ကလေး – ၂၀၂၂ မတ် ၅ (မော်ကွန်း)
၃၉၁ ရက်မြောက် ကလေးမြို့ပင်မသပိတ်ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဆန္ဒပြတဲ့ ဒီကနေ့မြင်ကွင်းတွေဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အာဏာသိမ်းစစ်တပ်က ဖိနှိပ်၊ ရှာဖွေဖမ်းဆီး၊ ကန့်သတ်မှုတွေ လုပ်နေပေမယ့်လည်း ပင်မသပိတ်ကတော့ ပျက်ကွက်မှုမရှိဘဲ ချီတက်ဆန္ဒထုတ်ဖော်နေဆဲပါ။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းကို သိသိသာသာ ဖိနှိပ်ကာ ရွာတွေကို မီးရှို့တာတွေ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာတွေလည်း လုပ်ဆောင်နေပါတယ်။
ဒါအပြင် စစ်ကိုင်းတိုင်းက မြို့နယ်အများစုကို မနေ့ကစလို့ အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်လိုက်ပါတယ်။
အင်တာနက်ဖြတ်တောက်ချိန်မှာလည်း အာဏာသိမ်းစစ်တပ်အဖွဲ့တွေ လုပ်နေကျအတိုင်း ရွာတွေကို ဖျက်ဆီးမီးရှို့တာတွေ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မနေ့ကနောက်ဆုံး ထုတ်ပြန်တွက်ချက်မှုတွေအရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ ပြည်သူဟာ အနည်းဆုံး ၁၆၀၃ ဦးရှိလာပါပြီ။
ဓါတ်ပုံ – CJ
#Dailynews

