မိုးကုတ် – ၂၀၂၄ ဇွန် ၂၆ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လည် ၁း၀၀ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ လူနေရပ်ကွက်တွေကိုဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုးကုတ်မြို့၊ ကသဲရပ်ကွက်အတွင်း နေအိမ်တစ်အိမ်အပေါ် ဒီနေ့နေ့လည်ပိုင်းမှာ လက်နက်ကြီးကျတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေဒေသခံတစ်ဦးကပြောပါတယ်။ ကျပ်ပြင်ရပ်ကွက်ဘက်ကိုလည်း လက်နက်ကြီးကျည်တွေကျရောက်ခဲ့တယ်လို့ ဒေသခံတစ်ဦးဆီကလည်းသိရပါတယ်။ “လက်နက်ကြီးကျွန်တော်တို့ အိမ်ဘေးမှာကျတာ၊ ခုအိမ်ပွင့်သွားပြီ၊ ကသဲဘက်ကအမျိုးသမီးလည်းလက်နက်ကြီးထိပြီးသေတယ်၊ ထိထားတဲ့အိမ်တွေများတယ်”လို့ ကျပ်ပြင်ရပ်ကွက် နေထိုင်သူတစ်ဦးကပြောပါတယ်။ မိုးကုတ်မြို့အနောက်ပိုင်း၊ အေးစေတီတောင်ပေါ်မှာရှိတဲ့ အာဏာသိမ်းစစ်တပ်အထိုင်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA )တပ်တွေက ဒီနေ့ မနက်၈း၀၀နာရီဝန်းကျင်မှာ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။ ” ဒီနေ့ကအရင်နေ့တွေထက်ပြင်းထန်နေတယ်၊ လက်နက်ကြီးတွေလည်းနေအိမ်ပေါ်ကျတယ်၊ မြို့တွင်းကိုရဖို့ကြိုးစားနေတာဆိုတော့ တိုက်ပွဲအခြေနေပြင်းထန်နေတယ်”လို့အနောက်ပိုင်းနေထိုင်သူအမျိုးသားတစ်ဦးကပြောပါတယ်။ မိုးကုတ်မြို့၊ ကျပ်ပြင်မြို့မရပ်ကွက်ကနေအိမ်တစ်အိမ်အပေါ်ကိုလည်း ဒီနေ့ နေ့လည်ပိုင်းမှာ လက်နက်ကြီးကျရောက်တာကြောင့် မီးလောင်နေတယ်လို့ […]
ကျောက်မဲ-၂၀၂၄ ဇွန် ၂၆ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ်လက်အောက်ခံ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁)က စစ်ကောင်စီတပ်သား ၁၇ဦးဟာ TNLA ထံမှာ ဒီနေ့ညနေ ၄း၀၀ နာရီဝန်းကျင်က လက်နက်ချအညံ့ခံခဲ့တယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးဌာနက အခုညနေမှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီအပြင် ကျောက်မဲမြို့မရဲစခန်းကိုလည်း TNLA တပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားတဲ့အပြင် မြို့ရဲ့နေရာတချို့ကိုပါ ထိန်းချုပ်ထားနိုင်ပြီလို့ ကျောက်မဲမြို့ခံတွေက ပြောပေမယ့် မော်ကွန်းအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။ “အခုမြို့ပေါ်မှာတော့ တိုက်ပွဲက ပြန်ငြိမ်သွားပြီ။ လက်နက်ကြီးပေါက်ကွဲသံတွေကတော့ ကြားနေရတုန်းပဲ”လို့ ကျောက်မဲမြို့ခံတစ်ဦးကပြောပါတယ်။ စကခ(၁) လက်အောက်ခံ စစ်ကောင်စီတပ်သား ၁၇ဦး လက်နက်ချအညံ့ခံတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ ကျောက်မဲမြို့ပေါ်မှာ မနေ့က မနက်အစောပိုင်းကစပြီး ဒီနေ့အထိ စစ်ကောင်စီတပ်တွေနဲ့ TNLA တပ်ဖွဲ့တွေ […]
ကျောက်မဲ-၂၀၂၄ ဇွန် ၂၆ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ တအောင်းတပ် TNLA တို့ ဒီနေ့လည်း ဆက်လက်တိုက်ပွဲဖြစ်ပွားနေပြီး မြို့ပေါ်ကနေရာတချို့မှာ TNLA တပ်တွေ စိုးမိုးထားနိုင်ပြီလို့ မြို့ခံတွေနဲ့ ကူညီကယ်ဆယ်ရေးသမားတချို့က မော်ကွန်းကိုပြောပါတယ်။ ကျောက်မဲမြို့ပေါ်မှာ မနေ့ကတည်းက တိုက်ပွဲပြင်းထန်နေပြီး ဒီနေ့လည်း မနက် ၉ နာရီဝန်းကျင်ကစလို့ တိုက်ပွဲဖြစ်နေတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။ “TNLA ကတော်တော်လေးလွှမ်းမိုးထားတယ်။ အခုကရန်ကင်း(၂)ရပ်ကွက်နဲ့ စစ်တပ်နဲ့နီးစပ်ရာ ရဲစခန်းနဲ့နီးစပ်ရာ အဲဒီနားလေးတိုက်ပွဲတွေဖြစ်နေတာ။ အခုကငြိမ်နေပြီဗျ။ သေနတ်သံတွေတော့ မကြားရဘူး။ လက်နက်ကြီးသံ တစ်ချက်တစ်ချက်တော့ ကြားနေရတယ်။ (ကျောက်မဲမြို့မရဲစခန်းကို) သိမ်းလိုက်ပြီလို့ကြားတယ်။ ဒါကြောင့်မို့တိုက်ပွဲငြိမ်သွားတာလား မသိဘူး” လို့ သူကပြောပါတယ်။ TNLA တပ်ဖွဲ့တွေဟာ ကျောက်မဲမြို့အခြေစိုက် အမှတ် ၃၅၂ အမြောက်တပ်ရင်းနဲ့ မြို့မရဲစခန်းကို သိမ်းပိုက်လိုက်ပြီလို့ […]
အင်းတော်-၂၀၂၄ ဇွန် ၂၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နန့်သာရွာမှာ စစ်ကောင်စီတွေ တပ်စွဲထားပြီး ဒေသခံတွေကို ဖမ်းဆီးထားတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီလေတပ် မှားယွင်းဗုံးကြဲမှုကြောင့်သေဆုံးတဲ့ဒေသခံဦးရေ ထပ်တိုးလာနေတယ်လို့ Indaw Revolution-IR က အဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။ လေကြောင်းကနေဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေကို စစ်ကောင်စီတပ်က အပြင်ထွက်ခွင့်မပေးသလို ဆေးကုသခွင့်မပေးတာကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာတာလို့ သူကပြောပါတယ်။ “ကျွန်တော်တို့ပထမဆုံးသိတာကတော့ ၁၇ ယောက်ပေါ့နော်။ (ဘုန်းကြီးကျောင်းထဲမှာ ဒေသခံတွေကို) ပိတ်ထားဆဲဖြစ်နေတော့ အရမ်းကြီး တိတိကျကျကြီးတော့ မသိရသေးဘူးဗျ။ အယောက် နှစ်ဆယ်ကျော်လောက်ရှိသွားတယ်ဗျ။ သုံးယောက်လောက်ထပ်တိုးတယ်။ ဆေးကုသခွင့်မရဘဲသေသွားတာ၊ နာမည်ရယ် အသက်ရယ်က မသိရသေးဘူး” လို့ သူကဆိုပါတယ်။ နန့်သာရွာမှာ ဘုန်းကြီးကျောင်းနှစ်ကျောင်းရှိပြီး တောင်ပေါ်ကျောင်းက တော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှုရှိပြီး တောင်အောက်ကျောင်းမှာတော့ စစ်ကောင်စီတပ်တွေက ကတုတ်ကျင်း၊ ဘန်ကာတွေ […]
မိုးကုတ် – ၂၀၂၄ ဇွန် ၂၆ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းဒေါ်နန်းကြည်တောင်မှာ ဒီနေ့ မနက် အစောပိုင်း ၆: ၀၀ နာရီဝန်းကျင်ကစတင် တိုက်ပွဲပြန်ဖြစ်နေပြီး စစ်တပ်က မနက် ၉:၃၀ ဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ” မနေ့က ၆း၀၀နာရီလောက်ထိပဲ ပစ်သံကြားရတာ၊ တစ်ညလုံးမကြားရဘူး၊ ခုမနက် ၆း၀၀ နာရီမှ ပြန်ကြားရတာ၊ မိုးကလည်းအရမ်းရွာနေတယ်၊ TNLA ရှိမယ်ထင်တဲ့နေရာကို လာကြဲတာထင်တယ်”လို့ မိုးကုတ်မြို့၊ ကျပ်ပြင်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။ ဒေါ်နန်းကြည်တောင်နဲ့အနီးတစ်ဝိုက်မှာ မနေ့ကစတင်ပြီး အာဏာသိမ်းစစ်တပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေကာ TNLA ဘက်ကတော့ ၁၀၂၇ စစ်ဆင်ရေးဆက်တွဲအဖြစ် ရှမ်းပြည်မြောက်ပိုင်း နောင်ချို၊ သီပေါ၊ ကျောက်မဲနဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ မနေ့က […]
ရန်ကုန် – ၂၀၂၄ ဇွန် ၂၅ (မော်ကွန်း)စစ်ကောင်စီအာဏာပိုင်တွေက မနေ့တုန်းက လာရောက်တားမြစ်ပြီးနောက် ရန်ကုန်မြို့က လက်လီရောင်းတဲ့ ဈေးဝယ်စင်တာတွေမှာ ဆန်မရောင်းချပေးတော့ဘူးလို့ အဲဒီဆိုင်တွေက အရောင်းဝန်ထမ်းတချို့က ပြောပါတယ်။“ လူကြီးတွေ (အာဏာပိုင်တွေ) က လာပြောသွားတယ်။ ဆန်နဲ့ ဆီပေါ့၊ အဲဒါတွေ မတင်ရဘူး၊ မရောင်းရဘူးဆိုပြီး လိုက်ပြောတော့ ကျွန်တော်တို့ One Stop Mart တွေမှာတော့ ဆန်နဲ့ ဆီပေါ့၊ အဲဒီနှစ်ခုကို သိမ်းလိုက်တယ်။ အရောင်းရပ် လိုက်တာပေါ့” လို့ ရန်ကုန်မြို့က One Stop Mart ဆိုင်က အရောင်းဝန်ထမ်းတစ်ဦးက ပြောပါတယ်။ယခင်ဆန်နဲ့ဆီတွေရောင်းချပေးတဲ့ အဲဒီဆိုင်က စင်တွေပေါ်မှာ အခြားကုန်ပစ္စည်းတွေ တင်ရောင်းထားတာကို မော်ကွန်းက တွေ့ရပါတယ်။ရန်ကုန်မြို့မှာ လက်လီအရောင်းဈေးကွက်အတွင်း နာမည်ကြီးတခြားဆိုင်တွေဖြစ်တဲ့ Makro, Market Place […]
ကျောက်မဲ – ၂၀၂၄ ဇွန် ၂၅ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်မှာ ဒီနေ့မနက် ၆ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်တွေနဲ့ တအောင်းတပ်ဖွဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားနှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရထားတယ်လို့ မြေပြင်အခြေအနေကို သိရှိသူတွေနဲ့ ကျောက်မဲမြို့ခံတွေက မော်ကွန်းကိုပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ TNLA အဖွဲ့တွေဟာ ကျောက်မဲမြို့ပေါ်မှာ ဒီနေ့မနက် ၆ နာရီကနေ ၈ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိအချိန်မှာတော့ အနည်းငယ်ပြန်ငြိမ်သွားတယ်လို့ ကျောက်မဲဒေသခံတစ်ဦးက ပြောပါတယ်။ “အခုဖြစ်နေတာက ကျောက်မဲမြို့ပေါ်မှာဖြစ်နေတာ။ အခုကတော့ အကြီးအကျယ်တော့ မဟုတ်သေးဘူးပေါ့။ ဒါပေမယ့် ထိုးစစ်ဆင်မယ့်အနေအထားတော့ လောလောဆယ်အဲဒီလိုဖြစ်နေတယ်။ မြို့ပေါ်မှာကတော့ အခုလောလောဆယ်တော့ ဆိုင်တွေအကုန်လုံးပိတ်ပေါ့။ မြို့ကတော့ ခြောက်ကပ်သွားတာပေါ့။ စစ်ရှောင်တယ်ဆိုတဲ့သဘောပဲပေါ့။ အိမ်တံခါးပိတ်ပြီးတော့ အိမ်အတွင်းထဲမှာပဲနေရတာပေါ့” လို့ သူကပြောပါတယ်။ ကျောက်မဲမြို့ပေါ်နဲ့ […]
အင်းတော်-၂၀၂၄ ဇွန် ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နန့်သာရွာမှာ စစ်ကောင်စီတွေ တပ်စွဲထားပြီး ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်ထားတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီလေတပ်က မှားယွင်းဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၁၇ ဦးသေဆုံးပြီး ရှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Indaw Revolution-IR က အဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ၂၀၂၃ မတ်လကတည်းက နန့်သာရွာမှာ တပ်စွဲထားတာကြောင့် ဒေသခံအများစုဟာ ထွက်ပြေးတိမ်းရှောင်နေရတာ တစ်နှစ်ကျော်ကြာပြီလို့ သူကပြောပါတယ်။ အခုလ ၂၂ ရက်မှာတော့ KIA ၊ PDF နဲ့ စစ်ကောင်စီတပ်တွေ နန့်သာရွာမှာ တိုက်ပွဲဖြစ်ချိန် ရွာမှာကျန်ခဲ့တဲ့ ဒေသခံလေးဆယ်ဝန်းကျင်ကို စစ်ကောင်စီတပ်တွေက သူတို့တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းမှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားတာလို့ Indaw Revolution-IR အဖွဲ့ဝင်က ပြောပါတယ်။ နန့်သာရွာမှ ဘုန်းကြီးကျောင်းနှစ်ကျောင်းရှိပြီး […]
ရန်ကုန် – ၂၀၂၄ ဇွန် ၂၄ (မော်ကွန်း) စစ်ကောင်စီက သတ်မှတ်လိုက်တဲ့ ဆန်ဈေးနှုန်းဟာ အပြင်မှာဖြစ်နေတဲ့ ပေါက်ဈေးနဲ့ မကိုက်တာကြောင့် ဆန်ဆိုင်အများစုဟာ ဈေးနှုန်းတွေကို ဖြုတ်ချထားလိုက်ပြီး ဆန်ကိုမှောင်ခိုပုံစံ ရောင်းချနေရတယ်လို့ ဆန်လက်လီရောင်းချတဲ့ ဆန်ဆိုင်ပိုင်ရှင်တချို့က ပြောပါတယ်။ စစ်ကောင်စီဟာ ဆန်ဈေးနှုန်းမြင့်တက်နေတာကို ထိန်းချုပ်ဖို့ဆိုကာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်ကုန်သည်ကြီးတချို့ကို ဖမ်းဆီးတာ ဆန်သိုလှောင်ရုံတွေ၊ ဆန်စက်တွေကို ချိတ်ပိတ်တာတွေကို လုပ်ဆောင်နေပြီး သူတို့ရဲ့ သတ်မှတ်ဈေးနဲ့ပဲ ရောင်းချခိုင်းနေတာပါ။ ဒီနေ့မှာတော့ ရန်ကုန်မြို့ ဝါးတန်းလမ်းနဲ့ ဘုရင့်နောင်က ဆန်ကုန်စည်ဒိုင်တွေမှာ သူတို့သတ်မှတ်ထားတဲ့ ဆန်ဈေးနှုန်းတွေနဲ့ အိမ်ထောင်စုတစ်စုကို ဆန်တစ်အိတ်နှုန်းနဲ့ စတင်ရောင်းချပေးနေပေမယ့် ရပ်ကွက်တွေထဲက လက်လီဆိုင်တွေမှာတော့ အပြင်ဈေးနှုန်းအတိုင်းကို မှောင်ခိုပုံစံ ရောင်းချပေးနေရတယ်လို့ ရန်ကုန်မြို့က ဆန်လက်လီရောင်းချသူတချို့က ပြောပါတယ်။ စစ်ကောင်စီက ဧည့်မထဆန် တစ်အိတ်ကို ၇၀,၀၀၀ […]
ရန်ကုန်-၂၀၂၄ ဇွန် ၂၃ (မော်ကွန်း) ဒီနေ့မနက် ၇ နာရီ ၁၀ မိနစ် ဝန်းကျင်မှာ ရန်ကုန်-ဒလ ခရီးသည်ပို့တဲ့ ချယ်ရီသင်္ဘောကူတို့ဆိပ်အနီးမှာ ရေထဲ ပေါလောပေါ်ပြီး မျောပါနေတဲ့ လူသေအလောင်းတစ်လောင်း တွေ့ရပေမယ့် ဆယ်ယူစစ်ဆေးသူမရှိဘဲ ဆက်လက်မျောပါသွားတာကို တွေ့ရပါတယ်။ အလောင်းဟာ ကျရေနဲ့အတူမျောပါနေပြီး သံလျှက်စွန်းဘက်ကို ဦးတည်နေတာတွေ့ရပါတယ်။ ချယ်ရီသင်္ဘော၊ ရေကြောင်းပြသင်္ဘောနဲ့ ရေကြောင်းရဲသင်္ဘောတွေအနီး မြစ်ပြင်ထဲက မျောနေတာပါ။ စက်လှေကူးတို့ မောင်းသူတချို့က တွေ့ပေမယ့် မမြင်ချင်ယောင်ဆောင်ကြပါတယ်။ စက်လှေသမားတစ်ဦးကို စကားစမြည်မေးကြည့်တော့” ဒါကြီးကိုတော့ မဆယ်ပေးချင်ပါဘူးဗျာ၊ သွားဆယ်ရင်လည်း တိုင်ပတ်ဦးမှာ အခုက။ အထုခံချင်ခံရမှာ၊ မလုပ်ပါနဲ့” လို့ မှတ်ချက်ပြုတယ်။ အမျိုးသားဖြစ်ပုံရတဲ့အလောင်းဟာ ခြေလက်အားလုံး မိုးပေါ်မြှောက်ပြီး ပက်လက်အနေအထားနဲ့ မျောနေခဲ့တာကို တွေ့ရပါတယ်။ ယခင်အရပ်သားအစိုးရတွေခေတ်တုန်းကတော့ ဒီလိုမျောပါနေတဲ့အလောင်းတွေကို ပရဟိတအသင်းတွေ၊ အယူမသည်းတဲ့ […]
ရန်ကုန် – ၂၀၂၄ ဇွန် ၂၂ (မော်ကွန်း) ရခိုင်တောင်ပိုင်း သံတွဲမြို့နယ်မှာ မနေ့ကနေ့လယ်ပိုင်းက စစ်ကောင်စီနဲ့ AA တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းအပါအဝင် အဆောက်အအုံတချို့ ပျက်စီးသွားတယ်လို့ သံတွဲဒေသခံတချို့ကပြောပါတယ်။ သံတွဲမြို့နယ်က ရွှေလှေရွာကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး ကျေးရွာအတွင်းက လူနေအိမ်တွေအပြင် စာသင်ကျောင်း၊ ရဲစခန်းစတဲ့ အဆောက်အအုံတွေ ဗုံးထိမှန်ကာ ပျက်စီးခဲ့သလို အရပ်သားဒေသခံတချို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သံတွဲမြို့ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရွှေလှေရွာဟာ အာရက္ခတပ်တော် (AA) က ဝင်ရောက်ထိုးစစ်ဆင်ခဲ့တဲ့ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီးမှာရှိပြီး အဲဒီအနီးတဝိုက်ကျေးရွာတွေမှာ ဧပြီလပိုင်းကစပြီး တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ “သံတွဲမှာ ဒီရက်ပိုင်းနည်းနည်းပြန်ငြိမ်နေတာ၊ ဒီမနက်ပြန်စတယ်၊ ရွှေလှေရွာ၊ ဆင်ခေါင်းရွာတွေကို ဗုံးကြဲသွားတယ်၊ ဆရာမတစ်ယောက်လည်း ထိသွားတယ်လို့တော့ကြားရတယ်” လို့ အဲဒီ […]
ရန်ကုန် – ၂၀၂၄ ဇွန် ၂၁ (မော်ကွန်း) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာ မနေ့ကညပိုင်းက စစ်ကောင်စီက လေကြောင်းနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအရပ်သားတစ်ဦး ဗုံးစထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ မနေ့ကည ၁၀ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားဘက်ကနေ ဝိုင်းမော်ကို ဒရုန်းတွေပျံသန်းကာ ပစ်ခတ်ခဲ့ပြီး ဝိုင်းမော်မြို့နယ် နမ့်ဝါကျေးရွာအနီးက ရာဘာခြံထဲ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အဲဒီခြံမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ အဲဒီဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့ပြင် အဲဒီပစ်ခတ်မှုကြောင့် နမ့်ဝါကျေးရွာဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတချို့လည်းရှိတယ်လို့ အဲဒီ ဒေသခံက ပြောပါတယ်။ “မြစ်ကြီးနားဘက်ကနေ ဝိုင်းမော်ကို ဒရုန်းတွေပျံပြီး လာပစ်တာ ညက တစ်ညလုံးပဲပစ်ချတာ။ လူတွေလည်း ရွာထဲမနေရဲလို့ ဘုန်းကြီးကျောင်းတွေထဲ၊ တောတွေထဲ ပုန်းလိုက်ရတယ်” လို့ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."