ရန်ကုန် – ၂၀၂၄ ဇွန် ၂၁ (မော်ကွန်း) ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ စစ်ဘေးရှောင် တစ်သန်းကျော်ထိရှိလာပြီး အဲဒီထဲက ထက်ဝက်ကျော်ခန့်ကိုပဲ အကူအညီပေးနိုင်တယ်လို့ KNU ဌာနချုပ် က မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ကနေ ယခုနှစ်မေလအထိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် KNU ထိန်းချုပ်နယ်မြေထဲကို နေရပ်စွန့်ခွာ တိမ်းရှောင်လာတဲ့ အရပ်သားအရေအတွက်ဟာ ၁,ဝ၇၈,၅၀၅ ဦး ရှိပြီး အဲဒီထဲက ခြောက်သိန်းကျော်ကိုပဲ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးထားနိုင်တယ်လို့ ဆိုပါတယ်။ နှစ်ဖက်တိုက်ပွဲတွေကြား ထွက်ပြေးတိမ်းရှောင်ရသူတွေ၊ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ရွာလုံးကျွတ်ရွှေ့ပြောင်းခဲ့ရသူတွေဖြစ်တယ်လို့ အကူအညီပေးနေသူတချို့က ပြောပါတယ်။ ဒါ့ပြင် တချို့သော စစ်ဘေးရှောင်တွေဟာ ကူညီထောက်ပံ့မှုတွေရဲ့ လက်လှမ်းမမီတဲ့ […]
ရန်ကုန်-၂၀၂၄ ဇွန် ၂၁ (မော်ကွန်း) မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ ကမ္မကျေးရွာအနီးမှာ ဇွန် ၁၉ ရက်က စစ်ကောင်စီတပ်တွေ ပစ်ခတ်တာခံရလို့ ပျံလွန်တော်မူသွားတဲ့ နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော် အရှင်မုနိန္ဒာဘိဝံသရဲ့ ဖြစ်စဉ်နဲ့ပက်သက်ပြီး အာဏာသိမ်းစစ်ကောင်စီက ဖြစ်စဉ်မှန်ပေါ်ပေါက်ရေးဆောင်ရွက်နေတယ်လို့ နေ့လယ်ပိုင်းက ထပ်မံသတင်းထုတ်ပြန်ပါတယ်။ ဇွန် ၁၉ ရက်ညနေပိုင်းက စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ဝင်းနိမ္မိတာရုံဆရာတော်လိုက်ပါလာတဲ့ကားကို NUG၊ PDF အဖွဲ့တွေ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ပစ်ခတ်ခံရစဉ် ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ဘေးမှာရှိနေခဲ့တဲ့ ကန်သုံးဆင့်ဆရာတော်ကြီးက မနေ့က သံဃာတော်တွေနဲ့ ဧည့်ပရိတ်သတ်တွေကို ဖြစ်စဉ်နဲ့ပတ်သက်ပြီးပြောပြရာမှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခဲ့တာလို့ ဆိုပါတယ်။ အာဏာသိမ်းစစ်ကောင်စီကတော့ ကန်သုံးဆင့်ဆရာတော်ကြီးရဲ့ မိန့်ကြားချက်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ သတင်းပို့တင်ပြမှု အချက်အလက်တွေက ကွဲလွဲမှုတွေဖြစ်ပေါ်နေလို့ ဖြစ်စဉ်မှန်ပေါ်ပေါက်ရေးဆောင်ရွက်နေတယ်လို့ ဒီနေ့ထပ်မံထုတ်ပြန်ပါတယ်။ […]
ရန်ကုန် – ၂၀၂၄ ဇွန် ၂၀ (မော်ကွန်း) အာရက္ခတပ်တော် (AA) က မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်လို့ထုတ်ပြန်ထားတဲ့ မောင်တောမြို့အနီးမှာ မနေ့ကစပြီး နှစ်ရက်ဆက်တိုက် စစ်ကောင်စီတပ်နဲ့ AA တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မောင်တောဒေသခံတချို့က ပြောပါတယ်။ မောင်တောမြို့အဝင် ဘူးသီးတောင်-မောင်တော ကားလမ်းပေါ်က စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ၊ နခခ (၅) တပ်ရင်းအနီးမှာ တိုက်ပွဲပြင်းထန်နေသလို မောင်တောမြို့တောင်ဘက်က မြို့အဝင်လမ်းပေါ်မှာရှိတဲ့ ညောင်ချောင်း၊ ပန်းတောပြင် စတဲ့ကျေးရွာတွေအနီးမှာလည်း မနေ့ကညပိုင်းကနေ ဒီနေ့မနက်ပိုင်းထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ မောင်တောမြို့ခံတစ်ဦးကပြောပါတယ်။ “မြို့အဝင်လမ်းနှစ်ဖက်ကနေ တစ်ပြိုင်နက် နှစ်ဖက်ညှပ်ပြီး ဝင်တိုက်နေတာ။ နောက်ဆုံးကြားရတာတော့ မောင်တောနဲ့ နှစ်မိုင်သုံးမိုင်လောက်ပဲ လိုတော့တဲ့ နေရာတွေမှာ AA တပ်တွေခြေကုပ်ယူထားပြီ” လို့ အဲဒီ ဒေသခံက ပြောပါတယ်။ စစ်ကောင်စီတပ်ကလည်း နတ်မြစ်ထဲကနေ […]
ရန်ကုန် – ၂၀၂၄ ဇွန် ၂၀ (မော်ကွန်း) ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ စစ်ဘေးရှောင်တွေ နေရပ်ပြန်လာတာရှိပေမယ့် စားဝတ်နေရေး ခက်ခဲနေပြီး စိုက်ပျိုးရေးလုပ်ငန်းတွေကိုလည်း မစတင်နိုင်သေးဘူးလို့ ဒေသခံတချို့က ပြောပါတယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဆီဆိုင်၊ ပင်လောင်းနဲ့ ဟိုပုံးမြို့နယ်တွေမှာ ယခုနှစ်စပိုင်းက စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) အဖွဲ့တို့အကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး ဆီဆိုင်မြို့ပေါ်ထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ အဲဒီအတွက် ဆီဆိုင်မြို့ဒေသခံအများစုဟာ နီးစပ်ရာတောတောင်တွေအပါအဝင် ဘေးလွတ်ရာတွေကို ထွက်ပြေးခဲ့ကြရပြီး ပြီးခဲ့တဲ့လပိုင်းတွေမှာတော့ ဆီဆိုင်မြို့မှာ တိုက်ပွဲတွေပြန်လည်ငြိမ်သက်သွားတာကြောင့် စစ်ဘေးရှောင်တချို့ နေရပ်ပြန်လာခဲ့ကြပါတယ်။ ဆီဆိုင်မြို့ပေါ်မှာ လျှပ်စစ်မီးနဲ့ သောက်သုံးရေတွေလည်း ပြီးခဲ့လကုန်ပိုင်းမှာ ပြန်လည်ရရှိလာပေမယ့် ဒေသတွင်းအခြေအနေတွေက တည်ငြိမ်မှုမရှိသေးသလို စိုက်ပျိုးရာသီဖြစ်ပေမယ့် စိုက်ပျိုးရေးလုပ်ငန်းတွေလည်း စတင်နိုင်ခြင်းမရှိသေးဘူးလို့ ဆီဆိုင်မြို့ဒေသခံတချို့က ပြောပါတယ်။ ဆီဆိုင်မြို့အနီးတစ်ဝိုက်က တောင်တန်းတွေနဲ့ လယ်ယာစိုက်ခင်းအနီးတွေမှာ […]
ရန်ကုန်-၂၀၂၄ ဇွန် ၁၉ (မော်ကွန်း) နိုင်ငံတော် သံဃာ့နာယကအဖွဲ့ဝင်၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် အရှင်မုနိန္ဒာဘိဝံသ လိုက်ပါလာတဲ့ကား တံတားဦးလေဆိပ်အထွက်မှာ ပစ်ခတ်ခံရလို့ ဆရာတော် ပျံလွန်တော်မူသွားတယ်လို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် တာဝန်ရှိဆရာတော်တွေနဲ့ တပည့်တွေက ပြောပါတယ်။ ဒေသတွင်းသတင်းတွေနဲ့ မြေပြင်အခြေအနေသိရှိသူတွေရဲ့ပြောပြချက်တွေအရ ဆရာတော်လိုက်ပါလာတဲ့ကားဟာ တံတားဦးလေဆိပ်အထွက်က လေဆိပ်လုံခြုံရေးယူထားတဲ့နေရာမှာရပ်မပေးလို့ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်တာကြောင့် ဆရာတော်ကိုထိမှန်ပြီး ပျံလွန်တော်မူခဲ့တာလို့ ဆိုကြပါတယ်။ “ဉုးဇင်းတို့ကတော့ အစအဆုံးတော့မသိသေးဘူး။ ဉုးဇင်းတို့ ဆီကနေ မနက်ခင်းလေးနာရီ မိနစ်၂၀ လောက်ကို ကြွသွားတယ်။ ဉုးဇင်းတို့က သတင်းကို ၁ နာရီခွဲ ၂ နာရီလောက်မှ သိရတယ်။ ဖြစ်စဉ်အစအဆုံး ဉုးဇင်းမသိသေးဘူး။ ဖြစ်တာတော့ဖြစ်သွားပြီ။ ဉုးဇင်းတို့လည်း ဉုးဇင်းတို့ ဆရာတော်ဘုရားကို ပြန်ကြိုနေပြီ” လို့ ကျောင်းတိုက် တာဝန်ရှိသူ ဉုးဇင်းတစ်ပါးက […]
ရန်ကုန် – ၂၀၂၄ ဇွန် ၁၉ (မော်ကွန်း) မြဝတီကိုသွားတဲ့ကားလမ်းတွေ မိုးရာသီမှာ လမ်းတွေပျက်နေတာကြောင့် ခက်ခက်ခဲခဲသွားလာနေရပြီး ရန်ကုန်ကနေမြဝတီ လူတစ်ဦးကို ကားခ ကျပ်နှစ်သိန်းခွဲကနေ သုံးသိန်းထိ ဈေးမြင့်တက်နေတယ်လို့ ခရီးသည်တင်ယာဉ်လိုင်းတချို့ဆီက သိရပါတယ်။ ဘားအံကနေ မြဝတီကိုသွားလာရာမှာ ဒေါနတောင်ပေါ်လမ်းဟောင်းကို အဓိကအားထားနေရပြီး အဲဒီလမ်းဟာ ယခုလဆန်းပိုင်းကစပြီး မိုးရွာသွန်းမှုတွေကြောင့် လမ်းတွေပျက်စီးနေတာပါ။ အဲဒီလမ်းကို ကားကြီးတွေ ဖြတ်သန်းလို့မရတော့ဘဲ ကားလေးတွေနဲ့ တစ်ဆင့်ဆီသွားလာနေရပြီး ပြီးခဲ့တဲ့လကုန်ပိုင်းက လူတစ်ဦးကို ကားခက ကျပ်တစ်သိန်းခွဲခန့်ရှိပေမယ့် အခုလက်ရှိမှာ အနည်းဆုံး နှစ်သိန်းခွဲထိမြင့်တက်သွားတယ်လို့ ရန်ကုန်-မြဝတီ ခရီးသည်တင်လိုင်းပြေးဆွဲသူတစ်ဦးက ပြောပါတယ်။ “ကားက တစ်ဆင့်ထဲတော့မရဘူး၊ တောလမ်းတွေကနေ အဆင့်ဆင့်စီးရတယ်။ အနည်းဆုံးက နှစ်သိန်းခွဲကနေ သုံးသိန်းထိပေါက်တယ်” လို့ ၎င်းက ပြောပါတယ်။ မြဝတီကနေ ရန်ကုန်ကို ကုန်ပစ္စည်းတင်ပို့ရာမှာလည်း အဲဒီဒေါနတောင်ကိုကျော်ဖို့ […]
မန္တလေး-၂၀၂၄ ဇွန် ၁၉ (မော်ကွန်း) မန္တလေးမြို့ပေါ်မှာ ဒီနေ့မနက်ပိုင်းက အမျိုးသမီးရှစ်ဦးနဲ့ အမျိုးသားနှစ်ဦးကို ပန်းပန်လို့ဆိုပြီး စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဒီနေ့မနက် ပန်းပန်လို့ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေရဲ့ပုံတွေတင်ထားပြီး ထောင်ချအရေးယူဖို့လှုံ့ဆော်နေကြသလို လူမှုကွန်ရက်မှာ ပန်းပန်ပြီးပုံတင်သူတွေနဲ့ ပန်းသပိတ်ပါဝင်ကြဖို့ နှိုးဆော်သူတွေကို ဖမ်းဆီးဖို့လှုံ့ဆော်နေကြပါတယ်။ “ဒီနေ့မနက်ပိုင်းကတည်းက လမ်းတော်တော်များများမှာ အရပ်ဝတ်တွေကော၊ ယူနီဖောင်းတွေနဲ့ကော လုံခြုံရေး ယူထားတာ တော်တော်များများတွေ့တယ်။ သူတို့မသင်္ကာတဲ့သူ ခေါ်စစ်နေတာပဲ။ မြို့ထဲမှာလည်း လှည့်ကင်းတွေရှိတယ်။ ပန်းပန်တဲ့သူတွေဖမ်းဖို့ လုပ်နေတာ။ ချမ်းအေးသာစံဘက်မှာလည်း ဖမ်းခံရသူတွေရှိတယ်လို့ကြားတယ်”လို့ မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ ဒီနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပန်းသပိတ်မှာ နိုင်ငံရေးအသိ၊ သတိနဲ့ တတ်နိုင်တဲ့ဘက်က ပါဝင်ဆင်နွှဲကြဖို့ သပိတ်အင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေက […]
ရန်ကုန်-၂၀၂၄ ဇွန် ၁၉ (မော်ကွန်း) ဒီနေ့ ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့တွင်းက လမ်းမကြီးတွေမှာ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း(ရေဘဝဲ)က ‘SUU’ဆိုတဲ့ စာတန်းနဲ့ နှင်းဆီပုံပါ ဘန်နာကိုင်ဆောင်ပြီး တစ်ကိုယ်တော်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ “ကျွန်မတို့ ရေဘဝဲအနေနဲ့ စစ်ဘီလူး ဖက်ဆစ်မိစ္ဆာတွေ ကြောက်ဒူးတုန်စေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်တို’စု’ဆိုတဲ့ စာလုံးနဲ့ လူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲကြမယ့် ပန်းသပိတ်(ဝါ) သံမဏိနှင်းဆီရဲ့ သင်္ကေတ ‘နှင်းဆီပန်းပွင့်ပုံ’ကို နှစ်ခုပေါင်းစပ်ကိုင်ဆောင်ပြီး တစ်ကိုယ်တော်လှုပ်ရှားမှု ပြုလုပ်ရခြင်းဖြစ်ပါတယ်” လို့ ရေဘဝဲအဖွဲ့က ပြောထားပါတယ်။ အဲဒီအပြင်မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အချုပ်အနှောင်တွေကနေ အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ အသက်ရှည်ဖို့ ဆုတောင်းတယ်လို့လည်း ရေဘဝဲအဖွဲ့အစည်းက ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပန်းသပိတ်ဆင်နွှဲမယ်လို့ […]
ရန်ကုန် – ၂၀၂၄ ဇွန် ၁၇ (မော်ကွန်း) ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ ဒေသခံတွေထွက်ခွာကြဖို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီက မြို့ကိုပိတ်ဆို့ထားတာကြောင့် ဒေသခံတွေဟာ မြို့တွင်းမှာ ပိတ်မိနေတယ်လို့ မောင်တောဒေသခံတချို့က ပြောပါတယ်။ အာရက္ခတပ်တော် (AA) ဟာ မောင်တောမြို့က စစ်ကောင်စီစခန်းအားလုံးနီးပါးကို သိမ်းပိုက်ထားပြီး မြို့ပေါ်က စစ်ကောင်စီ လက်ကျန်စခန်းကို ရက်ပိုင်းအတွင်း ထိုးစစ်ဆင်တော့မှာဖြစ်တဲ့အတွက် ဒေသခံတွေ မြို့ကနေ ထွက်ခွာကြဖို့ ကြေညာချက်တစ်စောင်ကို မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ “တိုက်ပွဲတွေစဖြစ်တည်းက ထွက်သွားတဲ့သူတွေရှိတယ်။ အဲဒီတုန်းက မထွက်ဘဲ ကျန်ခဲ့တဲ့သူတွေက အခုပိတ်မိနေတာပေါ့။ စစ်တပ်ကလည်း လူတွေ့တာနဲ့ ဖမ်းဆီးစစ်ဆေးတာတွေ နေ့တိုင်းလုပ်နေတယ်။ ထွက်ခွင့်မပေးတဲ့ အခြေအနေမှာရှိတယ်” လို့ မောင်တောဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် မောင်တောမြို့အဝင်တံတားတွေ၊ […]
ပဲခူး – ၂၀၂၄ ဇွန် ၁၇ (မော်ကွန်း) ပဲခူးမြို့အထွက်စစ်ဆေးရေးဂိတ်တွေမှာ လက်ကိုင်ဖုန်းတွေစစ်ဆေးနေပြီး VPN တွေ့ရှိရင် ဖမ်းခေါ်သွားကာ ငွေညှစ်နေကြတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေကပြောပါတယ်။ ဘုရားကြီးလမ်းဆုံမရောက်ခင် ပဲခူးမြို့ရှောင်လမ်းနဲ့လမ်းဟောင်းဆုံတဲ့မီးပွိုင့်ထိပ်က စစ်ဆေးရေးဂိတ်ကလည်း မကြာခဏ မထင်မှတ်ဘဲစစ်ဆေးတတ်တယ်လို့ ဆီဘောက်ဆာယာဉ်မောင်းတစ်ဦးကပြောပါတယ်။ “ဟိုတနေ့က စစ်နေတယ်လို့ ဆီဆိုင်ကလူတွေပြောတာနဲ့ ကျွန်တော်တောင် ရှိသမျှ VPN တွေ ဖြုတ်ထားရတယ်” လို့ ၎င်းကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်လောက်က မိုးယွင်းကြီးသဘာဝအင်းအကျော်၊ မှိုင်းတုံကွေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆိုင်ကယ်တွေကိုတားပြီး ဖုန်းစစ်တယ်လို့ မိုင်းတုံရွာခံတစ်ဦးကပြောပါတယ်။ “စစ်လို့(VPN) တွေ့တာနဲ့ ရဲစခန်းကိုတန်းခေါ်သွားတာ။ တစ်ယောက်ကို အနည်းဆုံး လေးငါးသိန်းတောင်းတာ။ မပေးနိုင်ရင် ဖမ်းမယ်ဆိုတော့ ရှိတာပေးကြရတာပဲ။ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) တစ်နေ့တစ်နေ့ ဝင်ငွေ နည်းမှမနည်းပဲ” လို့ ၎င်းရွာခံကပြောပါတယ်။ ရန်ကုန်မြို့ရှိ အချို့မြို့နယ်များတွင်လည်း ဧည့်စာရင်းစစ်မယ်ဆိုပြီး ဖုန်းတွေကို […]
မင်းတပ်-၂၀၂၄ ဇွန် ၁၇ (မော်ကွန်း) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နဲ့ ပလက်ဝမြို့နယ်တွေထဲက ကျေးရွာတွေမှာ လူသေဆုံးတဲ့အထိ ဝမ်းရောဂါတွေဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမာန်က မော်ကွန်းကိုပြောပါတယ်။ ဝမ်းရောဂါဖြစ်ပွားနေတဲ့ ကျေးရွာတွေဟာ မင်းတပ်မြို့နယ်ထဲမှာ ကိုးရွာရှိပြီး ပလက်ဝမြို့နယ်ထဲမှာတော့ ဆက်သွယ်ရေးအခက်အခဲကြောင့် အတိအကျမသိနိုင်ဘူးလို့ သူကဆိုပါတယ်။ မြေပြင်ဆင်းကုသနေတဲ့ ဆရာဝန်တွေကိုမေးကြည့်ရာမှာ လွန်ခဲ့တဲ့လေးရက်က မင်းတပ်ရဲ့တိုက်နယ် ၁၃ အောက်ချိုင်ရွာဘက်မှာ ဝမ်းရောဂါနဲ့လူနှစ်ဦးသေဆုံးပြီး ပလက်ဝမြို့နယ်ထဲမှာလည်း လူသေဆုံးမှုတွေရှိတယ်လို့ ၎င်းကပြောပါတယ်။ “ ဆေးဝါးတွေ လုံလောက်ဖို့လိုသေးတယ်။ ဆေးဝါးတွေဆိုတာ အများကြီးမဟုတ်ပါဘူး။ ဝမ်းရောဂါနဲ့ ပက်သက်တဲ့ ဆေးဝါးတွေ၊ ဓာတ်ဆားတွေ အလုံအလောက်ရောက်ဖို့ပေါ့” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ဝမ်းရောဂါဖြစ်ပွားတဲ့နေရာတွေကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ကုသရေးနဲ့ ကျန်းမာရေးဌာနက ဆရာဝန်တွေနဲ့ […]
ရန်ကုန် – ၂၀၂၄ ဇွန် ၁၄ (မော်ကွန်း) ရွှေဆိုင်တွေဖွင့်လှစ်ထားပေမယ့် လိုအပ်သလောက် ဝယ်ယူလို့မရတာကြောင့် ရွှေဈေးကွက် ဆက်လက်ရပ်တန့်နေတယ် ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA) က ရွှေဆိုင်တွေကို ပုံမှန်ဖွင့်လှစ်ဖို့နဲ့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၄၆ သိန်း နှစ်သောင်းကျော်မှာပဲ အရောင်းအဝယ်လုပ်ဖို့ သတ်မှတ်ထားပေမယ့် ပြင်ပပေါက်ဈေးကတော့ အခေါက်ရွှေ တစ်ကျပ်သားကို ၅၄ သိန်းကျော်မှာ ရှိနေတာပါ။ ရွှေဆိုင်တွေဟာ YGEA ထုတ်ပြန်ချက်ကြောင့် ဆိုင်တွေကို ပုံမှန်အတိုင်းဖွင့်လှစ်ထားပေမယ့် အဲဒီသတ်မှတ်ဈေးနဲ့ လိုသလောက် ဝယ်ယူလို့မရဘဲ ရွှေဆိုင်တချို့ကတော့ တစ်ဦးကို တစ်ပဲနှုန်းနဲ့ တန်းစီစနစ်နဲ့ ရောင်းပေးနေတာရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာသူတချို့က ပြောပါတယ်။ ဒါ့ပြင် အခေါက်ရွှေအတုံးနဲ့ ဖြတ်စတွေကိုလည်း ရောင်းချပေးခြင်းမရှိဘဲ ရွှေထည်နဲ့ လက်ဝတ်ရတနာတွေကိုပဲ ရောင်းချပေးနေပြီး ရွှေဈေးကွက်ဟာ ဈေးနှစ်မျိုးဖြစ်နေတာကြောင့် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."