ရန်ကုန်၊ ၂၀၂၅ စက်တင်ဘာ ၄ (မော်ကွန်း) မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ဒေသတွင်းတော်လှန်ရေးမဟာမိတ်တွေ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတပ်တွေကို ဒီရက်ပိုင်းမှာ ပြောက်ကျားတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး စစ်ကော်မရှင်ဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မကွေးတိုင်း၊ သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ငါးပြေမပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ နတ်မောက်မြို့ ရဲ့အနောက်ခြမ်း တက်ဝန်ရွာ ပျူစောထီးခေါင်းဆောင် ဘိုထွန်းနဲ့ ပျူစောထီးတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် မိနစ် ၄၀ ထိ ပစ်ခတ်ခဲ့ကာ ၎င်းပျူစောထီးခေါင်းဆောင်အပါအဝင်ငါးဦးကို ချေမှုန်းနိုင်ခဲ့တယ်ဆိုပါတယ်။ ဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့် – ၂၂ လက်လုပ် ပစ္စတိုတစ်လက်၊ M1 ကာဘိုင်ငါးလက်အပါအဝင် ခဲယမ်းတချို့ကိုလည်း သိမ်းနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။ ဤတိုက်ခိုက်မှုကို ငါးပြေမတပ်ရင်းရဲ့ မြေပြန့်ကျားတပ်ခွဲက ဦးဆောင်ခဲ့ပြီး ရေနံချောင်း၊ မင်းဘူးခရိုင် တို့မှာလှုပ်ရှားနေတဲ့ […]
ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၁ (မော်ကွန်း) ပြီးခဲ့တဲ့သီတင်းပတ်ထဲက တိုက်ပွဲတွေဖြစ်လို့ လမ်းပိတ်ထားတဲ့ ရေး-ထားဝယ်ကားလမ်းပေါ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေလို့ လမ်းကိုဆက်ပိတ်ထားဆဲလို့ ၎င်းဒေသခံတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့လ ၂၆ ရက်တည်းက စစ်ကော်မရှင်တပ်နဲ့ တနင်္သာရီဒေသအခြေစိုက် တော်လှန်ရေးတပ်တွေအကြား ဒီမလွှဲတောာင်-ကလိန်အောင် ကားလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်တာကြောင့် ကားလမ်းကိုပိတ်ထားရပါတယ်။ မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းပေါ်က အဲဒီတိုက်ပွဲတွေကြားမှာ သွားလာနေတဲ့ကားတွေလည်း ရာနဲ့ချီပိတ်မိခဲ့ပြီး ၎င်းကားတွေဟာ ဒီနေ့ထိ ဆက်ပိတ်မိနေဆဲလို့ ဒေသတချို့က ပြောပါတယ်။ “ကားတွေကတော့ လမ်းပေါ်မှာ တန်းစီပြီး ဒီတိုင်းရပ်ထားတယ်။ လူတွေတော့ လွတ်ရာကျွတ်ရာ ဒီတိုင်းပဲ ပုန်းကြတာပေါ့” လို့ ဒေသခံယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ ဒီနေ့လယ်ပိုင်းမှာလည်း မလွှဲတောင်နဲ့ ကလိန်အောင်လမ်းပိုင်းမှာ ပြင်းထန်တဲ့ လက်နက်ကြီးပစ်ခတ်သံတွေ ဆက်တိုက်ကြားရတယ်လို့ ထားဝယ်ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့လ […]
ရန်ကုန် – ၂၀၂၅ ဇူလိုင် ၂၄ (မော်ကွန်း) ပဲခူးတိုင်း မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် လေးပေခန့်မြင့်တက်လာတာကြောင့် ညောင်လေးပင် – မဒေါက် – ရွှေကျင်ကားလမ်းကို ပိတ်ထားရတယ်လို့ ဒေသခံတချို့ကပြောပါတယ်။ မဒေါက်မြို့ရဲ့အထွက် မဒေါက်-ညောင်လေးပင် ကားလမ်းအနီးမှာလည်း စစ်တောင်းမြစ်ရေက ကားလမ်းပေါ်ထိ ရေကျော်နေတာကြောင့်သွားလာလို့ မရတော့ဘူးလို့ မဒေါက်ဒေသခံတချို့က ပြောပါတယ်။ “ဒီမနက်က ကားလမ်းပေါ်ကို ဒူးကျော်တဲ့အထိ ရေတက်လာတယ်။ ရေစီးကလည်းကြမ်းတယ်။ မဒေါက်အထွက်မှာ ဘယ်ကားမှသွားမရလို့ ကားတွေပုံပြီး ရေစောင့်နေကြတယ်။ အခုထိတော့ မကျသေးဘူး၊ ညောင်လေးပင်ဘက်တော့ သွားလို့မရတော့ဘူး၊ ရွှေကျင်ဘက်ဆိုရင်တော့ ဆိုင်ကယ်နဲ့ စက်လှေကူးပြီးသွားလို့ရတယ်။ Pro Box ထက်မြင့်တဲ့ကားတွေ သွားလို့ရသေးတယ်” လို့ မဒေါက်ဒေသခံတစ်ဦးက ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။ မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေကို တားထားတဲ့ တာတမံတစ်ခု […]
ရန်ကုန် – ၂၀၂၅ ဧပြီ ၁၅ (မော်ကွန်း) စစ်ကိုင်းငလျင်ကြောင့် ထိခိုက်သေဆုံးရသူတွေကို စာနာကြောင်းပြသပြီး တိတ်ဆိတ်စွာ ရန်ကုန်သင်္ကြန်ကို အကြိုနဲ့အကျနေ့တွေမှာ အများစု ဖြတ်သန်းခဲ့ကြပေမယ့် ဒီအကြတ်နေ့ကစပြီး ပြည်သူ့ရင်ပြင်နဲ့ တရုတ်တန်းလိုနေရာတွေမှာ ရေကစားပွဲတွေကျင်းပနေပါပြီ။ ဓါတ်ပုံ- မော်ကွန်း
ရန်ကုန် – ၂၀၂၅ မတ် ၁၈ (မော်ကွန်း) မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီ ယာဉ်တန်းကို ဒေသတွင်းတော်လှန်ရေးတပ်တွေ နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ၎င်းတော်လှန်ရေးတပ်ဖွဲ့တချို့က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်က ညောင်ဦးမြို့ရဲ့ စစ်ကောင်စီအထိုင်တပ် ခမရ – ၄၁၅ ကနေ စလင်းမြို့နယ်ဘက်ကို သွားရောက်တဲ့ စစ်ကောင်စီတပ်ရဲ့ အင်အား ၆၀ ပါ ယာဉ်တန်းကို ညောင်ဦး-ချောက် ကားလမ်းတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဒီတိုက်ခိုက်မှုမှာ ပါဝင်တဲ့ Bagan Bo Cho PDF အဖွဲ့က ထုတ်ပြန်ပါတယ်။ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဟာ ထိခိုက်ဒဏ်ရာရသူတွေကို ပြန်လည်ပို့ဆောင်စဉ် နောက်ထပ်တစ်ကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Bagan Bo Cho PDF ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုတွေမှာ […]
ရန်ကုန်- ၂၀၂၄ နိုဝင်ဘာ ၂၁ (မော်ကွန်း) ရခိုင်ပြည်နယ်က အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရေပိုင်နက်ထဲကိုဝင်လာလို့ ဖမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းလှေ ၁၅ စီးအနက် ခုနစ်စီးကို မနေ့တုန်းက ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။ ငါးဖမ်းလှေအကုန်လုံးကို လွှဲပေးမှာဖြစ်ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကိုချင့်ချိန်ပြီး အခုလို အသုတ်ခွဲလွှဲပြောင်းတာလို့ ထုတ်ပြန်ပါတယ်။ ဒီလ ၅ ရက်က အာရက္ခတပ်တော် ရေပိုင်နက်ကိုဝင်လာတဲ့ အဲဒီလှေတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တံငါသည် ၂၀ ပါဝင်ပေမယ့် ဆင်းရဲကျပ်တည်းသူတွေဖြစ်တဲ့ ထိုလူတွေကို နှစ်ရက်အကြာမှာ ခံဝန်ကတိထိုး ခိုင်းကာ ပြန်လွှတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ “ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မိမိတို့အဖွဲ့အစည်းအကြားရှိ နှစ်ဖက်နယ်စပ်ရေးရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ယခင်ထက် ပိုမိုအားကောင်းလာစေရန်ရည်ရွယ်၍ မည်သည့်ပြစ်ဒဏ်မျှ ပေးခြင်းမရှိဘဲ ငါးခိုးဖမ်းသမားများကို ချက်ချင်းပြန်လွှတ်ပေးခဲ့သော်လည်း […]
ရန်ကုန်- ၂၀၂၄ နိုဝင်ဘာ ၂၁ (မော်ကွန်း) ပဲခူးရိုးမထဲကို လနဲ့ချီ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လူသားဒိုင်းအသုံးပြုပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရသလို ပြည်သူတွေပါနေတဲ့အတွက် အဲဒီစစ်ကြောင်းကိုတိုက်ဖို့ ခက်ခဲနေတယ်လို့ ရိုးမအခြေပြု တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTZM GBK PDF က တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “ ဒီကောင်တွေက တစ်ရွာကနေ တစ်ရွာကို ကူးမယ်ဆိုရင် အဲဒီရွာက ပြည်သူလေးငါးဦးကို သူတို့ သွားချင်တဲ့ရွာအထိ ဖမ်းခေါ် သွားတယ်။ အဲဒီရွာကိုရောက်ရင် ဖမ်းလာသူတွေကို ပြန်လွှတ်လိုက်တယ်။ ရောက်သွားတဲ့ ရွာကနေ နောက်ထပ်တစ်ရွာကိုထပ်ကူးချင်ရင် အဲဒီကလူတွေကို ထပ်ဖမ်းခေါ်တယ်။ ဒီလို လုပ်နေတာ။ လူသားတံတိုင်းလုပ်ပြီး လှည့်ပတ်စစ်ကြောင်း ထိုးနေတာ” လို့ အထက်ပါတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြပါတယ်။ ပြီးခဲ့တဲ့လကတည်းက ပဲခူးရိုးမအနောက်ခြမ်း ကြို့ပင်ကောက်မြို့နယ်၊ […]
ရန်ကုန်-၂၀၂၄ နိုဝင်ဘာ (မော်ကွန်း) ခန္တာကိုယ်တစ်ခြမ်းလေဖြန်းနေတဲ့ အသက် ၅၀ ကျော် မိခင်အတွက် လွန်ခဲ့တဲ့လေးနှစ်ကတည်းကတိုက်ကျွေးလာတဲ့ ဖြည့်စွက်စာနဲ့ အားဆေးတွေကို ခုချိန်မှာ ကိုမိုးဝေဝယ်မတိုက်နိုင်တော့ပါ။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ဒေါ်လာဈေးမြင့်တက်မှု၊ ကုန်စည်တင်သွင်းတဲ့လမ်းကြောင်းတွေ ပြတ်တောက် မှုကြောင့် တစ်နိုင်ငံလုံးမှာ အခြေခံစားသောက်ကုန်၊ လူသုံးကုန်တွေရဲ့ဈေးနှုန်းတွေဟာ ခေါင်ခိုက်အောင်မြင့်သွားခဲ့ပြီး သူ့ မိခင်သောက်နေရတဲ့ ဆေးဝါးဈေးတွေဟာလည်း ပြီးခဲ့တဲ့နှစ်ပိုင်းကစလို့ မြင့်တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက သူ့အမေသောက်ရတဲ့ဆေးဖိုးဝါးခက တစ်လကို ကျပ်ကိုးသောင်းဝန်းကျင်ရှိပြီး ဒါဟာ ကုမ္ပဏီဝန်ထမ်းဖြစ်တဲ့ ကိုမိုးဝေလခရဲ့ လေပုံတစ်ပုံခန့် သုံးစွဲရတာဖြစ်ပါတယ်။ ဒီနှစ်ထဲမှာတော့ ပုံမှန်သူ့မိခင်သုံးစွဲနေရတဲ့ဆေးဝါးတွေဟာ ဈေးနှုန်းတွေခုန်တက်လာခဲ့ပြီး ပြီးခဲ့တဲ့နှစ်ထက် နှစ်ဆနီးပါး ဈေးပိုလာတာကြောင့် တချို့ဆေးတွေကို ဝယ်မတိုက်နိုင်တော့ဘူးလို့ ကိုမိုးဝေကပြောပါတယ်။ “ဆရာဝန်မဖြစ်မနေညွှန်းတဲ့ဆေးတွေပဲ တိုက်နိုင်တော့တယ်။ တချို့အားဆေးတို့၊ ဖြည့်စွက်စာတို့၊ သိပ်မလိုဘူးဆိုရင် မတိုက်ဖြစ်တော့ဘူး။ ဘယ်လိုမှ မတတ်နိုင်တာ့ဘူး” လို့ […]
ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၂၀ (မော်ကွန်း) ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်က PNLO တပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာရှိတဲ့ တံတားတစ်စင်းကို စစ်ကောင်စီက ဒီနေ့မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့ပြီး တိုက်ပွဲတွေ တစ်ကျော့ပြန်ပြင်းထန်လာဖွယ်ရှိတယ်လို့ ဒေသခံတချို့နဲ့ ပအိုဝ်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ ဒီနေ့မနက် ၁၀ နာရီခွဲခန့်က ဆိုက်ခေါင်-ပွန်ချောင်း-မောက်မယ် ကားလမ်းပေါ်က ပွန်ချောင်းတံတားကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးသုံးကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီး တံတားကို ဖျက်ဆီးခဲ့တယ်လို့ PNLO က ထုတ်ပြန်ထားပါတယ်။ ဒါ့ပြင် စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေဟာ တော်လှန်ရေးအင်အားစုဖြစ်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နယ်မြေကို ဒီနေ့မနက်ပိုင်းကစပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ ဆိုပါတယ်။ ပွန်ချောင်းတံတားအနီးမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေဟာ […]
ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၁၉ (မော်ကွန်း) ချင်းပြည်နယ်တောင်ပိုင်းက ဖလမ်းနဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲ အောင်ပွဲတွေရနေတယ်လို့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောပါတယ်။ အွန်လိုင်းကတစ်ဆင့် ဒီနေ့ပြုလုပ်ခဲ့တဲ့ “ချင်းညီနောင်စစ်ဆင်ရေးအပေါ် အရေးပေါ် ရန်ပုံငွေရှာပွဲ” မှာ သူက အခုလို ပြောသွားတာပါ။ ချင်းညီနောင်အဖွဲ့ဝင် တော်လှန်ရေးတပ်တွေဟာ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ဖလမ်းမြို့တွေက စစ်ကောင်ီစ အခြေစိုက်စခန်းတွေကို ဒီလ ၉ ရက်ကစကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲကာလ ၁၀ ရက်ထိ ရှိလာပါပြီ။ မင်းတပ်နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကို အချိန်ယူပြင်ဆင် တိုက်ခိုက်ခဲ့ပြီး ဒီအချိန်မှာ အောင်ပွဲတွေ အများအပြားရနေကာ လုံခြုံစိတ်ချရတဲ့ အခြေအနေတစ်ခုကိုရောက်ရင် စစ်ရေးသတင်းတွေကို ထုတ်ပြန်ပေးသွားမယ်လို့ ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောပါတယ်။ […]
ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၁၈ (မော်ကွန်း) ဒီနေ့မနက်ပိုင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်က မြန်မာ့ဂုဏ်ရောင်အိမ်ရာဝင်းထဲမှာရှိတဲ့ မြို့ဦးပရိယတ္တိစာသင်တိုက်မှာ ပါဆယ်ဗုံးပေါက်ကွဲတာကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူသွားတယ်လို့ ရပ်ကွက်နေ ဒေသခံတချို့ဆီက သိရပါတယ်။ ဘုန်းတော်ကြီးကျောင်းကို ပြင်ပကနေပေးပို့လိုက်တဲ့ ပါဆယ်ထုပ်တစ်ထုပ်ကနေ အခုလိုပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် သက်တော် ၅၇ နှစ်၊ ဝါတော် ၃၇ နှစ်ရှိတဲ့ ကျောင်းထိုင်ဆရာတော် အရှင်ဉာဏဝံသဟာ သူသီတင်းသုံးနေထိုင်ရာ အိပ်ခန်းထဲမှာပဲ ပျံလွန်တော်မူသွားတယ်လို့ ဒီဖြစ်စဉ်ကိုသိတဲ့ မေတ္တာညွန့်ရပ်ကွက် ဒေသခံတချို့က ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပြီးနောက် စစ်ကောင်စီတပ်က စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ)နဲ့ ၊ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာကာ ကျောင်းတိုက်ထဲမှာ စုံစမ်းစစ်ဆေးရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ မေတ္တာညွန့်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။ “အိပ်ခန်းပေါ့ ကုတင်နားလေးမှာပဲ ပါဆယ်ထုပ်ကိုဖွင့်ရင်း ပေါက်ကွဲတယ်လို့ […]
ပုလဲ- ၂၀၂၄ နိုဝင်ဘာ ၁၇(မော်ကွန်း) စစ်ကိုင်းတိုင်းက ပုလဲမြို့ကို ပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်က မြို့ထဲနဲ့ မြို့အနီးက ကျေးရွာတွေကို မီးရှို့နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဒီနေ့မှာဆိုရင် ပုလဲမြို့အနောက်ပိုင်း၊ ပါရမီရပ်ကွက်က တွင်ခုံလုပ်ငန်းတွေကို မီးတင်ရှို့နေတယ်လို့ ဒေသခံတချို့က ဆိုပါတယ်။ အဲဒီစစ်ကြောင်းဟာ ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကူရောက်ရှိလာတဲ့စစ်ကြောင်းဟာ ဘုတလင်နယ်ဘက်မှာ ကျေးရွာတွေကို မီးရှို့၊ ဒေသခံတွေကိုသတ်ဖြတ်ခဲ့တဲ့စစ်ကြောင်းဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူတချို့ကလည်း ပြောပါတယ်။ ” မြို့သိမ်းတိုက်ပွဲအပြီး ပုလဲမြို့ ပတ်ချာလည်ရွာတွေက ပြည်သူတွေ စိုးရိမ်ကြောက်လန့်ပြီး ရှောင်တိမ်းနေရတယ်ဗျ။ နိုဝင်ဘာ ၁၄ ရက်က မုံရွာ(နမခ)က စစ်ကူလာတဲ့ စစ်အုပ်စုအင်အား ၈၀ ကျော်က ဘုတလင်မြို့နယ်ထဲမှာ လူသတ်၊ မီးရှို့ခဲ့တဲ့စစ်ကြောင်းလို့ သတင်းကကြားထားတော့ ပြည်သူတွေ ပိုထိတ်လန့်နေကြတာ။ အခုလည်း အလယ်ဘုံနဲ့ မြကုန်းရွာတွေကို မီးရှို့ပြီးပြီလေ။ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."