တန့်ဆည် – ၂၀၂၂ မတ် ၁၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြိုနယ်က ကျေးရွာသုံးရွာကို အာဏာသိမ်းစစ်တပ်ဝင်ရောက်ပစ်ခတ်မီးရှိခဲ့လို သက်ကြီးရွယ်အိုနဲ့ ၁၅ အရွယ်မိန်းကလေးအပါအဝင် လေးဦးသေဆုံးကာ နေအိမ် ၂၅ လုံးဝန်းကျင်ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က တန့်ဆည်မြိုနယ်၊ စိမ်းစားကျေးရွာ၊ ချောင်းရိုးကျေးရွာနဲ့ ဒည်ရောက်ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်တွေ ဝင်ရောက် မီးရှို့ ပစ်ခတ်လို့ အသက် ၁၅နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဟာ ရင်ဘတ်နဲ့ ပေါင် ကျည် ၂ ချက် ထိမှန်ကာ အဲဒီဒဏ်ရာနဲ့ပဲ သေဆုံးသွားခဲ့ပါတယ်။ ဒါအပြင် အသက် ၇၀ အရွယ် မသန်စွမ်းအမျိုးသမီးတစ်ဦးဟာလည်း မပြေးနိုင်ဘဲ နေအိမ်မှာ ကျန်ရစ်ခဲ့စဥ် ဘေးအိမ်ရဲ့ လောင်ကျွမ်းနေတဲ့ မီးအရှိန်ကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ ချောင်းရိုးရွာက လူငယ် […]
ရွှေဘို – ၂၀၂၂ မတ် ၁၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်၊ ဆိပ်ခွန်ကျေးရွာမှာ အာဏာသိမ်းစစ်တပ်က လူငယ်သုံးဦးသတ်ဖြတ်သွားကြောင်း ဒေသခံက ပြောပါတယ်။ မနေ့ညက ရွှေဘိုမြို အနောက်ပိုင်းမှာရှိတဲ့ ဆိပ်ခွန်ကျေးရွာမှာ ဆိပ်ခွန်မှာ လာရောက် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ လူငယ် ၃ဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ အာဏာသိမ်းစစ်တပ်က ပြည်သူ ကိုးယောက်ကို ဖမ်းဆီးခဲ့ပြီး ၆ ယောက်ကို ပြန်လွှတ်လိုက်ကာ ကျန်တဲ့ လူငယ်သုံးဦးကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။ ပါးစပ်တွေကို အဝတ်နဲ့စည်းပြီး ဦးခေါင်းတွေကို သေနတ်နဲ့ပစ်သတ်ထားတာပါ။ အသတ်ခံရသူတွေဟာ အသက်နှစ်ဆယ်မပြည့်သေးတဲ့ လူငယ်တွေဖြစ်ပြီး ဆိပ်ခွန်ကျေးရွာ နဲ့ ထန်းစင်ကျေးရွာအကြား ဆိပ်ခွန်-သီးလုံး (သလုံး) မူးဘောင်မှာ ပစ်သတ်ထားခဲ့ကြောင်း ဒေသခံက ပြောပါတယ်။ “ပစ်သတ်ခံရတာ ဆိပ်ခွန်ရွာကတော့ […]
ကလေး – ၂၀၂၂ မတ် ၁၃ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်ဟာ သပိတ်စတင်ကတည်းက ခုချိန်ထိ ရပ်နားခြင်းမရှိသေးဘဲ ဒီကနေ့ဆို ရက်ပါင်း ၃၉၉ ရက်တိုင်ရှိလာခဲ့ပါပြီ။ အာဏာသိမ်းစစ်တပ်ရဲ့ စောင့်ကြည့်ရှာဖွေမှုတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေရှိနေပေမယ့် ပင်မသပိတ်ကတော့ ရတဲ့နည်းနဲ့ သပိတ်တိုက်ပွဲကို ဆက်လက်ပြုလုပ်နေပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းက မြို့နယ်အများစုကို အင်တာနက်ဖြတ်တောက်ထားတဲ့အပြင် ရွာတွေကို မီးရှို့တာ၊ အရပ်သားပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို နေ့စဉ် ပြုလုပ်နေပါတယ်။ ဓါတ်ပုံ – CJ #Dailynews
ကလေး – ၂၀၂၂ မတ် ၁၂ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့မှာ လမ်းမပေါ်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ပျက်ရက်မရှိဘဲ သပိတ်တော်လှန်ရေးနဲ့ ဆက်တိုက် ဆန္ဒထုတ်ဖော်နေတဲ့ ကလေးမြို့သပိတ်ဟာ ဒီကနေ့နဲ့ဆို ရက်ပေါင်း ၃၉၈ ရက်ရှိလာပါပြီ။ ဓါတ်ပုံ – CJ #Dailynews
စစ်ကိုင်း – ၂၀၂၂ မတ် ၁၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)မှာ CDM ပြုလုပ်ထားတဲ့ ဝန်ထမ်းတွေကို လိုင်းခန်းတွေကနေ အာဏာသိမ်းစစ်တပ်က နှင်ထုတ်လိုက်တာကြောင့် နေစရာအခက်အခဲတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)က CDM လုပ်ထားတဲ့ဝန်ထမ်းတွေကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၀ရက်နေ့နောက်ဆုံးထားပြီး ထွက်ခွာဖို့ နှိပ်ကွပ်ခဲ့တာပါ။ မနေ့ကတော့ အာဏာသိမ်းစစ်တပ်ဟာ CDM ပြုလုပ်ထားတဲ့ ဝန်ထမ်းတွေရဲ့နေအိမ်၊ လိုင်းခန်း၊ အိမ်ခန်းတွေကို သော့ခတ်သွားကြောင်း ဒေသခံက ပြောပါတယ်။ “တချို့တွေဆို အပြင်မှာနေစရာလုံးဝမရှိဘူး။ တော်တော်ဒုက္ခရောက်နေတယ်” လို့ စစ်ကိုင်းဒေသခံတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ CDM ပြုလုပ်ထားတဲ့ ရွာထောင်ဒီဇယ်မီးရထားဝန်ထမ်းတွေကို ဖိအားတွေအမျိုးမျိုးပေးခဲ့ပေမယ့် ဝန်ထမ်းတွေဟာ CDMဆက်လက်ပြုလုပ်ခဲ့ကြပြီး စစ်ကောင်စီက နှင်ချချိန်မှာတော့ နေစရာအခက်အခဲတွေကြုံတွေ့နေရတယ်လို့ နီးစပ်သူတွေက […]
ဖားကန့် – ၂၀၂၂ မတ် ၁၂ (မော်ကွန်း) အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့က သပိတ်ပေါင်းစုံဟာ ဒီကနေ့မှာ လမ်းပေါ်တက်ကာ ဆန္ဒပြကြပါတယ်။ အာဏာသိမ်းစစ်တပ်က ဖားကန့်မြို့ကို အင်တာနက်ဖြတ်တောက်ထားတာ ခုနှစ်လနီးပါးရှိလာပါပြီ။ ဓါတ်ပုံ – CJ #Dailynews
ကလေး – ၂၀၂၂ မတ် ၁၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး သပိတ် ၃၉၇ ရက်မြောက်နေ့ မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews
ဖားကန့် – ၂၀၂၂ မတ် ၁၁ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားတာ ခုနှစ်လနီးပါးရှိလာပေမယ့် မြို့ခံပြည်သူလူထုရဲ့ စစ်အာဏာရှင်တော်လှန်ရေးသပိတ်တွေကတော့ ရပ်နားခြင်းမရှိဘဲ လမ်းပေါ်ထွက် ဆန္ဒပြနေပါတယ်။ ဒီကနေ့မှာလည်း ဖားကန့်မြို့သပိတ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်တော်လှန်ရေးတပ်ဖွဲ့တွေကို ကြိုဆိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓါတ်ပုံ – CJ #Dailynews
မန္တလေး – ၂၀၂၂ မတ် ၁၁ (မော်ကွန်း) မန္တလေးမြိုမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကို ဝန်းရံကြဖို့ သံဃာတော်တွေနဲ့ ပြည်သူတွေ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ ဒီကနေ့ မနက်ပိုင်းက မန္တလေးမြိုတွင်း လမ်းမတစ်ခုမှာ သံဃာတော်တွေနဲ့အတူ မဟာအောင်မြေစုပေါင်းသပိတ်စစ်ကြောင်းဟာ အာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြတာပါ။ “စစ်ခွေးသင်္ချိုင်းစစ်ကိုင်းတိုင်း၊ လူထုတစ်ရပ်လုံးဝန်းရံကြ”၊ “ဓာတုလက်နက်တွေပါ သုံးနေရင်တော့ဗမာစစ်တပ်ထက် အောက်တန်းကျတာမရှိတော့ဘူး။”၊ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီစစ်ကိုင်းတိုင်းကိုဝန်းရံကြ” စတဲ့ စာသားတွေကိုင်ဆောင်ကြွေးကြော်ရင်း ဆန္ဒပြခဲ့ကြပါတယ်။ မန္တလေးမြိုမှာ အာဏာသိမ်းစစ်တပ်က ပိုက်စိပ်တိုက်လှည့်လည်စစ်ဆေးဖမ်းဆီးမှုတွေ ရှိနေပေမယ့် မြေပြင်သပိတ်တွေကလည်း ရတဲ့နေရာမှာရတဲ့နည်းနဲ့ ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။ ဓါတ်ပုံ-Poison #Dailynews
ဖားကန့် – ၂၀၂၂ မတ် ၁၀ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားတာ ခုနှစ်လနီးပါးရှိလာပေမယ့် မြို့ခံပြည်သူလူထုရဲ့ သပိတ်စစ်ကြောင်းတွေကတော့ အင်အားကောင်းကောင်းနဲ့ လမ်းပေါ်ချီတက် ဆန္ဒပြနေဆဲပါ။ အာဏာသိမ်းစစ်တပ်ဟာ ဖားကန့်မြို့အပြင် စစ်ကိုင်းတိုင်းထဲက မြို့နယ်အများစုကိုပါ အင်တာနက် ထပ်မံဖြတ်တောက်ထားပါတယ်။ ဓါတ်ပုံ – CJ #Dailynews
ကလေး – ၂၀၂၂ မတ် ၁၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ဟာ ဒီကနေ့မှာ လမ်းမပေါ်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ ဆက်တိုက် လမ်းပေါ်ချီတက်ဆန္ဒပြနေတာ ၃၉၆ ရက်ရှိလာပါပြီ။ ဓါတ်ပုံ – CJ #Dailynews
ယင်းမာပင် – ၂၀၂၂ မတ် ၁၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၁၂ ဦးအထိ သေဆုံးခဲ့ပြီးမီးရှို့ခံထားရတဲ့အလောင်းတွေ တွေ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ ယင်းမာပင်မြို့နယ် လက်ပံတောရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ မတ်လ ၈ ရက်နေ့က လက်နက်ကြီးများနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ မနေ့ကအထိ သေဆုံးသူ ၁၂ ဦးရှိနေပြီဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။ သေဆုံးသူတွေဟာ လက်ပံတောရွာနဲ့ ကန်သာရွာက အသက် ၅ နှစ်နဲ့ ၈ နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၆၁ နှစ်မှ ၉၃ နှစ်အရွယ်အထိ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."