ကလေး – ၂၀၂၂ မတ် ၉ (မော်ကွန်း)
စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်ရဲ့ ပျက်ရက်မရှိဘဲ လမ်းမပေါ် ချီတက်ဆန္ဒပြတဲ့ ၃၉၅ ရက်မြောက် ဒီကနေ့ မြင်ကွင်းဖြစ်ပါတယ်။
အာဏာစသိမ်းစဉ်ကတည်းက ခုချိန်ထိ အာဏာမရသေးတဲ့ စစ်တပ်ဟာ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ် စတဲ့နေရာတွေမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ပြည်သူတွေရဲ့ နေအိမ်တွေကို နေ့စဉ်မီးရှို့ဖျက်ဆီးတာ၊ တန်ဖိုးရှိပစ္စည်းတွေကို လုယက်ခိုးယူတာတွေအပြင် ဒေသခံတွေကိုလည်း သတ်ဖြတ်နေပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ဒီကနေ့ နောက်ဆုံး တွက်ချက်ထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်တပ် သတ်ဖြတ်လို့ ကျဆုံးခဲ့တဲ့ပြည်သူဟာ အနည်းဆုံး ၁၆၄၀ ဦးရှိလာပါပြီ။
ဓါတ်ပုံ – CJ
#Dailynews

