သတင်းများ

ကရင်မှာ မိုးစပါးတွေ ရေနစ်မြုပ်ကုန်ပြီ

July 27, 2024

ကော်သူးလေ – ၂၀၂၄ ဇူလိုင် ၂၇ (မော်ကွန်း) သီတင်းတစ်ပတ်ကျော်ကြာ မရပ်မနားရွာသွန်းခဲ့တဲ့မိုးကြောင့် မြန်မာပြည်တောင်ပိုင်းတခွင်မှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်လာပြီး ကော်သူးလေနယ်မြေထဲမှာ စိုက်ပျိုးထားတဲ့ မိုးစပါးတွေ ရေနစ်မြုပ်ကုန်တာကို တွေ့ရပါတယ်။ ကေအဲန်ယူ၊ တပ်မဟာ ၆၊ ဝင်းရေးမြို့နယ်က လယ်သမားတွေကတော့ အခုနှစ်စိုက်ပျိုးထားတဲ့ သူတို့ရဲ့ မိုးစပါးတွေ ရေထဲမြုပ်ကုန်တာကြောင့် ပြန်လည်စိုက်ပျိုးရမယ့် အနေအထားရှိတယ်လို့ မော်ကွန်းကို ပြောပါတယ်။ “စပါးတွေစိုက်လည်းပြီး ရေလည်းကြီးပေါ့၊ အရင်နှစ်က ရေကြောင့် စပါးပျက်စီးတာ ရှိပေမယ့် ဒီလောက်မဟုတ်ဘူးပေါ့နော်၊ ဒီလိုမျိုးဖြစ်တော့ နောက်တစ်ခေါက်ထပ်စိုက်ရမှာပေါ့၊ အရင်နှစ်တွေက ထပ်စိုက်ရပေမယ့် အဲဒီလောက်မဟုတ်ဘူး နည်းနည်းပါးပါးဘဲစိုက်ရမယ်၊ ဒီနှစ်တော့ တစ်လယ်လုံးစိုက်ရမှာလားမသိတော့ဘူး။ ရေကျမှပဲ သိရမှာပေါ့”လို့ ဝင်းရေးမြို့နယ်ကလယ်သမား စောထိုလွိက မော်ကွန်းကိုပြောပါတယ်။ အခု မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီးတဲ့နောက် လယ်တွေအထဲ ရေအပြည့်ဖုံးလွှမ်းသွားတာကြောင့် သူတို့မကြာသေးခင်ကမှ ပျိုးထားတဲ့ […]

အပြည့်အစုံဖတ်ရန်

မြန်မာနိုင်ငံတောင်ပိုင်းမှာ မိုးဆက်လက်ရွာသွန်းနေပြီး မြစ်ရေတွေ စိုးရိမ်ရေအမှတ်ကို ရောက်လာ

July 26, 2024

ကော်သူးလေ – ၂၀၂၄ ဇူလိုင် ၂၆ (မော်ကွန်း) လတ်တလော မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြန်မာပြည်တောင်ပိုင်း၊ ပဲခူး၊ မွန်နဲ့ ကရင် တကြောက မြစ်ချောင်းတွေရေတက်လာပြီး ရေကြီး၊ ရေလျှံတာတွေ ဖြစ်နေပါတယ်။ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေမှာ ပဲခူးတိုင်းအရှေ့ခြမ်းမှာရှိတဲ့ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ ကော်သူးလေဒေသထဲက သံလွင်မြစ်၊ သောင်ရင်းမြစ်၊ မွန်ပြည်နယ်၊ ဘီးလင်းမြစ်တွေမှာ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်နေပါတယ်။ မိုးဇလခန့်မှန်းချက်အရ ဒီမြစ်ရေတွေဟာ နောက်ထပ် ၂၄ နာရီအတွင်း ထပ်မံမြင့်တက်လာနိုင်တာကို တွေ့ရပါတယ်။ ကော်သူးလေ၊ ကေအဲန်ယူအုပ်ချုပ်နယ်မြေထဲက ကျုံဒိုး၊ လှိုင်းဘွဲ၊ ဘားအံ၊ ကမမောင်း၊ ကော့ကရိတ်၊ ကျိုက်ဒုံ၊ ဝင်းရေး၊ မြဝတီမြို့တွေနဲ့ ကျေးရွာတွေမှာ ရေကြီး၊ ရေလျှံတာတွေ၊ တောင်ကျရေကြောင့် ရေလွှမ်းတာတွေရှိနေပါတယ်။ ကေအဲန်ယူ တပ်မဟာ ၆၊ […]

အပြည့်အစုံဖတ်ရန်

တိုက်ကြီး၊ အဖျောက်မြို့မှာ ဧရာဝတီမြစ်ရေတက်လာလို့ အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်ဆောင်နေရ

July 26, 2024

ရန်ကုန်-၂၀၂၄ ဇူလိုင် ၂၆ (မော်ကွန်း) ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့အနီးမှာ ဧရာဝတီမြစ်ရေမြင့်တက်လာလို့ ကျေးရွာ ၁၂ ရွာ ရေနစ်မြုပ်နေပြီး ဒီနေ့မနက်အထိ မြစ်ရေဆက်တက်နေတာကြောင့် အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ လုပ်နေရတယ်လို့ ကယ်ဆယ်ရေးသမားတွေက မော်ကွန်းကို ပြောပါတယ်။ အဖျောက်မြို့နယ်ထဲမှာ လွန်ခဲ့တဲ့ငါးရက်ဝန်းကျင်ကတည်းက ဧရာဝတီမြစ်ရေဟာ နေ့စဉ်တိုးလာနေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ တချို့ကျေးရွာတွေမှာ နေအိမ်တံစက်မြိတ်အထိကို ရေနစ်မြုပ်နေပြီလို့ လူမှုကူညီရေးအဖွဲ့(ရန်ကုန်)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ရေကတော့ ဒီမနက်အထိ တိုးတုန်းပါဗျ။ အဲဒီရွာတွေမှာ လွတ်တဲ့နှစ်ရွာရှိတယ်။ အဲဒီရွာတွေမှာ ရေဘေးရှောင်တွေကို ထားထားပါတယ်။ ရေက ဒီနေ့ထိဆို သုံးပေလောက်ထပ်တက်လာတဲ့အတွက် အခုရေဘေးရှောင်တွေထားတဲ့နေရာတွေမှာလည်း မြုပ်နိုင်ပါတယ်” လို့ သူကပြောပါတယ်။ တိုက်ကြီးမြို့နယ်ထဲမှာ ရေဘေးကယ်ဆယ်ရေးစခန်းခြောက်ခုဖွင့်ထားလို့ ရေနစ်မြုပ်နေတဲ့ ကျေးရွာတွေက ရေဘေးရှောင်တစ်ထောင်ဝန်းကျင်ကို တိုက်ကြီးမြို့နယ်ကို ပို့ဖို့လုပ်ဆောင်နေတယ်လို့ သူကဆိုပါတယ်။ လက်ရှိအချိန်မှာအထိ မြစ်ရေဆက်တက်နေလို့ […]

အပြည့်အစုံဖတ်ရန်

ရွှေဈေးနှုန်းစံချိန်တင်မြင့်တက်လာ

July 26, 2024

ရန်ကုန်- ၂၀၂၄ ဇူလိုင် ၂၆ (မော်ကွန်း) အခေါက်ရွှေတစ်ကျပ်သားကို ၆၂သိန်း ၄သောင်းနဲ့ ပြင်ပဈေးကွက်မှာ ဒီနေ့ဈေးဖွင့်ကြပါတယ်။ ဒါက သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်ဈေးနှုန်းပါ။ စစ်ကောင်စီထိန်းချုပ် ရွှေလုပ်ငန်းရှင်အသင်းကတော့ အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သားကို ကျပ် ၄၆ သိန်းဝန်းကျင်လို့ ဒီနေ့အတွက် ဈေးသတ်မှတ်ပါတယ်။ ဒီထက်ပိုရောင်းတဲ့ ရွှေဆိုင်တွေကို အရေးယူမယ်လို့လည်း ဆိုပါတယ်။ ဒီတော့ ရွှေဆိုင်တွေဟာ အလျော့တွက်၊ လက်ခကို အဆမတန်မြှင့်တင်ပြီး သူတို့အတွက် တွက်ချေကိုက်အောင် ရောင်းဝယ်နေကြတယ်လို့ ရွှေဝယ်ယူစုဆောင်းသူတချို့က ပြောပါတယ်။ အသင်းသတ်မှတ်ဈေးနဲ့ ပြင်ပဈေးကွက်ပေါက်ဈေးက ကျပ် ၁၆ သိန်းလောက် ဟနေတာပါ။ ဈေးကွက်မှာ အသင်းသတ်မှတ်ဈေးနဲ့ ဘယ်သူမှအရောင်းအဝယ်မလုပ်ကြပါဘူး။ ရွှေဈေးကစားတယ်ဆိုပြီး ပြီးခဲ့တဲ့လပိုင်းတွေမှာ နာမည်ကြီး ရွှေလုပ်ငန်းရှင်တွေကို ဝရမ်းထုတ်ဖမ်းတာတွေလည်း စစ်ကောင်စီက လုပ်ခဲ့ပါသေးတယ်။ စစ်တပ်အာဏာမသိမ်းခင်တုန်းက ရွှေတစ်ကျပ်သားကို ကျပ် […]

အပြည့်အစုံဖတ်ရန်

လားရှိုးမြို့မှာ MNDAA က အုပ်ချုပ်ရေးယန္တရားစတင်မည်

July 26, 2024

ရန်ကုန် – ၂၀၂၄ ဇူလိုင် ၂၆ (မော်ကွန်း) လားရှိုးမြို့မှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်တော့မှာဖြစ်တဲ့အတွက် မူလက တာဝန်ထမ်းဆောင်ခဲ့တဲ့ အစိုးရဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ၊ ဆရာဝန်၊ သူနာပြုတွေအနေနဲ့ မိမိရဲ့ လုပ်ငန်းတာဝန်တွေကို ပြန်လည်လာရောက်ထမ်းဆောင်ကြဖို့ MNDAA ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ လားရှိုးမြို့က စစ်ကောင်စီတပ်တွေကို မြို့တွင်းကနေ မြို့ပြင်ကိုမောင်းထုတ်နိုင်ခဲ့ပြီး လက်ရှိမှာတော့ မြို့တွင်းမှာ ခိုအောင်းနေသေးတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံချေမှုန်းနေတယ်လို့ မြန်မာ ၊ တရုတ် နှစ်ဘာသာနဲ့ ထုတ်ပြန်ထားတဲ့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လားရှိုးမြို့ အုပ်ချုပ်ရေးယန္တရားကို MNDAA အထူးဒေသ (၁) ရဲ့ အုပ်ချုပ်ရေးကော်မတီက ဆက်ခံလိုက်ပြီး တိုက်ပွဲတွေအပြီးမှာတော့ အုပ်ချုပ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်သွားမှာလို့ ဆိုပါတယ်။ ဒါ့ပြင် အရပ်သားတွေအနေနဲ့လည်း MNDAA တပ်ဖွဲ့ဝင်တွေ […]

အပြည့်အစုံဖတ်ရန်

ကွမ်းခြံကုန်းမှာ လေဆင်နှာမောင်းတိုက်ခတ်တာကြောင့် လူဦးရေသုံးရာကျော် လေဘေးသင့်

July 26, 2024

ရန်ကုန်-၂၀၂၄ ဇူလိုင် ၂၆ (မော်ကွန်း) ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်ထဲမှာ ဒီနေ့မနက်၅ နာရီဝန်းကျင်က လေဆင်နှာမောင်းတိုက်ခတ်လို့ အိမ်ခြေ ခုနစ်ဆယ်ကျော်ပျက်စီးကာ လူဦးရေသုံးရာကျော် လေဘေးဒုက္ခရောက်နေတယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတွေက မော်ကွန်းကိုပြောပါတယ်။ ကွမ်းခြံကုန်းမြို့နယ်ထဲက ကညင်ကုန်းနဲ့ ညောင်နီကုန်းရွာနှစ်ရွာကို ရုတ်တရက် လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် လူနေအိမ်အလုံး ၇၀ ပျက်စီးသွားတယ်လို့ လူမှုကူညီရေးအဖွဲ့(ရန်ကုန်)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “အိမ်ခြေလုံးဝပျက်စီးသွားတာက ၃၆ လုံး၊ ရွာကနှစ်ရွာ၊ အမိုးအကာလွင့်တဲ့ဟာက ၃၄ လုံးဆိုတော့ ပေါင်း ၇၀ လောက်ပေါ့။ လူထိခိုက်မှု ကြီးကြီးမားမားတော့ မရှိပါဘူးဗျ။ နည်းနည်းရှတာတို့ ပွန်းရှဒဏ်ရာတွေလောက်ပဲရှိပါတယ်ဗျ။ အခုလောလောဆယ်ကတော့ အိမ်တွေကပျက်စီးသွားတာဆိုတော့ (မိုးရွာလို့) အဝတ်တွေရေစိုတော့ အဝတ်အစားတွေလိုပါတယ်ခင်ဗျ” လို့ သူကပြောပါတယ်။ လက်ရှိအချိန်မှာတော့ လေဆင်နှာမောင်းတိုက်လို့ ပျက်စီးသွားတဲ့လူနေအိမ်တွေနဲ့ ကျိုးကျနေတဲ့ သစ်ပင်ကြီးတွေကို ရှင်းလင်းရေးတွေလုပ်ဆောင်နေတယ်လို့ […]

အပြည့်အစုံဖတ်ရန်

မိုးများလာတာကြောင့် မွန်က ဆားကန်နဲ့ ဆားဂိုဒေါင်တွေ ရေမြုပ်

July 26, 2024

သံဖြူဇရပ် – ၂၀၂၄ ဇူလိုင် ၂၆ (မော်ကွန်း) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ မိုးရွာသွန်းမှုလာတာကြောင့် ဆားကန်နဲ့ သိုလှောင်ဂိုဒေါင်တွေ ရေမြုပ်နေတယ်လို့ ပငကျေးရွာနေလူငယ်တစ်ဦးကပြောတယ်။ မိုးရွာသွန်းတဲ့အရှိန်ကြောင့် ရေကြီးပြီး ပငရွာအနိမ့်ပိုင်းနေရာတွေမှာ နေအိမ်အထိ ရေစတင် ဝင်ရောက်တဲ့အပြင် ပငရွာနဲ့ ဂရုပ္ပိအကြားလမ်းမပေါ်မှာလည်း ရေကျော်နေတုန်းပဲလို့ သူကပြောပါတယ်။ “ဆားကန်တွေလည်း ရေမြုပ်ကုန်ပြီ၊ မိုးဆက်တိုက် ထပ်ရွာရင်၊ ဆားလုပ်ငန်းရှင်များ အရမ်းစိုးရိမ်ရမှာ။ စိုက်ပျိုးရေးတွေ လယ်တွေရေမြုပ်နေပါတယ်၊ လမ်းမပေါ် ရေကျော်တက်နေလို့ ဆိုင်ကယ်၊ ကား၊ သွားလာလို့မရဘူး၊ တစ်ရွာနဲ့တစ်ရွာ သွားလာဖို့ အခက်အခဲရှိတယ်။ အရင်နှစ်တွေကလည်း မြုပ်တယ်၊ ဒါပေမယ့် ရေအတက်အကျမြန်တယ်၊ ဒီနှစ်တော့ ရေဆင်းဖို့နှေးတယ်”လို့ ပငကျေးရွာသားကပြောပါတယ်။ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ဆားအများဆုံးထုတ်လုပ်နေတဲ့ ပငကျေးရွာအုပ်စုနဲ့ ဂရုပ္ပိကျေးရွာအုပ်စုမှာ ဂိုဒေါင်ပေါင်း ၄၇ လုံး ရှိပါတယ်။ […]

အပြည့်အစုံဖတ်ရန်

လားရှိုးမြို့ကိုသိမ်းပိုက်လိုက်ပြီလို့ MNDAA ထုတ်ပြန်

July 25, 2024

ရန်ကုန် – ၂၀၂၄ ဇူလိုင် ၂၅ (မော်ကွန်း) အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို ဒီနေ့မနက်အစောပိုင်းမှာ လုံးဝသိမ်းပိုက်လိုက်နိုင်ပြီလို့ လားရှိုးကို တိုက်ခိုက်နေတဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) ရဲ့ သတင်းထုတ်ပြန်ရေး စာမျက်နှာက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အဓိကမြို့ကြီးဖြစ်တဲ့ လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဒီနေ့မနက် ၄း၀၀ နာရီခန့်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။ “လားရှိုးမြို့ကို လုံး၀လွတ်မြောက်ကြောင်း MNDAAတပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်” လို့ MNDAA သတင်းထုတ်ပြန်ရေးက ဒီနေ့မနက်မှာ ထုတ်ပြန်ခဲ့တာပါ။ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဘယ်လိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတာနဲ့ ထိခိုက်ကျဆုံးမှုအခြေအနေအသေးစိတ်ကိုတော့ MNDAA က ထုတ်ပြန်ထားတာမရှိသေးပါဘူး။ လူမှုကွန်ရက်ပေါ်မှာ စစ်ရေးသုံးသပ်ချက်တွေရေးသားနေတဲ့ CDM ဗိုလ်ကြီးဇင်ယော်ကတော့ […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်မြို့ရှိ စစ်တပ်စခန်းအားလုံးကို TNLA သိမ်းပိုက်

July 25, 2024

မိုးကုတ် – ၂၀၂၄ ဇူလိုင် ၂၄ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ အာဏာသိမ်းစစ်တပ်စခန်းအားလုံးကို တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ မိုးကုတ်ဗျူဟာပူးပေါင်းတပ်တို့ ဒီီနေ့ ညနေ ၅:၀၀ နာရီအချိန်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA ကသတင်းထုတ်ပြန်ပါတယ်။ မိုးကုတ်မြို့အ​ရှေ့ပိုင်းမှာ ဇူလိုင်၈ရက်ကစတင်ပြီး မြို့ပြင်စစ်တပ်စခန်းတွေကို တိုက်ခိုက်ခဲ့တဲ့နောက် ဒီနေ့မှာတော့ မြို့တွင်းစစ်တပ်စခန်းအားလုံးကို TNLA ကသိမ်းပိုက်နိုင်ခဲ့တာပါ။ ” ဗျူဟာကုန်းကလက်နက်မချတာ၊ ဒါပေမယ့် ခက်ခက်ခဲခဲတော့မတိုက်လိုက်ရပါဘူး၊ စခန်းအားလုံးရသွားပြီ၊ ပြည်သူတွေကကြိုဆိုနေကြတော့ အပျော်လွန်နေတာ”လို့ ရှေ့တန်းမှာပါဝင်ခဲ့တဲ့ရဲဘော်တစ်ဦးကပြောပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်းကို TNLA က ဒီနေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြို့တွင်းကို TNLA တပ်တွေ ကားနဲ့လှည့်လည်ရာမှာ ပြည်သူတွေက သပြေပန်းနဲ့ ကြိုဆိုခဲ့ကြပါတယ်။ ​မိုးကုတ်မြို့အရှေ့ပိုင်း ကန်တော်ရပ်ကွက်၊ ကန်ဘောင်အနီး၊ မင်းတံတားရပ်ကွက်၊ရွှေလိပ်ပြာရွာတို့မှာ TNLA က ကားနဲ့လှည့်လည်နေခဲ့တာကို မြင်တွေ့ပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်းက […]

အပြည့်အစုံဖတ်ရန်

ကေအဲန်ယူ ထိပ်သီးခေါင်းဆောင်ဖြစ်ခဲ့သူ နော်စီဖိုးရာစိန်ကွယ်လွန်

July 24, 2024

ကော်သူးလေ – ၂၀၂၄ ဇူလိုင် ၂၄ (မော်ကွန်း) ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ ထိပ်သီးခေါင်းဆောင်ဖြစ်ခဲ့ဖူးတဲ့ နော်စီဖိုးရာစိန် ကွယ်လွန်သွားပြီဖြစ်တယ်လို့ ကေအဲန်ယူပြောခွင့်ရ ပဒိုစောတောနီးက မော်ကွန်းကိုအတည်ပြုပါတယ်။ မော်ကွန်းက လတ်တလော သိရတဲ့သတင်းတွေအရတော့ နော်စီဖိုးရာစိန်ဟာ ထိုင်းနိုင်ငံနေအိမ်မှာ ကင်ဆာရောဂါနဲ့ကွယ်လွန်သွားတာဖြစ်ပါတယ်။ နော်စီဖိုးရာစိန်ဟာ ကေအဲန်ယူ ဥက္ကဌလည်းဖြစ်၊ စစ်ဦးစီးချုပ်လည်းဖြစ်ခဲ့ဖူးသူ ဗိုလ်ချုပ်ကြီးစောတာမလာပေါရဲ့ သမီးလည်းဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးစောတာမလာပေါကတော့ ၂၀၁၄ က ထိုင်းနိုင်ငံ၊ မဲ့ဆရီယန်းမြို့‌‌နေအိမ်မှာ အသက် ၉၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သမီးဖြစ်သူ နော်စီဖိုးရာစိန်ကတော့ ၁၉၅၅ မှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ်ဝန်းကျင်ရှိပါတယ်။ နော်စီဖိုးရာစိန်ဟာ ကေအဲန်ယူ ဒုတိယဥက္ကဌဖြစ်ခဲ့သလို အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်ခဲ့ပါတယ်။ သူ ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်စဉ်အချိန် ၂၀၁၂ မှာ ဦးသိန်းစိန်အစိုးရနဲ့ ပြည်ထောင်စုအဆင့်အပစ်ရပ်လက်မှတ်လည်း […]

အပြည့်အစုံဖတ်ရန်

လားရှိုးမြို့ပေါ်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာ

July 24, 2024

ရန်ကုန် – ၂၀၂၄ ဇူလိုင် ၂၄ (မော်ကွန်း) လားရှိုးမြို့ပေါ်မှာတိုက်ပွဲတွေ ဒီနေ့မနက်ပိုင်းကစပြီး ပြန်လည်ပြင်းထန်လာပြီး မြို့ပေါ်ကရပ်ကွက်တချို့မှာ လူနေထိုင်လို့မရတော့တဲ့ အခြေအနေတွေဖြစ်လာတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ လားရှိုးမြို့ တောင်ဘက်ပိုင်းက ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် ၁ နဲ့ ရပ်ကွက် ၄ တို့အပါအဝင် လားရှိုးလေယာဉ်ကွင်းအနီးနဲ့ လားရှိုးအကျဉ်းထောင်အနီးတို့မှာ ဒီနေ့မနက်ပိုင်း တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး နှစ်ဖက်ပစ်ခတ်မှုတွေ ပြင်းထန်နေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။ ဒါ့ပြင် လားရှိုးမြို့မြောက်ဘက်က မြို့အဝင် ခမရ ၆၈ တပ်ရင်းအနီးမှာလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။ “မနေ့က တစ်ညလုံးငြိမ်နေပေမယ့် မနက်လင်းတာနဲ့ ပစ်ခတ်သံတွေ လက်နက်ကြီးသံတွေ ဆူညံနေတယ်။ လုံးဝ မရပ်မနားကို ချနေတာ” လို့ အဲဒီဒေသခံက ပြောပါတယ်။ အဲဒီတိုက်ပွဲတွေကြောင့် လားရှိုးမြို့ပေါ်က ရပ်ကွက် ၁၊ […]

အပြည့်အစုံဖတ်ရန်

လားရှိုးမှာ ဒုဗိုလ်မှူးကြီးတစ်ဦးပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးရာကျော် လက်နက်ချ

July 23, 2024

ရန်ကုန် – ၂၀၂၄ ဇူလိုင် ၂၃ (မော်ကွန်း) MNDAA က ထိုးစစ်ဆင်နေတဲ့ လားရှိုးမြို့မှာ စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီးတစ်ဦး ဦးဆောင်ကာ စစ်ကောင်စီတပ်သား ၃၀၀ ကျော် လက်နက်ချအလင်းဝင်ခဲ့တယ်လို့ MNDAA ရဲ့ သတင်းထုတ်ပြန်ရေးစာမျက်နှာ The Kokang က ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။ အဲဒီအလင်းဝင်လာသူတွေဟာ ဘယ်တပ်မကလည်းဆိုတာ ဖော်ပြထားခြင်းမရှိပေမယ့် အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒုဗိုလ်မှူးကြီးတစ်ဦး ဦးဆောင်ပြီး ဗိုလ်မှူး နှစ်ဦး၊ ဗိုလ်ကြီး ငါးဦးနဲ့ တပ်သားပေါင်း ၃၁၇ ဦးလက်နက်ချအလင်းဝင်ခဲ့တာလို့ MNDAA ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီ လက်နက်ချလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ယခုလ ၂၁ ရက် မနက်ပိုင်းမှာ MNDAA ထံ လက်နက်ချအလင်းဝင်ခဲ့တာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ကို […]

အပြည့်အစုံဖတ်ရန်
1 … 49 50 51 52 53 54 55 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."