သတင်းများ

သံတွဲမြို့မြောက်ဘက်ကရွာတွေမှာ စစ်ကောင်စီနဲ့ AA တိုက်ပွဲတွေပြင်းထန်

April 24, 2024

ရန်ကုန် – ၂၀၂၄ ဧပြီ ၂၄ (မော်ကွန်း)  ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ သံတွဲမြို့မြောက်ဘက် မိုင် ၂၀ ကျော်မှာရှိတဲ့ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီးက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ သင်္ကြန်အကျနေ့ကစတင်ကာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီနေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာပါ။ သံတွဲမြို့က ဒေသခံတစ်ဦးကတော့ “သံတွဲနဲ့ ရွာနီးချုပ်စပ်တွေပေါ့၊ အဲဒီရွာတွေမှာ ဒီရက်ပိုင်း ဆက်တိုက်ဖြစ်နေတာ။ မနေ့ကလည်း လက်နက်ကြီးသံတွေ ကြားရတယ်။ သံတွဲမှာ ဒါပထမဆုံး လက်နက်ကြီးသံတွေကြားရတာပဲ” လို့ပြောပါတယ်။ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့တဲ့နှစ် နိုဝင်ဘာတည်းက ရခိုင်ပြည်နယ်တစ်ဝန်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပေမယ့် ပြည်နယ်တောင်ပိုင်းက သံတွဲမြို့နယ်မှာတော့ ပြီးခဲ့တဲ့ သင်္ကြန်ကာလမှ […]

အပြည့်အစုံဖတ်ရန်

မတ္တရာမှာ စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

April 24, 2024

မတ္တရာ-၂၀၂၄ ဧပြီ ၂၄ (မော်ကွန်း) မန္တလေးတိုင်း၊ မတ္တရာမြို့မှာ ဒီနေ့မနက် ၈ နာရီဝန်းကျင်က စစ်ကောင်စီရဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်တဲ့ ဗိုလ်မှူးသက်နိုင်စိုး သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် ဒီညနေအထိ မြို့တွင်းလမ်းတွေမှာ အစစ်ဆေးတင်းကြပ်နေသလို မြို့အဝင်အထွက်ကိုလည်း ပိတ်ဆို့စစ်ဆေးနေတယ်လို့ မတ္တရာမြို့ခံတွေက ပြောပါတယ်။ ဗိုလ်မှူးသက်နိုင်စိုးဟာ ဒီနေ့မနက်ပိုင်းက မတ္တရာမြို့နယ်၊ အမှတ် ၅ ရပ်ကွက်က ဆူး လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေစဉ် ပစ်သတ်ခံရတာလို့ ဒေသခံတွေကပြောပါတယ်။ “သူသတ်ခံရပြီး မနက်ကတည်းက မြို့ထဲမှာ ကားတွေနဲ့ ကင်းပတ်တယ်၊ စစ်တယ်။ မြို့အဝင်အထွက်ကိုလည်း ပိတ်ပြီး စစ်ဆေးနေတယ်။ မြို့ထဲကနေ မန္တလေးဘက်သွားမယ့်သူတွေတောင် ဒီနေ့မသွားရဘူး”လို့ မတ္တရာမြို့ခံတစ်ဦးက ပြောပါတယ်။ လက်ရှိအချိန်အထိတော့ ဘယ်အဖွဲ့က ပစ်သတ်သွားတယ်ဆိုတာ မသိရသေးပါဘူး။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ PDF အဖွဲ့က လာပစ်သွားတာဖြစ်ပြီး နေရာမှာတင်ပွဲချင်းပြီး […]

အပြည့်အစုံဖတ်ရန်

ဝင်းရေးမြို့နယ်က စာသင်ကျောင်းတစ်ကျောင်းကို အာဏာသိမ်းစစ်တပ် ဗုံးကြဲတိုက်ခိုက်

April 24, 2024

ဒူးပလာယာ – ၂၀၂၄ ဧပြီ ၂၄ (မော်ကွန်း) ကော်သူးလေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ နှစ်အိမ်ကျေးရွာရဲ့ စာသင်ကျောင်းဟာ မနေ့က ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နှစ်အိမ်ကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်းကို မနေ့၊ နံနက် ၁၀း၀၀ နာရီဝန်းကျင်မှာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ ဝင်းရေးမြို့နယ်ထဲက အနန်းကွင်းရွာ အာဏာသိမ်းစစ်တပ်စခန်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် နှစ်အိမ်ရွာကို ခုလိုဗုံးလာကြဲတာလို့ဆိုကြပါတယ်။ စာသင်ကျောင်းဆောင်အားလုံးနဲ့ဆရာ၊ ဆရာမတွေနေထိုင်တဲ့ အဆောင်တွေလည်းပျက်စီးသွားပေမယ့် ထိခိုက်ဒဏ်ရာရသူတော့မရှိပါဘူး။ စာသင်ကျောင်းအနီးအနားက နေအိမ်တချို့လည်း ထိခိုက်ပျက်စီးပြီး ပေါင် ၅၀၀ ဗုံးဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ အခု ဗုံးလာကြဲတဲ့လေယာဉ်ဟာ မနေ့က ကေအဲန်ယူ-ဝင်းရေးမြို့နယ်ရုံးကို လာကြဲတဲ့လေယာဉ်ဖြစ်ပြီး အချိန်လည်းအတူတူပဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပုံစာ – ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နှစ်အိမ်ရွာ စာသင်ကျောင်းမြင်ကွင်း ဓါတ်ပုံ – […]

အပြည့်အစုံဖတ်ရန်

ကေအဲန်ယူ-ဝင်းရေးမြို့နယ်ရုံး ဗုံးကြဲခံရ

April 24, 2024

ဝင်းရေး – ၂၀၂၄ ဧပြီ ၂၃ (မော်ကွန်း) ကော်သူးလေ၊ ကေအဲန်ယူ-ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်ရုံးဟာ ဒီကနေ့နံနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ သတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရ နံနက် ၁၀း၃၀ ဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်က လာရောက်ကြဲချခဲ့တာဖြစ်ပြီး အဆောက်အအုံတစ်လုံးပျက်စီးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း ကေအဲန်ယူ-ဝင်းရေးမြို့နယ်ရုံးနားကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပြီး အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီနေ့တိုက်ခိုက်ခံရမှုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကတော့ ပေါင် ၅၀၀ ဗုံးဖြစ်ပြီး ဂျက်ဖိုက်တာနဲ့ လာရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။ ပုံစာ – ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဝင်းရေးမြို့နယ်ရုံးထဲက အဆောက်အအုံ ဓါတ်ပုံ – ပေးပို့

အပြည့်အစုံဖတ်ရန်

ဆန်ကြမ်းဈေးအနည်းငယ်တက်

April 24, 2024

ရန်ကုန် – ၂၀၂၄ ဧပြီ ၂၃ (မော်ကွန်း) သင်္ကြန်ပိတ်ရက်ကာလအတွင်း ကုန်စည်ဒိုင်တွေကို ဆန်အဝင်နည်းတာကြောင့် ပြည်တွင်းမှာစားသုံးနေတဲ့ ဆန်ဈေးနှုန်းတွေ အနည်းငယ်မြင့်တက်လာတယ်လို့ ဆန်ကုန်သည်တချို့က ပြောပါတယ်။ ပြည်တွင်းမှာ စားသုံးမှုများတဲ့ ဇီယာ၊ ဆင်းသွယ်၊ ရက် ၉၀ ဆန် အမျိုးအစားတွေဟာ သင်္ကြန်မတိုင်မီကထက် ၂၄ ပြည်တစ်အိတ်ကို ကျပ် ၃,၀၀၀ ကနေ ၅,၀၀၀ ဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်က ဆန်လက်လီလက်ကား ရောင်းချသူတစ်ဦးက ပြောပါတယ်။ ဆန်ချောဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း တွေကတော့ သင်္ကြန်မတိုင်မီကဈေးတန်းမှာပဲ ဆက်လက်ရှိနေပြီး ဆန်ကြမ်းအမျိုးအစားတွေပဲ သိသိသာသာဈေးမြင့်တက်ခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်ပိတ်ရက်ကာလမှာ ဧရာဝတီတိုင်းဘက်ကနေ ဆန်ကုန်စည်ဒိုင်ကို ဆန်အဝင်နည်းခဲ့ပြီး ကုန်စည်ဒိုင်အများစုဟာလည်း သင်္ကြန်ကာလမှာပိတ်ထားကြတာပါ။ လက်ရှိမှာ လယ်သမားတွေလက်ထဲ နွေစပါးလက်ကျန်တွေရှိနေသေးတဲ့အတွက် […]

အပြည့်အစုံဖတ်ရန်

ဟားခါး မြို့သစ်ရပ်ကွက်မှာ ဈေးဆိုင်တွေမဖွင့်ဖို့နဲ့ ဘုရားကျောင်းတွေမှာ လူငါးဦးထက်ပိုမစုဖို့ စစ်ကောင်စီကန့်သတ်

April 23, 2024

ဟားခါး-၂၀၂၄ ဧပြီ ၂၂ (မော်ကွန်း) ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က မြို့သစ်ရပ်ကွက်မှာ ဒီနေ့ကစပြီး ဈေးဆိုင်တွေမဖွင့်ဖို့နဲ့ ဘုရားကျောင်းတွေမှာ လူငါးဦးထက်ပိုမစုဝေးဖို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလ ၁၂ ရက်က ဟားခါးမြို့ပေါ်၊ မြိုသစ်ရပ်ကွက်အတွင်းမှာ စစ်ကောင်စီရဲ့ချင်းပြည်နယ် ဝန်ကြီးတချို့လိုက်ပါလာတဲ့ယာဉ်တန်း တိုက်ခိုက်ခံရပြီး လူကြီးတချို့ထိခိုက်ဒဏ်ရာရလို့ အမိန့်ထုတ်ပြန်တာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “မနက်က လမ်းတွေထဲ လိုက်ကြေညာတယ်။ ဆိုင်တွေပိတ်သွားပြီ။ ရပ်ကွက်တစ်ခုတည်းအမိန့်ထုတ်တာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ CDF တပ်ဖွဲ့ဝင်တွေက ရပ်ကွက်ထဲက လူနေအိမ်၊ ဆိုင်ခန်းတွေနဲ့ ဘုရားကျောင်းတွေကို အကာအကွယ်ယူပြီးပစ်ခတ်တိုက်ခိုက်တာကြောင့် အမိန့်ထုတ်ပြန်တာဖြစ်ပြီး မလိုက်နာရင် အရေးယူသွားမယ်လို့ ဆိုပါတယ်။ ဒီနေ့ထုတ်ပြန်လိုက်တဲ့အမိန့်ကို လာမယ့်ဇွန်လ ၂၀ရက်အထိ နောက်ထပ်အမိန့်မထုတ်မချင်း အတည်ဖြစ်တယ်လို့လည်း စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီလက်အောက်ခံ ချင်းပြည်နယ်ဝန်ကြီးတချို့လိုက်ပါလာတဲ့ယာဉ်တန်းကို တိုက်ခိုက်မှုအတွင်း […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ စစ်မှုထမ်းဒုတိယအသုတ်ခေါ်ယူဖို့ ပြင်ဆင်နေ

April 22, 2024

ရန်ကုန် – ၂၀၂၄ ဧပြီ ၂၂ (မော်ကွန်း) ရန်ကုန်တိုင်းက ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး အစရှိတဲ့ မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း စစ်မှုထမ်းသင်တန်း ဒုတိယအသုတ်အတွက် စတင်ပြင်ဆင်နေပြီး စစ်မှုမထမ်းလိုတဲ့ လူငယ်တွေကလည်း ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ မြို့ခံတချို့က ပြောပါတယ်။ ကျေးရွာပေါင်း ၁၃၀ ကျော်ရှိတဲ့ ကွမ်းခြံကုန်းမြို့နယ်မှာ အခုရက်ပိုင်းကစပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်းဖို့ ဒုတိယအသုတ်စတင်ခေါ်ယူဖို့ စီစဉ်နေတာကြောင့် လူငယ်တွေတိမ်းရှောင်နေကြရတယ်လို့ ကွမ်းခြံကုန်းမြို့ခံတစ်ဦးက ပြောပါတယ်။ “အခုတစ်ရက်နှစ်ရက်အတွင်း မဲနှိုက်တော့မယ် လာပြောသွားတယ်။ ရွာထဲက လူတွေလည်း ကြောက်ကုန်ကြတော့ ပြေးတဲ့သူတွေလည်း ပြေးနေကြပြီ” လို့ ၎င်းမြို့ခံက ပြောပါတယ်။ ကွမ်းခြံကုန်းနဲ့ ဆက်စပ်နေတဲ့ တွံတေး၊ ကော့မှူး စတဲ့မြို့နယ်တွေမှာလည်း မဲနှိုက်မယ့်စာရင်းတွေကို အုပ်ချုပ်ရေးအဖွဲ့တွေက စတင်လုပ်ဆောင်နေပြီလို့ တွံတေးမြို့မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

နှစ်ဆန်းတစ်ရက်နေ့ ညနေပိုင်း ရန်ကုန်မြို့၊ဗိုလ်တထောင်ဘုရားနဲ့ ကမ်းနားမှာ ဘုရားဖူးသူ၊ လာရောက်လည်ပက်သူတွေနဲ့စည်ကားနေ

April 22, 2024

ရန်ကုန် – ၂၀၂၄ ဧပြီ ၁၇ (မော်ကွန်း) နှစ်ဆန်းတစ်ရက်နေ့ ညနေပိုင်း ရန်ကုန်မြို့၊ဗိုလ်တထောင်ဘုရားနဲ့ ကမ်းနားမှာ ဘုရားဖူးသူ၊ လာရောက်လည်ပက်သူတွေနဲ့စည်ကားနေတဲ့မြင်ကွင်းတွေ ဖြစ်ပါတယ်။ ပုံစာ-ဗိုလ်တထောင်ဘုရားနဲ့ကမ်းနားမှာ လာရောက်လည်ပက်သူများ။ ဓာတ်ပုံ-Mawkun

အပြည့်အစုံဖတ်ရန်

အင်းစိန်ထောင်က အကျဉ်းသား ၉၀၀ ကျော်လွတ်

April 17, 2024

ရန်ကုန် – ၂၀၂၄ ဧပြီ ၁၇ (မော်ကွန်း) အင်းစိန်အကျဉ်းထောင်ကနေ ဒီနေ့ အကျဉ်းသား ၉၀၀ ကျော် ပြန်လွတ်‌‌မြောက်လာပါတယ်။ ဒီနေ့လွှတ်ပေးခဲ့တဲ့ အကျဉ်းသား ၉၀၀ ကျော်ထဲမှာ ပြစ်ဒဏ်ငါးနှစ်အောက်အကျဉ်းသားတွေ အများစုပါဝင်တယ်လို့ အင်းစိန်ထောင်ကနေ လက်နက်ကိုင်ဆောင်မှုပုဒ်မ ၁၉(င)နဲ့ ထောင်ကနေ ပြန်လွတ်မြောက်လာတဲ့ အကျဉ်းသားတစ်ဦးက ‌ပြောပါတယ်။ “မိန်းကလေး၊ ယောက်ျားလေး အားလုံးပေါင်း ကိုးရာကျော်တယ်။ ငါးနှစ်‌အောက် ထောင်ထဲမှာ ထက်ဝက်နေပြီးတဲ့သူတွေ ပြန်လွတ်တာများတယ်။ ဒီတစ်ခေါက်က ဆေးမှုနည်းတယ်”လို့ သူကပြောပါတယ်။ ဒါ့အပြင် လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားလည်း အနည်းငယ်ပါဝင်တယ်လို့ လွတ်မြောက်လာသူတွေက ပြောပါတယ်။ “၅၀၅ နဲ့က ကျွန်မတို့ကား‌ပေါ်မှာဆို နှစ်ယောက်ပဲပါတယ်။ တခြားသူတွေပါမပါမသိသေးဘူး”လို့ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅-က နဲ့ ပြန်လွတ်လာသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့ […]

အပြည့်အစုံဖတ်ရန်

နှစ်ဆန်းတစ်ရက်နေ့ အကျဉ်းသားသုံးထောင်ကျော် လွှတ်ပေးမည်

April 17, 2024

ရန်ကုန်-၂၀၂၄ ဧပြီ ၁၇ (မော်ကွန်း) ဒီနေ့ကျရောက်တဲ့နှစ်ဆန်းတစ်ရက်နေ့မှာ နှစ်သစ်ကူးအထိမ်းအမှတ်အနေနဲ့ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံအနှံ့ကအကျဉ်းထောင်၊ အချုပ်စခန်းအသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား သုံးထောင်ကျော်(၃,၃၀၃ဦး)ကို လွှတ်ပေးငမယ်လို့ ဒီနေ့မနက်ပိုင်းက ထုတ်ပြန်ပါတယ်။ ဒီနေ့ပြန်လွှတ်ပေးမယ့်သူတွေဟာ ဘာပုဒ်မတွေနဲ့ပြစ်ဒဏ်ကျခံနေရသူတွေဆိုတာ မသိရသေးသလို နိုင်ငံရေးအကျဉ်းသားဦးရေ ဘယ်လောက်ပါဝင်မယ်ဆိုတာလည်း မသိရသေးပါဘူး။ စစ်ကောင်စီဟာ အာဏာသိမ်းပြီးချိန်ကနေ အခုလ ၁၂ ရက်အထိ အရပ်သား ငါးထောင်နီးပါးကို သတ်ဖြတ်ထားသလို ၂၆,၅၂၄ဦး ကိုဖမ်းဆီးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက ဆိုထားပါတယ်။ ဒီအတောအတွင်း စစ်ကောင်စီက အကျဉ်းထောင်အသီးသီးမှာ မတရားဖမ်းဆီးထားသူတွေကို လွတ်ငြိမ်းခွင့် ၁၄ ကြိမ်ကြေညာခဲ့ပြီး ဒီနေ့အပါအဝင်ဆို ၁၅ကြိမ်ရှိပါပြီ။ အကျဉ်းသား ကိုးသောင်းဝန်းကျင်ပြန်လွှတ်ခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားကတော့ ရှစ်ထောင်ဝန်းကျင်ပဲ ပြန်လွတ်သေးတယ်လို့ စောင့်ကြည့်လေလာနေတဲ့ သုတေသနအဖွဲ့တွေကဆိုထားပါတယ်။ ပုံစာ-မနှစ်က နှစ်ဆန်းတစ်ရက်က အင်းစိန်ထောင်ရှေ့မြင်ကွင်း။ ဓာတ်ပုံ-မော်ကွန်း။

အပြည့်အစုံဖတ်ရန်

နှစ်ဆန်းတစ်ရက်နေ့ ရွှေတိဂုံဘုရားမြင်ကွင်း

April 17, 2024

ရန်ကုန်-၂၀၂၄ ဧပြီ ၁၇ (မော်ကွန်း) ဒီနေ့ကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ မနက်အစောပိုင်း ၅ နာရီဝန်းကျင်ကတည်းက ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားပေါ်မှာ ဘုရားဖူးလာကြသူတွေနဲ့ စတင်စည်ကားနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။ ပုံစာ-ရွှေတိဂုံဘုရားပေါ်က မြင်ကွင်းများ။ ဓာတ်ပုံ-mawkun

အပြည့်အစုံဖတ်ရန်

သင်္ကြန်အတက်နေ့ ရန်ကုန်မြင်ကွင်း

April 17, 2024

ရန်ကုန်-၂၀၂၄ ဧပြီ ၁၆ (မော်ကွန်း) ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်ထဲမှာ သင်္ကြန်အတက်နေ့နေ့လယ်ပိုင်း လာရောက်လည်ပတ်သူတွေနဲ့ အပန်း‌ဖြေသူများပြားနေပါတယ်။ စစ်ကောင်စီကတော့ သင်္ကြန်အတက်နေ့ ရန်ကုန်မြို့တွင်းမှာ လုံခြုံရေးတင်းကြပ်ထားပြီး သင်္ကြန်ပွဲကျင်းပနေသလို မြို့တွင်းကအဓိကလမ်းမကြီးတွေမှာလည်း လှည့်ကင်းတွေပတ်နေတာတွေ့ရပါတယ်။ ပုံစာ-ပြည်သူ့ဥယျာဉ်အတွင်းလည်ပတ်အပန်းဖြေနေသူများ။ ဓာတ်ပုံ-mawkun

အပြည့်အစုံဖတ်ရန်
1 … 63 64 65 66 67 68 69 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."