ဆားလင်းကြီး – ၂၀၂၃ ဇွန် ၁၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်မြောက်ရွာက ပြည်သူ ၁၃ ဦးကို အာဏာသိမ်းစစ်တပ်က အခုလ ၆ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီကနေ့မှာတော့ ပြန်လည်လွတ်မြောက်လာကြပါတယ်။ အခုလ ၆ ရက် နံနက် ၆း၀၀ နာရီလောက်က မိုးကြိုးပြင်အလယ်ရွာနဲ့တောင်ရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ မိုးကြိုးပြင်မြောက်ရွာကနေ စစ်ရှောင်နေကြတဲ့ တောထဲက ပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးသွားခဲ့ကြတာပါ။ ဖမ်းသွားချိန်ကစလို့ လွတ်လာတဲ့အထိ “စစ်သားတွေရဲ့ ခဲယမ်း၊ ရိက္ခာတွေကို သယ်ပေးခဲ့ရတယ်”လို့ လွတ်မြောက်လာသူတွေကပြောပါတယ်။ အဖမ်းခံရသူတွေဟာ ကျော်ရွာက တစ်ဦး၊ မိုးကြိုးပြင်တောင်ရွာက တစ်ဦးနဲ့ မိုးကြိုးပြင်မြောက်ရွာကတစ်ဦးတို့ဖြစ်ပါတယ်။ လတ်တလော ဆားလင်းကြီးမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့အကြား စစ်ရေးတင်းမာနေပါတယ်။ မနေ့က ဆားလင်းကြီးမြို့နယ်၊ […]
စစ်ကိုင်းတိုင်း – ၂၀၂၃ ဇွန် ၈ (မော်ကွန်း) စစ်ကိုင်းတိုင်းထဲက နေ့စဉ်မပြတ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ထွက်နေတဲ့ သပိတ်ဖြစ်တဲ့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့မှာ ၈၁၁ ရက်မြောက်နေ့အဖြစ် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ သပိတ်ကို ယင်းမာပင်မြောက်ခြမ်းကျေးရွာများသပိတ်စစ်ကြောင်းနဲ့ပူးပေါင်းချီတက်ခဲ့ပြီး ကယ်တင်ရှင်မရှာသပိတ်စစ်ကြောင်းနဲ့လည်း တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ဖျော်ဖြေမှုတွေကိုပြုလုပ်ခဲ့ကြပါတယ်။ ဓါတ်ပုံ – CJ #Dailynews
ရန်ကုန်- ၂၀၂၃ ဇွန် ၉ (မော်ကွန်း) မုန်တိုင်းသင့်ပြီး အရေးပေါ်အကူအညီတွေလိုအပ်နေသလို ကူညီချင်သူတွေသွားလာဖို့ခက်နေတဲ့ ရခိုင်ပြည်နယ်မှာ ဇွန် ၇ ရက်ကစပြီး ခရီးသွားလာခွင့်တွေပိတ်တယ်လို့ မနေ့ကထုတ်ပြန်လိုက်တဲ့အပေါ် ရခိုင်အခြေပြုအရပ်ဖက်အဖွဲ့အစည်းတချို့က ကန့်ကွက်လိုက်ပါတယ်။ “ အခု ရခိုင်ပြည်နယ်မှာ စားနပ်ရိက္ခာ၊ အမိုးအကာတွေ၊ အထောက်အပံ့ လုံးဝမရသေးတဲ့နေရာတွေအများကြီးပဲ။ အခု စကစက အရပ်ဖက်အဖွဲ့စည်းတွေ၊ ကူညီကယ်ဆယ်ရေးအသင်းတွေကို သွားလာခွင့်ပိတ်ပင်လိုက်ပြီဆို၊ အဲဒီ့ဒုက္ခရောက်နေတဲ့ ရခိုင်ပြည်သူတွေကို သူတို့ကူညီနိုင်မှာလား” လို့ ရခိုင်ပြည်နယ်အခြေစိုက် လူမှုကူညီရေးအဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးက ထောက်ပြပါတယ်။ ခရီးသွားလာခွင့်တွေရပ်ဆိုင်းရတာ ဘာ့ကြောင့်ဆိုတဲ့အကြောင်းပြချက်မပါတဲ့အပေါ် ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ချို့က တာဝန်ရှိသူတွေကစိုးရိမ်ပြီး မုန်တိုင်းကြောင့် ဒုက္ခရောက်နေတဲ့လူထုအပေါ် အခက်အခဲတွေ ပိုများလာမှာကို စိုးရိမ်နေကြပါတယ်။ ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတချို့ရဲ့ အဆိုအရ မုန်တိုင်းသင့်သွားတဲ့နေရာ အများစုဟာ အခုအချိန်အထိ အကူအညီမရောက်လို့ ဒုက္ခရောက်နေဆဲဖြစ်ပြီး သွားလာရေးကန့်သတ်ချက်တွေကြောင့် […]
မြင်းခြံ – ၂၀၂၃ ဇွန် ၉ (မော်ကွန်း) မန္တလေးတိုင်း၊မြင်းခြံမြို့၊ မြင်းခြံအကျဥ်းထောင်မှာ အခုနှစ်မေလ ၂၁ရက်ကစလို့ ဒီနေ့အထိ ရိုက်နှက်နှိပ်စက်ခံရတဲ့နိုင်ငံရေးအကျဥ်းသား ၈၀ ကျော်ရှိလာပြီး ဒဏ်ရာတွေကို ဆေးကုမပေးတဲ့အပြင် ထောင်ဝင်စာပါပိတ်ခံထားရတယ်လို့ မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုရှင်းသန့်ကပြောပါတယ်။ ဆေးကုသခွင့်မပေးသလို အပြင်ကနေ ဆေးဝါးပေးပို့မယ်ဆိုရင်လည်း ထောင်ဝင်စာသုံးလပိတ်ထားတာကြောင့် ရိုက်နှက်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ ကျန်းမာရေးအခြေနေကစိုးရိမ်နေရတယ်လို့ကိုရှင်းသန့်ကပြောပါတယ်။ “ခမရ ၁၅ တပ်၊ စစ်ကြောရေးစခန်းမှာစစ်ခံရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၁ဦးကို ပြန်ပို့တဲ့အခါ ခန္ဓာကိုယ်မှာ ပြတ်ရှဒဏ်ရာ၊ ဓားနဲ့မွှန်းထားတဲ့ဒဏ်ရာတွေ၊ သွားတွေကျွတ်နေတာ၊ ကျိုးနေတာထိအောင် ရိုက်ခံထားရတာတွေရှိတယ်”လို့ ကိုရှင်းသန့်က မော်ကွန်းကိုပြောပါတယ်။ ရိုက်နှက်စစ်ဆေးခံရတဲ့ ၁၁ ဦးထဲက နိုင်ကျဉ်းတစ်ဦးဖြစ်တဲ့ ကိုစိုးရာဇာထွန်းလွင်ဆိုရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အဆင့်ထိဖြစ်နေပြီလို့ ကိုရှင်းသန့်ကပြောပါတယ်။ မြင်းခြံထောင်တွင်းက နောက်ထပ်နိုင်ငံရေးအကျဥ်းသား ၇၀ ကျော်ကိုလည်း ထောင်ပိုင်ကြီးရုံးခန်းထဲမှာ ရိုက်နှက်နှိပ်စက်စစ်ဆေးခဲ့ပါတယ်။ ဒီလိုရိုက်နှက်တာကိုထုတ်ပြောတဲ့သူတွေကို […]
စစ်ကိုင်းတိုင်း – ၂၀၂၃ ဇွန် ၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနဲ့ဆားလင်းကြီးမြို့နယ်တွေကို ဒီကနေ့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာကာ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျည်ထိမှန်သူလည်းရှိနေပါတယ်။ ဒေသခံတွေကတော့ ဘေးလွတ်ရာကို ဒီကနေ့နံနက်ကတည်းက ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ ဒီကနေ့ နံနက် ၁၀း၀၀ နာရီဝန်းကျင်မှာ မုံရွာမှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ စစ်သားအင်အားအပြည့်နဲ့ကားတစ်စီးဟာ ချင်းတွင်းတံတားကို ဖြတ်ပြီး ပုသိမ်-မုံရွာလမ်းအတိုင်း ဝင်ရောက်လာတာလို့ ဒေသခံတွေကဆိုပါတယ်။ အဲဒီအချိန်မှာပဲ ယင်းမာပင်ခရိုင်ရဲတပ်ရင်း ၂၈ ကစစ်သားနဲ့ရဲတွေဟာလည်း ပူးပေါင်းကာ စစ်ကြောင်းထိုးပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ကာ ယင်းမာပင်မြို့နယ် မြရွှေစီတောပြင်မှာနေထိုင်တဲ့ အသက် ၅၅နှစ်အရွယ် ဦးကြည်ဝင်းရဲ့ ခြေထောက်ကိုထိမှန်သွားတယ်လို့ ဒေသခံက ပြောပါတယ်။ အခုအချိန်မှာတော့ ဆားလင်းကြီးမြို့နယ် တရုတ်ကြေးနီစီမံကိန်း၊ မြန်မာဝမ်ပေါင်ဘက်က လုံခြုံရေးယူနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ […]
ရန်ကုန်- ၂၀၂၃၊ ဇွန် ၉ (မော်ကွန်း) ၁၀ တန်း ( တက္ကသိုလ်ဝင်တန်း) အောင်စာရင်းတွေကို တစ်နိုင်ငံလုံးကစာစစ်ဌာနတွေအပြင် အွန်လိုင်းတွေ၊ ရေဒီယိုတွေကပါ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းတွေ မြင့်တက်လာတယ်လို့လည်း လေ့လာသူတွေကပြောကြပါတယ်။ အောင်စာရင်းတွေကို မြို့နယ်အသီးသီးက စာစစ်ဌာနကျောင်းတွေမှာ ကိုယ်တိုင်သွားရောက် ကြည့်ရှုနိုင်သလို အွန်လိုင်းဝက်ဘ်ဆိုက် www.myanmarexam.org ကနေလည်း တစ်နိုင်ငံလုံးရဲ့အောင်စာရင်းက်ို ကြည့်ရှုနိုင်တယ်လို့ စစ်ကောင်စီရဲ့စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့၂၀၂၂-၂၀၂၃ ပညာသင်နှစ်က တစ်နိုင်ငံလုံးမှာ ၁၀ တန်း စာမေးပွဲ ဝင်ဖြေသူ ၁၆၁,၈၅၀ ဦး ရှိခဲ့ပြီး အဲဒီအထဲက ၁၀၉,၈၅၁ ဦး အောင်ခဲ့လို့ အောင်ချက်ရာခိုင်နှုန်းက ၆၇ ဒဿမ ၈၇ ရာခိုင်နှုန်းရှိတယ်လို့ စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါဟာ ရှေ့နှစ်ကထက်စာရင် ရာခိုင်နှုန်းတိုးလာတာဖြစ်ပြီး ၂၀၂၁-၂၀၂၂ […]
ဆားလင်းကြီး – ၂၀၂၃ ဇွန် ၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ဒီကနေ့ညနေမှာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး အထိနာလို့ လေကြောင်းကနေ ပစ်ကူပေးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “မနက်က စစ်ကြောင်းထိုးလာတဲ့ စခတွေ ပြန်သွားတဲ့အချိန်မှာ ဒီဘက်က ညောင်ပင်ကြီးစခန်းကို ဝင်တိုက်တာ”လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။ ညောင်ပင်ကြီးစခန်းဟာ ရဲစခန်းဖြစ်ပေမယ့် အခုအချိန်မှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သားတွေ နေရာယူထားပြီး အင်အား ၃၀ ဝန်းကျင်ရှိနိုင်တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဝင်တိုက်တဲ့အခါ အာဏာသိမ်းစစ်တပ်ဘက်က အရေးနိမ့်ပြီး လေကြောင်းစစ်ကူခေါ်ခဲ့ရတယ်လို့ သူကပြောပါတယ်။ “အဖွဲ့စုံပဲတိုက်တာ ၆း၀၀ နာရီလောက်မှာ စတိုက်တယ်၊ ၇း၀၀ နာရီထိုးခါနီးမှာ လေကြောင်းပစ်ကူလာတယ်၊ Mi 35 နဲ့ လာပစ်တယ်”လို့ သူကပြောပါတယ်။ လေကြောင်းပစ်ကူနဲ့အတူ ညောင်ပင်ကြီးနဲ့အနီးတဝိုက်က အာဏာသိမ်းစစ်တပ်စခန်းတွေကလည်း […]
ခလယ်လွီထူ – ၂၀၂၃ ဇွန် ၈ (မော်ကွန်း) ကော်သူးလေ၊ ခလယ်လွီထူခရိုင်(ညောင်လေးပင်ခရိုင်)၊ တပ်မဟာ ၃ နယ်မြေမှာ နတ်သံကွင်းရဲစခန်းအပါအဝင် နေရာငါးခုကို တိုက်ခိုက်ခဲ့ကာ အာဏာသိမ်းစစ်တပ်ဘက်က ၄၀ ကျော်သေဆုံးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။ တပ်မဟာ ၃ ဟာ ပဲခူးတိုင်း(အရှေ့ခြမ်း) ကေအဲန်ယူအုပ်ချုပ်နယ်မြေဖြစ်ပါတယ်။ တပ်မဟာ (၃)၊ မူးနဲ့ လယ်ဒိုမြို့နယ်တွေက ရေတွင်းကုန်းလမ်းခွဲကင်းစခန်း၊ နတ်သံကွင်းမြို့ရဲစခန်း၊ နတ်သံကွင်းတံတားထိပ်ရှိ ရဲ၊ စစ်တပ်ပူးပေါင်းတပ်စခန်း (တံတားအရှေ့ကင်း)၊ ကွင်းချောင်းဝအရှေ့ခြမ်းရှိတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်စခန်း (တံတားအနောက်ကင်း)၊ ဘုံသတောစခန်းတွေကို ဇွန် ၆ ရက် တစ်ရက်တည်းမှာ တိုက်ခိုက်ခဲ့တာပါ။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နဲ့ တပ်မဟာ ၃ လက်အောက်ခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ ရိက္ခာ၊ လက်နက်ခဲယမ်းထောက်ပို့လမ်းကြောင်းတွေပေါ်က တံတားတွေဖြစ်တဲ့ နတ်သံကွင်းတံတား၊ […]
မအူပင်- ၂၀၂၃ ဇွန် ၈ (မော်ကွန်း) မနေ့ညနေပိုင်းက လှုပ်ခဲ့တဲ့ငလျင်ကြောင့် မအူပင်မြို့မှာ နှစ်ဦးသေခဲ့ရသလို တက္ကသိုလ်အဆောက်အအုံတချို့ပျက်စီးခဲ့ပြီးနောက် ကျင်းပဖို့ရှိတဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားနဲ့နေ့သင်တန်း ပြန်ဖြေစာမေးပွဲတွေကို ရွှေ့ဆိုင်းလိုက်ရတယ်လို့ အဆိုပါ တက္ကသိုလ်ရဲ့ ကျောင်းသားရေးရာဌာနက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ မအူပင်တက္ကသိုလ် အဝေးသင်ဌာနရဲ့ဘွဲ့နှင်းသဘင်အခမ်းအနားကို လာမယ့် ဇွန်လ ၉ ရက် ကနေ ၁၁ ရက်ထိ သုံးရက်ကြာ ကျင်းပဖို့စီစဉ်ထားတာလို့ သူကပြောပါတယ်။ ” ဘွဲ့နှင်းသဘင်အဆောင်က နံရံတွေပြိုကျတယ်။ တချို့နေရာတွေမှာ နံရံကဟက်တက်ကြီး ကွဲအက်သွားတယ်။ ကျောင်းဝန်ထမ်းအိမ်ရာလည်း နည်းနည်းပျက်စီးတာရှိတယ်။ ဘွဲ့နှင်းသဘင် ပေးမယ့် အခမ်းအနားကတော့ ယာယီရွှေ့ဆိုင်းထားလိုက်ရတာပေါ့။ တက္ကသိုလ်ပေ့ရှ် ကလည်း ကြေညာထားတယ်။ ပြန်ကျင်းပမယ့်ရက်ကို ထပ်ထုတ်ပြန်ပေးမယ်” လို့ သူက ပြောပါတယ်။ ဒါအပြင် ဇွန် ၈ ရက်ကနေ […]
ဒိုက်ဦး- ၂၀၂၃ ဇွန် ၈ (မော်ကွန်း) ပဲခူးတိုင်း၊ ဒိုက်ဦးထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို အဆောင်တွေခွဲထုတ်တာ၊ တိုက်ပိတ်စစ်မေးတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး နေပြည်တော်အကျဉ်းဦးစီးဌာနက ဒုတိယညွှန်ချုပ်ကိုယ်တိုင် ဦးဆောင်စီစဉ်နေတာလို့ ဒိုက်ဦးထောင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ “ အခုက အရင်လိုမဟုတ်တော့ဘူး။ နိုင်ကျဉ်းတွေကို လူခွဲထုတ်ပြီး အခြားအကျဉ်းသားတွေ ရောထားလိုက်ပြီ။ ခေါ်ထုတ်စစ်နေတဲ့သူတွေကိုလည်း အဆောင်ပေါ် ပြန်မပို့ဘူး။ တိုက်ထဲမှာ ပိတ်ထားတယ်လို့ ကြားတယ်” လို့ အကျဉ်းထောင်နဲ့နီးစပ်သူက ပြောပါတယ်။ ဒါ့အပြင် အိပ်ဆောင်တွေကို ရှာဖွေရေးတွေ တောက်လျောက်ဝင်နေပြီး အကျဉ်းသားတွေရဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေ ပျက်စီးတာ၊ အစားအသောက်တွေ ပျက်စီးတာတွေဖြစ်နေသလို နိုင်ငံရေးသမားအကျဉ်းသားတွေကိုကူညီပေးတဲ့ အောက်ခြေ ဝန်ထမ်းတွေကို အရေးယူတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းတုန်းကဆိုရင် အဲဒီထောင်က နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ကို စစ်တပ်၊ရဲ နဲ့ အကျဉ်းစီးဦးဝန်ထမ်းတွေ […]
စစ်တွေ- ၂၀၂၃ ဇွန် ၈ (မော်ကွန်း) ရခိုင်ပြည်နယ်မှာ စစ်တွေမြို့နဲ့ ပုဏ္ဏားကျွန်းမြို့တွေမှာ လျှပ်စစ်မီးပြန်ပေးပြီလို့ စစ်ကောင်စီကဆိုပေမယ့် နေရာတော်တာ်များများမှာ ပြတ်တောက်နေတုန်းပဲလို့ ဒေသခံတွေကပြောပါတယ်။ “ ည ၁၀:၀၀ နာရီတုန်းကတော့လာပြီး ၁၅ မိနစ်လောက်အကြာမှာ ပြန်ပျက်သွားတာ အခုထိမလာသေးဘူး။ လာတဲ့အိမ်တွေကတော့ လာတယ်။အများစုတော့မလာသေးဘူး” လို့ စစ်တွေမြို့ခံတစ်ဦးက ဒီနေ့လယ်မှာ ပြောပါတယ်။ စစ်ကောင်စီက မိုခါဆိုက်ကလုန်းမုန်တိုင်းကာလအလွန် ပထမအဆင့်အနေနဲ့ စစ်တွေနဲ့ပုဏ္ဏားကျွန်းမြို့ပေါ် ရပ်ကွက်တွေကို ဓာတ်အားဖြန့်ဖြူးပေးထားပြီလို့ သူတို့ရဲသတင်းစာတွေမှာ ဖော်ပြပါတယ်။ ပုဏ္ဏားကျွန်းမြို့ပေါ်မှာတော့ လျှပ်စစ်မီးပြန်ရပြီဆိုပေမယ့် ကျေးရွာဘက်တွေမှာတော့ လျှပ်စစ်မီးမရရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ “ မနေ့ညကတော့ သူတို့မီးတွေလာစမ်းတယ်။ ဒီမနက် ၁၁:၀၀ လောက်မှာတော့ မီးလာတယ်။ နယ်ဘက်တွေတော့ မီးပြန်မလာသေးဘူး။ တစ်လလောက်တော့ ကြာဦးမယ်ထင်တယ်” လို့ ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ပြောပါတယ်။ […]
ရွှေဘို – ၂၀၂၃ ဇွန် ၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲက ရွာတွေကို ဒီလအစပိုင်းကတည်းက ဝင်စီး၊ မီးရှို့တာတွေလုပ်ခဲ့တဲ့ အင်အားတစ်ရာကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းမှာ မြို့ထဲကို ဝင်ရောက်နေရာယူထားပြီး မြို့အဝင်အထွက်အပေါက်တွေမှာ စစ်ဆေးနေတယ်လို့ ခင်ဦးမြို့ခံတွေကပြောပါတယ်။ “ ဒီနေ့မနက်မှာ မဒေါင်းလှရွာကနေ ခင်ဦးမြို့ပေါ်ကို ရောက်လာတာပေါ့။ လမ်းတစ်လျှောက်မှာ ရမ်းသမ်းပစ်ခတ်မှုတွေရှိခဲ့တယ်။ ထိခိုက်မှုကတော့မရှိဘူး။ အခုမြို့ပေါ်မှာတော့ စစ်ဆေးရေး တင်းကြပ်တာမျိုးတော့ ရှိတယ်။ မြို့ဝင်ပေါက် ထွက်ပေါက်တွေအားလုံး သူတို့စစ်ဆေးရေးရှိတယ်။ ပြီးတော့ ရွှေဘိုမြို့ပေါ်လည်း စစ်ဆေးရေးတွေကြပ်နေတယ်လို့ သိရတယ်။ ဘာတွေလုပ်ဖို့လည်းတော့ မသိသေးဘူး။ မြို့ပေါ်မှာတော့ စာသင်ကျောင်းရယ်၊ ရဲစခန်းရယ်၊ တိုက်အမြင့်တွေပေါ်မှာ နေရာယူထားတယ်” လို့ ခင်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့တွေကတော့ လက်နက်အင်အားမမျှတာကြောင့် ဒီစစ်ကြောင်းကို ခုခံတိုက်နိုင်တဲ့အခြေအနေ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."