ရန်ကုန်-၂၀၂၄ ဧပြီ ၁၄(မော်ကွန်း) သင်္ကြန်အကျနေ့၊ရန်ကုန်သင်္ကြန် မြို့တော်ခန်းမ ရေကစားမဏ္ဏပ်အတွင်း လုံခြုံရေးအပြည့်နဲ့ ကျင်းပနေတဲ့ ရေကစားပွဲတော်မြင်ကွင်းများဖြစ်ပါတယ်။ Photo – Mawkun
မန္တလေး-၂၀၂၄ ဧပြီ ၁၄ (မော်ကွန်း) မန္တလေးတိုင်း၊ ချမ်းအေးသာဇံမြို့နယ်မှာ ဒီနေ့မနက် ၁၀ နာရီဝန်းကျင်က မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာ သင်္ကြန်ပွဲကျင်းပနေချိန် ဗုံးပေါက်ကွဲတာကြောင့်လူသုံးဦးသေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်အနီးမှာနေထိုင်တဲ့ ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။ “ ဗုံးက နှစ်လုံးဆင့်ကွဲသွားတာ။ ပထမတစ်လုံးကွဲပြီးတော့ ငါးမိနစ်လောက်နေတော့ နောက်တစ်လုံးထပ်ကွဲတာ။ လူကတော့ အဲဒီနားလေးတင် နည်းနည်းစည်တာပါ။ သူတို့လူတွေလောက်ပဲများတာပါ။ ကျန်တဲ့နေရာတွေတော့ လူသိပ်မရှိဘူး” လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။ ဗုံးပေါက်ကွဲမှုဟာ မြို့တော်ဝန်မဏ္ဍပ်အနီးက ဆိုင်ကယ်ရပ်နားတဲ့နေရာမှာ ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသား ကိုးဦး၊ အမျိုးသမီး သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုကြပါတယ်။ အဲဒီဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကိုတော့ လက်ရှိအချိန်အထိ မသိရသေးပါဘူး။ ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက […]
ရန်ကုန်-၂၀၂၄ ဧပြီ ၁၄(မော်ကွန်း) သင်္ကြန်အကျနေ့၊ရန်ကုန်သင်္ကြန် ပြည်သူ့ရင်ပြင် ရေကစားမဏ္ဏပ်အတွင်း လုံခြုံရေးအပြည့်နဲ့ ကျင်းပနေတဲ့ ရေကစားပွဲတော်မြင်ကွင်းများဖြစ်ပါတယ်။ Photo – Mawkun
ရန်ကုန်-၂၀၂၄ ဧပြီ ၁၃ (မော်ကွန်း) ဒီနေ့ကျရောက်တဲ့ သင်္ကြန်အကြိုနေ့ကို ရန်ကုန်မြို့မှာ အာဏာသိမ်းစစ်ကောင်စီအဖွဲ့တွေက လုံခြုံရေးအထူးတင်းကြပ်ပြီးကျင်းပနေပါတယ်။ ရန်ကုန်မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံဘေးနဲ့ ပြည်သူ့ရင်ပြင်မှာတော့ သင်္ကြန်မဏ္ဍပ်တွေနဲ့ လမ်းလျှောက်သင်္ကြန်ကျင်းပနေပါတယ်။ အဲဒီနေရာတွေမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတွေနဲ့ အရပ်ဝတ်လုံခြုံရေးတွေချထားပြီး အဝင်အထွက်နေရာတွေမှာလည်း လုံခြုံရေးတင်းကြပ်ထားပါတယ်။ “စစ်သားနဲ့ရဲတွေအများကြီးပဲ။ မြို့တော်ခန်းမနားကော ရင်ပြင်မှာကော အဝင်အထွက် တစ်ကိုယ်လုံးသေချာစစ်တာ။ စက်တွေနဲ့လည်းစစ်တယ်။ မီးခြစ်ပါမယူရဘူး၊ အကုန်သိမ်းသွားတယ်”လို့ သင်္ကြန်လည်နေသူတစ်ဦးက ပြောပါတယ်။ မြို့တော်ခန်းမအနီးမှာတော့ ဆူးလေဘုရားလမ်းနဲ့ ဗန္ဓုလလမ်းနဲ့ ကုန်သည်လမ်းကို ပိတ်ထားပြီး အနီးမှာ လုံခြုံရေးအင်အားတစ်ရာဝန်းကျင်နဲ့ စစ်ဆေးနေသလို သင်္ကြန်လည်နေသူတွေကြားမှာလည်း အရပ်ဝတ်လုံခြုံရေးတွေ၊ စစ်သားတွေအများအပြားနေရာယူထားပါတယ်။ ပြည်သူ့ရင်ပြင်မှာလည်း စစ်ကောင်စီတပ်သားတွေအပြင် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေက ဝန်ထမ်းတွေပါ လုံခြုံရေးယူထားတာတွေ့ရပါတယ်။ သင်္ကြန်မဏ္ဍပ်တွေဆောက်လုပ်ထားတဲ့နေရာတွေမှာတော့ လူအနည်းငယ်စည်ကားပေမယ့် ရန်ကုန်မြို့တွင်းအဓိကလမ်းမကြီးတွေမှာတော့ လူသူကင်းရှင်းနေပါတယ်။ ဒါကတော့ စစ်ကောင်စီလက်အောက်မှာ ကျင်းပတဲ့ သုံးနှစ်မြောက်သင်္ကြန်ပွဲဖြစ်ပြီး […]
ရန်ကုန် – ၂၀၂၄ ဧပြီ ၁၂ (မော်ကွန်း) တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ် မြဝတီမြို့ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ကုန်တင်ယာဉ်တွေ ဖြတ်သန်းရတဲ့ အမှတ် (၂) ချစ်ကြည်ရေးတံတားကို မနေ့ကစပြီး ထိုင်းအာဏာပိုင်တွေက ပိတ်လိုက်ပြီးနောက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားပါတယ်။ KNLA တော်လှန်ရေးပူးပေါင်းတပ်တွေဟာ မြဝတီမြို့စောင့်တပ်ရင်းဖြစ်တဲ့ ခလရ ၂၇၅ ကို ယခုလ ၁၀ ရက်ညပိုင်းက သိမ်းယူလိုက်တာကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှာရှိတဲ့ စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံး တိမ်းရှောင်သွားပြီးနောက် ထိုင်းအာဏာပိုင်တွေက တံတားကို ပိတ်လိုက်တာလို့ မြဝတီ ဒေသခံတစ်ဦးက ပြောပါတယ်။ မြဝတီ-မဲဆောက်ကို ဆက်သွယ်ထားတဲ့ နယ်စပ်ဖြတ်ကျော်တံတား နှစ်ခုရှိတဲ့အနက် ကုန်စည်တွေ အဓိကတင်ပို့ရာမှာ အသုံးပြုရတဲ့ အမှတ် (၂) ချစ်ကြည်ရေးတံတားကို ပိတ်လိုက်တာဖြစ်ပြီ လူနဲ့ ကားလေးတွေ သွားလာခွင့်ပြုထားတဲ့ […]
ရန်ကုန်-၂၀၂၄ ဧပြီ ၁၂ (မော်ကွန်း) ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ အောင်မင်္ဂလာအဝေးပြေးကားဝင်းမှာ ဒီနေ့မနက် ၇ နာရီဝန်းကျင်ကတည်းက ရန်ကုန်ကနေ တိုင်းနဲ့ပြည်နယ်အသီးသီးကို သင်္ကြန်ပိတ်ရက်ပြန်ကြမယ့်သူတွေ များပြားတာကြောင့် ကားလမ်းတွေပိတ်ဆို့နေပါတယ်။ ကာလမ်းတွေပိတ်တာကြောင့် ကားချိန်မမီမှာစိုးတဲ့ ခရီးသည်တွေဟာ နီးစပ်ရာဆိုင်ကယ်၊ ဘေးတွဲစတဲ့ကယ်ရီတွေနဲ့ ကားဝင်းကို အချိန်မီသွားလာနေကြလို့ ကားဝင်းအနီးမှာ ကယ်ရီပြေးဆွဲနေတဲ့သူတွေ အခုရက်ပိုင်းအတွင်း လုပ်ငန်းအဆင်ပြေနေကြတယ်လို့ ပြောကြပါတယ်။ “နှစ်ရက်ရှိပြီ၊ တစ်နေကုန်မနားရဘူး၊ ဆွဲလို့ကောင်းနေတာ။ ကားလမ်းပိတ်တော့ ကျွန်တော်တို့က အလုပ်ဖြစ်တာပေါ့ဗျာ။ တနေ့က ခုနစ်သောင်းခွဲရတယ်၊ မနေ့က တစ်သိန်းခွဲ၊ ဒီနေ့တော့ မနက်ပိုင်းတင် လေးသောင်းကျော်ရနေပြီ။ ပုံမှန်ဆို တနေကုန်ဆွဲမှ တစ်သောင်းဝန်းကျင်လောက်ပဲရတာ။ အခုက အခါတွင်းဆိုတော့အလုပ်ဖြစ်တာပေါ့ဗျာ”လို့ ကယ်ရီသမားတစ်ဦးက ပြောပါတယ်။ အောင်မင်္ဂလာကားဝင်းအနီးကားလမ်းပိတ်ဆို့မှုဟာ တစ်ဖက်မှာ ကန်သာယာပန်းခြံကစလို့ ပိတ်နေသလို တစ်ဖက်မှာလည်းခရေပင်လမ်းခွဲကနေ ကားဝင်းအထိ ပိတ်ဆို့နေတာပါ။ ကားဝင်းအတွင်းမှာလည်း […]
ရန်ကုန်-၂၀၂၄ ဧပြီ ၁၁ (မော်ကွန်း) အစ္စလာမ်ဘာသာဝင်တွေရဲ့ ဒီနေ့ကျရောက်တဲ့ အီးဒ်နေ့ ဝတ်ပြုဆုတောင်းပွဲတော်ကို ရန်ကုန်မြို့က ဗလီဝတ်ကျောင်းတော်တွေမှာ အသီးသီး ကျင်းပကြပါတယ်။ ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်က နွယ်အေးစွန္နီဂျာမေဗလီကြီးမှာ ထောင်နဲ့ချီတဲ့ ယုံကြည်ကိုးကွယ်သူတွေ ဒီနေ့ကျရောက်တဲ့ အီးဒ်နေ့မှာ ဝတ်ပြုဆုတောင်းကြတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။ ဓါတ်ပုံ- မော်ကွန်း
ရန်ကုန်-၂၀၂၄ ဧပြီ ၁၀ (မော်ကွန်း) နအဖ အစိုးရလက်ထက်ကတည်းက နှစ်ပေါင်း ၂၀ ကျော်ကြာ ငြိမ်းချမ်းရေးယူထားတဲ့ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ KNSO က အာဏာသိမ်းစစ်ကောင်စီတပ်တွေကို တော်လှန်တိုက်ခိုက်သွားမယ်လို့ ဒီနေ့ကြေညာပါတယ်။ KNSO ဌာနချုပ်အခြေစိုက်ရာ ခဲမဖြူရွာတွင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာ၊ မော်ချီးမြို့နယ်တွင်းက ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို ရှော့တိုက်ဒုံးတွေနဲ့တိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီဟာ ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်ပြီလို့ KNSO အဖွဲ့က ဆိုပါတယ်။ အာဏာသိမ်းစစ်ကောင်စီကို ကရင်နီပြည်နယ်အတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့အတူပူးပေါင်းပြီး စစ်အာဏာရှင်ကျဆုံးရေးနဲ့ အာဏာဟူသမျှချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအထိ ပါဝင်တော်လှန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ KNSOရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ စစ်တပ်က နည်းအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချတာ၊ နှိပ်စက်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လက်နက်အားကိုး အင်အားသုံးတိုက်ခိုက်လာတာတွေကြောင့် ကရင်နီပြည်တွင်းက ပြည်သူတွေသာမက တစ်နိုင်ငံလုံးကပြည်သူတွေ အသက်တွေဆုံးရှုံးခဲ့ရတဲ့အပြင် လူငယ်တွေနဲ့ […]
ရန်ကုန် – ၂၀၂၄ ဧပြီ ၁၀ (မော်ကွန်း) ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့လယ်ပိုင်းထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မြို့ပေါ်လူနေရပ်ကွက်တွေထိ တိုက်ပွဲတွေ ဖြစ်ပွားလာတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ မနေ့ကညနေပိုင်းကစပြီး မြဝတီမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီမြို့စောင့်တပ်ရင်းဖြစ်တဲ့ ခလရ ၂၇၅ ကို ဝင်ရောက်တိုက်ခိုက်ပြီး မြို့ကို သိမ်းယူဖို့ စတင်ထိုးစစ်ဆင်လာတာပါ။ မြဝတီမြို့အဝင် ခလရ ၂၇၅ တပ်ရင်းအနီးက လူနေရပ်ကွက်တွေမှာ ဒီနေ့လယ် ၁ နာရီခန့်ထိ တိုက်ပွဲ ဆက်လက်ဖြစ်နေပြီး စစ်တပ်ကလည်း လေကြောင်းကနေ ဆက်တိုက်ပစ်ခတ်နေတာကြောင့် အနီးပတ်ဝန်းကျင်က လူနေအိမ်တချို့လည်း မီးလောင်နေတယ်လို့ မြဝတီဒေသခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ ဒီနေ့မနက်ပိုင်းမှာတော့ မြဝတီမြို့ခံထောင်နဲ့ချီပြီး ထိုင်းနိုင်ငံ […]
မတ္တရာ – ၂၀၂၄ ဧပြီ ၁၀ (မော်ကွန်း) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွှေကျောင်းကျေးရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်စစ်သားတွေက ဒီနေ့ မနက်၈း၀၀နာရီ ဝန်းကျင်မှာ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အောက်တောင်ကိုင်းကျေးရွာအတွင်းကျရောက်ပြီး မိသားစုသုံးဦးနဲ့ နွားနို့ညစ်နေသူအမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကသိရပါတယ်။ မတ္တရာမြို့နယ်၊ ရွှေကျောင်းကျေးရွာကနေ အောက်တောင်ကိုင်းရွာဘက်ကို ၈၁ မမ လက်နက်ကြီး ငါးလုံးပစ်ခတ်တာကြောင့် နေအိမ်အပေါ်ကျရောက်ပြီး နေအိမ်အတွင်းက မိသားစုသုံးဦးထိမှန်သေဆုံးခဲ့တာလို့ မတ္တရာမြို့နယ် ပ.က.ဖသတင်းတာဝန်ခံကပြောပါတယ်။ “အောက်တောင်ကိုင်းကျေးရွာက နေအိမ်အပေါ်ကို တည့်တည့်ကျပြီး မိသားစုဝင်သုံးဦးသေဆုံးခဲ့ပါတယ်၊ မတ္တရာမြို့အမှတ်(၂)ကနေ နွားနို့လာညစ်သူလည်း လက်နက်ကြီးစထိမှန်ပြီးသေဆုံးခဲ့ပါတယ် “လို့ သူကပြောပါတယ်။ သေဆုံးသွားသူတွေဟာ မတ္တရာမြို့အမှတ်(၂)နေ ဦးညွန့်ခင်၊ မတ္တရာအောက်တောင်ကိုင်းကျေးရွာနေ ဒေါ်ဝင်းစန်း၊ ဖိုးသင်္ကြန်၊ ရဲမင်းခန့် တို့ဖြစ်ပြီး ကလေးငယ်တစ်ဦးလည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ပြောပါတယ်။ မတ္တရာမြို့နယ်ထဲက ကျေးရွာတွေမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်စစ်သားတွေဟာ ပြည်သူတွေနေထိုင်နေတဲ့ကျေးရွာတွေဘက်ကို လက်နက်ကြီးနေ့စဥ်ပစ်ခတ်နေပြီး ဧပြီလ ၈ […]
ရန်ကုန်-၂၀၂၄ ဧပြီ ၁၀ (မော်ကွန်း) ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့ သင်္ကြန်ကာလအတွင်း မီးပြတ်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESC က ဒီနေ့ ထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်းအတွင်းက သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေကို ဓာတ်ငွေ့ပို့လွှတ်နေတဲ့ ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြုပြင်ထိန်းသိမ်းတဲ့လုပ်ငန်းတွေကို ဒီနေ့ကနေစပြီး နှစ်ဆန်းတစ်ရက်၊ ၁၇ ရက်နေ့အထိ ပြုလုပ်မှာဖြစ်တာကြောင့် ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှုလျော့နည်းမှာဖြစ်ပြီး ယာယီဓာတ်အားပြတ်တောက်မှုတွေရှိမယ်လို့ YESC ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ YESC က သင်္ကြန်ကာလမီးပြတ်မယ်လို့ ကြေညာပေမယ့် ပြီးခဲ့တဲ့လပိုင်းကတည်းက မီးမမှန်တာလို့ ရန်ကင်းမြို့နယ်နေထိုင်သူတစ်ဦးက ပြောပါတယ်။ “အခုတောင် တစ်ရက်ကို မီးလာချိန်ဘာမှမှမရှိတာ။မီးလာချိန်တောင် လာလိုက်ပြတ်လိုက်နဲ့။ အခုဒီထက်ပိုပြတ်ရင်ဘာလုပ်ရတော့မှာလဲ။ သင်္ကြန်တွင်း အိမ်ကနေ အလုပ်လုပ်ဖို့စဉ်းစားထားတာ၊ မီးမလာရင်တော့ ဘာမှလုပ်ရမှာမဟုတ်ဘူးလေ။ ရာသီဥတုကပူ မီးကမလာနဲ့ ညတောင်အိပ်မရဘူး” လို့ သူကပြောပါတယ်။ ရန်ကုန်မြို့တွင်းမှာ […]
ရန်ကုန် – ၂၀၂၄ ဧပြီ ၉ (မော်ကွန်း) တော်လှန်ရေးအင်အားစုတွေပါဝင်တဲ့ ပြည်သူ့ညီလာခံအတွင်း သဘောထားကွဲလွဲမှုတွေကြောင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ တော်လှန်ရေးအစိုးရ (NUG) တို့က ညီလာခံငါးရက်မြောက်နေ့မှာ ဆက်လက်မတက်ရောက်တော့ပါဘူး။ တချို့သော ကိုယ်စားလှယ်တွေဟာ ညီလာခံက ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာဖို့ပျက်ကွက်တာကြောင့် ဆက်လက်မတက်ရောက်နိုင်တော့ဘူးလို့ CRPH က ညီလာခံကိုအကြောင်းကြားစာတစ်စောင် မနေ့ကရက်စွဲနဲ့ပေးပို့ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဦးဆောင်ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် ပြည်သူ့ညီလာခံကို ယခုလ ၄ ရက်က စတင်ကျင်းပခဲ့တာဖြစ်ပြီး မူလက သုံးရက်ကြာကျင်းပမယ်လို့ ကြေညာထားပေမယ့် ညီလာခံဟာ ဒီနေ့ခြောက်ရက်မြောက်နေ့မှာ ကျင်းပပြီးစီးခဲ့တာပါ။ CRPH နဲ့ NUG ကိုယ်စားလှယ်တွေဟာ ညီလာခံ လေးရက်မြောက်နေ့အထိ တက်ရောက်ခဲ့ပေမယ့် ငါးရက်မြောက်နေ့မှာ မတက်ရောက်တော့ပါဘူး။ အဖွဲ့တချို့ရဲ့ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."