သတင်းများ

ရွာထဲမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်မှာစိုးလို့ အုပ်ချုပ်ရေးမှူးနဲ့ရွာသားတွေကအလှည့်ကျ ကင်းပြန်စောင့်ပေးနေရ

March 21, 2022

မြင်းခြံ – ၂၀၂၂ မတ် ၂၁ (မော်ကွန်း) မန္တလေးတိုင်း၊ မြင်းခြံမြိုနယ်၊ ကိုင်း(မ)ရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ ညပိုင်းမှာ PDF တွေလာရောက်တိုက်ခိုက်မှာစိုးရိမ်တာကြောင့် သူတို့ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးကပါ သွားစောင့်အိပ်ပေးနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မြင်းခြံမြိုနယ်ကိုင်း(မ)ရွာ စာသင်ကျောင်းမှာ လချီကြာနေပြီဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းက ကိုင်း(မ)ရွာအနီးက ဆီမီးခုံဆိပ်ကမ်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်တာခံရတဲ့နောက်ပိုင်း ရွာသားခြောက်ယောက်ကို နေ့စဉ် အလှည့်ကျ စောင့်အိပ်ခိုင်းခဲ့တဲ့အပြင် အုပ်ချုပ်ရေးမှူးလည်း ညတိုင်းသွားစောင့်အိပ်ပေးနေရကြောင်း ဒေသခံက ပြောပါတယ်။ “စစ်သားတွေက ကျောင်းစာသင်ခန်းထဲမှာ ဝင်အိပ်ပြီး အလှည့်ကျလာစောင့်ပေးရတဲ့ရွာသားတွေကိုတော့ ကျောင်းရှေ့အလံတိုင်မှာ အိပ်စောင့်ခိုင်းပါတယ်။ မတ်လ၂၇ရက်နေ့မှာ ဦးတင်မြင့်နဲ့ဆယ်အိမ်ခေါင်းတွေပါ တပ်စွဲတဲ့စာသင်ကျောင်းထဲလာအိပ်ကြဖို ပြောနေပါတယ်”လို့ နယ်ခံတစ်ဦးက ပြောပါတယ်။ ကိုင်း(မ)ရွာမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ၂၉ရက်နေ့က အရက်ဆိုင်မှာ လူစုလူဝေးလုပ်တယ်ဆိုပြီး အာဏာသိမ်းစစ်တပ်က […]

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်တပ်နဲ့တွေ့ဖို့လာမယ့် အာဆီယံကိုယ်စားလှယ်ခရီးစဉ်ကို ကလေးမြို့သပိတ် ကန့်ကွက်ရှုတ်ချကြောင်းပြသ

March 20, 2022

ကလေး – ၂၀၂၂ မတ် ၂၀ (မော်ကွန်း) တိုင်းပြည်ကို အာဏာသိမ်းပြီး ပြည်သူတွေကိုသတ်ဖြတ်၊ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်နဲ့ တွေ့ဆုံဖို့ ရောက်လာမယ့် အာဆီယံကိုယ်စားလှယ်ကို ကန့်ကွက်ရှုတ်ချကြောင်း ကလေးမြို့သပိတ်က ဒီကနေ့ ပြသခဲ့ကြပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ လမ်းပေါ်တက်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန် ဆန္ဒပြခဲ့တာ ဒီကနေ့ဆို ရက်ပေါင်း ၄၀၆ ရက်ရှိလာပြီဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

တရားဝင်အစိုးရ ခွင့်ပြုပေးခဲ့သည့်‌ မြေနီကုန်းတံတားရှိ နံရံဆေးရေးပန်းချီတွေကို ဖျက်ပစ်လို့ ပြင်သစ်သံရုံး ရှုတ်ချ

March 18, 2022

ရန်ကုန် – ၂၀၂၂ မတ် ၁၈ (မော်ကွန်း) ရန်ကုန်မြို့၊ မြေနီကုန်းတံတားမှာ‌ ရေးဆွဲထားတဲ့ နံရံဆေးရေးပန်းချီတွေဟာ ပြည်သူလူထုက ရွေးချယ်တင်မြောက်ထားတဲ့ တရားဝင်အစိုးကိုယ်တိုင်ခွင့်ပြုပေးခဲ့တာဖြစ်ပြီး အခုအချိန်မှာ ဖျက်ဆီးပစ်လိုက်တဲ့အပေါ် ပြင်သစ်သံရုံးအနေနဲ့ ရှုတ်ချကြောင်း ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီနံရံဆေးရေးပန်းချီဟာ ၂၀၁၆ ခုနှစ် ရန်ကုန်မြို့ မင်္ဂလာပ ယဉ်ကျေးမှုပွဲတော်အစီအစဉ် တစိတ်တပိုင်းအနေနဲ့ ရေးဆွဲခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးက ပံ့ပိုးပေးထားတာလို့ ဆိုပါတယ်။ အခုလို နံရံဆေးရေးပန်းချီတွေကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးလိုက်တဲ့အပေါ် သံရုံးအနေနဲ့ အံ့ဩရကြောင်းနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ အနုပညာထုတ်ဖော်ခွင့်တွေကို လေးစားလိုက်နာဖို့၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ ထည့်သွင်း ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အာဏာသိမ်းစစ်တပ်လက်အောက်ခံအဖွဲ့တွေက ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားမှာရှိတဲ့ နံရံဆေးရေးပန်းချီတွေကို လာရောက်ဖျက်ဆီးသွားခဲ့တာပါ။ ဓါတ်ပုံ – Supplied #Dailynews

အပြည့်အစုံဖတ်ရန်

အင်တာနက်ဖြတ်တောက်ခံထားရတဲ့ဖားကန့်မြို့မှာ သပိတ်တွေ လမ်းပေါ်တက်ဆန္ဒပြ

March 18, 2022

ဖားကန့် – ၂၀၂၂ မတ် ၁၈ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်စစ်ကြောင်းတွေဟာ ဒီကနေ့မှာ လမ်းပေါ်တက် ဆန္ဒပြခဲ့ကြပါတယ်။ ဖားကန့်ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားတာ ခုနှစ်လနီးပါးရှိလာပေမယ့်လည်း ပြည်သူလူထုကတော့ အင်အားကောင်းကောင်းနဲ့ ဆက်လက်ဆန္ဒပြနေဆဲပါ။ ဒီကနေ့မှာလည်း စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ခံကြိုဆိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ဝက်လက်မြို့က တောင်ကုန်းရွာကို အာဏာသိမ်းစစ်တပ်မီးရှို့လို့ နေအိမ် ၈၀ ကျော် မီးထဲပါသွားပြီး သက်ကြီးတစ်ဦး မီးလောင်သေဆုံး

March 18, 2022

ဝက်လက် -၂၀၂၂ မတ် ၁၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဝက်လက်မြိုနယ်က တောင်ကုန်းကျေးရွာကို အာဏာသိမ်းစစ်တပ် ဝင်ရောက်မီးရှိဖျက်ဆီးလို့ အိမ်ပေါင်း ၈၀ ကျော် မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး သက်ကြီးရွယ်အိုတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။ ယမန်နေ့ ည ၈းဝဝ နာရီဝန်းကျင်က ဝက်လက်မြိုနယ်၊တောင်ကုန်းကျေးရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်ဖျက်ဆီးမီးရှိခဲ့ခြင်းဖြစ်ပြီး ရွာထဲကျန်ခဲ့တဲ့ အဘိုးအိုတစ်ဦး မီးလောင်သေဆုံးခဲ့တာပါ။ “တောင်ကုန်းကျေးရွာက ဝက်လက်နယ်အရှေ့ပိုင်းမှာရှိတာပါ။ အိမ်တွေတော်တော်များများပါသွားတော့ တော်တော်ဒုက္ခရောက်ပြီး အကူအညီတွေလိုနေတယ်”လို့ ဝက်လက်နယ်ခံတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ မီးရှိဖျက်ဆီးမှုကြောင့် ရွာထဲက နွားလေးကောင်လည်း မီးလောင်သေဆုံးခဲ့ပြီး နေအိမ်တွေက လယ်ယာလုပ်ငန်းခွင်သုံး ပစ္စည်းတွေလည်း အများအပြား ပျက်စီးသွားခဲ့တယ်လို ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းအတွင်း နေရာတော်တော်များများကို အင်တာနက်ဖြတ်တောက်ပြီးနောက်ပိုင်း ရွှေဘိုခရိုင်အတွင်းကို စစ်ကြောင်းအသီးသီးနဲ့ဝင်ရောက်နေကာ ကျေးရွာတွေကိုမီးရှိတာ၊ ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေ၊ […]

အပြည့်အစုံဖတ်ရန်

“ထောင်ထဲမှာတော့သေနေပြီ၊မင်းတို့တွေကသွေးအေးတုန်းလား” ကလေးမြို့ပင်မသပိတ်

March 18, 2022

ကလေး – ၂၀၂၂ မတ် ၁၈ (မော်ကွန်း) အာဏာသိမ်းစစ်တပ်ရဲ့ ဖိနှိပ်စောင့်ကြည့်မှုတွေကြားမှာ ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ဟာ ရက်ပေါင်း ၄၀၄ ရက်​မြောက်ရှိလာပါပြီ။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“ထောင်ထဲမှာတော့သေနေပြီ၊မင်းတို့တွေကသွေးအေးတုန်းလား” ကလေးမြို့ ပင်မသပိတ်ရဲ့ ယနေ့မြင်ကွင်း

March 17, 2022

ကလေး – ၂၀၂၂ မတ် ၁၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်ရဲ့ ရက်ပေါင်း ၄၀၃ ရက်မြောက် ဒီကနေ့မှာ အကျဉ်းထောင်ထဲမှာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ ကျဆုံးရဲဘော်တွေအတွက် ဆုတောင်းအလေးပြုခဲ့ကြပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

နတ်ချောင်းနဲ့နတ်မြောင်းရွာတွေကို အာဏာသိမ်းစစ်တပ် မီးရှို့လို့ နေအိမ် ၇၀ ဝန်းကျင် ဆုံးရှုံးနိုင်

March 17, 2022

ကလေး – မတ် ၁၇ ၂၀၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း ၊ ကလေးမြို့က နတ်ချောင်းနဲ့နတ်မြောင်းရွာတွေကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်ပစ်ခတ် မီးရှို့လို့ နေအိမ် ၇၀ ဝန်းကျင် ပျက်စီးဆုံးရှုံးနိုင်ကြောင်း ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။ “ဒီနေ့မှာ ဝင်ကြည့်လို့ရတာဆိုတော့ အတိအကျမသိရသေးဘူး၊ ဒီကောင်တွေဝင်တာ လေးရက်လောက်ရှိပြီ။ ခုတော့ တောင်ဘက်က အောင်ချမ်းသာရွာကို ဒီကောင်တွေ မီးသွားရှို့နေတယ်” လို့ ဒေသခံကပြောပါတယ်။ နတ်ချောင်းနဲ့နတ်မြောင်းကို အာဏာသိမ်းစစ်တပ်တွေဟာ မတ် ၁၄ ရက်နေ့က ဝင်ရောက်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ ဒီကနေ့မှာတော့ အာဏာသိမ်းစစ်တပ်တွေဟာ တခြားရွာတွေကို မီးသွားရှို့နေချိန် မီးရှို့ခံရတဲ့ ကိုယ့်ရွာထဲက အိမ်တွေကို လိုက်စစ်ကြည့်ရာ နတ်ချောင်းနဲ့နတ်မြောင်းထိစပ်နေတဲ့နေရာမှာ နေအိမ် ၂၆ လုံးဝန်းကျင်၊ နတ်ချောင်းရွာမှာ အလုံး ၆၀ လောက်ထိရှိနိုင်ကြောင်း […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်က ရွာတွေကို အာဏာသိမ်းစစ်တပ် မီးရှို့

March 17, 2022

ယင်းမာပင် – ၂၀၂၂ မတ် ၁၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြိုနယ်၊ ဘန့်ဘွေးရွာနဲ့ ထန်းဇင်ရွာတွေကို အာဏာသိမ်းစစ်တပ်က ဝင်ရောက် မီးရှိဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့ မနက်ပိုင်းက အာဏာသိမ်းစစ်တပ်ဟာ ဘန့်ဘွေးရွာနဲ့ ထန်းဇင်ရွာက နေအိမ် ၁၆ လုံးကို မီးရှိဖျက်ဆီးခဲ့ပြီး အဆိုပါနေအိမ်တွေမှာ မွေးမြူထားတဲ့ နွား တွေ၊ဝက်တွေနဲ့ မြင်းတွေကိုလည်း သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ ဒါအပြင် ဆိုက်တွဲ တစ်စီး၊ နွားစာစင်းစက် ၊ မီးစက်၊ ဒိုင်နမို စတဲ့ပစ္စည်းတွေကိုပါ မီးရှိဖျက်ဆီးသွားကြောင်း ဒေသခံက ပြောပါတယ်။ “ပျက်စီးသွားတဲ့ ပစ္စည်းက မနည်းပါဘူး။ ပဲနှမ်း သနပ်ခါး၊ဆီးသီး စတဲ့ တောင်သူ လုပ်ရစုဆောင်းထားသမျှ ရုတ်ရုတ်သဲသဲထွက်ပြေးကြရတော့ ငွေကြေးက ယူမပြေးနိုင်ဘူးလေ”လို ဒေသခံတစ်ဦးက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ခင်ဦးမြို့နယ်မှာ တစ်ပတ်အတွင်း နေအိမ်များ တစ်ရာကျော် မီးရှိူ့ဖျက်ဆီးခံရကာ အကူအညီများလိုအပ်နေ

March 15, 2022

ခင်ဦး – ၂၀၂၂ မတ် ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာတွေမှာ အာဏာသိမ်းစစ်တပ်က တစ်ပတ်အတွင်း နေအိမ်တစ်ရာကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူသုံးဦးကိုလည်း သတ်ဖြတ်သွားကာ ထောင်ချီတဲ့ စစ်ရှောင်ပြည်သူတွေ အကူအညီလိုအပ်နေပါတယ်။ ခင်ဦးမြို့နယ်မှာ မတ်လ၅ရက်နေ့ကနေ ၁၃ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီတပ်တွေက အင်အား ၂၀၀ ခန့်နဲ့ ကျေးရွာတွေကို အကြမ်းဖက်ဝင်ရောက်ဖျက်ဆီးခဲ့လို့ ရွာပေါင်း၂၀ ဝန်းကျင်က ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံက ပြောပါတယ်။ ဒါန်းကုန်းကျေးရွာမှာ ၄၃အိမ်၊မှန်တောကျေးရွာမှာ ၃၈အိမ်၊ ကျွန်းလယ်ကျေးရွာမှာနှစ်အိမ်နဲ့ ယာစောင့်တဲ-ငါးလုံး၊ သက်ပေးကျေးရွာမှာ ၁၃အိမ် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ မူးသာကျေးရွာနဲ့ ​တာတိုင်ကျေးရွာတွေက ပြည်သူပိုင်နေအိမ်တွေကိုလည်း ဝင်ရောက်ဖျက်ဆီးမွှေနှောက်သွားခဲ့ကြောင်း၊ အာဏာသိမ်းစစ်တပ်ဟာ လမ်းမှာတွေ့တဲ့ နယ်ခံ အမျိုးသား သုံးဦးကို လမ်းပြခေါ်ဆောင်ပြီး လမ်းမှာ သတ်ဖြတ်ထားခဲ့ကြောင်း ဒေသခံက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

“နိုင်မယ်ထင်တဲ့ဘက်က မဝံ့မရဲ မရပ်ပါနှင့် မှန်တဲ့ ဘက်ကရဲဝဲ့ ပြတ်သားစွာ ရပ်ပါ” ကလေးမြို့ပင်မသပိတ် ယနေ့မြင်ကွင်း

March 15, 2022

ကလေး – ၂၀၂၂ မတ် ၁၅ (မော်ကွန်း) ရပ်နားခြင်းမရှိသေးတဲ့ ကလေးမြို့ပင်မသပိတ်ရဲ့ သပိတ်တိုက်ပွဲဟာ ဒီကနေ့ဆို ရက်ပေါင်း ၄၀၁ ရက်မြောက်ကို ရောက်ရှိလာပါပြီ။ အာဏာသိမ်းစစ်တပ်ရဲ့ ဖိနှိပ်စောင့်ကြည့်မှုတွေ၊အခက်အခဲတွေကြားက အောင်မြင်စွာနဲ့ လမ်းပေါ်ချီတက်နိုင်ခဲ့တယ်လို့ သပိတ်တာဝန်ရှိသူကဆိုပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ပြည်သူတွေအတွက် ကလေးမြို့က ဆုတောင်းသပိတ်

March 15, 2022

ကလေး – ၂၀၂၂ မတ် ၁၅ (မော်ကွန်း) နိုင်ငံတဝန်းမှာ နွေဦးတော်လှန်ရေးကာလအတွင်း အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ပြည်သူတွေ၊ ရဲဘော်တွေအတွက် ဝမ်းနည်းအောက်မေ့တဲ့အနေနဲ့ ဆုတောင်းသပိတ်ကို ကလေးမြို့ပင်မသပိတ်က ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နောက်ဆုံးထုတ်ပြန်တွက်ချက်မှုတွေအရ ကျဆုံးသူ ဦးရေဟာ ၁၇၀၀ နီးပါးရှိလာပါပြီ။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 191 192 193 194 195 196 197 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."