ရန်ကုန် – ၂၀၂၄ ဇူလိုင် ၂၃ (မော်ကွန်း) အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့အဝင် တပ်ရင်းတွေမှာ မနေ့ကနဲ့ ဒီနေ့မနက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ခဲ့ပြီး လားရှိုးမြို့အတွင်းပိုင်းထိ ကိုးကန့်တပ်ဖွဲ့ (MNDAA) တွေ ထိုးဖောက်ဝင်လာရောက်လာပြီလို့ တိုက်ပွဲအခြေအနေကိုသိတဲ့ ဒေသခံတချို့က ပြောပါတယ်။ မနေ့က မနက်ပိုင်းကစပြီး လားရှိုးမြို့ ရေကန်တောင်အနီးက စစ်ကောင်စီတပ်ရှိရာ ခမရ ၅၂၂ အနီးထိ တိုက်ပွဲတွေ ပြင်းထန်နေသလို လားရှိုးမြို့ရဲ့ မြောက်ဘက် မိုင်းယော်ဘက်အထွက်လမ်းမှာရှိတဲ့ ခလရ ၆၈ အနီး၊ လားရှိုးမြို့အဝင် ဆိုင်းဘုတ်အနီးမှာလည်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ လားရှိုးစစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေဟာ လားရှိုးမြို့ရဲ့အတွင်းပိုင်းက တပ်ရင်းတွေဖြစ်ပြီး MNDAA တပ်တွေဟာ မြို့အတွင်းထိ ထိုးဖောက်လာနိုင်ပြီလို့ သုံးသပ်လို့ရတယ်လို့ ၎င်းဒေသခံက […]
မုံရွာ-၂၀၂၄ ဇူလိုင် ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ခရီးသည်တင်ယာဉ်တွေကိုတားပြီး ယာဉ်ပေါ်ပါလာတဲ့ အမျိုးသားလူငယ်တွေကို လမ်းဘေးဝဲယာက ခြုံတွေထဲကို တုတ်တွေနဲ့ထိုးခိုင်းပြီး မိုင်းတွေရှာခိုင်းနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက မော်ကွန်းကိုပြောပါတယ်။ “ချောင်းဦးနားတဝိုက်က အဆိုးဆုံးပဲ။ အဲဒီနားက ခဏတိုင်းတိုက်ပွဲဖြစ်တော့ ကားတွေတားတယ်။ တားပြီးရင် ကားပေါ်က ကျွန်တော်တို့လိုလူငယ်တွေကိုအောက်ဆင်းခိုင်းပြီး သစ်ကိုင်းခြောက်တွေ၊ တုတ်ချောင်းတွေကောက်ခိုင်းပြီး ခြုံတွေထဲထိုးခိုင်းတာ။ သူတို့က ခပ်လှမ်းလှမ်းကနေခိုင်းတာ။ ငါးမိနစ်လောက် ခြုံတွေထဲထိုးပြီးမှ ကားလည်းပြန်ထွက်ရတာ” လို့ ကိုယ်တိုင်ကြုံခဲ့တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။ မုံရွာ-မန္တလေးကားလမ်းပေါ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိပြီး အဲဒီလမ်းပိုင်းမှာ ဖြတ်သန်းသွားလာတဲ့ စစ်ကောင်စီယာဉ်တန်းတွေလည်း မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိပါတယ်။ လမ်းပိုင်းမှာ တိုက်ပွဲဖြစ်တဲ့နေ့တွေနဲ့ စစ်ကောင်စီယာဉ်တန်းတွေတိုက်ခိုက်ခံရတဲ့နေ့တွေမှာ အဲဒီလမ်းပိုင်းအသုံးပြုတဲ့ ခရီးသည်တင်ယာဉ်တွေကို စစ်ကောင်စီတပ်တွေက အစစ်ဆေးတင်းကြပ်လေ့ရှိပြီး လူငယ်တွေကို မိုင်းရှာခိုင်းတာလို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ လူငယ်တစ်ဦးကလည်း […]
မန္တလေး-၂၀၂၄ ဇူလိုင် ၂၃ (မော်ကွန်း) လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက မနေ့ကညပိုင်းက မန္တလေးမြို့ပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ်တင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ မြို့ပေါ်မှာ နေ့ရောညပါ ဧည့်စာရင်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “သူရောက်နေတယ်လို့ သတင်းတွေထွက်တာက လွန်ခဲ့တဲ့ ငါးရက်လောက်ကတည်းကပဲ။ မြို့ပေါ်ကလူတွေက သူ့ကိုဟိုနေရာမှာတွေ့လိုက်တယ်၊ ဒီနေရာမှာတွေ့လိုက်တယ်နဲ့ပြောကြတော့ စစ်တပ်က အဲဒီနေ့တွေကတည်းက ပိုက်စိပ်တိုက်စစ်တာပဲ။ အခုဆို မနက် ၁၀ နာရီ ၁၁ နာရီလောက်ကတည်းက အဖွဲ့လိုက် ဧည့်စာရင်းလိုက်စစ်နေတာ” လို့ မြို့ခံတစ်ဦးကပြောပါတယ်။ ဒေါက်တာတေဇာစန်းဟာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာလည်း မနေ့ကညပိုင်းက ‘အညာမြေ မြို့ရွှေမန်းမှာ ကိုယ့်ပြည်သူတွေနဲ့ ပြန်လည်ထိတွေ့ဖြစ်တယ်ဗျာ’ လို့ ဆိုထားပြီး ‘ငါတို့အားလုံး အုံကြွတော်လှန်ဖို့ အချိန်ကျပြီ’ ဆိုတဲ့ စာတန်းကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့တာပါ။ သူဟာ မန္တလေးမြို့အဝင်၊ […]
ပဲခူး – ၂၀၂၄ ဇူလိုင် ၂၂ (မော်ကွန်း) ပဲခူးမြို့နယ်၊ ဘောနက်ကြီးရွာအနီး စလူတမံအနီးတွင် ကျေးရွာရာအိမ်မှူးနှင့် ၎င်း၏ယောက်ဖတို့ကို PDF များက ဖမ်းဆီးသတ်ဖြတ်လိုက်တာကြောင့် စစ်ကောင်စီတပ်တွေက စလူတမံတဝိုက်ကို စစ်ကြောင်းထိုးဖို့ ဒေသခံတွေကို မနေ့ကမောင်းထုတ်လိုက်ပါတယ်။ စလူတမံနဲ့ စလူကြိုးဝိုင်းကို မှီခိုနေထိုင်တဲ့ ရာနဲ့ချီတဲ့ရွာသားတွေဟာ စစ်ကောင်စီတပ်တွေက ချက်ချင်းပြောင်းရွှေ့ခိုင်းတာကြောင့် တစ်ပိုင်တစ်နိုင်ပစ္စည်းတွေသယ်ဆောင်ကာ အမြန်ပြောင်းရွှေ့နေကြရပါတယ်။ “တစ်နွေလုံး ဒုက္ခခံပြီးနေလာရတာ၊ ခုလိုမိုးကျမှ ငါးလေးဖမ်း၊ မျှစ်လေးချိုးပြီး ငွေရှာရမယ့်အချိန်။ ခုကျ အကုန်ထွက်ကြဆိုတော့ ဒုက္ခရောက်တာပေါ့။ ဘယ်ချိန်မှ ပြန်လာလို့ရမလဲ မသိသေးပါဘူး” လို့ ပြောင်းရွှေ့ဖို့မိသားစုလိုက်ထွက်လာတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ ဇူလိုင်၂၀ ရက် ညသန်းခေါင်က စလူကြိုးဝိုင်းအတွင်းအခြေပြုတဲ့ PDF တွေက ၎င်းရာအိမ်မှူးအိမ်ကို ဝိုင်းပတ်ပိတ်ဆို့ပြီး ရာအိမ်မှူးရဲ့မိသားစုတွေကို ကြိုးနဲ့တုပ်ထားခဲ့တယ်လို့ စလူတမံအနီးနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ “ဖမ်းဖို့လာတော့ […]
ကျိုက်မရော – ၂၀၂၄ ဇူလိုင် ၂၁ (မော်ကွန်း) ကျိုက်မရောမြို့နယ်၊ ငပုအင်းရွာသစ်နဲ့လွှစင်ကုန်းလမ်းဆုံကို ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်မှာ အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂၀ ဝန်းကျင်သေဆုံးပြီး ၂၀ ကျော်ပျောက်ဆုံးနေသေးကြောင်း မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။ “ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ စားဖိုဆောင်နားမှာ ကလေးတွေ ကစားနေကြတာ၊ လေယာဉ်ဗုံးလာကြဲတော့အများကြီးသေသွားတယ်၊ အလှူနဲ့တိုက်သလိုဖြစ်သွားတာ”လို့ သတင်းရင်းမြစ်ကပြောပါတယ်။ သေဆုံးတဲ့အထဲမှာ အရပ်သားအလောင်း ၁၄ လောင်းရရှိထားပြီး ကလေးသူငယ်၊ ကိုယ်ဝန်သည်တွေပါ ပါဝင်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း အနည်းဆုံး သုံးဦးလောက်သေဆုံးနိုင်ပြီး သေဆုံးမှုကိုတော့ စစ်ကြောင်းမှူးက ထုတ်ဖော်မပြောဖို့မှာကြားထားတယ်လို့သိရပါတယ်။ မော်ကွန်းက ရရှိထားတဲ့ သတင်းအချက်အလက်တွေအရတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ကျဆုံးမှုမှာ ကေအဲန်ယူ တပ်မဟာ ၆ လက်အောက်ခံ ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ Lion Battaliion စစ်ကြောင်းကဖြစ်ပါတယ်။ ဇူလိုင် […]
ကော်သူးလေ – ၂၀၂၄ ဇူလိုင် ၂၁ (မော်ကွန်း) ကော်သူးလေဒေသ နေရာတချို့မှာ ခွေးတွေအများစုဟာ ဒစ်စတမ်ဘာဗိုင်းရပ်စ် (Distemper Virus)ဆိုတဲ့ ရောဂါပိုးကူးစက်ခံနေရပြီး သေဆုံးမှုများပြားနေတာ တွေ့ရပါတယ်။ ရောဂါကူးစက်ခံရတဲ့ ခွေးတွေဟာ အသက်ရှူလမ်းကြောင်းအခက်အခဲဖြစ်လာရာကနေ အစာမစားတော့ဘဲ အားပြတ်ပြီး သေဆုံးကြတာများပါတယ်။ ဒေသတွင်းနေရာတော်တော်များများမှာ ရောဂါပိုးကူးစက်ခံထားရတဲ့ ခွေးတွေကို လမ်းမတွေပေါ်မှာ အားအင်ချိနဲ့နေတဲ့အနေအထားနဲ့တွေ့နေရတာပါ။ စီဒီအမ် တိရစ္ဆာန်ဆရာဝန်တစ်ဦးကတော့ ဒစ်စတမ်ဘာဗိုင်းရပ်စ် (Distemper Virus) ကူးစက်ခံရတာဟာ ခွေးတွေကို ကာကွယ်ဆေးမထိုးထားလို့ ဖြစ်ပြီး လူကိုတော့ ကူးစက်နိုင်တဲ့အဆင့်မရှိဘူးလို့ ပြောပါတယ်။ ခွေးအချင်းချင်းကူးစက်မှုမြန်ဆန်သလို သေဆုံးမှုလည်းမြန်တဲ့ ရောဂါဖြစ်ပြီး ကူးစက်ခံရတဲ့ခွေးတွေဟာ အသက်ရှူကျပ်တာ၊ မျက်ရည်၊ မျက်ဝတ်တွေ၊ နှာရည်တွေပိတ်ဆို့တာ၊ အသက်ရှူရခက်တဲ့ လက္ခဏာတွေပြပါတယ်။ စီဒီအမ် တိရစ္ဆာန်ဆရာဝန်ကတော့ ပြင်းထန်တဲ့ရောဂါဖြစ်ပြီး အသက်ရှူလမ်းကြောင်း၊ အစာချေစနစ်နဲ့ အာရုံကြောစနစ်တွေကို ထိခိုက်စေတယ်လို့ဆိုပါတယ်။ […]
ရန်ကုန် – ၂၀၂၄ ဇူလိုင် ၂၀ (မော်ကွန်း) ယနေ့မွန်းလွဲပိုင်းက မိုးသည်းထန်နေစဉ် သုဝဏ္ဏလမ်းဆုံမီးပွိုင့်အနီး ဘရိတ်ပေါက်ပြီး အရှိန်ထိန်းမနိုင်ဘဲ ရွှေအင်ကြင်းရိပ်မွန်အုတ်တံတိုင်းသို့ ထိုးတက်သွားသည့် YBS 112 ယာဉ်။
မအူပင် – ၂၀၂၄ ဇူလိုင် ၁၉ (မော်ကွန်း) ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှာ ပန်းလှိုင်မြစ်ရေ မြင့်တက်လာတာကြောင့် ပြည်သူတွေစိုးရိမ်နေရတယ်လို့ ညောင်တုန်းမြို့ဒေသခံတစ်ဦးက ပြောပါတယ်။ ညောင်တုန်းမြို့နယ်ဟာ ဧရာဝတီမြစ်နဲ့ ပန်းလှိုင်မြစ်တို့ ဆုံရာဖြစ်ပြီး စိုးရိမ်ရေအမှတ်အထက်ကို ကျော်လွန်နေပြီလို့ ဒေသခံကပြောပါတယ်။ “မြစ်ကြီးနားဘက်မှာ ဒီနှစ်ရေကြီးတော့ အဲ့ရေတွေက အခုဒီဘက်ကို စီးလာတာ။ ဒီဘက်က ပင်လယ်နဲ့နီးတယ်။ ဒီရေအတက်အကျရှိတော့ ဒီဘက်ရောက်ရင် ရေကတော်တော်နဲ့ကျမှာ မဟုတ်ဘူး”လို့ ဒေသခံကပြောပါတယ်။ မနေ့ကညောင်တုန်းမြို့နယ်ရှိ ပန်းလှိုင်မြစ်ရဲ့ ရေအမှတ်ဟာ ၂၄.၇၅ပေ ရှိပြီး မြစ်ကမ်းတာအမြင့် ပေ(၃၀) ရှိတယ်လို့ ဆိုပါတယ်။ စိုးရိမ်ရေအမှတ်ကတော့ ၂၂.၅ပေ၊ အန္တရာယ်ရှိရေအမှတ် ၂၄.၅ပေ၊ မိုးရေချိန် ၁.၁၅လက်မ သတ်မှတ်ထားတာကြောင့် အန္တရာယ်ရေအမှတ်ထက်ကျော်လွန်နေတာပါ။ “၂၄ဆိုတော့ အန္တရာယ် ရေအမှတ်ပေါ့။ တာဘောင်နဲ့ကပ်နေပြီပေါ့”လို့ ညောင်တုန်းမြို့ […]
ကျိုက်မရော – ၂၀၂၄ ဇူလိုင် ၂၀ (မော်ကွန်း) မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ငပုအင်းရွာသစ်နဲ့ လွှစင်ကုန်းလမ်းဆုံကို မနေ့နံနက်ပိုင်းကအာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၃ ဦးသေဆုံးထားတယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီကသိရပါတယ်။ လတ်တလောမှာ ပေါင် ၃၀၀ ဗုံးလို့ ယူဆထားပြီး ကြဲချခဲ့တဲ့ ဂျက်ဖိုက်တာတွေဟာ ဒီနေ့ နံနက် ၁၀ နာရီဝန်းကျင်မှာ နေပြည်တော်အေလာလေတပ်က ထွက်လာတဲ့ လေယာဉ်တွေဖြစ်တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။ ရရှိထားတဲ့ အလောင်းတွေထဲမှာ ၁၄ နှစ်အောက် ကလေးသုံးဦးနဲ့ ကိုယ်ဝန်ဆောင်တစ်ဦးပါ ပါဝင်တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။ ကျိုက်မရောမြို့နယ်မှာ မွန်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ကေအဲန်ယူ၊ ဒီကေဘီအေ၊ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားပါတယ်။ အခုနှစ် မတ်လကုန်တုန်းကလည်း ကျိုက်မရောမြို့နယ်၊ ဓမ္မသရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်းတွေကနေ […]
၂၀၂၄ – ဇူလိုင် ၁၉ (မော်ကွန်း) ကေအဲန်ယူ – တပ်မဟာ ၆၊ ဒူးပလာယာခရိုင်ထဲကလယ်သမားတွေ ဒီနှစ် မိုးစပါးစိုက်ပျိုးနေတဲ့ မြင်ကွင်းတွေပါ။ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်တန်းဒေသတွေမှာ နွေရာသီကတည်းက စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေဖြစ်ပွားနေဆဲပါ။ ဒီတိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးတွေ၊ တာဝေးပစ်အတွဲလိုက်ဒုံးတွေ၊ ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတွေအများစုဟာ မနေရဲကြတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ မိုးရာသီစပါးစိုက်ပျိုးချိန်မှာတော့ ထွက်ပြေးတိမ်းရှောင်နေတဲ့ လယ်သမားတွေဟာ တစ်နှစ်တာ မိမိတို့ စားသောက်ဖို့အတွက် အရဲစွန့်ပြီး စပါးပြန်လာစိုက်ကြရတာပါ။ ဒီနှစ်လည်း စပါးတွေ စတင်စိုက်ပျိုးနေကြပေမယ့် ရိတ်သိမ်းချိန်ရောက်ရင် မရိတ်နိုင်မှာကို စိုးရိမ်နေကြပါတယ်။ ပုံမှန်ဆိုရင် မိုးတွင်း လယ်လုပ်ချိန်မှာ တိုက်ပွဲမဖြစ်ပွားပေမယ့် လက်နက်ကြီးတွေက နေ့တိုင်းလိုလိုကျနေတာကို တွေ့ရပါတယ်။ […]
မိုးကုတ် – ၂၀၂၄ ဇူလိုင် ၁၈ (မော်ကွန်း) မန္တလေးတိုင်း၊မိုးကုတ်မြို့အရှေ့ပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး နေအိမ်တွေပေါ်လက်နက်ကြီးကျတာကြောင့် ဒီနေ့တစ်ရက်တည်း ပြည်သူ ၁၀ဦး သေဆုံးတယ်လို့မြို့ခံတွေကပြောပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်း မင်းတံတားရပ်ကွက်မှာ အမျိုးသားနှစ်ဦး၊ ကုန်းမြင့်သာယာရပ်ကွက်မှာ အမျိုးသားသုံးဦး၊ကလေးတစ်ဦး၊ စျေးသစ်ရပ်ကွက်မှာ အမျိုးသားတစ်ဦး၊ ရွှေပြည်ဟိန်းကားဂိတ်မှာ အမျိုးသားတစ်ဦးနဲ့ စည်ပင်သာယာရပ်ကွက်ထဲမှာ သက်ကြီးပိုင်းနှစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရထားသူတွေလည်းရှိတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။ ” မြို့ထဲလူနေရပ်ကွက်တွေက စစ်တပ်ရှိတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်နေတာပါ၊ စစ်တပ်ဘက်ကပစ်ကူတဲ့လက်နက်ကြီးတွေက လူနေအိမ်တွေပေါ်ကိုကျနေတာ၊ အိမ်ခေါင်မိုးပေါ်ကနေ လက်နက်ပေါင်းစုံဖြတ်သွားတဲ့အသံတွေကြားနေရတယ်”လို့ အရှေ့ပိုင်း အောင်ချမ်းသာရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်း ညောင်သုံးပင်ရပ်ကွက်၊ စစ်တန်းရပ်ကွက်၊ မင်းတံတားရပ်ကွက်၊ ဟပ္ဖလားရပ်ကွက်၊ ရေပူရပ်ကွက်၊ ကုန်းမြင့်သာယာရပ်ကွက်နဲ့ ပတ္တမြားစေတီအနီးတွေမှာ ဒီနေ့မနက်အစောပိုင်းက စတင်ပြီးတိုက်ပွဲဖြစ်နေတာလို့မြို့ခံတွေကပြောပါတယ်။ အခုတိုက်ပွဲ ဖြစ်နေတဲ့နေရာတွေက မြို့ပေါ်ရပ်ကွက်တွေပါတဲ့အပြင် စစ်တပ်အထိုင်ချထားတဲ့နေရာတွေဖြစ်ပြီး တိုက်ပွဲလမ်းကြောင်းတစ်လျှောက် နေအိမ်တွေထဲ ပြည်သူအားလုံးနီးပါးပိတ်မ်ိနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်းမှာ […]
ရန်ကုန် – ၂၀၂၄ ဇူလိုင် ၁၆ (မော်ကွန်း) ရန်ကုန်မြို့ကဘဏ်တွေမှာ ငွေသားထုတ်ယူမှုတွေ ပုံမှန်ပြန်ထုတ်ပေးနေပေမယ့် နယ်မြို့တွေက ဘဏ်တချို့မှာတော့ အကန့်အသတ်တွေရှိနေဆဲဖြစ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့လာသူတချို့က ပြောပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ KBZ ၊ ဧရာဝတီ၊ ရိုးမဘဏ် စတဲ့ ပုဂ္ဂလိကဘဏ်တွေဟာ ငွေကျပ် ၁၀ သိန်းထိပဲ ထုတ်လို့ရတာကနေ မနေ့ကစပြီး ကျပ်သိန်း ၁၀၀ ထိ တိုးမြှင့်ထုတ်ပေးခဲ့ပါတယ်။ ပုသိမ်မြို့က ဘဏ်တွေကတော့ ၁၀ သိန်းကျပ်ထိပဲ ထုတ်ပေးနေတယ်လို့ ပုသိမ်မြို့ခံတစ်ဦးက ပြောပါတယ်။ “သူများဘဏ်တွေ အပြင်မှာ သိန်း ၁၀၀ ထိ ထုတ်လို့ရတယ်ဆိုပြီး ဘဏ်ကိုမေးကြည့်တော့ သူတို့ဆီမှာ မရသေးဘူးပဲပြောတယ်။ ရိုးမဘဏ်တစ်ခုပဲ လိုသလောက်ရသေးတာ။ ကျန်တဲ့ဘဏ်တွေက အရင်လိုပဲ” လို့ အဲဒီမြို့ခံက ပြောပါတယ်။ အလားတူပဲ ဘားအံမြို့က […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."