မုံရွာ – ၂၀၂၃ ဇွန် ၁၃ (မော်ကွန်း) စစ်ကောင်စီရဲ့ ငါးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုကိုခံနေရပြီး ဘေးလွတ်ရာကိုတိမ်းရှောင်နေရတဲ့ ညောင်ပင်ကြီးကျေးရွာအုပ်စုက ဒေသခံသုံးထောင်ကျော်ဟာ အရေးပေါ်စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ ကူညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူကဒီနေ့ ပြောပါတယ်။ အဲဒီရွာဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရဲ့တစ်ဖက်ကမ်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ ရှိပါတယ်။ “ အဓိကတော့ စားနပ်ရိက္ခာပါပဲ။ စစ်ရှောင်စခန်းတွေကလည်း ရေရှည်ကျွေးထားဖို့ဆိုတာ အခက်အခဲ ဖြစ်တယ်ဗျ။ အဲဒါဆိုတော့ အဓိကလိုအပ်ချက်က စားနပ်ရိက္ခာပေါ့” လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ညောင်ပင်ကြီးကျေးရွာအုပ်စုက အိုမ၊ ထန်းတောရွာတွေကို ဒီနေ့လယ် ၁၂ နာရီဝန်းကျင်ကမီးရှို့နေတယ်လို့ ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးကလည်း သတင်းထုတ်ပြန်ထားပါတယ်။ မီးရှို့ခံရတဲ့ရွာတွေရဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတာကြောင့် လက်ရှိအချိန်ထိမသိရသေးဘူးလို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောပါတယ်။ ဇွန် ၉ ရက်ကတည်းက စစ်ကောင်စီတပ်တွေဟာ […]
ရန်ကုန်- ၂၀၂၃ ဇွန် ၁၃ (မော်ကွန်း) ငှားရမ်းနေထိုင်သူတွေထဲမှာ သူတို့ကိုတော်လှန်သူတွေပါနေခဲ့ရင် အိမ်ကိုသိမ်း၊ လူကိုပါ အကြမ်းဖက်အားပေးအဖြစ် အရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်လိုက်ပြီးနောက် ရန်ကုန်ရဲ့အိမ်ရှင်/အိမ်ငှားတွေကြား အခက်တွေ့ကုန်ကြတယ်လို့ အိမ်ပိုင်ရှင်နဲ့ ငှါးရမ်းနေထိုင်သူတချို့က ပြောပါတယ်။ အကြမ်းဖက်သမားတွေဟာ အဆောင်တွေ၊ နေအိမ်တိုက်ခန်းတွေကိုငှားရမ်းပြီး နေထိုင်လုပ်ငန်း လုပ်ကိုင်နေကြသလို အိမ်ပိုင်ရှင်တွေဟာလည်း စိစစ်မှုမရှိဘဲ လက်ခံထားတာတွေရှိနေတဲ့အတွက် နောက်ပိုင်းမှာ အကြမ်းဖက်သမားတွေကိုမိရင် ငှားရမ်းထားတဲ့အိမ်ကိုပါ ဘဏ္ဍာအဖြစ်သိမ်းမယ်လို့ ဒီနေ့ထုတ်စစ်ကောင်စီရဲ့သတင်းစာတွေမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်တာပါ။ ဒါ့အပြင် အိမ်ရှင်တွေအနေနဲ့ ငှားရမ်းသူတွေရဲ့ အချက်အလက်အသေးစိတ်ကို တောင်းယူကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဧည့်စာရင်းတိုင်ရမယ်လို့ဆိုပြီး မလုပ်ထားရင် အိမ်ရှင်ကိုအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူမယ်လို့လည်းဆိုပါတယ်။ “ အဓိကကတော့ လာသမျှလူအားလုံးကို ဘာအလုပ်လုပ်လဲ၊ ဝန်ထမ်းတွေလား စသဖြင့်အရင် မေးရတယ်။ တစ်ခုခုပြဿနာတက်ရင် အန်တီတို့လည်းဒုက္ခရောက်မှာလေ။ အခုက အိမ်ပါသိမ်းမှာဆိုတော့ ခက်တော့ခက်သားပဲ” […]
ကန့်ဘလူ – ၂၀၂၃ ဇွန် ၁၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်က စစ်ရှောင်တွေယာယီနေထိုင်တဲ့တဲတွေကို အာဏာသိမ်းစစ်တပ်က နှစ်ရက်ဆက်တိုက်မီးရှို့ခဲ့ပြီး စစ်ရှောင်တွေစားဝတ်နေရေးအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ကန့်ဘလူမြို့နယ်၊ချပ်သင်းတိုက်နယ်၊ ဇင်းကျေးရွာအနီးက စစ်ရှောင်တွေရဲ့တဲတွေကို ခမရ ၃၆၁နဲ့ ပျူစောထီးတွေ မနေ့ကမီးရှို့ခဲ့တာလို့ ဒေသခံကိုဇေယျာစိုးကပြောပါတယ်။ “အိမ်တွေရှို့လို့ထွက်ပြေးနေရတာ၊ စားစရာကစနေဖို့ကအတော်ကိုခက်ခက်ခဲခဲပါပဲ၊ မိုးတွင်းဆိုတော့ နေဖို့ကော စားနပ်ရိက္ခာတွေအတွက်ပါခက်ခဲတယ်၊ခုစစ်ရှောင်တဲတွေကိုပါလိုက်ရှို့နေတာ”လို့ ကိုဇေယျာစိုး ကပြောပါတယ်။ အခုလ ၁၁ ရက်ကလည်း ချပ်သင်းတိုက်နယ်၊ ပေကုန်းရွာကို အာဏာသိမ်းစစ်တပ်မီးရှို့တာကြောင့် နေအိမ် ၂၈လုံးနဲ့ စပါးတိုက် ၁၅တိုက် မီးလောင်ပျက်စီးခဲ့ပါတယ်။ အဲဒီနောက်မှာ စစ်ရှောင်တွေရဲ့ တဲတွေကို မနေ့ကထပ်ပြီးမီးရှို့ခဲ့တာပါ။ အာဏာသိမ်းစစ်တပ် မီးရှို့တာကြောင့် ချပ်သင်းတိုက်နယ်၊ ဇင်းကျေးရွာအနီးက စစ်ရှောင်တဲ ကိုးလုံး၊ ကျွဲတစ်ရှဥ်း ၊ ဝက်တစ်ကောင်နဲ့ ဆန်တင်း ၆၀ မီးလောင်ပျက်စီးခဲ့ပြီး […]
ဆားလင်းကြီး – ၂၀၂၃ ဇွန် ၁၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ မြန်မာဝမ်ပေါင်တရုတ်စီမံကိန်းထဲကနေ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထွက်လာတယ်ဆိုတဲ့ သတင်းကြောင့် အနီးအနားတဝိုက်ရွာတွေက ဒေသခံတွေ ညဉ့်နက်သန်းခေါင် ထွက်ပြေးနေကြရပါတယ်။ ပုံစာ – ယခုထွက်ပြေးနေကြရတဲ့ ဆားလင်းကြီးဒေသခံများ ဓာတ်ပုံ – CJ #Dailynews
ရန်ကုန် – ၂၀၂၃ ဇွန် ၁၂ (မော်ကွန်း) ပြည်တွင်းတပ်ဆင်ထုတ်လုပ်တဲ့မော်တော်ကားတွေအတွက် ကားအစိတ်အပိုင်းတင်သွင်းမှုတွေကို အကောက်ခွန်လျှော့ချလိုက်ပေမယ့် ကားဈေးကွက်အပြောင်းအလဲမရှိနိုင်ဘူးလို့ ကားရောင်းဝယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့အကောက်အခွန်ဦးစီးဌာနဟာ ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်မယ့် တစ်စိတ်တစ်ပိုင်းတပ်ဆင်ကား (SKD) ကားတွေကို အခွန်ကောက်ခံမှုကို ယခင် ၅ ရာခိုင်နှုန်းအစား ၃ ရာခိုင်နှုန်းအဖြစ် လျှော့ချလိုက်ပြီး အလုံးစုံတပ်ဆင်ကား (CKD) ကားတွေကိုတော့ အခွန် ၇ ဒသမ ၅ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအဖြစ် လျှော့ချလိုက်တယ်လို့ ယခုလ ၁၀ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ အကောက်အခွန်နှုန်းထားတွေကို ၂၀၂၄ မေ ၃၁ ရက်အထိ ဖြေလျော့ပေးလိုက်တယ်လို့ ကြေညာထားတာပါ။ ရန်ကုန်မြို့က ကားတင်သွင်းရောင်းချသူတစ်ဦးကတော့ ဒေါ်လာဈေးမြင့်တက်နေပြီး ကားအစိတ်အပိုင်းတွေတင်သွင်းရတဲ့ အခက်အခဲတွေကြောင့် ကားဈေးကွက် ယခင်အတိုင်းအပြောင်းအလဲမရှိနိုင်ဘူးလို့ သုံးသပ်ပါတယ်။ […]
မုံရွာ – ၂၀၂၃ ဇွန် ၁၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့ တစ်ဖက်ကမ်းမှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ညောင်ပင်ကြီးရဲစခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့တွေ ယခုလ ၉ ရက်က စီးနင်းသိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက စခန်းပြန်ဆောက်ဖို့ အနီးနားကရွာတွေကို လေးရက်ဆက်တိုက်မီးရှို့ကာ နယ်မြေရှင်းလင်းရေးတွေလုပ်နေတယ်လို့ ညောင်ပင်ကြီးဒေသခံတွေကပြောပါတယ်။ “အဓိကတော့ သူတို့စခန်းနားနီးတဲ့ ပတ်ဝန်းကျင်ကို အတော်များများရှို့ထားတယ်။ စခန်းသစ်ပြန်တည်ဆောက်တဲ့နေရာမှာ သူတို့ရှင်းလင်းတဲ့အနေအထားပေါ့ဗျာ။ စခန်းပြန်တည်ဆောက်ဖို့ သူတို့ပြင်နေတာပေါ့။ အခုလည်းသဲတွေဘာတွေတိုက်တယ်၊ တဲတွေဘာတွေဆောက်တယ်။ ဘူဒိုဇာတွေခေါ်လာတာတွေရှိတယ်။ မုံရွာကနေ ကားတွေနဲ့ကူးလာတာ” လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ညောင်ပင်ကြီးရဲစခန်းကို ဇွန် ၉ ရက်က ဒေသခံကာကွယ်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်တွေက အဲဒီနေ့ညပိုင်းမှာ ညောင်ပင်ကြီးရွာကို စတင်မီးရှို့ခဲ့ပါတယ်။ ဒီနေ့အထိ လေးရက်ဆက်တိုက်မီးရှို့တာကြောင့် ကျေးရွာ ၁၀ ရွာဝန်းကျင်က ဒေသခံသုံးထောင်ကျော် […]
ရန်ကုန် – ၂၀၂၃ ဇွန် ၁၂ (မော်ကွန်း) CCTV ကင်မရာတွေဟာ မြို့ပြတွေက တော်လှန်ရေးအဖွဲ့တွေအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာတယ်လို့ ရန်ကုန်မြို့၊တော်လှန်ရေးမြေအောက်အဖွဲ့(UG)တွေဆီက သိရပါတယ်။ “အခု ဇွန်လပထမအပတ်ထဲမှာကို CCTV ကြောင့် UG နှစ်ဖွဲ့ အဖမ်းခံလိုက်ရတာရှိတယ်။ ဒီ CCTV တွေကပဲ ထပ်ဆင့်လိုက်ပြီး ဖမ်းဆီးခံလိုက်ရတာမျိုး”လို့ ရန်ကုန်မြို့၊ တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ ဦးဆောင်သူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ပြည်သူတွေအနေနဲ့ မိမိလုံခြုံရေးနဲ့မသက်ဆိုင်တဲ့ဘက်တွေမှာ CCTV တွေကို ထားမယ်ဆိုရင် UG တွေအတွက် အလုပ်လုပ်ရတာ အခက်အခဲရှိလာမယ်လို့ သူကပြောပါတယ်။ ဒီလထဲမှာ ဖမ်းဆီးခံထားရတဲ့ UG တွေနဲ့ပတ်သက်လို့ စစ်ကြောရေးမှာ စစ်ဆေးနေတယ်ဆိုတဲ့ သတင်းကလွဲရင် နောက်ထပ်ဘာသတင်းမှ မကြားရသေးဘူးလို့ စမ်းချောင်းပင်မသပိတ်တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ လတ်တလောမှာ “မြို့ပြကို CCTV နဲ့ မသတ်နဲ့” ဆိုတဲ့ […]
ပုဏ္ဏားကျွန်း- ၂၀၂၃ ဇွန် ၁၂ (မော်ကွန်း) ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်ကို ပြည်တွင်း၊ ပြည်ပ အကူအညီပေးရေးအဖွဲ့တွေသွားလာခွင့် ပိတ်ပင်လိုက်တာကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ထဲက ရွာလုံးကျွတ်နီးပါး ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ရွာတွေတွေကို အကူအညီပေးရေးကြန့်ကြာမှုတွေရှိနေတယ်လို့ ပုဏ္ဏားကျွန်းအခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအသင်းထံကသိရပါတယ်။ “အဲဒီရွာတွေကိုအကူအညီပေးဖို့ ကျွန်တော်တို့က မြန်မာနိုင်ငံကြက်ခြေနီအသင်းကိုအကူအညီတောင်းထားတာ။ ဒါပေမယ့် စစ်ကောင်စီကပြန်ပြီးတော့ပိတ်လိုက်တယ်။ ပေးမသွားဘူး။ အဲလိုလုပ်ပြီးတော့မှအခုပြန်ဖွင့်ပေးတယ်။ ပြီးတော့အဲ့ရွာတွေကို ကုန်းလမ်းကောရေလမ်းကနေပါသွားရတာ။ ဖုန်းလိုင်းကလည်းမမိဘူး။ အချိန်တွေ ကြန့်ကြာကုန်တာပေါ့။” လို့ ပုဏ္ဏားကျွန်းအခြေစိုက်လူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ရှိသူ က ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့ရဲ့ မြောက်ဘက်ခြမ်းမှာရှိတဲ့ အောင်မကျော်ရွာနဲ့ဥယျာဉ်သာဆိုတဲ့ရွာတွေမှာ သောက်သုံးရေမသန့် တာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ တစ်ရွာလုံးဖြစ်နေတာလို့ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေထံမှ သိရပါတယ်။ အဲဒီရွာတွေမှာ မြို၊ခမီ စတဲ့လူနည်းစု တိုင်းရင်းသားတွေနေထိုင်ကြပြီး သွားလာရေးလည်းခက်ခဲတဲ့နေရာတွေလို့ဆိုပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန် ၇ ရက်က ရခိုင်ပြည်နယ်အတွင်းခရီးသွားလာခွင့်ရပ်ဆိုင်းကြောင်း စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးကကြေညာခဲ့တာပါ။ […]
မင်းကင်း – ၂၀၂၃ ဇွန် ၁၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်ရွာကို ဇွန်လ ၉ရက် မနက် ၄ :၃၀ နာရီမှာ ဝင်ရောက်စီးနင်းခဲ့ပြီး ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း လေးယောက်ကို စခန်းမှာ ဥပဒေနဲ့အညီထိန်းသိမ်းထားတယ်လို့ Students Revolutionary Force အဖွဲ့၊ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကပြောပါတယ်။ အင်ကြင်းတောင်ရွာဟာ ပျူစောထီးတွေနေထိုင်တဲ့ရွာပြီး ဝင်ရောက်စီးနင်း ချိန်မှာ ပြန်ခုခံသူတွေထဲက သုံးယောက်သေဆုံးပြီး လေးယောက်ကို အရှင်ဖမ်းမိ ခဲ့တာလို့ သူက ပြောပါတယ်။ “ပျုရွာဆိုတော့ အင်အားကိုမခန့်မှန်းတတ်ပါဘူး၊ သူတို့တပ်ဆုတ်တဲ့ချိန် ကျန်နေသူထဲက သေတာပါ၊ စခန်းမှာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပါတယ်”လို့ S.R.F သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ အရှင်ဖမ်းမိရသူတွေက ကံငြိမ်း အသက် (၆၅)နှစ်၊ ပြည့်ဘော် အသက် (၅၈)နှစ်၊ […]
ဆားလင်းကြီး – ၂၀၂၃ ဇွန် ၁၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာရဲစခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ပြီးနောက် ဒီကနေ့မှာ ဘက်ဟိုးမြေတူးစက်တွေနဲ့ လမ်းကို စစ်တပ်ကဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ညောင်ပင်ကြီးကနေ ဆားလင်းကြီးကိုသွားတဲ့လမ်းကို ဘက်ဟိုးတွေနဲ့ ဖျက်ဆီးပစ်တာဖြစ်ပြီး ညောင်ပင်ကြီးတိုက်ပွဲမှာ စစ်တပ်ဘက်က အရေးနိမ့်ခဲ့တာကြောင့် ခုလိုဖျက်ဆီးတာဖြစ်နိုင်ကြောင်း ဒေသခံတွေက သုံးသပ်ပါတယ်။ ဒီကနေ့ နေ့လယ် ၁၂း၀၀ နာရီလောက်မှာ စစ်ကြောင်းဟာ မုံရွာကနေ ချင်းတွင်းမြစ်ကိုကူးပြီး ညောင်ပင်ကြီးဘက်ကို ကူးလာခဲ့ပြီး ဇာတ်သဘော်ပေါ်မှာ ဘက်ဟိုးလည်းပါလာတယ်လို့ မြင်တွေ့ရတဲ့ ဒေသခံတွေကဆိုပါတယ်။ အခုအချိန်မှာတော့ စစ်ကြောင်းဟာ ညောင်ပင်ကြီးရွာကို မီးဆက်ရှို့နေပြီး တိုက်ပွဲဖြစ်တဲ့နေ့ကနေ ဒီနေ့ထိ သုံးရက်ဆက်တိုက်မီးရှို့နေတာဖြစ်ပါတယ်။ #Dailynews
ဆားလင်းကြီး – ၂၀၂၃ ဇွန် ၁၁ (မော်ကွန်း) မေ ၃၁ ရက်က စစ်ကြောင်းထိုးရင်း ဖမ်းဆီးခံလိုက်ရတဲ့ ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဗန့်ဂျီရဲ့ အလောင်းကို ဒီကနေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက တွေ့ရှိခဲ့ရပါတယ်။ “ညောင်ပင်ကြီးစခန်းသိမ်းတဲ့နေ့က အကူစစ်ကြောင်းနဲ့အတူ ကိုဗန့်ဂျီပါလာတယ်လို့ သိရတယ်”လို့ ဒေသတော်လှန်ရေးသမားတစ်ဦးကပြောပါတယ်။ ဒီကနေ့မှာတော့ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာ၊ ထန်းတောဆိပ်နားမှာ ဦးဗန့်ဂျီရဲ့အလောင်းကို တော်လှန်ရေးရဲဘော်တွေက ရှာတွေ့ခဲ့ကြပါတယ်။ ဦးဗန့်ဂျီရဲ့ ခန္ဓာကိုယ်မှာသေနတ်ဒဏ်ရာတွေနဲ့ ရိုက်နှက်ညှင်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေအပြည့်ပဲလို့ တွေ့ရှိခဲ့ရသူတွေဆီကသိရပါတယ်။ အလောင်းပစ်ထားခဲ့တဲ့နေရာအနီးမှာ မိုင်းပါထောင်ခဲ့လို့ အလောင်းသယ်တဲ့ ရဲဘော်တစ်ဦးလည်း မိုင်းထိမှန်ပြီး ဒဏ်ရာရရှိခဲ့ပါတယ်။ ၂၀၂၃ မေ ၃၁ ရက်က ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးမြတ်သူလင်းခေါ် ဦးဗန့်ဂျီဟာ ညောင်ပင်ကြီးကျေးရွာနားမှာ အာဏာသိမ်းစစ်တပ်နဲ့ ထိပ်တိုက်တွေ့မိကာ အဖမ်းခံခဲ့ရတာပါ။ ဦးဗန့်ဂျီဟာ ဆားလင်းကြီးမြို့နယ် […]
နတ်တလင်း – ၂၀၂၃ ဇွန် ၁၁ (မော်ကွန်း) ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမ PDF ကင်းစခန်းတစ်ခု ပြီးခဲ့တဲ့ ဇွန် ၈ ရက်က အာဏာသိမ်းစစ်တပ်ရဲ့ စီးနင်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး ရဲဘော်သုံးဦးကျဆုံးသွားကြောင်း MRF-Nattalin ကသတင်းထုတ်ပြန်ပါတယ်။ “နံနက် မိုးမလင်းခင် အင်အား ၅၀ ကျော်လောက်နဲ့ ရှေ့ကာကင်းကို ဝိုင်းပစ်ပြီး စီးနင်းခံရတာပါ”လို့ တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ပြန်လည်ခုခံပစ်ခတ်ပေမယ့် အင်အားမမျှတာကြောင့် ရဲဘော်ကင်း၊ ရဲဘော်ဝဿန်နဲ့ ရဲဘော်လိုင်းယွင်းတို့ နေရာမှာပဲ ကျဆုံးခဲ့ရပြီး ရဲဘော်နှစ်ဦးတော့ လွတ်မြောက်လာခဲ့တယ်လို့ သူကပြောပါတယ်။ “အလောင်းတွေကတော့ မြင်ရက်စရာမရှိဘူး တော်တော်လုပ်ပစ်ခဲ့ကြတယ်”လို့ သူပြောပါတယ်။ MRF-Nattalin ဟာ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ ရဲ့ တပ်ခွဲ-၄ ဖြစ်ပါတယ်။ “ရန်သူသတင်းကို […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."