သတင်းများ

အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ သေဆုံးသူတွေအထဲ သက်ကြီးရွယ်အိုနဲ့ ကလေးတွေပါဝင်နေ

March 9, 2022

ယင်းမာပင် – ၂၀၂၂ မတ် ၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦးနဲ့ သက်ကြီးရွယ်အိုတွေ လေးဦးထက်မနည်းသေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက်တိုးလာနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။ ယင်းမာပင်မြို့နယ် ကန်သာရွာနဲ့ လက်ပံတောရွာကို အာဏာသိမ်းစစ်တပ်က မနေ့မွန်းလွဲ ၁၂:၀၀ နာရီခန့်က အင်အား၁၈၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပါတယ်။ အဲဒီနောက် လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့တာကြောင့် လက်ပံတောရွာထဲကဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ ကျေးရွာပြည်သူ ၁၃ ဦးထက်မနည်း လက်နက်ကြီးထိမှန်သွားခဲ့ပြီး လေးနှစ်အရွယ် ကလေးငယ်တစ်ဦး၊ သက်ကြီးရွယ်အို ဘိုးဘွားသုံးဦးသေဆုံးခဲ့ကြောင်း၊ လက်နက်ကြီးထိမှန်ထားသူများအနက် သက်ကြီးရွယ်အိုအများဆုံးပါဝင်နေပြီး နယ်မြေမတည်ငြိမ်သေးတာကြောင့် အရေအတွက်တိုးလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဆိုပါကျေးရွာတွေအနီးမှာပဲ အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်တပ် ဝင်ရောက်မီးရှို့နေလို့ ခင်ဦးမြို့က ရွာဆယ်ရွာထက်မနည်း ထွက်ပြေးနေရကာ အကူအညီလိုအပ်

March 9, 2022

ခင်ဦး – ၂၀၂၂ မတ် ၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အာဏာသိမ်းစစ်တ​ပ်က မီးရှို့ဖျက်ဆီးနေလို့ ကျေးရွာဆယ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေကြောင်း ဒေသခံမတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်က သက်ပေးကျေးရွာကို အာဏာသိမ်းစစ်တပ်က မနေ့ နေ့လယ်ပိုင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်က ရွာထဲ ဝင်ရောက်လာပြီး မီးရှို့ခဲ့လို့ လူနေအိမ် ခုနှစ်အိမ်ထက်မနည်းမီးရှို့ခံခဲ့ရပါတယ်။ ဒါ့အပြင် ဒါန်းကုန်းကျေးရွာနဲ့ မှန်တောကျေးရွာကိုလည်း အာဏာသိမ်းစစ်တပ်က ဝင်ရောက်ဖျက်ဆီး မီးရှို့ခဲ့ပြီး ကျေးရွာပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် အပျက်အစီးမသိရသေးကြောင်း ဒေသခံက ပြောပါတယ်။ “စစ်တပ်က ဟိုရွာလ​ည်းဝင် ဒီရွာလည်းဝင်တော့ ပြေးစရာရွာလည်းမရှိတော့ဘူး။ ရွာသူ ရွာသားတွေ ဒုက္ခရောက်နေကြပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရသူတွေဟာ လတ်တလောနေထိုင်ဖို့နဲ့ စားရေးသောက်ရေးအတွက်ပါ အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ခင်ဦးမြို့နယ်၊ […]

အပြည့်အစုံဖတ်ရန်

မြစ်ငယ် မီးရထား CDM တွေကို အာဏာသိမ်းစစ်တပ်က နေအိမ်တွေကို ဖျက်ဆီးခိုင်းပြီး နှင်ထုတ်

March 9, 2022

အမရပူရ – ၂၀၂၂ ‌မတ် ၉ (မော်ကွန်း) မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့က မီးရထား CDM ဝန်ထမ်းမိသားစုတွေနေထိုင်တဲ့ နေရာတွေကို အာဏာသိမ်းစစ်တပ်က အတင်းအကြပ် နှိပ်ကွပ်ကာ နှင်ထုတ်ခဲ့ကြောင်း ဒီကနေ့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။ ဒီလိုနှင်ထုတ်အကြမ်းဖက်ခဲ့လို့ ဖျက်ဆီး ပြောင်းရွှေ့ပေးလိုက်ရတဲ့ အိမ်ထောင်စုဟာ ထောင်ချီရှိပြီး လတ်တလော နေထိုင်ရေးမှာ အခက်အခဲတွေရှိနေတယ်လို့ ဒေသခံကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မတ်လ ၆ ရက်နေ့ကစပြီး အင်အားရာချီအသုံးပြုကာ လက်နက်တွေနဲ့ခြိမ်းခြောက်ပြီး ရက်ပိုင်းအတွင်း ရွှေ့ပြောင်းကြဖို့ စာတွေလိုက်ပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မြစ်ငယ်မှာမီးရထားဝန်ထမ်း နှစ်ထောင်ဝန်းကျင်ရှိတဲ့အနက် တစ်ထောင်ကျော်က CDM ပြုလုပ်ထားကြပြီး CDM ဝန်ထမ်းတွေကို ပြောင်းရွှေ့ခိုင်းတာဖြစ်ကြောင်း၊ CDM ဝန်ထမ်းတွေအပြင် မြစ်ငယ်မှာရှိတဲ့ မီးရထားနယ်မြေအနီးက အိမ်တွေကိုပါ အတင်းအဓမ္မဖယ်ရှားနေကြောင်း ဒေသခံတွေက […]

အပြည့်အစုံဖတ်ရန်

၃၉၅ ရက်မြောက် ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးပင်မသပိတ်မြင်ကွင်း

March 9, 2022

ကလေး – ၂၀၂၂ မတ် ၉ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်ရဲ့ ပျက်ရက်မရှိဘဲ လမ်းမပေါ် ချီတက်ဆန္ဒပြတဲ့ ၃၉၅ ရက်မြောက် ဒီကနေ့ မြင်ကွင်းဖြစ်ပါတယ်။ အာဏာစသိမ်းစဉ်ကတည်းက ခုချိန်ထိ အာဏာမရသေးတဲ့ စစ်တပ်ဟာ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ် စတဲ့နေရာတွေမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ပြည်သူတွေရဲ့ နေအိမ်တွေကို နေ့စဉ်မီးရှို့ဖျက်ဆီးတာ၊ တန်ဖိုးရှိပစ္စည်းတွေကို လုယက်ခိုးယူတာတွေအပြင် ဒေသခံတွေကိုလည်း သတ်ဖြတ်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ဒီကနေ့ နောက်ဆုံး တွက်ချက်ထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်တပ် သတ်ဖြတ်လို့ ကျဆုံးခဲ့တဲ့ပြည်သူဟာ အနည်းဆုံး ၁၆၄၀ ဦးရှိလာပါပြီ။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“မည်သည့် Non CDM ကိုမဆို နွေဦးတက္ကသိုလ်သို့ လုံးဝခြေချခွင့်မပြု” ကလေးမြို့ပင်မသပိတ်ယနေ့မြင်ကွင်း

March 7, 2022

ကလေး – ၂၀၂၂ မတ် ၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ပင်မသပိတ် ၃၉၃ ရက်မြောက် လမ်းမပေါ်ချီတက်ဆန္ဒပြတဲ့ ဒီကနေ့မြင်ကွင်းတွေဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းရဲ့ နေရာအများစုကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားပါတယ်။ ဒါအပြင် အာဏာသိမ်းစစ်တပ်ရဲ့ ထုံးစံအတိုင်း ကျေးရွာတွေကို မီးရှို့၊ ဖမ်းဆီးပစ်ခတ်သတ်ဖြတ်နေပြီး ပြည်သူပိုင်ပစ္စည်းဥစ္စာတွေဟာလည်း နေ့စဉ်ဖျက်ဆီးခိုးယူခြင်းကိုခံနေရပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

သန်လျင်မြို့အထွက် မြစ်ကူးတံတားတွေအကုန်ပိတ်ထား

March 6, 2022

ရန်ကုန် – ၂၀၂၂ မတ် ၆ (မော်ကွန်း) သန်လျင် အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူးပစ်သတ်ခံရတာကြောင့် သန်လျင်မြို့ထွက်တံတားတွေအကုန်လုံးဒီနေ့မနက်ကစပိတ်ထားလိုက်ပါတယ်။ “မနက်အစော အိမ်ရှေ့မှာတံမြက်စည်းလှဲနေတုန်းပစ်သွားတာ၊ ငါးချက်ပစ်တာ၊ မသေမချင်းပစ်သွားတာ” လို့ သန်လျင်မြို့ခံတစ်ဦးကပြောပါတယ်။ ၎င်းအုပ်ချုပ်ရေးမှူးရဲ့ရုံးကို ပြီးခဲ့တဲ့လကလည်း ဗုံးပစ်ထည့်ခဲ့ပေမယ့် အသက်မသေခဲ့ဘဲ ဒီနေ့မနက်ထပ်မံပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ၎င်းကဆိုပါတယ်။ စစ်အာဏာသိမ်းတာကြောင့် ယခင်အုပ်ချုပ်ရေးမှူးက CDM လုပ်သွားချိန်မှာ အဆိုပါအုပ်ချုပ်ရေးမှူးဟာ ဝင်ရောက်နေရာယူခဲ့တာဖြစ်ပြီး ရပ်ကွက်ထဲမှာ အာဏာပြကာ အတောင်းအရမ်းကြမ်းသူဖြစ်တယ်လို့ ၎င်းဒေသခံကရှင်းပြပါတယ်။ အုပ်ချုပ်ရေးမှူးပစ်သတ်ခံရပြီးတာနဲ့ လမ်းတွေပိတ်ချလိုက်တာကြောင့် မနက် ၁၁:၃၀ လောက်မှာတော့ ရန်ကုန်ဘက်ကူးမယ့်ကားတွေဟာ သန်လျင်တံတားအဆင်းကနေ နာရီစင်အထိ တန်းစီစောင့်ဆိုင်းနေကြတာတွေ့ရပါတယ်။ နေပူပူအောက်မှာရပ်ထားတဲ့ ကားပေါ်ပါခရီးသည်တွေကတော့ ကားပေါ်ကဆင်းပြီး အရိပ်ရနေရာတွေရှာဖွေစောင့်ဆိုင်းနေကြပါတယ်။ လမ်းတွေသာပိတ်ထားပြီး ကားတွေကိုစစ်ဆေးတာမျိုးမတွေ့ရသေးသလို ဘယ်ချိန်ထိပိတ်ထားဦးမလဲဆိုတာကိုလည်း ဘယ်သူမှအတည်မပြုနိုင်ကြသေးပါဘူး။ သန်လျင်ဘက်ကအထွက်ကားတွေသာပိတ်ထားတာဖြစ်ပြီး ရန်ကုန်ဘက်ကကားတွေတော့ သွားလို့ရနေသေးတာတွေ့ရပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ကနီနယ်က ရွာနှစ်ရွာကို အာဏာသိမ်းစစ်တပ် မီးရှို့

March 6, 2022

ကနီ – ၂၀၂၂ မတ် ၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးမှုတွေပြုလုပ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မနေ့ည ၁၀ : ၀၀ နာရီခန့်က ကနီမြို့နယ် ချောင်းမအရှေ့ရွာနဲ့ အနောက်ရွာကို အင်အား ၇ဝ ကျော်နဲ့ ဝင်ရောက်ပြီးမီးရှို့ဖျက်ဆီးခဲ့တာပါ။ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုကြောင့် ချောင်းမအရှေ့ရွာက လူနေအိမ် လေးလုံး ၊ နွားတဲကြီး သုံးတဲ ၊ ချောင်းမ အနောက်ရွာက လူနေအိမ် ၁၃ လုံး ၊ နွားတဲကြီး ခြောက်တဲ ၊ မီးဖိုချောင် ကိုးလုံး ၊ထွန်စက်သုံးစီး ၊ ဆီစက် သုံးလုံး ၊ခိုင်းနွား နှစ်ကောင်နဲ့ အိမ်တွေက အသုံးအဆောင်ပစ္စည်း အများအပြားပျက်ဆီး […]

အပြည့်အစုံဖတ်ရန်

မန္တလေးသံဃသမဂ္ဂနဲ့ကျောင်းသား၊ပြည်သူတွေစုပေါင်းဆန္ဒပြ

March 5, 2022

မန္တလေး – ၂၀၂၂ မတ် ၅ (မော်ကွန်း) မန္တလေးမြို့မှာ အာဏာသိမ်း စစ်တပ်ကို ဆရာတော်သံဃာတော်တွေနဲ့ ကျောင်းသားပြည်သူတွေစုပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒီကနေ့ မန္တလေးရဲ့ မြို့လယ်ခေါင် ‌ဈေးတစ်ခုမှာ ရဟန်းသံဃာတော်များ၊ ကျောင်းသားပြည်သူများရဲ့ ဒေါင်းစစ်သည်သပိတ်စစ်ကြောင်း၊ စိန်ပန်းသပိတ်စစ်ကြောင်း၊ LGBT လူငယ်သပိတ်စစ်ကြောင်းတွေစုပေါင်းကာ အထွေထွေသပိတ်တပ်ပေါင်းစု စစ်ကြောင်းအဖြစ်ထွက်ပြီး ဆန္ဒပြခဲ့ကြတာပါ။ “ကျေးလက်ပုန်ကန် မြို့ပြဖီဆန်” စာသားကိုကိုင်ဆောင်ပြီး အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်ကြဖို့ ဆန္ဒပြတိုက်တွန်းခဲ့ကြပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မန္တလေးမြို့တွင်းလှည့်လည်စစ်ဆေးနေပြီး ယခုရက်ပိုင်းအတွင်းမှာပဲ စစ်အာဏာရှင်ကိုဆန့်ကျင်နေကြသူတွေကို လိုက်လံဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။ ဓါတ်ပုံ-သံဃသမဂ္ဂမန္တလေး #Dailynews

အပြည့်အစုံဖတ်ရန်

အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဖားကန့်မြို့က ပြည်သူ့သပိတ်

March 5, 2022

ဖားကန့် – ၂၀၂၂ မတ် ၅ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားတာ ၆ လခွဲကျော်ကြာမြင့်လာပြီဖြစ်ပေမယ့် မြို့ခံပြည်သူလူထုကတော့ သပိတ်စစ်ကြောင်းတွေနဲ့ ချီတက်ဆန္ဒပြနေဆဲပါ။ ဒီကနေ့မှာတော့ သပိတ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ စစ်အာဏာရှင်တိုက်ထုတ်ရေးမှာပါဝင်တဲ့ လက်နက်ကိုင်ပြည်သူ့တပ်ဖွဲ့အားလုံးကို ကြိုဆိုထောက်ခံကြောင်းပြသခဲ့ကြပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“တိုင်းပြည်ကြီးက နာနေပြီ မင်းတို့တွေက သွေးအေးတုန်းလား” ကလေးမြို့ပင်မသပိတ် ယနေ့မြင်ကွင်း

March 5, 2022

ကလေး – ၂၀၂၂ မတ် ၅ (မော်ကွန်း) ၃၉၁ ရက်မြောက် ကလေးမြို့ပင်မသပိတ်ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဆန္ဒပြတဲ့ ဒီကနေ့မြင်ကွင်းတွေဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အာဏာသိမ်းစစ်တပ်က ဖိနှိပ်၊ ရှာဖွေဖမ်းဆီး၊ ကန့်သတ်မှုတွေ လုပ်နေပေမယ့်လည်း ပင်မသပိတ်ကတော့ ပျက်ကွက်မှုမရှိဘဲ ချီတက်ဆန္ဒထုတ်ဖော်နေဆဲပါ။ အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းကို သိသိသာသာ ဖိနှိပ်ကာ ရွာတွေကို မီးရှို့တာတွေ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာတွေလည်း လုပ်ဆောင်နေပါတယ်။ ဒါအပြင် စစ်ကိုင်းတိုင်းက မြို့နယ်အများစုကို မနေ့ကစလို့ အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်လိုက်ပါတယ်။ အင်တာနက်ဖြတ်တောက်ချိန်မှာလည်း အာဏာသိမ်းစစ်တပ်အဖွဲ့တွေ လုပ်နေကျအတိုင်း ရွာတွေကို ဖျက်ဆီးမီးရှို့တာတွေ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မနေ့ကနောက်ဆုံး ထုတ်ပြန်တွက်ချက်မှုတွေအရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ ပြည်သူဟာ အနည်းဆုံး […]

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်တပ် ပစ်ခတ်၊ မီးရှို့ဖျက်ဆီးလို့ ကနီမြို့နယ်က ဒေသခံတွေ ထွက်ပြေးနေရ

March 4, 2022

ကနီ – ၂၀၂၂ မတ် ၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကနီမြိုနယ်မှာ အာဏာသိမ်းစစ်တပ်က ဝင်ရောက်ပစ်ခတ်နေလို့ ကျေးရွာ ၁၀ ရွာက ရွာသူရွာသားထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူတစ်ဦး ဦးခေါင်းပစ်ခတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မနေ့က ကနီမြိုနယ် ဇီးပင်တွင်းရွာ ၊ အောင်မင်္ဂလာရွာအနီး ရောက်ရှိလာခဲ့ပြီး ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာကြောင့် ကျေးရွာနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာတော ကနီမြိုနယ် ချောင်းမရွာ ကိုရောက်ရှိလာခဲ့ပြီး ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတစ်ဦး၏ ဦးခေါင်းကို ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံက ပြောပါတယ်။ “ဦးခေါင်းကျည်ထိသွားတဲ့တစ်ယောက်ကတော့ စိုးရိမ်ရတယ်။ စစ်တပ်က ချောင်းမရွာထဲမှာ အထိုင်ချထားတယ်”လို့ ကနီနယ်ခံတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ချောင်းမရွာကလူနေအိမ်တွေထဲ ဝင်ရောက်မွှေနှောက်ဖျက်ဆီးတာတွေပြုလုပ်နေပါတယ်။ ဗျူဟာမှူး ပါလာတယ်လိုလည်းသိရပြီး ကနီမြိုနယ်အတွင်း တပ်ဖြန့်၊စစ်ဆင်ရေးချီနိုင်တယ်လို့ ဒေသခံအချို့က […]

အပြည့်အစုံဖတ်ရန်

ရက်ပေါင်း ၃၉၀ ပြည့် ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်

March 4, 2022

ကလေး – ၂၀၂၂ မတ် ၄ (မော်ကွန်း) ဒီကနေ့ဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ သပိတ်တိုက်ပွဲဆင်နွဲတဲ့ ရက်ပေါင်း ၃၉၀ ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ကလေးမြို့မှာ ဖမ်းဆီး၊ နှိပ်စက် အကြမ်းဖက်မှုတွေကို တောက်လျှောက်လုပ်လာပေမယ့်လည်း ပင်မသပိတ်ကတော့ ရပ်နားခြင်းမရှိဘဲ ဆန္ဒထုတ်ဖော်နေဆဲပါ။ အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းက ကျေးရွာတွေကို ပစ်မှတ်ထား မီးရှို့ဖျက်ဆီး၊ လူသတ်မှုတွေ ဆက်တိုက်ကျူးလွန်ထားကာ ဒီကနေ့မှာလည်း မြို့နယ်အများစုကို အင်တာနက်ဖြတ်တောက်ထားပြန်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း ( AAPP) ရဲ့ တွက်ချက်မှုတွေအရ အာဏာသိမ်းစစ်တပ် သတ်ဖြတ်ထားတဲ့ ပြည်သူအရေအတွက်ဟာ အနည်းဆုံး ၁၆၀၀ ရှိလာပါပြီ။ ဓါတ်ပုံများ- CJ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 193 194 195 196 197 198 199 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."