စစ်ကိုင်းတိုင်း – ၂၀၂၂ ဖေဖော်ဝါရီ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင်နေရတဲ့ကျေးရွာတွေက နေအိမ်တွေကို အုပ်စုဖွဲ ဝင်ရောက် ဖောက်ထွင်းခိုးယူမှုတွေ ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။ စစ်ကိုင်းတိုင်းထဲက ကျေးရွာတချို့ဟာ အာဏာသိမ်းစစ်တပ်ရဲ့ ဝင်ရောက် ပစ်ခတ်မီးရှို့မှုတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေး ပုန်းရှောင်နေကြရပါတယ်။ အသက်အန္တရာယ်ကင်းအောင် အာဏာသိမ်းစစ်တပ်နဲ့ဝေးရာ ဒီလို ထွက်ပြေးနေရပေမယ့်လည်း ရွာမှာကျန်ခဲ့တဲ့ အိုးအိမ်စည်းစိမ်တွေကို အုပ်စုဖွဲ့ခိုးယူမှုတွေ ထပ်မံရင်ဆိုင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြိုနယ်မှာ စစ်ဘေးအန္တရာယ်ရှောင်ရှားနေကြရတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ပြီးအုပ်စုဖွဲခိုးယူနေတယ်လို့ ဒေသခံကပြောပါတယ်။ ဒီအဖွဲ့တွေရဲ့အကြောင်းနဲ့ ခိုးရာပါပစ္စည်းတွေကို လက်ခံဝယ်ယူနေတဲ့သူတွေကို သိရှိထားပြီးပြီဖြစ်လို့ အရေးယူဖို့ လုပ်ဆောင်နေကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ (ပင်လည်ဘူးမြိုနယ်)က သတိပေးပါတယ်။ အုပ်စုဖွဲခိုးယူသူတွေဟာ အကြမ်းဖက် အာဏာသိမ်းစစ်တပ်လက်အောက်ခံအဖွဲ့တွေနဲ့ ပတ်သက်ဆက်နွယ်နေပြီး ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ(ပင်လည်ဘူးမြို့နယ်)က […]
ကနီ – ၂၀၂၂ ဖေဖော်ဝါရီ ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချိုင်ရွာက စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦး အာဏာသိမ်းစစ်တပ်က ပစ်သတ်ခဲ့ပြီး အိုင်တောင်ကျေးရွာကိုလည်း ဝင်ရောက်ဖျက်ဆီးမီးရှို့သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့ညနေကစပြီး ကနီမြို့နယ် အိုင်တောင်ရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး ရွာနေပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အာဏာသိမ်းစစ်တပ်က ရွာထဲမှာတပ်စွဲထားတာကြောင့် ဝင်ရောက်ငြှိမ်းသတ်ဖို့ အခက်အခဲရှိခဲ့ပြီး နေအိမ် ၁၄ လုံးအား မီးရှို့ ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်ဟာ ချင်းတွင်းမြစ်တစ်ဖက်ကမ်း ဘုတလင်မြို့နယ်ဘက်ကနေ ကနီမြို့နယ်၊ ချိုင်ရွာကို ကူးသန်းလာခဲ့ပါတယ်။ အဆိုပါကျေးရွာက အသက် ၃၅ အရွယ် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးဟာ ရွာထဲကျန်နေခဲ့ပြီး အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကာ မနေ့က […]
ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၂၁ (မော်ကွန်း) ပျက်ရက်မရှိဘဲ နေ့စဉ်ချီတက်ဆန္ဒပြနေတဲ့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ၃၇၉ ရက်မြောက် ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ဖားကန့် – ၂၀၂၂ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း) အာဏာသိမ်းစစ်တပ်က ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အင်တာနက်ဖြတ်တောက်ကာ သတင်းအမှောင်ချဖို့ကြိုးစားနေပေမယ့် မြို့ခံပြည်သူ့သပိတ်ကတော့ အင်အားကောင်းကောင်းနဲ့ ချီတက်နေတဲ့ ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ပျက်ရက်မရှိ လမ်းမပေါ်ချီတက်ဆန္ဒပြတဲ့ ၃၇၈ ရက်မြောက် ဒီကနေ့ မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews
မန္တလေး – ၂၀၂၂ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ခန့် ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်ခံရတဲ့သူဟာ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၇ (ဒီ)လမ်း၊ ၁၁၉လမ်းနဲ့ ၁၂၀ လမ်းကြား၊ (ဂ)ရပ်ကွက်မှာနေထိုင်တဲ့ ရာအိမ်မှူး ထွန်းဝေဆိုသူဖြစ်ပါတယ်။ ဒီကနေ့ မနက် ၁၀:၄၀ လောက်က သူ့ နေအိမ်ရှေ့မှာထိုင်နေချိန် ဆိုင်ကယ်တစ်စီးပေါ်ကနေ ပစ်ခတ်သွားလို့ သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။ တစ်ချက်ပစ်ခတ်ခံရပြီး ဝမ်းဗိုက်ဝဲဘက်ခြမ်း ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့ကာ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။ ပြည်ကြီးတံခွန်မြို့နယ်ထဲက မြို့ပြင်အစွန်အဖျားရပ်ကွက်တွေမှာ ဧည့်စာရင်းစစ်ဆေးမှုတွေ ခပ်စိပ်စိပ်ပြုလုပ်နေတယ်လို့ မြို့သစ်ပိုင်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက် ညနေပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ် […]
မင်းကင်း – ၂၀၂၂ ဖေဖော်ဝါရီ ၁၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်က မုဿာနဲ့ မောက်တက်ကျေးရွာတွေမှာ အာဏာသိမ်းစစ်တပ် မီးရှို့ခဲ့လို့ အိမ်ခြေပေါင်း ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး အကူအညီတွေလိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ “လောလောဆယ် ရိက္ခာနဲ့အလှူငွေ ရသလောက်လိုအပ်နေပါတယ်။အိမ်တော်တော်များများမီးလောင်ကုန်တဲ့အတွက် အကုန်အခက်အခဲဖြစ်နေတယ်ဗျ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ပန်းဆက်ရွာနဲ့ တောင်ဖြူရွာတွေက ပျူစောထီးတွေနဲ့ပေါင်းပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက် ၃:၀၀ နာရီခန့်က မင်းကင်းမြို့နယ်၊ မုဿာရွာနဲ့ မောက်တက်ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီး မီးရှို့ခဲ့တာပါ။ မုဿာကျေးရွာက အိမ်ခြေ ၂၀၀ ကျော်ခန့်နဲ့မောက်တက်ကျေးရွာက ဘုန်းကြီးကျောင်းတစ်ကျောင်းအပါအ၀င် အိမ်ခြေ ၁၂၀ ကျော် မီးလောင်ကျွမ်း ပျက်စီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။ ရွာသူရွာသားများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ရွာသား […]
ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၁၉ (မော်ကွန်း) မိုးဗြဲနဲ့ခင်ဦးမြို့တွေအပါအဝင် တစ်နိုင်ငံလုံးက ကျဆုံးတဲ့ တော်လှန်ရေးသူရဲကောင်းတွေအတွက် ကလေးမြို့ပင်မသပိတ်က ဒီကနေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်ခဲ့ပါတယ်။ ပျက်ရက်မရှိတဲ့ ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့ဆို ၃၇၇ ရက်မြောက်ရှိလာပါပြီ။ ဓာတ်ပုံ -CJ #Dailynews
ဖားကန့် – ၂၀၂၂ ဖေဖော်ဝါရီ ၁၈ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တိုက်ထုတ်ရေး ဖားကန့်မြို့ပင်မသပိတ်ရဲ့ ဒီကနေ့မြင်ကွင်းတွေပါ။ အာဏာသိမ်းစစ်တပ်ဟာ ဖားကန့်ကို အင်တာနက်ဖြတ်တောက်ပြီး သတင်းအမှောင်ချထားတာ ခြောက်လနီးပါးရှိလာပါပြီ။ ဓာတ်ပုံ – CJ #Dailynews
ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၁၈ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ပျက်ရက်မရှိဘဲ လမ်းမပေါ်ချီတက် ဆန္ဒပြတဲ့ ၃၇၆ ရက်မြောက် ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၁၇ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ ပင်မသပိတ်ရဲ့ ဒီကနေ့ မြင်ကွင်းဖြစ်ပါတယ်။ ကလေးမြို့သပိတ်ဟာ ပျက်ရက်မရှိဘဲ နေ့စဉ်လမ်းပေါ်ချီတက်ဆန္ဒထုတ်ဖော်လာတာဟာ ၃၇၅ ရက်ရှိလာပါပြီ။ ဓာတ်ပုံ – CJ
ဂန့်ဂေါ – ၂၀၂၂ ဖေဖော်ဝါရီ ၁၇ (မော်ကွန်း) မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံအဖွဲ့တွေရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို တင်သွင်း၊သယ်ယူ၊ရောင်းချပါက ထိရောက်စွာ အရေးယူမယ်လို့ ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးပါတယ်။ ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တားမြစ်ထုတ်ကုန်များနဲ့ ပတ်သက်တဲ့ သတိပေးကြေညာချက်တစ်စောင် ဒီကနေ့ ထုတ်ပြန်ပါတယ်။ သတိပေးထားတဲ့ ကုန်ပစ္စည်းတွေထဲမှာ Army Rum, Andaman Gold Blue, Andaman Gold Special, Black Shield Stout,Mandalay Beer, Myanmar Beer, Myanmar Premium Beer, Dagon Extra Strong Beer, Dagon Fresh Lemon Sparkling, Dagon Fresh Soda, Dagon Gin, […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."