ရန်ကုန်-၂၀၂၄ ဧပြီ ၁၁ (မော်ကွန်း)
အစ္စလာမ်ဘာသာဝင်တွေရဲ့ ဒီနေ့ကျရောက်တဲ့ အီးဒ်နေ့ ဝတ်ပြုဆုတောင်းပွဲတော်ကို ရန်ကုန်မြို့က ဗလီဝတ်ကျောင်းတော်တွေမှာ အသီးသီး ကျင်းပကြပါတယ်။
ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်က နွယ်အေးစွန္နီဂျာမေဗလီကြီးမှာ ထောင်နဲ့ချီတဲ့ ယုံကြည်ကိုးကွယ်သူတွေ ဒီနေ့ကျရောက်တဲ့ အီးဒ်နေ့မှာ ဝတ်ပြုဆုတောင်းကြတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။
ဓါတ်ပုံ- မော်ကွန်း