ်သည်။ ပုဂံမြို့ဟောင်းမှ လမ်းဟောင်း အတိုင်း ညောင်ဦးဘက်သို့သွားလျှင် ညောင်ဦးမြို့အနီးတွင် ဝက် ကြီးအင်းရွာရှိသည်။ ယင်းရွာတွင်လည်း ပြဿနာအများအပြား ဖြစ်နေသည်။ ယင်းဝက်ကြီးအင်းရွာသည်လည်း ရှေးဟောင်းစေတီပုထိုး များ ပေါများလှပြီး MZ ဇုန်ထဲတွင်ပါဝင်သည်။ ဝက်ကြီးအင်းရွာရှိ ဘိုးဘွားရိပ်သာနှင့် တစ်ဖက်တစ်ချက်တွင် ပါဒစေတီခြေတော်ရာ တစ်စုံနှင့် ဆင်းတုတော်တစ်ဆူရှိနေသည်။ ယင်းတို့သည် အင်း၀ ခေတ်က မိုညင်းမင်းကြီး၏ကောင်းမှုဖြစ်သည်။ ပုဂံရောက်စဉ်ကာလတွင် ယင်းခြေတော်ရာဘုရားနှင့် စေတီဆီသို့ ကျွန်တော်သွားရောက်ရန်ကြိုးပမ်းခဲ့သည်။ ယင်းစေ တီနှင့် ညာဘက်ကပ်လျက်တွင် ကားရေဆေးဆီထိုးဝင်းဖွင့်လှစ်ထားသည်ကို တွေ့ရသည်။ […]
အုတ်တံတိုင်းကာရံထားသည့်ကြားမှ မြင်တွေ့မြင်ရသည့် ပုဂံဟိုတယ်အတွင်းမှ ဘုရားတစ်ဆူ Photo : Than Htike ၂၀၁၅ ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်းအမှတ်(၂၂)၊မှမျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ စေတီတစ်ဆူမြေမြှုပ်ခံရခြင်း ပုဂံမြို့ဟောင်းထဲတွင် ဘောလုံးကွင်းတစ်ကွင်းစာထက်ပင် ကျယ်ဝန်းသည့် ခြံတစ်ခြံရှိသည်။ ယင်းခြံသည် ဗူးဘုရားမှ ပုဂံမြို့သစ်သို့သွားသောလမ်းမကြီးဘေးတွင်ရှိသည်။ ထိုခြံကို ဒေသခံ များကတော့ အသောကခြံဟုခေါ်သည်။ ၁၉၉၀ ခုနှစ်မတိုင်ခင်က ဤနေရာများသည် လူနေရပ် ကွက်များဖြစ်သည်။ မြို့ဟောင်းမှ လူများရွှေ့ ပြောင်းလိုက်ချိန် တွင်တော့ အဆိုပါနေရာသည် တစ်စုံတစ်ယောက်၏ လက်ထဲသို့ ရောက်ရှိသွားသည်။ (ပိုင်ရှင်ကို စုံစမ်းမရသေးပါ) မှန်ချို၊ ကျောင်းမှော်နှင့် ပြည်စုဟူသောရပ်ကွက်များသည် အသောက ခြံဟူသော အမည်ဖြစ်သွားသည်။ ခြံထဲတွင် အနုမြူကပ်ကျော်ဘုရားဟူသော ကိုးတောင် ပြည့်စေတီလေးတစ်ဆူရှိသည်။ ထိုစေတီကို ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန်နိုင်ငံရှိမြို့ကြီးများကို အမေရိကန်နိုင်ငံက အနု မြူဗုံးကျဲလိုက်သည့်အချိန်တွင် […]
သြဂုတ်လထုတ်-၂၀၁၃၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၇) မှ မျက်နှာဖုံးးဆောင်းပါးဖြစ်ပါသည်။ သက်ဦးမွန်၊ ခင်မောင်မြင့်နှင့် ကောင်းမြတ်မိုး ရေးသည်။ မိုးက တဖွဲဖွဲရွာလျက်ရှိသည်။ လမ်းဘေးမီးတိုင်များဆီမှ မှိန်ပျပျ မီးအလင်းရောင်က မိုးပေါက်များကို ထွင်းဖောက်ကာ လမ်းမပေါ် ဖြာကျလျက်ရှိသည်။ အချိန်ကို ကြည့်လိုက်တော့ ည ၁၁ နာရီခွဲဝန်းကျင်။ နေရာက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့ နယ် ၁ ရပ်ကွက်၊ အောင်မေတ္တာလမ်းနှင့် လမ်းသွယ်တစ်ခုတို့ဆုံရာ။ မဥမ္မာတို့ သားအမိနှစ်ယောက် မှုန်တိမှုန်ဝါး အလင်းရောင်ကို အားကိုးပြီး ခပ်သုတ်သုတ် လမ်းလျှောက်နေကြသည်။ တစ်ချက်၊ တစ်ချက် နောက်ကို လှည့်ကြည့်သည့်အခါ ကြည့်သည်။ မိုးရွာနေသည့်တိုင် လက်ထဲတွင် ပါလာသော ထီးကို သားအမိနှစ်ယောက်စလုံး ဖွင့် မဆောင်းကြ။ လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ခပ် သုတ်သုတ်လျှောက်နေကြသည်။ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."