သတင်းများ

ဇွန်လကုန်အထိ ကျောင်းအပ်နိုင်တယ်လို့ စစ်ကောင်စီရဲ့ပညာရေးဌာနထုတ်ပြန်

June 5, 2023

ရန်ကုန်- ၂၀၂၃ ဇွန် ၅ (မော်ကွန်း) အခြေခံပညာကျောင်းတွေရဲ့ ကျောင်းအပ်လက်ခံတဲ့ကာလကို ဇွန်လကုန်အထိ တိုးမြှင့်သတ်မှတ်ပေးထားတယ်လို့ စစ်ကောင်စီရဲ့ အခြေခံပညာဦးစီးဌာနဆီကထုတ်ပြန်ပါတယ်။ ယခုနှစ်ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေရဲ့ ကျောင်းအပ်လက်ခံမှုကာလကို မေလ ၂၃ ရက်ကနေ ၃၁ ရက်ထိ သတ်မှတ်ထားတာပါ။ အဲဒီကာလအတွင်း ကျောင်းအပ်ဖို့ နောက်ကျနေသူတွေကို လာမယ့် ဇွန်လ ၃၀ ရင်ထိ လက်ခံပေးသွားမယ်လို့ အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ” ဒီနှစ်က မနှစ်ထက်စာရင်တော့ ကျောင်းအပ်တဲ့ ရာခိုင်နှုန်း ပိုများလာတယ်။ အာဏာမသိမ်းခင်ကလောက်တော့ မရှိသေးဘူး။ ကြားထဲမှာ ကျောင်းမအပ်ဖြစ်တော့ဘဲ အပြင်တွေရောက်သွားကြတဲ့ ကလေးတွေလည်း အများကြီးရှိခဲ့တယ်” လို့ တောင်ဒဂုံမြို့နယ်က အထက်တန်းပြဆရာမတစ်ဦးက ပြောပါတယ်။ ယခုနှစ်ပညာသင်နှစ်အတွက် စာသင်ကျောင်းတွေကို ဇွန်လ ၁ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ်နှံခဲ့တဲ့ ကျောင်းသား၊ […]

အပြည့်အစုံဖတ်ရန်

မုန်တိုင်းသင့် ပုဏ္ဏားကျွန်း၊ တောဖျားချောင်းဒေသကို အကူအညီတွေမရောက်သေး

June 5, 2023

ရန်ကုန်- ၂၀၂၃၊ မေ ၅ (မော်ကွန်း) ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရဲ့ ကွမ်း အများဆုံးစိုက်တဲ့ တောဖျားချောင်းဒေသမှာ မိုခါမုန်တိုင်းကြောင့် နေအိမ်တွေနဲ့ ကွမ်းခင်းတွေ ပျက်စီးခဲ့လို့ စားဝတ်နေရေး အကူအညီအထောက်အပံ့တွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ တောဖျားချောင်းဒေသမှာ ထမင်းအိုးလို့ ပြောလို့ရတဲ့ ကွမ်းခင်းတွေ အကုန်ပျက်စီးသွားတယ်။ ကျွန်တော်တို့ ဆင်သေကျေးရွာ တစ်ရွာတည်းမှာပဲ ကွမ်းခင်း အပင် ၇၀၀ ကျော်လောက် ပျက်စီးသွားတယ်။ လက်ရှိ စားနပ်ရိက္ခာ၊ အမိုးအကာတွေ အရေးပေါ်လိုနေတယ်လို့” ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီဒေသဟာ ရေလမ်းတစ်ခုပဲ သွားလာရေးအတွက် အသုံးပြုလို့ရပြီး ကွမ်းစိုက်တဲ့လုပ်ငန်းတွေက အဓိကအသက်မွေးဝမ်းကျောင်းစိုက်ပျိုးရေးတွေထဲကတစ်ခုလို့ ဆိုပါတယ်။ အဲဒီဒေသမှာ ကျေးရွာပေါင်း ၂၀ ကျော်ရှိပြီး မိုခါမုန်တိုင်းကြောင့် ကွမ်းခင်းတွေ အားလုံးနီးပါး ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီက ခင်ဦးမှာရွာစီးမီးရှို့ ဆက်တိုက်လုပ်နေတာကြောင့်ဒေသခံထောင်နဲ့ချီ စစ်ရှောင်နေရ

June 5, 2023

ရွှေဘို -၂၀၂၃ ဇွန် ၅ (မော်ကွန်း) ဒီလစကတည်းက ခင်ဦးမြို့နယ်အတွင်းကို စစ်ထိုးဝင်ရောက် ရွာမီးရှို့နေတဲ့စစ်ကောင်စီတပ်တွေကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး တချို့သေဆုံးတာတွေရှိတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲက ရွာတွေကို ဇွန် ၁ ရက်ကတည်းက ဝင်ရောက်မီးရှို့နေတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းဟာ ဒီနေ့မှာတော့ ခင်ဦးမြို့နယ်မြောက်ဘက်ခြမ်း၊ ရွှေဘို-မြစ်ကြီးနား ရထားလမ်းဘေးက မဒေါင်းကြီးနဲ့ ရွှေတာရွာတွေကို ဝင်စီးနေပြီး ဒေသခံတွေထွက်ပြေးနေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးက တာဝန်ရှိသူက ဒီနေ့ နေ့လယ်မှာ ပြောပါတယ်။ “ မနေ့က မရမ်းအင်း ကျေးရွာက အသက် ၆၆ နှစ်အရွယ် ဒေသခံ အဖွားအိုတစ်ဦး စစ်ရှောင်ရင်းနဲ့ အမောဖောက် သေဆုံးသွားတာ။ […]

အပြည့်အစုံဖတ်ရန်

ကြာအင်းဆိပ်ကြီးမှာမြို့တွင်းတိုက်ပွဲဖြစ်ပြီး အရပ်သားတချို့သေဆုံး

June 2, 2023

ဘားအံ – ၂၀၂၃ ဇွန် ၂ (မော်ကွန်း) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA နဲ့ PDF ပူးပေါင်းတပ်တွေ ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က မြို့တွင်းကို လက်နက်ကြီး၊ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားနဲ့သံဃာတော်တချို့ သေဆုံးခဲ့တယ်လို့ မြိုပေါ်မှာအကူအညီပေးရေးလုပ်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ မနက်ကတည်းက ငါတို့လည်း ဗုန်းကျင်းထဲဆင်းနေရတာ။ အခုထိ အပြင်ကိုထွက်လို့ မရသေးဘူး။ သေနတ်တွေ ဖောက်နေဆဲပဲ။ စစ်တပ်ရဲပူးပေါင်းအဖွဲ့နဲ့ KNLA/PDF ပူးပေါင်းအဖွဲ့ ချကြတာ။ လူတွေသေတာ၊ အိမ်တွေအပေါ် လက်နက်ကြီးကျလို့ပျက်စီးတာတွေ ရှိတယ်။ အတိအကျတော့ အိမ်ထဲကကိုထွက်မရသေးတော့ မသိရသေးဘူး”လို့ ကြာအင်ဆိပ်ကြီးမြို့ပေါ်မှာနေထိုင်တဲ့ အဲဒီဒေသခံက ဒီနေ့လယ်က ပြောပါတယ်။ မနက် ၆ နာရီဝန်းကျင်ကတည်းက မြို့တွင်းတိုက်ပွဲစတင်ခဲ့ပြီး နေ့လည်ပိုင်းမှာ ပြန်လည်ငြိမ်သက်နေပေမယ့် […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကြားဆွေးနွေးမှု နွေဦးတော်လှန်ရေးကို ထိခိုက်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေသုံးသပ်

June 2, 2023

ကျိုင်းတုံ – ၂၀၂၃ ဇွန် ၂ (မော်ကွန်း) မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဆောင်တာဟာ နွေဦး တော်လှန်ရေးအပေါ် ထိခိုက်မှုရှိနိုင်တယ်လို့ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။ “ နွေဦးတော်လှန်ရေးမှာ ဒီလိုအင်အားတစ်စုံတစ်ရာရှိတဲ့ လက်နက်ကိုင်တွေမပါဝင်လာဘဲနဲ့ ကြားနေမယ်ဆိုရင် တစ်နှစ်တိုက်ရမယ့်ဟာက သုံးနှစ်လောက်ဆက်ကြာသွားနိုင်တဲ့အတွက် နွေဦးတော်လှန်ရေးကို အကြီးအကျယ် နောက်ဆုတ်သွားစေတဲ့ အစီအစဉ်နဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) ၊ တအောင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ဟာ ဇွန် ၁ ရက်ကစပြီး မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တွေ့ဆုံဆွေးနွေးနေကြတာပါ။ အဲဒီဆွေးနွေးပွဲမှာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေက သူတို့အဖွဲ့တွေကို စစ်ကောင်စီက မတရားအသင်းအဖြစ် […]

အပြည့်အစုံဖတ်ရန်

ဘားအံမှာ လိုင်စင်မဲ့မော်တော်ယာဉ်တွေ့ရင် လူပါဖမ်းဆီးမယ်ဆို

June 2, 2023

ဘားအံ- ၂၀၂၃ ဇွန် ၂ ( မော်ကွန်း) ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လိုင်စင်မဲ့ကားတွေ့ရင် ကားသိမ်း၊ လူထောင်ချတဲ့အထိ အရေးယူမယ်လို့ စစ်ကောင်စီကကြေညာတဲ့အတွက် သွားလာရေးအခက်ကြုံနေရတယ်လို့ မြို့ခံတချို့ကပြောပါတယ်။ ဒီလ ၁ ရက်က စပြီး “ လိုင်စင်မဲ့မော်တော်ယာဉ်များ လက်ဝယ်ထားရှိ အသုံးပြုစီးနင်းခြင်းများကို ပူးပေါင်းအဖွဲ့များဖြင့် လှည့်လည်စစ်ဆေးသွားမည်ဖြစ်ရာ စစ်ဆေးတွေ့ရှိပါက လိုင်စင်မဲ့မော်တော်ယာဉ်အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်ဖြစ်ပြီး လက်ဝယ်ထားရှိအသုံးပြုသူအား ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အရေးယူ၍ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်” လို့ စစ်ကောင်စီက ထုတ်ပြန်အသိပေးထားတာပါ။ ယခင်က လိုင်စင်မဲ့ယာဉ်တွေအဖမ်းခံရရင် ပြန်ရွေးလို့ရနိုင်ပေမယ့် အခုခါမှာတော့ ပြန်ရွေးခွင့်မပေးတော့တဲ့အပြင် လူကိုပါတရားစွဲထောင်ချဖို့လုပ်လာတာပါ။ “ သူတို့လည်း လိုင်စင်မဲ့ကားတွေပဲစီးကြတာပဲ။ အခုသူတို့က လိုင်စင်မဲ့ကားပြန်ဖမ်းမယ်ဆိုတော့ မြို့ကလူတွေ […]

အပြည့်အစုံဖတ်ရန်

ခင်ဦးနယ်ထဲမှာလည်း စစ်ကောင်စီက နှစ်ရက်ဆက်တိုက်မီးရှို့

June 2, 2023

ရွှေဘို-၂၀၂၃ ဇွန် ၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲကရွာတွေကို စစ်ကောင်စီတပ်တွေ နှစ်ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးနေလို့ ဒေသခံတစ်သောင်းနီးပါးထွက်ပြေးရကာ ရွာခံတစ်ဦးအဖမ်းခံထားရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူကမော်ကွန်းကိုပြောပါတယ်။ “ မနေ့ကစပြီးတော့ စစ်ကြောင်းထိုးတာ၊ ဒီနေ့လည်း စစ်ကြောင်းထိုးတယ်၊ မီးရှို့တယ်။ မီးရှို့ခံရတဲ့ရွာတွေက ခင်ဦးမြို့နယ်အနောက်ခြမ်း၊ ရေဦးမြို့နဲ့ဆို နှစ်မိုင်လောက်ပဲဝေးတယ်။ ရွာသစ်ကျေးရွာမီးရှို့ခံရတယ်။ ဒီနေ့မနက်မှာဆို ကျီးအိုင်ရွာမီးရှို့ခံရတာပေါ့။ စစ်ကြောင်းက လတ်တလော သူတို့ရွာနှစ်ရွာကြားက မရမ်းအင်းမှာ ထိုင်နေတာဖြစ်တဲ့အတွက် ဒေသခံအားလုံးကစိုးရိမ်ပြီး မပြန်ရသေးတဲ့အတွက် ပျက်စီးထိခိုက်မှုတွေက မသိရသေးဘူး။ နောက်ပြီးတော့ ဒေသခံတစ်ဦးလည်း ဖမ်းဆီးခံရတယ်လို့သိရတယ်။ ဖမ်းခံရတာက ရွာခံ သာမန်ပြည်သူအမျိုးသားတစ်ဦးပါ” လို့ သူကပြောပါတယ်။ စစ်ကြောင်းထိုးတဲ့စစ်ကောင်စီတပ်ဟာ အင်အားတစ်ရာဝန်းကျင်ရှိပြီး ဒီနေ့လယ်မှာတော့ ကျီးအိုင်ရွာကိုမီးရှို့ပြီး မရမ်းအင်းရွာထဲက ဘုန်းကြီးကျောင်းမှာ အထိုင်ချနေတယ်လို့ သူကဆက်ပြောပါတယ်။ ဒါကြောင့် အနီးက ရွာတွေဖြစ်တဲ့ ကျီးအိုင်၊ […]

အပြည့်အစုံဖတ်ရန်

မုန်တိုင်းသင့်ရခိုင်မှာ ကျောင်းတွေဖွင့်ထားပေမယ့် စာသင်ဖို့အခက်တွေ့နေတယ်လို့ဆို

June 2, 2023

စစ်တွေ – ၂၀၂၃ ဇွန် ၂ (မော်ကွန်း) မိုခါမုန်တိုင်းဒဏ်ကြောင့် အဆောက်အအုံတွေပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက စာသင်ကျောင်းတွေ မဖြစ်မနေပြန်ဖွင့်ရမယ်လို့ ညွှန်ကြားထားလို့ ကျောင်းတွေပြန်ဖွင့်ပေမယ့် ကျောင်းသားတွေကို လုံလောက်အောင် စာသင်ပေးနိုင်တာမျိုးမရှိသေးဘူးလို့ ကျောင်းဆရာတွေကပြောပါတယ်။ “ စစ်တွေမှာ ကျောင်းတွေအားလုံးပြန်ဖွင့်ပြီ။ ဒါပေမယ့် အပျက်အစီးတွေ မပြင်နိုင်သေးတဲ့ကျောင်းတွေဆို အတန်းအားလုံးကို မသင်ပေးနိုင်ဘူး။ ဥပမာ ကျောင်းမှာ အဆောင်သုံးဆောင်ရှိတယ်၊ တစ်ဆောင်ပဲ အမိုးအကာနဲ့ အကောင်းတိုင်းရှိတယ်ဆို အဲဒီအဆောင်မှာ အတန်းကြီးတွေကို ဦးစားပေးအနေနဲ့သင်ပေးနေတာပါ” လို့ စစ်တွေမြို့က အထက်တန်းကျောင်းအုပ်တစ်ဦးက ပြောပါတယ်။ သူကျောင်းမှာ ကျောင်းသား ၇၀၀ လောက်လာအပ်ထားပြီး ၆၉၀ လောက် ကျောင်းကိုရောက်လာတယ်လို့ သူကဆိုပါတယ်။ မြောက်ဦးမြို့နယ်မှာလည်း အခြေခံပညာကျောင်း ၂၀၀ ကျော်မှာ ၈၀ ရာခိုင်နှုန်းလောက် ပြန်ဖွင့်နေပြီလို့ မြောက်ဦးမြို့နယ်က […]

အပြည့်အစုံဖတ်ရန်

ကေအဲန်ယူတပ်မဟာ ၅ မှာ မေလအတွင်း အာဏာသိမ်းစစ်တပ်ဘက်က ၁၂၀ ကျော်သေဆုံးခဲ့

June 2, 2023

မူတြော် – ၂၀၂၃ ဇွန် ၂ (မော်ကွန်း) ကေအဲန်ယူတပ်မဟာ ၅ နယ်မြေမှာ ပြီးခဲ့တဲ့ ၂၀၂၃ မေလထဲမှာ အာဏာသိမ်းစစ်တပ်ဘက်က ၁၂၀ ကျော်သေဆုံးခဲ့တယ်လို့ တပ်မဟာ ၅ က သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲပေါင်း ၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်နဲ့ နယ်ခြားစောင့်တပ်(BGF) ဘက်က ၁၂၂ ဦးသေဆုံးခဲ့ပြီး အဲဒီအထဲမှာ ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်နှစ်ဦး၊ တပ်ကြပ်ကြီးသုံးဦးနဲ့ တပ်ကြပ်တစ်ဦးတို့ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ အာဏာသိမ်းစစ်တပ်ဘက်က လက်နက်နဲ့ရိက္ခာထောက်ပို့ယာဉ် ခြောက်စီးနဲ့ မြင်း၊ လားခြောက်ကောင်ကိုလည်း ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ တပ်မဟာ ၅ ဘက်က နှစ်ဦးကျဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကာ အာဏာသိမ်းစစ်တပ်ဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သားပြည်သူတစ်ဦးလည်း သေဆုံးသွားရတယ်လို့ ထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ တပ်မဟာ ၅ နယ်မြေထဲက အရပ်သားပြည်သူတွေရဲ့ ထိုင်းဘတ်ငွေ […]

အပြည့်အစုံဖတ်ရန်

မုန်တိုင်းတစ်လုံး ရခိုင်ဘက်ကိုထပ်လာဦးမယ်လို့ ခန့်မှန်းမှုတွေရှိနေ၊ မိုးဇလညွှန်မှူးကတော့ ဖြစ်နိုင်ချေနည်းဟုဆို

June 1, 2023

ရန်ကုန်-၂၀၂၃ ဇွန် ၁ (မော်ကွန်း) ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို လာမယ့် ဇွန် ၉ ရက်ခန့်မှာ မုန်တိုင်းတစ်လုံးထပ်မံဝင်ရောက်ဖွယ်ရှိတယ်လို့ ခန့်မှန်းမှုတွေရှိနေပေမယ့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာန ညွှန်ကြားရေးမှူးကတော့ ဖြစ်နိုင်ချေနည်းတယ်လို့ဆိုပါတယ်။ ဧရာဝတီတိုင်း၊မော်တင်စွန်းတောင်ဘက် မိုင် ၄၀ ခန့်အကွာ ကပ္ပလီပင်လယ်မှာ ဇွန် ၃ ရက်မှာဖြစ်လာမယ့် လေပွေလှိုင်း (INVEST 92B)ဟာ ဆိုက်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ပြီး ဇွန် ၉ ရက်မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ အလွတ်တန်း မိုးလေဝသခန့်မှန်းသူဦးဝင်းနိုင်က ဒီနေ့ပြောပါတယ်။ အဲဒီ့လေပွေလှိုင်းဟာ ဇွန် ၇ ရက်မှာ လေတိုက်နှုန်း မိုင် ၅၀ ကျော်အထိဖြစ်လာကာ မုန်တိုင်းငယ်အဆင့်ဖြစ်လာပြီး နောက်ရက်မှာတော့ လေတိုက်နှုန်း မိုင် ၈၀ အထိတက်လာကာ ဆိုက်ကလုန်းမုန်တိုင်းအဆင့်ရောက်မယ်လို့ ၎င်းကခန့်မှန်းထားပါတယ်။ အဲဒီနောက် ဇွန် ၉ […]

အပြည့်အစုံဖတ်ရန်

ကျောင်းဖွင့်ပြီ

June 1, 2023

ရန်ကုန်-၂၀၂၃ ဇွန် ၁ (မော်ကွန်း) ၂၀၂၃-၂၄ ပညာသင်နှစ်ရဲ့ ပထမဆုံးစာသင်ရက်ကို ဒီနေ့မှာစတင်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက စာသင်ကျောင်းတွေအနီးမှာ လုံခြုံရေးယူပေးတာလည်းတွေ့ရပါတယ်။ ဒီနှစ်မှာ ကျောင်းသား ခြောက်သန်းကျော် အပ်နှံတက်ရောက်တယ်လို့ စစ်ကောင်စီကထုတ်ပြန်ပါတယ်။ အောက်ပါ ဓါတ်ပုံတွေကတော့ ရန်ကုန်မြို့တွင်း မြို့နယ်တွေဖြစ်တဲ့ ပုဇွန်တောင်နဲ့ ဗိုလ်တထောင်မြို့နယ်ထဲက ကျောင်းတွေရဲ့မြင်ကွင်းဖြစ်ပါတယ်။ Photo – Mawkun #Dailynews

အပြည့်အစုံဖတ်ရန်

တောင်သူတွေကိုချေးမယ်ဆိုတဲ့ငွေ ချေးမရဖြစ်နေ

June 1, 2023

ရန်ကုန် – ၂၀၂၃ ဇွန် ၁ (မော်ကွန်း) တစ်ဦးကို ကျပ်သိန်း ၇၀၀၊ အစုအဖွဲ့ဆိုရင် သိန်း ၅,၀၀၀ ထိ ထုတ်ချေးမယ်လို့ စစ်ကောင်စီကြေညာထားတဲ့ချေးငွေကို တောင်သူတွေချေးမရဘူးလို့ ချေးငွေလျှောက်ဖူးတဲ့တောင်သူတစ်ချို့က ပြောပါတယ်။ ” ကျွန်မတို့ဆို ဧက ၃၀၀ စိုက်တယ်။ အထောက်အထား ပုံစံ ၇ တွေလည်း ရှိတယ်။ တောင်သူတွေကို အဲ့ဒီလောက်ငွေ ထုတ်ချေးမယ်ဆိုတာ အစောကြီးထဲကမဖြစ်နိုင်မှန်းသိပေမယ့် သွားမေးတော့ ဘဏ်ကမရဘူးပြောတယ်” လို့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်က လယ်သမားတစ်ဦးက ပြောပါတယ်။ သူက လယ်ဧကရာနဲ့ချီ စိုက်ပျိုးနေတဲ့တောင်သူတစ်ဦးဖြစ်ပြီး အရင်းအနှီးလိုတဲ့အတွက် အဲဒီချေးငွေနဲ့ ပတ်သက်လို့ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ကိုသွားရောက်စုံစမ်းခဲ့တာပါ။ စစ်ကောင်စီက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကတစ်ဆင့် လယ်ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်၊ ထော်လာဂျီ၊ ဆီစက်၊ ဆန်စက်တွေ ဝယ်ယူဖို့ အရင်းအနှီးလိုနေတဲ့ […]

အပြည့်အစုံဖတ်ရန်
1 … 125 126 127 128 129 130 131 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."