စစ်ကိုင်းတိုင်း – ၂၀၂၃ ဇွန် ၈ (မော်ကွန်း)
စစ်ကိုင်းတိုင်းထဲက နေ့စဉ်မပြတ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ထွက်နေတဲ့ သပိတ်ဖြစ်တဲ့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့မှာ ၈၁၁ ရက်မြောက်နေ့အဖြစ် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
သပိတ်ကို ယင်းမာပင်မြောက်ခြမ်းကျေးရွာများသပိတ်စစ်ကြောင်းနဲ့ပူးပေါင်းချီတက်ခဲ့ပြီး ကယ်တင်ရှင်မရှာသပိတ်စစ်ကြောင်းနဲ့လည်း တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ဖျော်ဖြေမှုတွေကိုပြုလုပ်ခဲ့ကြပါတယ်။
ဓါတ်ပုံ – CJ
#Dailynews

