ခေတ်သစ်ကျေးကျွန်ဘဝမှ လွတ်မြောက်မှု ရှာပုံတော် အပိုင်း(၂)

လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ် ဆောင်နေသောအဖွဲ့အစည်းများ အဆို အရ အဓမ္မ လက်ထပ်ထိမ်းမြားဖို့အတွက် သူဇာတို့လို လူကုန်ကူးခံရသည့် ဖြစ်စဉ် သည် လူကုန်ကူးခံရမှုဖြစ်စဉ်အားလုံး၏ ၇ဝ ရာခိုင်နှုန်းရှိသည်ဟု ဆိုပါသည်။

မြန်မာပြည်မှာ ကြုံတွေ့နေရသော ကြမ်းတမ်းခက်ရော်သည့် ဘဝနှင့်စာလျှင် တရုတ်ပြည်မှာ စားဝတ်နေရေး ပူပန်စရာ မလိုတော့ဘဲ သာတောင့်သာယာ နေရ မည့်ဘဝကို မျှော်လင့်ကြသဖြင့် ကြည်ကြည်ဖြူဖြူ လူကုန်ကူးခံသူများလည်း ရှိ သလို သူဇာတို့လို အလုပ်ရှာရင်းဖြင့် မှောင်ခိုကူးသူများလက်သို့ မရှုမလှ သက် ဆင်းကျရောက်ရကြသူများမှာလည်း ဒုနှင့်ဒေး။

မိမိတို့မလိုချင်သော ကျွန်မယားဘဝ မှလွတ်မြောက်ရေး ကြိုးစားကြသည့်အထဲ တွင် တချို့ကား ကံအားလျော်စွာ လွတ် မြောက်လာကြသည်များလည်းရှိသည်။ အချို့ကျတော့လည်း ဘယ်လောက်ပင် ကြိုးစားကြိုးစား လွတ်လမ်းကိုရှာမရဘဲ ဝဋ်ဒုက္ခဝဲသြဃကြီးထဲမှာ ချာချာလည်ကြ ရသူများလည်းရှိသည်။ ကြူကြူခိုင်ဆိုလျှင် ထွက်ပြေးဖို့ ကြိုးစားဖူးသည်။ သို့သော် မအောင်မြင်ခဲ့။

သူဇာ့ခင်ပွန်းလောင်းက သူဇာ့ကို စိတ်ပြေလက်ပျောက် ဖြစ်စေရန် ကြူကြူ ခိုင်၊ ခင်ယုမေတို့နှင့် သုံးရက်လောက် နေ ခိုင်းသည်။

ထို့နောက်တော့ မြန်မာပြည်က မိန်းမကိုရဖို့ လူကုန်ကူးသူများကို မြား နတ်မောင်ပမာ အားကိုးခဲ့ရသော သတို့ သား ကွိုင်ရွေးဖျင်နှင့် မိသားစုအတွက် ပိုက်ဆံရှာဖို့ တရုတ်ပြည်ဘက် အလုပ်လာ လုပ်တာ အလုပ်မရဘဲ ရောင်းစားခံလိုက် ရသော သူဇာတို့၏ မင်္ဂလာပွဲကို ကွိုင်ရွေး ဖျင်၏ မိဘများက မီးရှူးမီးပန်းများပစ် ဖောက်ပြီး ဂုဏ်ယူဝမ်းမြောက်စွာ ကျင်းပ ပေးကြသည်။ သတို့သမီးဘက်မှ ဘယ်သူ မှ မသိရှိ၊ မတက်ရောက်လိုက်ရသော ထိုမင်္ဂလာပွဲသို့ သတို့သားဘက်မှ ဆွေမျိုး သားချင်းများက လာရောက် ချီးကျူး ထောပနာပြုပြီး စားကြသောက်ကြသည်။

ထိုအချိန်တွင် ရန်ကုန်က သူဇာ၏အဖေခမျာ သမီးဖြစ်သူ ဘယ်ရောက်လို့ ဘာဖြစ်နေသည်ကို သိချင်မှ သိပါလိမ့် မည်။ အခုအချိန်ဆို သားအဖတစ်တွေ သူဇာ့ကို လိုက်များရှာနေလေကြမလား။

သူဇာမနေချင်သော်လည်း နေထိုင် နေရသည့် သည်တောင်ပေါ်ရွာကလေးမှာ အိမ်ခြေ ၅ဝ ခန့်လောက်ရှိမပေါ့။ သည်ရွာ မှာက မြန်မာဆိုလျှင် ခွဲခြားဆက်ဆံခံရ သည်ဟုဆိုသည်။ အနည်းဆုံးတော့ အသားအရေ ချင်းလာပြိုင်ပြီး မြန်မာမ များကို ကဲ့ရဲ့တတ်သည်တဲ့။ သူဇာဆိုလျှင် အသားက ခပ်ညိုညိုဆိုတော့ မကြာခဏ အသားရောင်ချင်း အယှဉ်ခံရသည်။

သူဇာကား တရုတ်အစားအစာကို မစားတတ်။ ယောက်ျားပေးသည့် မုန့်ဖိုး အနည်းအကျဉ်းကိုစုပြီး ခေါက်ဆွဲခြောက် ထုပ်၊ အတောင့် ၂ဝ ပါသော ချောကလက် ထုပ်၊ တစ်ကတ်မှာ ငါးလုံး၊ ခြောက်လုံးပါ သည့် အချိုရည်၊ နွားနို့ပုလင်း စသည်များ ကို ဝယ်ပြီးဆောင်ထားရသည်။

သည်ရွာကလေးမှာ အိမ်ထောင် သည်အဖြစ်နှင့် နေထိုင်လာတာ တစ်လ အကြာ တစ်နေ့တော့ သူဇာ့မှာ ယောက်ျား သားများနှင့် တိုင်ပင်လို့မဝံ့ရဲသည့် ခန္ဓာ ကိုယ်တစ်နေရာတွင် ဒဏ်ရာရပြီး နာကျင် ကိုက်ခဲလာသည်။ တရုတ်စကားက မတတ် တော့ ယောက္ခမဖြစ်သူကိုလည်း ပြောမပြ တတ်။ ယောက်ျားဖြစ်သူကိုလည်း မပြရဲ။

သို့နှင့် ကြူကြူခိုင်အိမ် ရောက်လာ သည်။ သူဇာထွက်ပြေးသွားမည်ကို စိုး သောကြောင့် သူဇာ့ယောက်ျားက သူ့တူ တော်မောင်ကို သူဇာ့နောက် ထည့်ပေး လိုက်သည်။ ကြူကြူခိုင်က ဆေးမပေးရဲ။ ယောက်ျားဖြစ်သူကို ပွင့်ပွင့်လင်းလင်း ပြောပြီး ဆရာဝန်ထံ ဆေးသွားယူခိုင်းရန် သူဇာ့ကိုပြောသည်။ သို့မဟုတ်လျှင်လည်း အိမ်ကို ဆရာဝန်ပင့်ခိုင်းသည်။

ထိုအချိန်တွင် နောက်မှ သူဇာ၏ယောက္ခမဖြစ်သူက လိုက်လာသည်။ ပြီး တော့ ပါးစပ်က တရစပ်ပြောနေသည်။ ဘာအဝတ်အစားတွေကို သူဇာပြန်ကောက်၊ ပြန်ခေါက်ပြီး ဗီရိုထဲပြန်ထည့်လိုက်သည်။

ထို့နောက် ပျင်းပျင်းရှိသည်နှင့် ယောက္ခမဖြစ်သူနှင့် အခြားတရုတ်အမျိုး သမီးကြီးနှစ်ဦး ဦးထုပ်ချည်ထိုးနေကြ သည်ကို ကြည့်နေမိသည်။

ထိုအခိုက် သူဇာ၏ခဲအို အိမ်ပေါ်တက် လာပြီး သူဇာ့ကို ကြိမ်းမောင်းတော့သည်။ မနေ့ညက သူဇာတံခါးမဖွင့်ပေးလို့ သူ့ညီ မှာ သူ့အိမ်သို့လာအိပ်ရသည်။ နောက်တစ် ခါ ထိုအချိုးမျိုးချိုးလျှင် ဒူးကနေဖြတ်ပစ် မည်ဟု ဓားနှစ်ချောင်းကိုင်ပြီး သူဇာ့ကို ကြိမ်းမောင်းသည်။

နေသော သားဖြစ်သူ ကွိုင်ရွေးဖျင်အား ”သူဇာဓားကိုင်ပြီး အခန်းထဲဝင်လာပြီ” ဟု သတိလှမ်းပေးလိုက်သည်။ ကွိုင်ရွေး ဖျင်လည်း သူဇာ့လက်ထဲက ဓားတွေကို ဆွဲယူလိုက်ပြီး သူဇာ့အား ခြံထဲသို့ ဆွဲခေါ် သွားသည်။ ခြံထဲရောက်တော့ ပန်းသီးပင် နှစ်ပင်ကြား သူဇာ့ကိုတွန်းလှဲကာ ခါးပတ် ဖြင့် စိတ်ရှိလက်ရှိရိုက်သည်။ သူဇာက ခါးပတ်ကိုဆွဲလုသည်။ မရ။ ကယ်ပါ ကူပါ အော်သည်။ မည်သူမှထွက်မလာ။ နောက် ဆုံးတော့ ရိုက်ချင်သလောက်သာ ရိုက်ပ စေတော့ဟုဆိုကာ သူဇာ ခြေနှစ်ဖက်ဆင်း ပေးလိုက်တော့သည်။ ယောက်ျားဖြစ်သူ က အားရလောက်အောင်ရိုက်ပြီးမှ အနီး အနားကလူတွေက လာဆွဲသည်။

သူဇာ၏ခန္ဓာကိုယ်ပေါ်က အရှိုးရာတွေ ဆိုတာနှစ်လကျော်ကျော်နှင့် မပျောက်။ မေးစေ့ဘယ်ဘက်ခြမ်းက အမာရွတ်ဆို လျှင် အခုအထိ ရှိနေဆဲ။

ကြူကြူခိုင်နှင့် ခင်ယုမေတို့ဆီသွား ပြီး သူအရိုက်ခံရသည့်အကြောင်း သွား ပြောပြသည်။ သူတို့တစ်တွေလည်း ဒေါသ ဖြစ်ရုံ၊ ငိုရုံကလွဲပြီး ဘာမျှ မတတ်နိုင်ကြ။ ရှက်လို့မပြဝံ့ခဲ့သောဒဏ်ရာကို ကြည့်ချင် သည့်သူ လာကြည့်ဟုဆိုကာ သူဇာပြပေး သည်။ လာလည်း ကြည့်ကြပါသည်။ သို့သော် ဘာမျှတော့ မတတ်နိုင်ကြ။

သူ့အဖေတောင် သူ့ကိုတစ်ခါမှသွေးထွက်သံယိုမရိုက်ခဲ့။ အခုဟာက တစ်လသာ ပေါင်းသင်း ဆက်ဆံရသေးသည်။ ရှေ့ လျှောက် မည်သို့နေပါ့ဟု စဉ်းစားမိလေ တိုင်း သူဇာ စိတ်အကြီးအကျယ်ဆင်းရဲရသည်။သည်ဘဝကနေ ဘယ်လိုလွတ်လမ်း ရှာရမလဲဆိုတာကို သူဇာ အကြိမ်ကြိမ် စဉ်း စားသည်။သို့နှင့် နှစ်လခွဲလောက်အကြာမှာ ကြူကြူခိုင်ရယ်၊ မကြာသေးခင်ကမှ ရောက်ရှိလာသည့် နုနုခင်ရယ်၊ သူဇာရယ် သုံးယောက်တိုင်ပင်ပြီး ထွက်ပြေးဖို့ကြံ စည်ကြသည်။ နုနုခင်မှာ ငွေစငွေန အနည်း အကျဉ်းရှိသည်။ ညဘက် ၁ နာရီထိုးမှာ ထွက်ပြေးဖို့ပြင်ကြသည်။ ထိုညက နုနုခင် မှာ ကြူကြူခိုင်တို့အိမ်တွင် အိပ်သည်။

တွေပြောနေမှန်း သူဇာနားမလည်။ သူ့ကို မကျေမချမ်း တဖျစ်တောက်တောက် ပြောနေသည်ဟုတော့ ခံစားမိသည်။ ဒဏ် ရာကြောင့် နာကျင်ကိုက်ခဲနေချိန်တွင် ယောက္ခမဖြစ်သူ၏ အကြည့်နှင့် ဗျစ်တီးဗျစ် တောက် ပြောပုံဆိုပေါက်တွေကို သူဇာ ဘယ်လိုမှ မခံစားနိုင်။

သို့နှင့် အိမ်ရောက်လျှင်ရောက်ချင်း သူဝယ်ထားသည့် အချိုရည်ပုလင်းတစ် လုံးကို ပစ်ပေါက်ခွဲပစ်လိုက်သည်။ သူဇာ ထိုကဲ့သို့ စိတ်တိုပြီး ပေါက်ကွဲနေသည်ကို မြင်တော့ တီဗီကြည့်နေသည့် ခင်ပွန်းဖြစ် သူက ထလာပြီး သူဇာဝယ်ထားသည့်ခေါက်ဆွဲခြောက်ထုပ်တွေကို လွှင့်ပစ်လို လွှင့်ပစ်၊ ခြေထောက်နှင့် နင်းခြေလိုနင်း ခြေ လုပ်ပစ်သည်။ သူဇာကား ဘာကြောင့် သူအခုလို ပေါက်ကွဲရသည်ကို သူ့ယောက်ျား နားလည်အောင် တရုတ်စကားဖြင့် မပြော ပြတတ်။

နောက်ဆုံး အခန်းထဲဝင်ပြီး တစ် ယောက်တည်းကြိတ်ငိုသည်။ ပြီးတော့ ခင်ပွန်း သည်၏ အဝတ်အစားများကို လွှင့်ပစ်သည်။ ထိုနေ့ညက ခင်ပွန်းသည်မှာ ညဉ့်နက်သည် အထိ ပြန်ရောက်မလာသဖြင့် အခန်းတံခါး ကိုဂျက်ထိုးပြီး သူဇာ အိပ်လိုက်မိသည်။

နောက်ရက်မနက်မှာ ညက စိတ်ရှိ တိုင်းလွှင့်ပစ်မိခဲ့သော ယောက်ျားဖြစ်သူ၏သူဇာ လုံးစေ့ပတ်စေ့ နားမလည် သော်လည်း ရိပ်ဖမ်းသံဖမ်းတော့ နားလည် သည်။ ခုတ်ရဲလျှင်ခုတ်စမ်းဟုဆိုကာ ခြေ ဆင်းပေးလိုက်သည်။ ခဲအိုဖြစ်သူကလည်း အားရအောင်ကြိမ်းမောင်းပြီး အိမ်ပေါ်က ပြန်ဆင်းသွားသည်။ ဓားနှစ်ချောင်းကို တော့ သူ့အမေဖြစ်သူက ဆွဲယူထားလိုက် ရသည်။ သူဇာက ခဲအိုဖြစ်သူ သူ့ဆီပြန်လာ ပြီး ရန်လုပ်မည်စိုးသောကြောင့် အနီးက ဓားနှစ်ချောင်းကို အခန်းထဲက မွေ့ရာ အောက်မှာ ဝှက်ထားမည်အကြံနှင့် ဓားနှစ် ချောင်းကိုကိုင်ကာ အခန်းထဲဝင်သွားသည်။

ထိုအချိန်တွင် ယောက္ခမဖြစ်သူက အခန်းထဲမှာ ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်ထိုညမှာ ကွိုင်ရွေးဖျင်က ၁၂ နာရီ လောက်အထိ တီဗီကြည့်နေသည်။ သူဇာ အကြံရလိုက်သည်။ ခုတင်တစ်လုံးတည်း မှာ ဒီညအဖို့တော့ အတူအိပ်လို့မဖြစ်ဟု သူဇာတွက်လိုက်သည်။ တခြားအခန်းကို ရွှေ့ပြောင်းအိပ်မည်ဆိုကာ စောင်တွေ၊ ခေါင်းအုံးတွေယူပြီး ကပ်လျက်အခန်းထဲ ကို သူဇာဝင်သွားသည်။ ယောက်ျားဖြစ်သူ က သူဇာထွက်ပြေးဖို့ ကြံစည်နေသည်ကို မသိ။ ထွက်ပြေးလျှင်လည်း လွတ်ဖို့ကသိပ် မလွယ်။ ခြံဝင်းတံခါးက ညဘက်ဆိုလျှင် သော့ခတ်ထားသည်။

တီဗီကြည့်ပြီးလို့ တစ်ဘက်အခန်းမှ အိပ်ရာဝင်သွားသော ယောက်ျားဖြစ်သူအိပ်ပျော်သွားပြီလား ဆိုသည်ကို သူဇာ ခြေထောက်ဖွဖွလေးနင်းပြီး သွားကြည့် သည်။ အိပ်မောကျသွားပြီဆိုမှ အင်္ကျီနှစ် ထည်၊ သုံးထည်လောက်ယူပြီး အိမ်ပေါ်က ဆင်းသည်။ အိမ်ခြံဝင်းထဲမှာ ဝက်တွေ၊ နွားတွေ မွေးထားသည်။ အသံဗလံကြား မှာစိုးလို့ ခြေထောက်ကို အသာအယာ နင်းသည်။ သို့ သော် အသံထွက်သွားသည်။

အသံကြားလို့ ယောက္ခထီး အိမ်ထဲက နေ ထွက်ကြည့်သည်။ တွေ့သွားမှဖြင့်ဆို သော စိုးရိမ်စိတ်နှင့် သူဇာ တအားတုန် လှုပ်သွားပြီး မှောင်ရိပ်ထဲတွင် ငြိမ်ကုပ်နေ လိုက်သည်။ ယောက္ခထီး အိမ်ထဲပြန်ဝင် သွားခါမှ သူဇာတစ်ယောက် ရင်တထိတ် ထိတ်နှင့် စွန့်စွန့်စားစား ခြံကိုကျော်တက် ကာ အပြင်သို့ထွက်သည်။

ထို့နောက် ကြူကြူခိုင်နှင့် နုနုခင်တို့ ဆီကိုသွားသည်။ ပြီးနောက် သုံးယောက် သား ခဲရာခဲဆစ် ဘယ်သူမှသတိမထားမိ အောင် ရွှံ့တွေ၊ ဗွက်တွေကြားထဲကနေ ရွာ အပြင်ကို တိတ်တိတ်လေးထွက်သည်။ သည်ညမှာမှ သာလိုက်သည့် စမ်းလသော် တာက ထိန်ထိန်ကိုသာလို့။

ကားလမ်းအတိုင်းထွက်ပြေးပါက နောက်ကလိုက်လာလျှင်မိသွားမည်စိုး သောကြောင့် ရွာကစထွက်ကတည်းက တောင်ကုန်း၊ တောင်စောင်းတွေအတိုင်းသွားရသည့်လမ်းကို ရွေးကြသည်။ လယ် ကွင်းတွေကို ဖြတ်သည့်အခါ ဖြတ်ရသည်။ မျက်စိလည်မှာကိုတော့ စိုးရိမ်စရာမလို။ သည်လမ်း၊ သည်ခရီးကို ကြူကြူခိုင် ကောင်းကောင်းကျွမ်းသည်။ သည်လမ်း အတိုင်း သူတစ်ခါ ထွက်ပြေးခဲ့ဖူးသည်။

အားလုံးထဲမှာ အငယ်ဆုံးဆိုတော့ သူဇာ့ကို ကြူကြူခိုင်နှင့် နုနုခင်တို့က ညှာသည်။ ဖေးဖေးမမလည်းရှိသည်။ ဆောင်း တွင်းကာလကြီးဆိုတော့ အေးလိုက်သည့် ဖြစ်ခြင်း။ သုံးယောက်သား ခိုက်ခိုက်တုန် နေကြသည်။ သူတို့ဝတ်ထားသည့် အနွေး ထည်များက အအေးဒဏ်ကို အပြည့်အဝ အကာအကွယ် မပေးနိုင်။

သည်ကြားထဲ မိုးနှင်းတွေက တဖြောက်ဖြောက် ကျလိုက်သေးသည်။ တောင်စောင်းလမ်းတွေဆိုတာ ချော်ကျိ၊ ချော်ကျိနှင့် ထိန်းပြီးလမ်းလျှောက်နေရ သည်။ လမ်းလျှောက်ရင်း အန္တရာယ်ကင်း အောင် သူဇာတစ်ယောက် ဘုရားစာတွေ ကို တတွတ်တွတ် ရွတ်ဖတ်ရသည်မှာ လည်း အမော။

မူဆယ်-ဂျယ်ဂေါင် နယ်စပ်ဂိတ်ပေါက်(သို့) နန်းတော်ပေါက်ကို တရုတ်ပြည်ဘက်မှ မြင်ရပုံ

အတော်ကြာ လမ်းလျှောက်ပြီး သည့်အခါ ရေကျသံလိုလို ကြားရသည်။ ကြူကြူခိုင်ပြောပြတာက ရှေ့ နားမှာ ရေတံ ခွန်ရှိသည်။ သို့သော် ထိုရေတံခွန်ကို ရောက်ဖို့က တော်တော်သွားရဦးမည်တဲ့။ သုံးယောက်သား ရေကဆာနေပြီ။ အာ ခေါင်တွေလည်း ခြောက်နေကြပြီ။ သောက် စရာ ရေဘူးက ပါမလာခဲ့။ လမ်းမှာ သုံးဖို့၊ စွဲဖို့ သုံးယောက်ပေါင်း ယွမ် ၅ဝဝ လောက် တော့ပါလာသည်။

သည်လိုနှင့် ဆောင်းည၏ ရက်စက် လှသော အအေးဒဏ်ကို သုံးယောက်သား အန်တုရင်း ဇွဲမလျှော့တမ်း လျှောက်လာ လိုက်ကြတာ မိုးလင်းတော့ ရေတံခွန်သို့ ရောက်ကြသည်။ ထိုမှာ ခဏလောက်နား ပြီး ကားလမ်းရှိရာဘက်သို့ သုံးယောက်သား ဦးတည်လျှောက်လှမ်းကြသည်။ ကားလမ်း ပေါ် ရောက်သည့်အခါမှာလည်း သတိဝီရိ ယနှင့် လျှောက်နေကြရသည်။ သူဇာနှင့်နုနုခင်တို့က ပြေးချင်စိတ် သာရှိကြသည်။ တရုတ်စကားလည်း မတတ်။ လမ်းလည်းမသိ။ကြူကြူခိုင်ပြောပြသည် က အခုသူတို့ ရောက် နေသည့်နေရာကနေ ရထားဘူတာရှိသည့်မြို့ကို ရောက်ဖို့ တော် တော် လျှောက်ကြရဦးမည်ဟု ဆိုသည်။ ပါလာသည့် ပိုက်ဆံဖြင့် လမ်းဘေးက ဆိုင် တစ်ဆိုင်မှာ ပေါင်မုန့်နှင့် ရေဝယ်သည်။

အတော်လေးလျှောက်ပြီးသည့် အခါ လမ်းဘေးမှာ တဲလေးတစ်လုံး တွေ့ သည်။ ထိုတဲသို့သွားပြီး ခဏနားကြသည်။ တဲမှာ လေးဖက်လေးတန် အပေါက်တွေ ချည်းဖြစ်နေသောကြောင့် လုံခြုံမှုတော့ မရှိလှ။ သို့သော် တစ်ညလုံး မအိပ်စက်ရဘဲ လမ်းလျှောက်လာကြရတော့ ပင်ပန်းနေ ကြပြီ။ ခြေထောက်တွေလည်း နာလှပြီ။ ခဏတစ်ဖြုတ်တော့ နားဖို့လိုနေကြပြီ။

ညနေဘက် ဆက်ပြီး လမ်းလျှောက် ကြသည်။ ဆောင်းည၏ အအေးဒဏ်ကို ခံနိုင်ရည်ရှိဖို့ လမ်းမှာ စောင်နှစ်ထည်ဝယ် သည်။ စောင်တွေကပါးတော့ သူတို့သုံး ယောက်စလုံးကို နွေးထွေးမှုလုံလုံ လောက် လောက်မပေးနိုင်။ စီးလာကြသည့် ဖိနပ် တွေကလည်း အအေးဒဏ်ကို အပြည့်အဝ မကာကွယ်နိုင်။ လမ်းဘေးက အိမ်တွေကို လည်း အကူအညီတောင်းပြီး မအိပ်လို။ ပြန်အရောင်းခံရမည်ကို စိုးရိမ်ရသည်။ သည်လိုနှင့် လမ်းဘေးက တဲတွေမှာပဲ ဖြစ် သလို အိပ်စက်ခဲ့ရသည်။

အေးလွန်းလို့ တွေ့ကရာကောက်ရိုး၊ အမှိုက်တွေစုပြီး မီးလှုံသည့်အခါမှာလည်း တော်တော်သတိထားရသည်။ မီးတောက် ကြီးလို့က လုံးလုံးမဖြစ်။ လူတွေသတိထား မိသွားမှာ စိုးရိမ်ရသည်။ သုံး၊လေးရက် လောက်အကြာမှာ သူတို့အားလုံး တော် တော်ပင်ပန်းနေကြပြီ။ သူဇာဆိုလျှင် စိတ် ဓာတ်တွေ ကျချင်နေပြီ။

သည်လိုနှင့် ကားလမ်း၊ ရထားလမ်း၊ တောလမ်းတွေအတိုင်း လမ်းလျှောက် သည့်အခါ လျှောက်၊ နားသည့်အခါ နား၊ ကြုံသည့်နေရာမှာ ဖြစ်သလိုအိပ်ကြရင်း ခုနစ်ရက်လောက်အကြာမှာ ရထားဘူတာ ရှိသည့်မြို့ အနီးရှိ တောင်ကုန်းလေးနားသို့ ရောက်လာကြသည်။ တောင်ကုန်းပေါ်မှာ လယ်တဲတစ်ခုရှိသည်။ ထိုတဲဆီသို့ သွား ကြသည်။ တဲရောက်တော့ တဲထဲမှာ တရုတ်ဦးလေးကြီးတစ်ဦးကို တွေ့ကြသည်။

ကြူကြူခိုင်နှင့် ထိုတရုတ်ဦးလေး ကြီးတို့ အတန်ကြာစကား ပြောကြသည်။ ထိုတရုတ်ဦးလေးကြီးက သူတို့ဆီမှာ မှတ်ပုံတင်ပါလားဟု မေးသည်။ သို့သော် သူဇာတို့ သုံးယောက်စလုံး မှတ်ပုံတင်မပါ။ ခဏကြာတော့ သဘောကောင်းလှသော ထိုတရုတ်ဦးလေးကြီးက သူဇာတို့ကို သူ့အိမ် ခေါ်သွားပြီး ထိုညတော့ သူ့အိမ်မှာ သမီး ဖြစ်သူနှင့်အတူ ညအိပ်ကြဖို့ပြောသည်။ သူဇာတို့ကို စားစရာကျွေးသည်။ သူဇာက တူမကိုင်တတ်။ ကြူကြူခိုင်တို့က အစား အစာတွေကို တူနှင့်ညှပ်ပြီး သူဇာ့ကိုကျွေး ရသည်။

နောက်ရက်မနက်မှာ မနက်စာ ကျွေးပြီး အိမ်ရှင်က ကားငှားကာ သူတို့ကို ရဲစခန်းလိုက်ပို့သည်။ထိုရဲစခန်းမှာ ကြူကြူခိုင် ရောက်ခဲ့ ဖူးသည့် ရဲစခန်းဖြစ်နေသည်။ ရဲစခန်း ရောက်တော့ ရဲမေက ကြူကြူခိုင်ကို မှတ်မိသည်။ ကြူကြူခိုင် ထွက်ပြေးဖို့ကြိုးစား တုန်းက ဒီရဲမေနှင့်တွေ့ပြီး ယောက်ျားဖြစ် သူလက်ထဲ ပြန်ထည့်ခဲ့ဖူးသည်။

မြန်မာမများ တရုတ်ယောက်ျားတွေ ကို လာယူတုန်းကယူပြီး အခုမှ ပြန်ပြေးဖို့ လုပ်နေကြသည်ဟု ထိုရဲမေက တဖျစ် တောက်တောက်ပြောသည်။ သူတို့ကို လာ အားမကိုးရန်လည်း ထိုရဲမေက ပြောလိုက် သေးသည်။ အဆင်မပြေသည်နှင့် ရထား ဘူတာအနီးရှိ ရဲစခန်းတစ်ခုဆီသို့ သူဇာတို့ သုံးယောက် သွားကြပြန်သည်။

အစတော့ မသင်္ကာလို့ သူတို့သုံး ယောက်ကို ရဲစခန်းထဲခေါ်စစ်သည်။ နာမည် တွေမေးသည်။ နောက်ဆုံးတော့ ဘာမှတ် ပုံတင်၊ ဘာအထောက်အထားမှ မပါလာ သော သူတို့သုံးယောက်အား ရဲစခန်းက ကူညီရန်ဆုံးဖြတ်လိုက်ပြီး ရထားလက်မှတ် ဖြတ်ပေးရန် သူတို့သုံးယောက်ကို ဘူတာ ဘက်ခေါ်သွားသည်။

ဟန်တော့ကျပြီဟုတွေးကာ သုံး ယောက်သား ဘူတာရုံက ခုံတန်းရှည်မှာ ထိုင်နေစဉ်မှာပဲ နုနုခင်က သူ့ယောက်ျား၏တူကို ဖျတ်ခနဲလှမ်းမြင်လိုက်သည်။ ရထား က ဘူတာကိုဆိုက်လာပြီ။ သူ့မျက်နှာကို မြင်မသွားစေရန် နုနုခင် မျက်နှာလွှဲဖို့လုပ် သည်။ သို့သော် ရထားပေါ်တက်ရတော့ မည့်အချိန်မှာပဲ နုနုခင်ကို သူ့ယောက်ျား၏တူကတွေ့သွားပြီး ၎င်းက ရဲတွေကို ထိုသုံး ယောက်ထဲက တစ်ယောက်မှာ သူ့ဦးလေး ၏ အမျိုးသမီးဖြစ်ပြီး ထွက်ပြေးဖို့ကြိုးစား ကြခြင်းဖြစ်ကြောင်း ပြောလိုက်သည်။ သွားပြီ။ ရဲတွေက သူဇာတို့သုံးယောက် စလုံးကို ရဲစခန်းထဲ ဆွဲခေါ် သွားကြသည်။

ရဲစခန်းရောက်လျှင် သူတို့သုံးယောက် အား အခန်းတစ်ခုထဲတွင် ထည့်ထားလိုက် ကြသည်။ နောက်ရက်တွင် သူဇာ့အမျိုးသား နှင့် ကြူကြူခိုင် အမျိုးသား ရောက်လာကြ သည်။ သူဇာတို့မှာ ရင်တထိတ်ထိတ်နှင့် အရိုက်ခံရမည်ကို စိုးရိမ်နေကြသည်။

သူဇာထင်သလိုမျိုးမဟုတ်။ သူဇာ့ အမျိုးသား ကွိုင်ရွေးဖျင်က ငှက်ပျောသီး တွေ၊ မုန့်တွေဝယ်လာပြီး သူဇာ့ကိုကျွေး သည်။ အိမ်ပြန်လိုက်ဖို့ခေါ်သည်။ သူဇာတို့ သုံးယောက်ခမျာ ပြန်မလိုက်ချင်ကြသော် လည်း ငြင်းမရတော့သည့်နောက်ဆုံး ၎င်း တို့ ယောက်ျားများနောက် ပြန်လိုက်သွား ကြရတော့သည်။

ရွာပြန်ရောက်ပြီးသိပ်မကြာခင် သူဇာ့မှာကိုယ်ဝန်ရလာသည်။ လင်မယား နှစ်ယောက်ကား သင့်သင့်မြတ်မြတ် ရှိလှ သည်တော့မဟုတ်။ သို့နှင့် ၂ဝဝ၈ ခုနှစ်၊ ရှစ်လ ပိုင်းထဲမှာ သမီးလေးမွေးသည်။ နောက်နှစ် ထဲတွင် သားလေးတစ်ယောက် ထပ်ရသည်။

ကလေးနှစ်ယောက်မိခင်သူဇာမှာ အလုပ်တွေ များလွန်းသည်။ ညဘက် ကလေး တွေငိုလျှင် ချော့သိပ်ရသည်မှာ သူဇာတစ် ယောက်တည်း။ နေ့လယ်နေ့ခင်း ကလေး တွေ ကပိုကရိုနှင့် ထမင်းဟင်း ချက်ရသည် မှာလည်း သူဇာတစ်ယောက်တည်း။ အရေး ထဲ ယောက္ခမ၏ ဆူပူသည့်ဒဏ်ကိုလည်း ခံရသေးသည်။ ထိုအတောအတွင်း ထွက် ပြေးဖို့ကို သူဇာ မစဉ်းစားအား။ မီးဖိုချောင် အသုံးစရိတ်ရဖို့နှင့် ကလေးတွေအတွက် လိုအပ်လျှင်သုံးရအောင် အားလပ်ချိန်မှာ သူဇာ တောင်းတစ်လုံးနှင့် ဆေးမြစ်တွေ လိုက်တူးသည့်အခါ လိုက်တူးရသည်။

သို့သော်လည်းသုံးနှစ်ကျော် လေး နှစ်အတွင်းအဆင်မပြေမှုပေါင်း သောင်း ခြောက်ထောင်၊ အနှိပ်စက်ခံရမှုပေါင်း မြောက်မြားစွာကို ကြုံတွေ့လာခဲ့ရသည့် သူဇာမှာ တဖြည်းဖြည်းနှင့် သည်းခံနိုင်စွမ်း အားတွေ ယုတ်လျော့ကျဆင်းလာသည်။ ရန်ကုန်က အဖေဖြစ်သူကိုလည်း ပြန်တွေ့ ချင်လှပြီ။ နောက်ဆုံးတော့ ထွက်ပြေးဖို့ကိုပဲ စဉ်းစားလာမိသည်။ သို့သော် ခက်သည်က ကလေးနှစ်ယောက်။ သူတို့လေးတွေ၏ သံယောဇဉ်က ရှိနေသည်။ မအေမရှိတော့ သည့်နောက်တွင် လူပုံအလယ်မှာ မျက်နှာ ငယ်ရမှာမျိုးကို သူဇာ မဖြစ်စေချင်။

တစ်ဖက်မှာလည်း ငရဲဘုံလို နေထိုင် ရသည့် ဝဋ်ဒုက္ခအိုးကြီးထဲမှ အပြီးအပိုင် လွတ်မြောက်ချင်စိတ်ကလည်း ပြင်းပြလာ သည်။ နောက်ဆုံးတော့ ကလေးနှစ်ယောက် ကိုထားခဲ့ပြီး ထွက်ပြေးဖို့ကိုပဲ ဆုံးဖြတ်လိုက်သည်။ နောက်ပိုင်း ကံမကုန်လျှင်တော့ ပြန်ဆုံကြဦးမည်ပေါ့။

ယခုတစ်ကြိမ်တော့ သူဇာတစ်ယောက် တည်းထွက်ပြေးရတော့မည်။ ကြူကြူခိုင် ကတခြားရွာ ရွှေ့သွားသည်။ နုနုခင်နှင့် ကလည်း တစ်ရွာတည်းမဟုတ်။ သို့နှင့် သူဇာတစ်ယောက် ထွက်ပြေးဖို့ အချိန်အခါ ကောင်းကို စဉ်းစားကြည့်လိုက်ရာ တရုတ် နှစ်သစ်ကူးကာလမှာ ထွက်ပြေးဖို့ ဆုံးဖြတ် လိုက်သည်။

၂၀၁၂၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၁)မှ သတင်းဆောင်းပါးဖြစ်သည်။

ဉာဏ်လင်း ရေးသည်။

အပိုင်း(၁)သို့     |     အပိုင်း(၃)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."