ယင်းမာပင် – ၂၀၂၂ မတ် ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြိုနယ်မှာ အာဏာသိမ်းစစ်တပ်က ကျေးရွာနှစ်ရွာကို ဝင်ရောက်မီးရှိခဲ့ပြီး ရွာသူရွာသားတွေကိုပါ ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့ နေ့လယ်က ယင်းမာပင်မြိုနယ် ၊ ဆည်ထန်းတောကြီးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး နေအိမ်များကို မီးရှိဖျက်ဆီးခဲ့တာပါ။ နေအိမ် (၁၄)လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရပြီး ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရကာ ဖမ်းဆီးခံရတဲ့ ရွာသူရွာသားတွေလည်း အများအပြားရှိကြောင်း ဒေသခံက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဆည်ထန်းတောကြီးကျေးရွာကိုမဝင်ရောက်မီ မနက်ပိုင်းက ရွာနဲ့ တစ်မိုင်ခန့်ဝေးတဲ့ ကျေးစာကျကျေးရွာက နေအိမ်တစ်လုံးကိုလည်း မီးရှိဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။ “ကျေးစာကျတစ်ရွာတည်းတင် ထွက်ပြေးရတဲ့စစ်ဘေးရှောင် ခန့်မှန်းခြေ၅၀၀နီးပါးရှိပါတယ်။ ဆည်ထန်းတောကြီးရွာက ပစ္စည်းတွေလည်း သိမ်းသွားတယ်လိုပြောတယ်”လို့ ယင်းမာပင်နယ်ခံတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မနေ့မနက် ၁၁း၀၀ နာရီဝန်းကျင်က […]
ဖားကန့် – ၂၀၂၂ မတ် ၂၃ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်တွေ ဖြတ်တောက်ထားပေမယ့်လည်း မြို့ခံပြည်သူလူထုတွေက သပိတ်တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဆင်နွှဲနေတဲ့ ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews
ကလေး – ၂၀၂၂ မတ် ၂၃ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ ပင်မသပိတ်ရဲ့ ၄၀၉ ရက်မြောက် လမ်းပေါ်ချီတက် ဆန္ဒပြတဲ့ ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews
မိုးကုတ် – ၂၀၂၂ မတ် ၂၃ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ သကြန်ရန်ပုံငွေအတွက်လို့ဆိုပြီး ကျောက်တွင်းသမားတွေဆီကနေ အာဏာသိမ်းစစ်တပ်က ငွေကြေးတောင်းရမ်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ မိုးကုတ်မြို့ ဂေါက်ကွင်းက ကျောက်မျက်လုပ်ကွက်တွေမှာလုပ်ကိုင်နေတဲ့ တွင်းသမားတွေဆီကနေ တစ်ရက်ကို ကိုးသိန်း တောင်းရမ်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ” မိုးကုတ်မှာ သင်္ကြန်ဖြစ်တယ် ၊ ဂေါက်ကွင်းထဲမှာ လုပ်ကြမယ်လို့ပြောတယ်၊ ရန်ပုံငွေအတွက်လည်း တွင်းသမားတွေဆီကနေကောက်နေတယ် “လို့ အမည်မဖော်လိုသူဒေသခံတစ်ဦးကဆိုပါတယ်။ ကျောက်တွင်းလုပ်ကွက်တွေကို အာဏာသိမ်းစစ်တပ်က ခြယ်လှယ်ထားပြီး သူတို့ခွင့်ပြုတဲ့သူတွေကသာ လုပ်ခွင့်ရကာ အဲဒီကျောက်တွင်းသမားတွေဆီကနေ တစ်ရက်ကို ကိုးသိန်းတောင်းနေတာလို့ ဒေသခံကဆိုပါတယ်။ မိုးကုတ်မြို့က ဂေါက်ကွင်းထဲမှာ သကြန်ပွဲတော်ကို ကျင်းပသွားမှာဖြစ်တယ်လို့ သိရပြီး မြို့တွင်းထဲမှာတော့ မဏ္ဍပ်တည်ဆောက်တာမျိုးတွေမရှိသေးပါဘူး။ မိုးကုတ်မြို့ သင်္ကြန်စည်ကားဖို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံဌာနတွေကို ဖိအားပေးနေတဲ့အနေအထားတွေလည်း တွေ့နေရတယ်လို့ ဒေသခံတွေကဆီကသိရပါတယ်။ #Dailynews
ရန်ကုန် – ၂၀၂၂ မတ်လ ၂၂ (မော်ကွန်း) ဘင်္ဂလားပင်လယ်အော်ထဲက မုန်တိုင်းငယ်အရှိန်ကြောင့် ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ရဲ့ နေရာတော်တော်များများမှာ ဒီရေတိုးကာ ရေပြည့်ရေလျှံတာတွေဖြစ်ပွါးခဲ့ပါတယ်။ လပွတ္တာခရိုင်ထဲက ကပ္ပလီပင်လယ်အော်နဲ့ နီးတဲ့ ကျေးရွာတွေမှာလည်း လေပြင်းတိုက်ခတ်ပြီး အိမ်တွေထဲထိရေမြှုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကိုင်းသောင်းကျေးရွာက ဒေသခံတစ်ဦးက “ ညီမတို့က ရွာသစ်ဘက်ခြမ်း။ ညီမတို့က ၁ လမ်းမကြီးပေါ့။အခံရဆုံးပဲ။ လမ်းပြီးရင် ပင်လယ်ဘဲရှိတယ်။ ရေကာတာက လည်း ကျိုးနေတာ နှစ်နှစ်လောက်ရှိပြီ။” လို့ ပြောပါတယ်။ အခုလက်ရှိမှာတော့ နေရာတော်တော်များများ ရေပြန်ကျသွားပေမယ့် လေတိုက်နေတုန်းပဲလို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီရဲ့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကတော့ အားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ် နောက် ၂၄ နာရီအတွင်း မြစ်ဝကျွန်းပေါ်ကမ်းရိုးတမ်းတစ်လျှောက် ပုသိမ်မြို့အနီးမှ မြောက်ဘက် ကိုရွေ့လျားကာ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်အနီးထိ […]
ဒီပဲယင်း – ၂၀၂၂ မတ် ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြိုနယ်မှာ အာဏာသိမ်းစစ်ကောင်စီက ကျေးရွာတွေကိုမီးရှိဖျက်ဆီးနေလို ကျေးရွာဆယ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့ ညနေပိုင်းက အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်း၊ ရေဦးမြိုကနေ ဆည်ကြီး -ညောင်လှ လမ်းအတိုင်းစစ်ကြောင်းထိုးလာခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ လမ်းတစ်လျှောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ အဲဒီနောက်ဆည်ကြီးရွာကို ဝင်ရောက်မီးရှိဖျက်ဆီးခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာလည်း မူးခံတွင်းကျေးရွာကို ဝင်ရောက်မီးရှိခဲ့ပါတယ်။ ထွက်ပြေးနေရလို့ ပျက်စီးအိမ်ခြေအခြေအနေမသိရသေးကြောင်း ဒေသခံများက ပြောပါတယ်။ အကြမ်းဖက်မှုတွေမှာ အာဏာသိမ်းစစ်တပ်နဲ့အတူ ပျူစောထီးအဖွဲတွေလည်းပါဝင်ပြီး ဒီပဲယင်းအရှ့ခြမ်း မရကန်ရွာကိုရောက်ရှိနေတယ်လို့ ဒေသခံကဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ဘေးရန်ကိုကြောက်လို့ ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ ကျေးရွာပေါင်းဆယ်ရွာထက်မနည်း လူဦးရေထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလည်းလိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ “ခုရှောင်ရတဲ့ ရွာတွေက ဒီပဲယင်းမြိုနယ်အရှေ့ခြမ်းကပါ။ ခင်ဦးနယ်ဘက်ကနေ စစ်ကြောင်းထိုးလာလို […]
ရေး – ၂၀၂၂ မတ် ၂၂ (မော်ကွန်း) မွန်ပြည်နယ်ရေးမြို့က ဝယ်ပေါင်ကျေးရွာ မှာ အာဏာသိမ်းစစ်တပ်ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ဦး ကျည်ထိမှန်သေဆုံးခဲ့ကာ အလောင်းပြန်မပေးဘဲ မီးသဂြိုလ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဝယ်ပေါင်ကျေးရွာ မှာ မတ်လ ၁၈ရက်နေ့က ဒေသတော်လှန်ရေးတပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပွားနေစဥ်မှာ ဓာတ်ဆီဆိုင်ထဲကို ဓာတ်ဆီလာဖြည့်တဲ့ လူငယ်ကိုပါ PDF တွေနဲ့ရောနှော ပစ်ခတ်တာကြောင့် ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ သေဆုံးသူ လူငယ်က ရေးမြို့ အဏ္ဏဝါရပ်ကွက်မှာနေထိုင်သူဖြစ်ပြီးအသက် ၁၅နှစ်သာရှိသေးပါတယ်။ ဝယ်ပေါင်ကျေးရွာ ပစ်ခတ်မှုအတွင်း အသက် ၂၀ အရွယ် ဒေသတော်လှန်ရေးတပ်ဖွဲ့ ရဲဘော်တစ်ဦးဖြစ်သူ ကိုကျော်ဇင်ထက်လဲ ကျဆုံးခဲ့တယ်လို့ ရေးမြို့နယ်ကာကွယ်ရေးအထူးအဖွဲ့ (YSTF) က ဆိုပါတယ်။ “ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်က ရွာထဲ ရွာပြင် […]
ကလေး – ၂၀၂၂ မတ် ၂၂ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ ဒီကနေ့ထိ လမ်းပေါ်တက် ချီတက်ဆန္ဒပြနေကြပါတယ်။ ဒီကနေ့ကတော့ ပင်မသပိတ်ရဲ့ ၄၀၈ ရက်မြောက်နေ့ဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews
ဖားကန့် – ၂၀၂၂ မတ် ၂၂ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်အာဏာရှင်ကို ဆန္ဒပြချီတက်ကြတဲ့ ပြည်သူဟာ ၄၀၀ ဝန်းကျင်ရှိကြောင်း သပိတ်စစ်ကြောင်းမှာ ပါဝင်သူဆီကနေ သတင်းရရှိပါတယ်။ ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားပေမယ့်လည်း မြို့ခံပြည်သူလူထုတွေကတော့ နေ့စဉ်ချီတက်ဆန္ဒပြနေဆဲပါ။ သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လူမျိုးအသီးသီးက တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ခံကြိုဆိုကြောင်း ပြသခဲ့ကြပါတယ်။ ဓါတ်ပုံ – CJ #Dailynews
ကလေး – ၂၀၂၂ မတ် ၂၂ (မော်ကွန်း) အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ ပြည်သူတွေ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ၊ မြို့ပြပြောက်ကျားတွေအတွက် ကလေးမြို့ပင်မသပိတ်က ဆုတောင်းပေးတဲ့ ညသပိတ်ကို ဒီကနေ့ညမှာပြုလုပ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း ( AAPP) ရဲ့ ဒီကနေ့ နောက်ဆုံး တွက်ချက်ထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ ကျဆုံးခဲ့ရသူဟာ အနည်းဆုံး ၁၆၉၇ ဦးရှိပါတယ်။ ဓါတ်ပုံ – CJ #Dailynews
ရန်ကုန်-၂၀၂၂ မတ် ၂၁(မော်ကွန်း) စစ်ကောင်စီဟာ လာမယ့်သင်္ကြန်အတွက် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မြို့တော်ဝန်မဏ္ဏပ်ကို စတင်ဆောက်လုပ်နေပါတယ်။ ရန်ကုန်မြို့တော် ဗဟိုမဏ္ဏပ်မှာပြိုင်ပွဲဝင်ကြမယ့် ယိမ်းအဖွဲ့တွေအနေနဲ့ ရန်ကုန်မြို့တော်စည်ပင် အင်ဂျင်နီယာဌာနမှာ စာရင်းပေးသွင်းနိုင်တယ်လို့ စစ်ကောင်စီက မတ် ၁၈ ရက်မှာ ကြေညာခဲ့ပါတယ်။ စစ်ကောင်စီဟာ လူ ၄၀၀ အထိစုဝေးခွင့်ပြုကြောင်းထုတ်ပြန်ပြီး ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ သင်္ကြန်ပွဲကျင်းပဖို့ပြင်ဆင်နေတာပါ။ နေပြည်တော်မှာစစ်ကောင်စီကဦးဆောင်ကျင်းပမယ့်သင်္ကြန်ပွဲကို လာရောက်ဖျော်ဖြေဖို့ ကမ်းလှမ်းခံရတဲ့ စင်ကာပူအခြေစိုက် Rave Republic DJ အဖွဲ့ကတော့ မြန်မာပြည်သူတွေရဲ့ကန့်ကွက်မှုကြောင့် သင်္ကြန်ဖျော်ဖြေမယ့်အစီစဉ်ကို ဖျက်သိမ်းကြောင်း မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀နဲ့ ၂၀၂၁ မှာ COVID 19 ကပ်ရောဂါအခြေအနေတွေကြောင့် သင်္ကြန်ပွဲတော်တွေ မကျင်းပဖြစ်ခဲ့ပါဘူး။ Photo: Mawkun #Dailynews
ဆားလင်းကြီး – ၂၀၂၂ မတ် ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြိုနယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းအများအပြားနဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးနေကာ လက်နက်ကြီးနဲ့ပါပစ်ခတ်လို့ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နယ်ခံသတင်းရင်းမြစ်က ပြောပါတယ်။ မနေ့ညပိုင်းက ဆားလင်းကြီးမြိုနယ်၊ မန်ကျည်းတစ်ထောင် ကျေးရွာဘက်ကတက်လာတဲ့ အင်အား ၇၀ ခန့်ပါ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဟာ မင်းစုကျေးရွာ၊ တဲစုကျေးရွာ များကိုဖြတ်ပြီး မတောင်းတ(တောင်)ရွာ မြောက်ဘက်ကနေ ပစ်ခတ်ရာ လူနေအိမ်အတွင်းသိုကျရောက်ပြီး ကျေးရွာအတွင်းက ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။ “ည ၈း၂၀ လောက်က လက်နက်ကြီး ကျည် (၂)ချက် ထိမှန်တယ်လိုကြားတယ်။ ညကိုးခွဲလောက်ကလည်း ဇီးဖြုပင်ရွာထဲလက်နက်ကြီး ကျည်ကျတယ်” လို့ ဒေသခံက ပြောပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ ကျားတက်ကျေးရွာဘက်က တက်လာတဲ့ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."