သတင်းများ

၃၈၄ ရက်မြောက် ကလေးမြို့ပင်မသပိတ်

February 26, 2022

ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၂၆ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ၃၈၄ ရက်မြောက် လမ်းမပေါ်ချီတက် ဆန္ဒပြတဲ့ မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

သံပုံးတီးပြီး လမ်းပေါ်တက်တဲ့ ဖားကန့်သပိတ်

February 26, 2022

ဖားကန့် – ၂၀၂၂ ဖေဖော်ဝါရီ ၂၆ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့ ပြည်သူတွေဟာ ဒီကနေ့မှာ စစ်အာဏာရှင်ကို သံပုံးတီးပြီး လမ်းပေါ်တက်ကာ ဆန္ဒပြခဲ့ကြပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဖားကန့်မြို့ကို အင်တာနက်ဖြတ်တောက်ပြီး သတင်းအမှောင်ချဖို့ ကြိုးစားနေတာ ခြောက်လာကျော်လာပါပြီ။ အင်တာနက်မရရှိပေမယ့်လည်း ဖားကန့်ပြည်သူ့သပိတ်တွေဟာ နေ့စဉ်လမ်းပေါ်တက်နေဆဲပါ။ ဒီကနေ့မှာလည်း သပိတ်ဟာ နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံအားပေးကြောင်း ကြွေးကြော်ကာ လှည့်ပတ်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

CDM ဆရာမတစ်ဦးအိမ်ကို အာဏာသိမ်းစစ်တပ်က ဝင်ဖျက်ဆီးကာ လွတ်အောင်ပြေးဟုခြိမ်းခြောက်စာရေးပြီး ပစ္စည်းများ ခိုးယူသွား

February 26, 2022

မုံရွာ – ၂၀၂၂ ဖေဖော်ဝါရီ ၂၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အာဏာဖီဆန် CDM ပြုလုပ်ထားတဲ့ ဆရာမတစ်ဦးရဲ့နေအိမ်ကို အာဏာသိမ်းစစ်တပ်အဖွဲ့တွေ ဝင်ရောက်ဖျက်ဆီးခဲ့ကြပြီး တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူသွားကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။ မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာက CDM ပြုလုပ်ထားတဲ့ ဆရာမရဲ့နေအိမ်က ပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးထားပြီး ရေခဲသေတ္တာနဲ့ တီဗီတွေကိုတော့ အာဏာသိမ်းစစ်တပ်က ခိုးယူသွားတယ်လို့ ဒေသခံကဆိုပါတယ်။ နေအိမ်က မိသားစုတွေကတော့ ကြိုတင်ရှောင်ရှားနိုင်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ရန်လို၊ နှိပ်စက်မှုတွေကို မခံခဲ့ရဘူးလို့ ဆိုပါတယ်။ နေအိမ်ကိုဖျက်ဆီးအပြီးမှာလည်း “CDM လွတ်အောင်ပြေး၊ ပြေးစရာ မြေမရှိ” စတဲ့ ခြိမ်းခြောက်စာတွေကို အာဏာသိမ်းစစ်တပ်အဖွဲ့က ရေးသားထားခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဆရာမနေအိမ်ဖျက်ဆီးပြီးအပြန် ညောင်ပင်ဇောက်ကျောက်ပေါက်အနီးက တဲအိမ်နှစ်လုံးကိုလည်း ထပ်မံမီးရှိ့သွားပြီး ဘုံဆိုင်၊ ဆိုင်ရှင်ကိုလည်း ဖမ်းဆီးသွားတယ်လို့ […]

အပြည့်အစုံဖတ်ရန်

နှမစားရစ်ရွာမှာ အာဏာသိမ်းစစ်တပ်က သက်ကြီးရွယ်အိုတွေကိုပါ မီးရှို့သတ်ခဲ့

February 26, 2022

ရွှေဘို – ၂၀၂၂ ဖေဖော်ဝါရီ ၂၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာကို မီးရှို့ရုံတင်မကဘဲ သက်ကြီးရွယ်အို ခြောက်ဦးကိုပါ မီးရှို့သတ်ခဲ့ကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။ သက်ကြီးရွယ်အိုတွေအပြင် ရွာခံ နှစ်ဦးကိုလည်း ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ မနေ့မနက်က သီးလုံးကျေးရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့တွေဟာ နှမစားရစ်ကိုရောက်လာပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အို ခြောက်ဦးဟာ အာဏာသိမ်းစစ်တပ်မီးရှို့တဲ့အထဲ ပါသွားခဲ့ပါတယ်။ ပစ်သတ်ခံရတဲ့ ရွာခံနှစ်ဦးအပြင် လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။ လတ်တလောမှာ သေဆုံးသူ ကိုးဦးရှိထားပေမယ့် အတိအကျမဟုတ်သေးဘဲ ဒီထက် အရေအတွက်ပိုနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နှမစားရစ်ကျေးရွာဟာ အိမ်ခြေ ၆၀၀ ကျော်ရှိပြီး မီးလောင်သွားတာ အိမ်ခြေ ၄၀၀ ကျော်ရှိကြောင်း၊ […]

အပြည့်အစုံဖတ်ရန်

ကျဆုံးပြည်သူများအတွက် ကလေးမြို့က ဆုတောင်းညသပိတ်

February 25, 2022

ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၂၅ (မော်ကွန်း) နွေဦးတော်လှန်ရေးမှာ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ ကျဆုံးခဲ့ရသူတွေဟာ ဒီကနေ့ထိ အနည်းဆုံး ၁၅၈၂ ဦး ရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က တွက်ချက်ထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့သပိတ်အင်အားစုက ဒီကျဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေအတွက် ဆုတောင်းပေးရင်း ညသပိတ်ကို ဒီကနေ့ပြုလုပ်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ရွှေဘို၊ နှမစားရစ်ရွာကို အာဏာသိမ်းစစ်တပ် မီးရှို့၊အမျိုးသမီးတစ်ဦး လက်နက်ကြီးမှန်ကာ သေဆုံး

February 25, 2022

ရွှေဘို – ၂၀၂၂ ဖေဖော်ဝါရီ ၂၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာကို အာဏာသိမ်းစစ်တပ်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့လို့ နယ်ခံအမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း ဒေသခံက ပြောပါတယ်။ ဒီကနေ့ မနက် ၅:၀၀ နာရီ၀န်းကျင်က ရွှေဘိုမြို့နယ် သီလုံးကျေးရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ နှမစားရစ်ကျေးရွာကို ဦးတည်ရောက်ရှိလာခဲ့ပြီး ကျေးရွာအတွင်းမဝင်ရောက်မီ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ရွာခံ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ ရွာထဲက နေအိမ်တွေကိုလည်း မီးတင်ရှို့နေပြီး ရွာရှိလူကုန်ထွက်ပြေးနေရတဲ့အတွက် ပျက်စီးဆုံးရှုံးမှုအခြေအနေ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မနေ့က ညပိုင်းမှာ ရွှေဘိုမြို့နယ်က ငါးပိအိုးကျေးရွာနဲ့ ဂွေးပင်ကုန်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေတော်တော်များများပျက်စီးသွားကြောင်း၊ လူဦးရေထောင်ချီရှိတဲ့ ရွာခံပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံက ပြောပါတယ်။ ရွှေဘိုမြို့နယ် […]

အပြည့်အစုံဖတ်ရန်

၃၈၃ ရက်မြောက် ကလေးမြို့ ပင်မသပိတ် လမ်းမပေါ်ချီတက်ဆန္ဒပြ

February 25, 2022

ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၂၅ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ၃၈၃ ရက်မြောက် လမ်းပေါ်ချီတက် ဆန္ဒပြတဲ့ ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ဒီပဲယင်းနဲ့တန့်ဆည်အစပ်ကရွာတွေကို အာဏာသိမ်းစစ်တပ် ဝင်ရောက်ဖျက်ဆီးကာ လူသတ်နေ

February 24, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ ဖေဖော်ဝါရီ ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြိုနယ်နဲ့ တန့်ဆည်မြိုနယ်အစပ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်ဖျက်ဆီးနေပြီး ပြည်သူတွေလည်းထွက်ပြေးတိမ်းရှောင်နေရကာ နယ်ခံတစ်ဦးကိုလည်း ပစ်သတ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နံနက်အစောပိုင်းက ဒီပဲယင်းမြိုနယ် ဂွေးပင်ကုန်းကျေးရွာကို စိုင်ပြင်တိုက်နယ်မှာတပ်စွဲထားတဲ့ အင်အား (၃၀) ခန့်ပါတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ရောက်လာခဲ့ပြီး ကျေးရွာအတွင်း နေအိမ်အချိုကို ဖျက်ဆီးခဲ့ပါတယ်။ အဲဒီနောက် ကျေးရွာဒေသခံ သုံးဦးကို ဖမ်းဆီးသွားခဲ့ကြပြီး မွန်းလွဲပိုင်းမှာတော့ စိုင်ပြင် မီးသတ်ရုံအနီးမှာ ဖမ်းဆီးခေါ်ဆောင်သွားသူ သုံးဦးထဲက တစ်ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းအားထားပစ်ခဲ့ကြောင်း ဒေသခံက ပြောပါတယ်။ ဒါအပြင် ကျေးရွာပြည်သူတွေရဲ့ စပါးအိတ်တွေနဲ့ ဆိုင်ကယ်တွေကိုလည်း မီးရှိဖျက်ဆီးခဲ့ကြတယ်လို ဒေသခံတွေက ပြောပါတယ်။ တန့်ဆည်မြိုနယ်အတွင်းက ကျေးရွာတွေကိုလည်း အာဏာသိမ်းစစ်တပ်က ဝင်ရောက်မွှေနှောက်ဖျက်ဆီးနေပြီး […]

အပြည့်အစုံဖတ်ရန်

၃၈၂ ရက်မြောက် ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ် ယနေ့မြင်ကွင်း

February 24, 2022

ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၂၄ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ လမ်းမပေါ်ချီတက်ဆန္ဒပြတဲ့ ဒီကနေ့ မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“ပြန်လည်စုရုံး နှစ်ခြောက်လုံး၊ ကျေးလက်ပုန်ကန် မြို့ပြဖီဆန်” ကလေးမြို့ ပင်မသပိတ် ၃၈၁ ရက်မြောက်နေ့မြင်ကွင်း

February 23, 2022

ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၂၃ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးကလေးမြို့ပင်မသပိတ်ရဲ့ ရက်ပေါင်း ၃၈၁ ရက်မြောက် ဆန္ဒပြတဲ့ ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“ဝဋ်ကြွေးလို့ထင်ပြီး မတော်လှန်ရင် မျိုးဆက်သစ်တွေ လူညွန့်တုံးကြလိမ့်မယ်”ဆိုတဲ့ ကလေးမြို့ ပင်မသပိတ် ယနေ့မြင်ကွင်း

February 22, 2022

ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၂၂ (မော်ကွန်း) ရပ်နားခြင်းမရှိတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ရဲ့ ရက်ပေါင်း ၃၈၀ မြောက် ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ခြောက်လကျော်ကြာ အင်တာနက်ဖြတ်တောက်ခံထားရဆဲ ဖားကန့်မြို့က တော်လှန်ရေးသပိတ်စစ်ကြောင်းများ

February 22, 2022

ဖားကန့် – ၂၀၂၂ ဖေဖော်ဝါရီ ၂၂ (မော်ကွန်း) အာဏာသိမ်းစစ်တပ်က ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အင်တာနက်ဖြတ်တောက်ကာ သတင်းအမှောင်ချထားတာဟာ ခြောက်လကျော်ကြာမြင့်လာပါပြီ။ ဒီလို ဖြတ်တောက်ထားပေမယ့်လည်း မြို့ခံပြည်သူလူထုရဲ့ စစ်အာဏာရှင်အပေါ် တိုက်ထုတ် တွန်းလှန်တဲ့ သပိတ်စစ်ကြောင်းတွေကတော့ လမ်းပေါ်တက် ဆန္ဒပြနေဆဲပါ။ ဒီကနေ့မှာလည်း ဖားကန့်မြို့က ဘာသာ၊ လူမျိုးပေါင်းစုံ သပိတ်စစ်ကြောင်းဟာ လှည့်လည်ချီတက်ဆန္ဒပြခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် စစ်အာဏာရှင်ကို တိုက်ထုတ်တော်လှန်နေတဲ့ တပ်ဖွဲ့တွေကို ထောက်ခံကြိုဆိုကြောင်း ပြသခဲ့ကြပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 195 196 197 198 199 200 201 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."