သတင်းများ

မိုးကုတ်တိုက်ပွဲ ရက်ရှည်လာတာကြောင့် စားနပ်ရိက္ခာပြတ်လပ်စပြုလာ

July 9, 2024

မိုးကုတ် – ၂၀၂၄ ဇူလိုင်် ၉ (မော်ကွန်း) သီတင်းနှစ်ပတ်ကျော်ဖြစ်လာတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့က တိုက်ပွဲတွေကြောင့် ‌စားနပ်ရိက္ခာတွေ ပြတ်လပ်စပြုလာပြီး အခြေခံလူတန်းစားတွေ စားနပ်ရိက္ခာလိုအပ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုးကုတ်မြို့မှာ တိုက်ပွဲ ဖြစ်နေချိန်အတွင်း မြို့အဝင်အထွက်လမ်းတွေပိတ်ထားတာကြောင့် ကုန်စီးဆင်းမှုမရှိသလို မြို့တွင်းရှိတဲ့ကုန်ပစ္စည်းတွေလည်း ရောင်းကုန်သလောက်ရှိနေပြီး စားနပ်ရိက္ခာတွေ ဝယ်ယူရပိုခက်ခဲလာတယ်လို့ မိုးကုတ်မြို့အရှေ့ပိုင်း၊ အောင်ချမ်းသာရပ်ကွက်မှာနေထိုင်သူ အမျိုးသမီးတစ်ဦးကပြောပါတယ်။ ” ဆန်ဆိုရင် တစ်မြို့လုံးပတ်ဝယ်တာတောင်မရဘူး၊ အိမ်စားဖို့လည်းမိသားစု သုံးယောက် ဆန်ပိုင်းတဝက်(ဆန်အိတ်တစ်ဝက်)ပဲကျန်တယ်၊ဘယ်မှာမှရှာဝယ်လို့မရဘူး၊ ရက်ကြာလာရင် ငတ်မှာပဲ၊ ဆီတွေလည်းဝယ်ရခက်တယ်၊ ပိုက်ဆံရှိရင်တောင် ဘာမှကိုဝယ်လို့မရတော့ဘူး”လို့ သူက​ပြောပါတယ်။ မိုးကုတ်မြို့မှာ ဆန်၊ ဆီနဲ့အခြေခံစားသောက်ကုန်တွေ စျေးပိုတက်လာတဲ့အပြင် ဝင်ငွေပုံမှန်မရရှိတဲ့ အခြေခံလူတန်းစားတွေ စားနပ်ရိက္ခာခက်ခဲနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “အလုပ်ကလည်းမသွားရဘူး၊ အိမ်မှာရှိတဲ့ထမင်းရယ်၊ အခြောက်ခြမ်းရယ်ပဲစား​နေရတယ်၊ အလှူရှင်တွေလည်းဝယ်မရတော့မလှူနိုင်ဘူး၊ ဒီထပ်ရက်ကြာလာရင် ကျွန်တော်တို့လည်းငတ်ပြီ”လို့ ပန်းရံလုပ်ကိုင်သူအမျိုးသားတစ်ဦးကပြောပါတယ်။ မိုးကုတ် […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်ကစစ်ရှောင်လာတဲ့ ရာနဲ့ချီတဲ့ကားတွေ တိုက်ပွဲတွေကြားပိတ်မိနေ

July 9, 2024

ရန်ကုန် – ၂၀၂၄ ဇူလိုင် ၉ (မော်ကွန်း) ဒီနေ့မနက်ပိုင်းက မိုးကုတ်မြို့အနောက်ပိုင်းကနေ စစ်ဘေးရှောင်ကားအစီး ၁၀၀ ခန့် ထပ်မံဆင်းလာခဲ့ပေမယ့် လမ်းတစ်လျှောက် တိုက်ပွဲတွေကြောင့် လမ်းပိတ်နေဆဲဖြစ်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ အပိုင်းအလိုက်စိုးမိုးထားတဲ့ မိုးကုတ်မြို့က ဒေသခံတွေဟာ ပြီးခဲ့တဲ့လကုန်ပိုင်းတည်းက မြို့ကထွက်ခွာခဲ့ကြပေမယ့် လမ်းတစ်လျှောက်တိုက်ပွဲတွေကြောင့် ကားလမ်းတွေပေါ်မှာပဲ ပိတ်မိနေတာ သီတင်းတစ်ပတ်ကျော်ရှိနေပါပြီ။ ဒီလိုလမ်းပိတ်နေတာသိပေမယ့် မနေ့ကညပိုင်းကစပြီး တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာကြောင့် မိုးကုတ်မြို့အနောက်ပိုင်းက ဒေသခံအများအပြား ထပ်မံပြီးမြို့ကနေထွက်ခွာလာတာလို့ အဲဒီဒေသခံတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းက မြို့ကိုစွန့်ခွာပြီး စစ်ရှောင်ခဲ့တဲ့စစ်ရှောင်တွေဟာ  သပိတ်ကျဉ်းမြို့အနီးမှာ ပိတ်မိနေတာ သီတင်းတစ်ပတ်ကျော်ထိရှိနေပြီး လက်ရှိမှာ  နောက်ထပ်စစ်ဘေးရှောင်ကားတန်းတွေ ထပ်မံရောက်လာတာပါ။ မနေ့ညပိုင်းက မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး လူနေအိမ်တချို့ လက်နက်ကြီးကျရောက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံတချို့ကပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

 မိုင်းပျဉ်းတောင်ပေါ်လမ်းကားကျပ်လို့ ခရီးဖင့်နှေးမှုတွေဖြစ်နေ

July 9, 2024

တာကော် – ၂၀၂၄ ဇူလိုင် ၉ (မော်ကွန်း) တခြားနယ်စပ်ဂိတ်တွေထက် ခရီးလမ်းကြောင်းပိုဝေးပေမယ့် စစ်ကောင်စီအတွက် နယ်စပ်ကုန်သွယ်ရေးမှာ လတ်တလော အရေးပါတဲ့ တောင်ကြီး-ကျိုင်းတုံလမ်းပိုင်းမှာ ကားများ၊ လမ်းကျပ်တာတွေကြောင့် ခရီးကြန့်ကြာမှုတွေဖြစ်ပြီး ကုန်စည်ကူးသန်းမှု ဖင့်လေးနေတယ်လို့ လမ်းပိုင်းအသုံးပြုသူတချို့က ပြောပါတယ်။ အဲဒီလမ်းပိုင်းဟာ ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေကို ဖြတ်သန်းပြီး ထိုင်း၊ တရုတ်နဲ့ လာအိုနိုင်ငံတွေဆီ ကုန်စည်ကူးသန်းနိုင်တဲ့ နယ်စပ်လမ်းပိုင်းဖြစ်သလို လတ်တလော စစ်ကောင်စီ ထိန်းချုပ်ထားနိုင်သေးတဲ့ တစ်ခုတည်းသော နယ်စပ်လမ်းကြောင်း ဖြစ်ပါတယ်။ “ မိုးများတာရော၊ ကားကျပ်တာရောပေါ့။ မိုင်းပျဉ်းတောင်ပေါ်မှာ ကားတွေပိတ်နေတာ ရာချီ၊ ထောင်ချီ ရှိတယ်လို့ ပြောတယ်။ ဆက်မသွားတော့ဘဲ တာကော်(သံလွင်မြစ်ကူးတံတား)ကနေ လှည့်ပြန်ဖို့ လုပ်နေတယ်” လို့ တာချီလိတ်ကို အလုပ်ကိစ္စနဲ့ ခရီးသွားတဲ့ ခရီးသည်တစ်ဦးက လမ်းအခြေအနေကို ဒီနေ့ […]

အပြည့်အစုံဖတ်ရန်

KNU သိမ်းယူထားတဲ့ ကျိုက်ဒုံမြို့က ကျောင်းတွေကို ကရင့်ကျောင်းဖြစ်ဖို့ KNU ကြိုးစားနေ

July 9, 2024

ကျိုက်ဒုံ – ၂၀၂၄ ဇူလိုင် ၉ (မော်ကွန်း) ကေအဲန်ယူ-ဒူးပလာယာခရိုင် ကျိုက်ဒုံမြို့ကို ကေအဲန်ယူက ပြန်လည်ရယူပြီးတဲ့နောက် စာသင်ကျောင်းတွေကိုပါ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန(KECD) လက်အောက်ခံကျောင်းတွေအဖြစ် တဖြည်းဖြည်းပြောင်းလဲနိုင်ဖို့ ကြိုးစားနေတယ်လို့ မြို့အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အခုနှစ် မတ်လတုန်းက အာဏာသိမ်းစစ်တပ်၊ တပ်စွဲထားတဲ့ ကျိုက်ဒုံမြို့ ဗျူဟာကုန်းတပ်စခန်းတွေကို ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာ မြို့ကိုလည်း အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ကျိုက်ဒုံမြို့ကို မြို့ပုံစံအတိုင်း ပြန်လည်လည်ပတ်နိုင်ဖို့ ကေအဲန်ယူဘက်က ကြိုးစားနေပြီး ဒီအထဲမှာ ပညာရေးကဏ္ဍလည်းပါဝင်နေပါတယ်။ မြို့အုပ်ချုပ်ရေးတာဝန်ရှိသူတွေကတော့ နှစ် ၃၀ လောက် ပြည်မဘက်က အစိုးရတွေ အုပ်ချုပ်ထားခဲ့တာဖြစ်လို့ စာသင်ကျောင်းတွေကို KECD အောက်ကို ပြန်လည် အသက်သွင်းတဲ့အခါ အခက်အခဲတွေရှိနေပြီး လက်ရှိမှာတော့ မူလတန်းအဆင့်ပဲ စတင်ဖွင့်လှစ်ထားနိုင်တယ်လို့ဆိုပါတယ်။ ကျိုက်ဒုံမြို့ထဲက စာသင်ကျောင်းတွေဟာ လက်ရှိမှာ […]

အပြည့်အစုံဖတ်ရန်

လားရှိုးမြို့ခံတွေ အလုံးအရင်းနဲ့မြို့ကိုစွန့်ခွါ၊ ကားခတွေဈေးမြင့်တက်

July 8, 2024

ရန်ကုန် – ဇူလိုင် ၇ (မော်ကွန်း) တိုက်ပွဲပြင်းထန်နေတဲ့လားရှိုးမြို့မှာ ဒေသခံအလုံးအရင်းနဲ့ မြို့ကိုစွန့်ခွာနေကြပြီး လားရှိုးကနေ တောင်ကြီး၊ မန္တလေးတို့ကို ပြောင်းရွှေ့ဖို့ တစ်ဦးကို ကားခကျပ်လေးငါးသိန်းထိ ပေါက်ဈေးဖြစ်နေတယ်လို့ ရွှေ့ပြောင်းလာတဲ့ ဒေသခံတချို့က ပြောပါတယ်။ လူဦးရေသုံးသိန်းနီးပါးရှိတဲ့လားရှိုးမြို့မှာ လက်ရှိအချိန်ထိ မြို့တွင်းက ထွက်ခွာသွားသူ အလုံးအရင်းနဲ့ရှိလာနေပြီး တိုက်ပွဲတွေဆက်လက်ပြင်းထန်လာပါ ဆက်လက်ပြီး ပြောင်းရွှေ့မယ့်သူတွေလည်း အများအပြားကျန်ရှိနေသေးတာပါ။ “တချို့လည်း ကားခတွေသိန်းချီဖြစ်နေတော့ အရဲစွန့်ပြီး ကားဆွဲတဲ့ကားသမားတွေလည်း ရှိတယ်။ ကားလေးတွေနဲ့ စုပြီးငှားတာပေါ့၊ ခြောက်ယောက်ဆံ့တစ်စီးကို(ကျပ်) ၂၅ သိန်း ပေါက်တယ်” လို့ အဲဒီဒေသခံတစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ ငွေကြေးတတ်နိုင်သူတွေနဲ့ အဆင်ပြေသူတချို့ပဲ ပြောင်းရွှေ့နိုင်တာဖြစ်ပြီး မြို့ပေါ်မှာ မပြောင်းရွှေ့ဘဲ နေထိုင်နေသူတွေလည်း အများအပြားကျန်သေးတယ်လို့ အဲဒီဒေသခံတချို့က ပြောပါတယ်။ “ကျန်တဲ့သူတွေကတော့ အိမ်တံခါးပိတ်ပြီး နေကြတယ်။ တချို့လည်း […]

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်တပ်က အတွဲလိုက်တာဝေးပစ်လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ကော့ကရိတ် တောင်ပိုင်းမှာ နေအိမ်တွေ ထိမှန်ပျက်စီး

July 7, 2024

ကော့ကရိတ် – ၂၀၂၄ ဇူလိုင် ၆ (မော်ကွန်း) ကေအဲန်ယူ-တပ်မဟာ ၆၊ ကော့ကရိတ်မြို့နယ် ၊သုံးဆယ့်သုံးဆူကျေးရွာကို မနေ့နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က အတွဲလိုက်တာဝေးပစ်လက်နက်ကြီး(မစ်ဆိုင်း)တွေနဲ့ ပစ်ခတ်လို့ နေအိမ်တွေထိမှန်ပျက်စီးခဲ့ပါတယ်။ ပစ်ခတ်ချိန်မှာ ကော့ကရိတ်တောင်ပိုင်းတခွင်က ရွာတွေ တုန်ခါမှုကိုခံစားရပြီး လက်နက်ကြီးအလုံးရေ ခုနစ်လုံးခန့်ရှိပါတယ်။ ပစ်ခတ်ခံရမှုကြောင့် သုံးဆယ့်သုံးဆူရွာက နေအိမ်တချို့နဲ့ ကားနှစ်စီးထိမှန်ပျက်စီးသလို လူငယ်တစ်ဦးလည်း ညာဘက်လက်မှာ လက်နက်ကြီးစ အနည်းငယ်ထိမှန်ဒဏ်ရာရတယ်လို့ သုံးဆယ့်သုံးဆူကျေးရွာဥက္ကဌက ပြောပါတယ်။ “အိမ်ကခုနစ်လုံးထိတယ်ပေါ့နော်၊ အများကြီးပျက်စီးတာကတော့ နှစ်လုံးပဲ။ အမိုးပေါက်တာတွေ၊ ပြတင်းပေါက်မှန်တွေ၊ တံခါးတွေထိခိုက်တာကတော့ ငါးလုံး၊ ပြီးတော့ကားနှစ်စီး နည်းနည်းလေးပဲ ထိတယ်၊ ကလေးလေးတစ်ယောက်တော့ထိတယ်၊ နည်းနည်းလေးပဲ၊ ဘာမှမစိုးရိမ်ရဘူး”လို့ ကျေးရွာဥက္ကဌကပြောပါတယ်။ သုံးဆယ့်သုံးဆူရွာဟာ ကေအဲန်ယူ-ကော့ကရိတ်မြို့နယ်ထိန်းချုပ်နယ်မြေထဲမှာရှိပြီး ကေအဲန်ယူ အုပ်ချုပ်ရေးစနစ်ဖြစ်ပါတယ်။ ကော့ကရိတ်ခွင်ဘက်မှာ ဒီလို တာဝေးပစ်လက်နက်ကြီးနဲ့ ပစ်ခတ်နိုင်တဲ့နေရာတွေကတော့ ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့တွေက […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်မြို့အနောက်ပိုင်း ဘော်လုံးကြီးရွာထဲ ဗုံးကျပြီး ပြည်သူနှစ်ဦးသေဆုံး

July 7, 2024

မိုးကုတ် – ၂၀၂၄ ဇူလိုင် ၆ (မော်ကွန်း) မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ပိုင်း ဘော်လုံးကြီးကျေးရွာထဲ မနေ့၊ နေ့ခင်းပိုင်းက ဗုံးကျတာကြောင့် နေအိမ်အတွင်းက ပြည်သူနှစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မိုးကုတ်မြို့အနောက်ပိုင်း၊ ဘော်လုံးကြီးကျေးရွာ ရွာလယ်ထဲကနေအိမ်ပေါ် ဗုံးကျတာကြောင့် မီးဖိုထဲမှာ ထမင်းစားနေတဲ့ မောင်နှမနှစ်ဦး သေဆုံးခဲ့တာလို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ ” ရွာလယ်အိမ်ထဲဗုံးကျတာ၊တိုက်ပွဲ ဖြစ်တာမရှိဘူး၊ ရုတ်တရက်ကြီးအိမ်ပေါ်ဗုံးကျတာ၊ လက်နက်ကြီးကျတာမဟုတ်ဘူး၊ဒရုန်းနဲ့ ဗုံးကြဲတယ်လို့ပြောကြတယ် ” လို့သူကပြောပါတယ်။ သေဆုံးသူတွေဟာ ဘော်လုံးကြီးကျေးရွာနေ အသက် ၆၀ ကျော် ဦးမောင်မောင်နဲ့ အသက်၅၀ ဝန်းကျင် ဒေါ်ယာအိတို့ဖြစ်ပါတယ်။ မိုးကုတ်မြို့အနောက်ပိုင်းကို TNLA တပ်က ဇွန် ၃၀ ရက်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။ မိုးကုတ်မြို့ပြင်စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ဂွေးပင်စစ်တပ်စခန်းမှာတော့ စစ်သားတွေရှိနေပြီး မြို့ထဲကိုလက်နက်ကြီးလှမ်းပစ်ခတ်တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ မိုးကုတ်မြို့မှာ […]

အပြည့်အစုံဖတ်ရန်

ချောင်းဦးမှာ ခရီးသည်တင်ယာဉ်တွေကို စစ်ကောင်စီတပ်က တိုက်ပွဲကြားထဲထိုးထည့်ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်အသေးစိပ်

July 7, 2024

မုံရွာ – ၂၀၂၄ ဇူလိုင် (မော်ကွန်း) ထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့ ရန်ကုန်မြို့မှာအင်တာဗျူးလာဖြေတာ အောင်သွားကြတဲ့လူငယ်တစ်စုဟာ မကြာခင် လုပ်ငန်းခွင်ဝင်ရတော့မှာကိုတွေးပြီး ပျော်ရွှင်စိတ်လှုပ်ရှားနေကြပါတယ်။ သူတို့ဟာ အင်တာဗျူးအောင်ပေမယ့် ထိုင်းနိုင်ငံကိုသွားဖို့ အချိန်တစ်လနီးပါးလိုသေးတာကြောင့် မိသားစုတွေရှိရာ နေရပ်ကိုခေတ္တပြန်ကြဖို့ ဇွန် ၂၉ ရက် ည ၇ နာရီမှာ အောင်မင်္ဂလာအဝေးပြေးကားဝင်းကနေ ရန်ကုန်-မုံရွာ Famous Express ကားစီးပြီး ပြန်လာကြပါတယ်။ သူတို့ဟာ တိုက်ပွဲတွေမကြာခဏဖြစ်သလို အာဏာသိမ်းစစ်တပ် မကြာခဏစစ်ကြောင်းထိုးလေ့ရှိတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေမှာ နေထိုင်တဲ့ လူငယ်တွေဖြစ်ပါတယ်။ သူတို့ဒေသမှာ နယ်မြေမအေးချမ်းတာကြောင့် လုပ်ငန်းတွေအဆင်မပြေဖြစ်ပြီး မိသားစုစားဝတ်နေရေးအခက်အခဲတွေ ကြုံလာလို့ ထိုင်းမှာ ဟိုတယ်သန့်ရှင်းရေးနဲ့ စက်ရုံအလုပ်ရုံတွေမှာ ရတဲ့အလုပ်လုပ်ကြဖို့ အဲဒီလူငယ်တွေက ဆုံးဖြတ် လိုက်တာပါ။ အလုပ်ရတော့မှာမို့ အပျော်တွေနဲ့ပြန်လာကြတဲ့သူတို့ဟာ မိသားစုတွေရှိရာနေရပ်မရောက်ခင် လမ်းမှာသူတို့အပျော်တွေ ပျောက်ဆုံးသွားတော့မှာကို […]

အပြည့်အစုံဖတ်ရန်

 ဗန်းမော်မှာ စိုးရိမ်ရေမှတ်အထက် လေးပေကျာ်လွန်နေ၊ ရေဆက်လက်တက်နိုင်သေးတယ်လို့သတိပေးထား

July 5, 2024

ဗန်းမော်-၂၀၂၄ ဇူလိုင် ၅ (မော်ကွန်း) မြစ်ရေဝင်ရောက်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဧရာဝတီမြစ်ရေဟာ ဒီနေ့အထိ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနေလို့ မြို့ပေါ်ရပ်ကွက်တချို့ရေနစ်မြုပ်နေဆဲဖြစ်ပြီး ကူညီကယ်ဆယ်ရေးတွေဆက်လုပ်နေရတယ်လို့ လူမှုကူညီရေးအသင်းတွေကပြောပါတယ်။ “ရေကတော့ အန္တရာယ်ရေမှတ်ရဲ့ အထက်မှာ တန့်နေတယ်ဗျ။ မြို့အနေနဲ့ဆိုရင်တော့ ဧရာဝတီမြစ်ရဲ့ ဟိုဘက်ဘေး၊ ဒီဘက်ဘေးပေါ့။ မြစ်ကမ်းနားတွေ၊ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ခွန်သာ၊ မြေနု၊ ရပ်ကွက်ရဲ့ အနိမ့်ပိုင်းတွေမှာ ရေဝင်နေတာ။ ခွန်သာ၊ တပ်ကလေးဘက်မှာဆို တချို့ကအိမ်တွေတောင် ခေါင်မိုးတွေမြုပ်သွားတယ်။ တချို့ကတော့ တစ်ထပ်လောက်မြုပ်သွားတာရှိတော့ ၁၅ ပေလောက်ဝင်နေတာပေါ့၊ တစ်နေရာနဲ့ တစ်နေရာတော့ မတူနိုင်ပါဘူး” လို့မြို့ပေါ်မှာ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ သုညသုခ ပရဟိတ လူငယ်အသင်း တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။ လက်ရှိအချိန်မှာတော့ ရေဝင်တဲ့နေရာတွေက ဒေသခံတွေကို ရေဘေးလွတ်ရာ နေရာတွေကို ရွှေ့ပြောင်းထားတယ်လို့ သူကဆိုပါတယ်။ အဲဒီအပြင် […]

အပြည့်အစုံဖတ်ရန်

 မန္တလေးကနေ ရွှေဘိုနဲ့မိုးကုတ်ကိုသွားတဲ့လမ်းတွေမှာ တိုက်ပွဲပြင်းထန်နေ

July 5, 2024

ရန်ကုန် – ၂၀၂၄ ဇူလိုင် ၅ (မော်ကွန်း)  မန္တလေး-မိုးကုတ်နဲ့ မန္တလေး-ရွှေဘို ကားလမ်းတွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး အဆိုပါလမ်းပိုင်းတွေကို အခုရက်ပိုင်းအတွင်း ပိတ်ထားရတယ်လို့ အဲဒီဒေသခံတချို့က ပြောပါတယ်။ မန္တလေးမြို့ကနေ ရွှေဘိုကို တက်တဲ့ရွှေဘို-ကျောက်မြောင်း-စဉ့်ကူး-လက်ပံလှ ကားလမ်းပေါ်မှာ မနေ့ကစပြီး တိုက်ပွဲတွေပြင်းထန်နေတာပါ။ အဲဒီကားလမ်းပေါ်က စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာရဲစခန်းကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီး စဉ့်ကူးမြို့ကို ထိန်းချုပ်ဖို့ ကျန်ရှိတဲ့စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မန္တလေး) က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့ပြင် စဉ့်ကူးမြို့နယ်ထဲက လက်ပံလှကျေးရွာမှာလည်း မနေ့ကညနေပိုင်းထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ မန္တလေးကနေ မိုးကုတ်တက်တဲ့ ကားလမ်းပေါ်မှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး အဲဒီလမ်းပိုင်းကလည်း ယခုလကုန်ပိုင်းစပြီး ပြတ်တောက်သွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

 မြို့ခံအများစု လားရှိုးမြို့ကိုစွန့်ခွါ

July 5, 2024

လားရှိုး- ၂၀၂၄ ဇူလိုင် ၅ (မော်ကွန်း) ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ သေနတ်သံတွေမနေ့ကလောက်မကြားရတော့ပေမယ့် အများစုကမြို့ကိုစွန့်ခွါနေကြပြီလို့ ဒေသခံတချို့က ပြောပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ရာပေါင်းများစွာသောကားတွေဟာ အလံဖြူတွေထောင်ကာ မန္တလေးနဲ့ တောင်ကြီးမြို့ဘက်တွေကို စစ်ရှောင်ဖို့ သွားနေကြပြီး လမ်းပျက်တာ၊ တံတားကျိုးနေတာတွေကြောင့် အနည်းဆုံး နှစ်ရက်နဲ့ သုံးရက်လောက် အချိန်ပေးသွားနေကြရတယ်လို့ လားရှိုးဒေသခံတချို့က ပြောပါတယ်။ စစ်ဘေးရှောင်ကြသူတွေဟာ လားရှိုး-သီပေါလမ်းပိုင်းကတဆင့် ကျေးလတ်လမ်းတွေကို အသုံးပြုကာ ရှမ်းပြည်တောင်ပိုင်းဘက်ကို ဖြတ်ကူးပြီး တောင်ကြီးနဲ့ မန္တလေးလို မြို့တွေဘက်ကို စစ်ရှောင်နေကြတာလို့ သူတို့ကဆိုပါတယ်။ “ စစ်ကောင်စီရဲ့ လက်နက်ကြီးသံ တစ်ချက်တစ်ချက် ကြားနေရပေမယ့် အရင်နေ့တွေတုန်းကလောက်မဆိုးတော့ဘူး။ ဒါပေမဲ့ လူတွေကတော့ အလုံးအရင်းနဲ့ကို စပြီးပြေးနေကြတာ တွေ့ရတယ်” လို့ လားရှိုးမြို့အထွက်နားက အမှတ်(၄၁) ခြေလျင်တပ်ရင်းနားမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ […]

အပြည့်အစုံဖတ်ရန်

 လားရှိုးမြို့တွင်းမှာ လက်နက်ကြီးတွေကျလို့ အရပ်သားသေဆုံးမှုထပ်တိုး၊ မြို့ခံတချို့ မြို့ကိုစတင်စွန့်ခွါ

July 4, 2024

လားရှိုး-၂၀၂၄ ဇူလိုင် ၄ (မော်ကွန်း) ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့မှာ တိုက်ပွဲပိုမိုပြင်းထန်လာနေပြီး မြို့ခံတွေဟာ ဒီနေ့မှာ မြို့ကိုစွန့်ခွါနေကြသလို အရပ်သားသေဆုံးမှုတွေလည်းတိုးနေတယ်လို့ မြို့ခံတချို့က ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။ “ အမှတ် ၉ ရပ်ကွက်၊ ဘူတာပိုင်းပေါ့၊ အဲဒီမှာ ဒီနေ့ လက်နက်ကြီးထပ်ကျပြီးတော့ အရပ်သားငါးဦး ထပ်သေတယ်။ နှစ်နေရာကိုကျတာလို့ ပြောကြတယ်။ ယောက်ျားသုံးယောက်နဲ့ မိန်းမ နှစ်ယောက် သေသွားတာလို့သိရတယ်” လို့ လားရှိုးမြို့ အဝင်နားက အမှတ်(၄၁) ခြေလျင်တပ်ရင်းနားမှာနေထိုင်တဲ့ မြို့ခံတစ်ဦးက  ဒီနေ့လယ်မှာ ပြောပါတယ်။ တိုက်ပွဲဟာ မြို့နဲ့ပိုမို့ နီးကပ်လာပြီး လက်နက်ကြီးအသံတွေနဲ့အတူ လက်နက်ငယ်အသံတွေကိုပါ ခပ်စိပ်စိပ်ကြားနေရတယ်လို့ သူက ဒီနေ့လယ်ပိုင်းမှာ ပြောတယ်။ မြို့ခံတွေကတော့ ပွင့်နေသေးတဲ့ လမ်းပိုင်းကို အသုံးပြုပြီ မြို့ကိုစတင်စွန့်ခွါနေကြပြီလို့ မြို့ခံတချို့က ဆိုတယ်။ “ […]

အပြည့်အစုံဖတ်ရန်
1 … 52 53 54 55 56 57 58 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."