Uncategorizedများ

မိုခါမုန်တိုင်းဝင်ပြီးနှစ်လကျော်ကြာသည်အထိ ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းအပျက်အစီးတွေကြားထဲ စာသင်နေကြရဆဲ

July 21, 2023

စစ်တွေ- ၂၀၂၃၊ ဇူလိုင် ၂၁ (မော်ကွန်း) မိုခါမုန်တိုင်းတိုက်ပြီး နှစ်လကျော်ကြာလာတဲ့အထိ ရခိုင်ပြည်နယ်ကကလေးငယ်တွေဟာ စာသင်ကျောင်းအပျက်အစီးတွေကြားထဲ စာသင်နေကြရဆဲဖြစ်တယ်လို့ မုန်တိုင်းဒဏ်သင့်ဒေသခံတွေကိုကူညီပေးနေတဲ့ ဝံလတ်ဖောင်ဒေးရှင်းဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောပါတယ်။ “စာသင်ကျောင်းတွေပျက်စီးသွားလို့ အကောင်းတိုင်းကျန်ရှိနေတဲ့စာသင်ဆောင်တွေမှာ ကျောင်းသားတွေကိုအတန်းလိုက် နှစ်ချိန်ခွဲသင်နေရတဲ့ကျောင်းတွေအများကြီးရှိသေးတယ်။ ပုဏ္ဏားကျွန်းမြို့နယ်က ကိုယ်ထူကိုယ်ထကျောင်းတစ်ခုမှာဆိုလည်း ရွာသားတွေက ပျက်စီးသွားတဲ့သူတို့အိမ်တွေကို ပြန်ပြင်ဖို့အရေးလည်းလုပ်နေရတော့ စာသင်ဆောင်ကို အခုထိပြန်မပြင်နိုင်သေးတဲ့အခြေအနေဖြစ်နေတယ်” လို့သူကပြောပါတယ်။ ရခိုင်ပြည်နယ်စစ်တွေနဲ့ပေါက်တောမြို့နယ်တွေမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာဆိုရင်လည်း ယာယီပညာသင်ကြားရေးအဆောက်အဦတွေရဲ့ ၉၅ ရာခိုင်နှုန်းခန့်ဟာ မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် လုံးဝပျက်စီးသွားခဲ့ပြီး သင်ကြားရေးအထောက်အကူပြုပစ္စည်းတွေအပါအဝင် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလုပ်ဆောင်ဖို့ အရေးကြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မိုခါဆိုက်ကလုန်းမုန်တိုင်းနှစ်လပြည့် အစီရင်ခံစာမှာဖော်ပြပါတယ်။ “ဘူးသီးတောင်နဲ့ရသေ့တောင်မြို့နယ်ကကျောင်းတွေမှာဆိုရင် အဆောက်အဦရဲ့အုတ်နံရံတွေပြိုကျတာ အခုထိမပြင်ရသေးဘူး။ တာပေါ်လင်စတွေနဲ့ယာယီကျောင်းဆောင်လုပ်ပြီးစာသင်နေကြရတာ” လို့ ဦးခိုင်ကောင်းစံကပြောပါတယ်။ UNOCHA ရဲ့စာရင်းတွေအရ ဘူးသီးတောင်နဲ့မောင်တောမြို့နယ်ရှိ သွားလာရေးခက်ခဲတဲ့ဒေသတွေက စာသင်ကျောင်း ၁၈ ကျောင်းနဲ့ ယာယီပညာသင်ကြားရေးအဆောက်အဦ […]

အပြည့်အစုံဖတ်ရန်

“သာတူညီမျှတဲ့လောက လူထုအားနဲ့တိုက်ယူကြ” အရာတော်သပိတ် မုံရွာမြို့အဝင်တွင် ဆန္ဒပြ

May 21, 2023

အရာတော် − ၂၀၂၃ မေ ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်ဟာ ဒီကနေ့မှာ မုံရွာမြို့အဝင်၊ မုံရွာ−အရာတော်လမ်းမပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မုံရွာ − အရာတော်လမ်းမပေါ်မှာရှိတဲ့ မုံရွာစီးပွားရေးတက္ကသိုလ်ထဲမှာ အာဏာသိမ်းစစ်တပ်က အထိုင်ချနေပေမယ့် အဲဒီနေရာနဲ့ မီတာ၅၀လောက်နီးတဲ့နေရာထိ လာပြီးလမ်းမပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့တာလို့ သပိတ်ခေါင်းဆောင်က မော်ကွန်းကိုပြောပါတယ်။ ဒီနေ့ သပိတ်မှာ ကိုင်စွဲခဲ့တဲ့ သပိတ်စာသားတွေကတော့ “သာတူညီမျှတဲ့လောက လူထုအားနဲ့တိုက်ယူကြ” ၊ “တော်လှန်ရေးသမားကိုသေမိန့်ချရုံနဲ့ တော်လှန်ရေးကသေမိန့်မကျဘူး”တို့ဖြစ်ပါတယ်။ ဓါတ်ပုံ − CJ #Dailynews

အပြည့်အစုံဖတ်ရန်

မုန်တိုင်းဝင်မယ့် စစ်တွေမှာ အငှါးယာဉ်တွေ စျေးသုံးဆတင်တောင်းနေ

May 14, 2023

ရန်ကုန်- ၂၀၂၃၊ မေ ၁၄ (မော်ကွန်း) မိုခါဆိုင်ကလုန်းဝင်ရောက်ဖြတ်ကျော်မယ့် စစ်တွေမြို့မှာ အငှါးယာဉ်စီးခတွေ သုံးဆနီးပါးတက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ “Hijet တို့၊ တုတ်တုတ်ဆိုက်ကယ်တို့ တစ်ချို့ကားတွေကြတော့စျေးကိုသုံးဆလောက်ထိတက်နေတာ။ ခါတိုင်းစျေး ငါးထောင်ဆို တစ်သောင်းခွဲထိတောင်းတယ်။ မြောက်ဦးထိဆို သုံးသောင်းထိတင်တောင်းတာတွေရှိတယ်။” လို့ စစ်တွေမြို့ဒေသခံတစ်ဦးကပြောပါတယ်။ ဆန်စျေးဆိုရင်လည်း မုန်တိုင်းသတင်းကြောင့် အနည်းအကျဉ်းစျေးတင်ရောင်းတာတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ “ဥပမာအရင်က ဆန်တစ်အိတ်ရှစ်သောင်းဆို အခုကိုးသောင်းလောက်ရှိတယ်။ တစ်ချို့ကျတော့မုန်တိုင်းကြောင့်စျေးတင်မရောင်းဘဲပုံမှန်စျေးအတိုင်းရောင်းတာတွေလည်းရှိတယ်” လို့ စစ်တွေမြို့ပေါ်ရှိဒေသခံတစ်ဦးကပြောပါတယ်။ ငါးခြောက်စျေးတွေဆိုလည်းနှစ်ဆနီးပါးပေးဝယ်နေရတယ်လို့ဒေသခံတွေကဆိုပါတယ်။ မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ဒီနေ့လယ်ပိုင်းမှာစစ်တွေမြို့အနီးတဝိုက်ကနေဖြတ်ကျော်သွားမှာဖြစ်ပြီး အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀ ကနေ ၁၃၇ မိုင်ထိရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှထုတ်ပြန်ထားပါတယ်။ ပုံစာ- စစ်တွေမြို့၊အာကျတ်တော်ကုန်း အဓိဌာန်ဘုန်းကြီးကျောင်းက်ိုလာရောက်ခိုလှုံနေကြသည့်မြင်ကွင်း Photo-K kaung San #Dailynews

အပြည့်အစုံဖတ်ရန်

“ချုပ်ချယ်ရင် ရုန်းကန် ဖိနှိပ်ရင်တွန်းလှန်၊ တိုက်ပွဲအောင်လံလွှင့်ကြထူကြ” ကလေးမြို့ပင်မသပိတ် ယနေ့ဆန္ဒထုတ်ဖော်မှု

August 16, 2022

ကလေးမြို့ – ၂၀၂၂ ဩဂုတ် ၁၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးပင်မသပိတ်အင်အားစုရဲ့ ၅၅၅ ရက်မြောက် ဆန္ဒထုတ်ဖော်မှု ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

CDM ကျောင်းဆရာကို မမိလို့ အာဏာသိမ်းစစ်တပ်က ဓါးစာခံလုပ်ကာဖမ်းသွားတဲ့ ငါးနှစ်အရွယ် သမီးဖြစ်သူနဲ့ မိသားစု ၁၀ ဦး သုံးလကြာသည်အထိ အဆက်အသွယ်မရသေး

July 13, 2022

ကျောက်ဆည် – ၂၀၂၂ ဇူလိုင် ၁၃ (မော်ကွန်း) မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ အင်ဒိုင်းရွာက အာဏာဖီဆန်ကျောင်းဆရာတစ်ဦးကို ဖမ်းမမိတာကြောင့် အသက်ငါးနှစ်အရွယ်သမီးဖြစ်သူနဲ့ မိသားစုဝင် ၁၀ ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားတာ သုံးလကြာတဲ့အထိ အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်တစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက လာရောက်ဖမ်းဆီးသွားတဲ့အထဲ အာဏာဖီဆန်ကျောင်းဆရာ ကိုဝေလွင်ဦးရဲ့ ဇနီး၊ သမီးဖြစ်သူ မသိမ့်သဒ္ဓါထွန်းနဲ့ နှစ်ဘက်မိဘတွေ စုစုပေါင်း ၁၁ ဦးပါဝင်ပါတယ်။ “ကလေးကို ပထမလာဖမ်းသွားပြီး နောက်ရက်မနက်ကိုပြန်လွှတ်ပေးတယ်၊ကလေးကသူ့အဖွားအိမ်မှာနေတုန်း ညနေပိုင်းကိုပြန်လာပြီး ကလေးကိုသူ့အမေနားထားမယ်ဆိုပြီးပြန်ဖမ်းသွားတာ၊ ခုကလေးက သူ့အမေဆီလည်းမရောက်ဘူး ၊ဆက်သွယ်လို့လည်းမရဘူး၊ဘာမှလည်းမသိရပါဘူး”လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ မသိမ့်သဒ္ဓါထွန်းက ဇူလိုင်လ ၁၄ရက် မနက်ဖြန်မှာ အသက် ၅နှစ်ပြည့်မှာဖြစ်ပြီး ကလေးကိုအမြန်ပြန်လွှတ်စေချင်တယ်လို့ မိသားစုဝင်ကပြောပါတယ်။ ဖမ်းဆီးခံထားရသူတွေကို သုံးလကြာသည်အထိ အမှုဖွင့်အရေးယူတာမရှိဘဲ ဖမ်းဆီးထားတယ်လို့​ မိသားစုဝင်တစ်ဦးကပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

“အသံမတိတ်၊အလံမလိပ် ကလေးမြို့သပိတ်”

January 24, 2022

ကလေး – ၂၀၂၂ ဇန်နဝါရီ ၂၄ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့သပိတ်ရဲ့ လမ်းမပေါ် ချီတက်ဆန္ဒပြတဲ့ ၃၅၁ ရက်မြောက် ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ကနီမြို့နယ်က ရွာနှစ်ရွာကို အာဏာသိမ်းစစ်တပ် မီးရှို့လို့ နေအိမ် ၄၀ ကျော်ပျက်စီး

January 24, 2022

ကနီ – ၂၀၂၂ ဇန်နဝါရီ ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာနှစ်ရွာက နေအိမ်အလုံး ၄၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရကာ အကူအညီလိုအပ်နေကြောင်း ဒေသခံတွေက ​ပြောပါတယ်။ ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေယာဥ်တွေနဲ့ ဆန်တတ်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေက မြစ်ဘေးမှာရှိတဲ့ ကနီမြို့နယ် မုဌော အရှေ့ရွာရှိ လူနေအိမ်(၁၁)လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။ ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ကလည်း ကနီမြို့နယ် ၊ နတ်ကြီးရွာက လူနေအိမ် အလုံး ၃ဝ ကျော်ကို ထပ်မံ မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ဇန်နဝါလ၂၂ရက်ကနေ စတင်ပြီး မုံရွာမြို့နယ်၊မင်းဒေါင့်ဆိပ်ကမ်းက […]

အပြည့်အစုံဖတ်ရန်

“ရွက်ကုန်ဖွင့်မယ့် 2022 ပြည်သူ့အောင်ပွဲ နှစ်” ကလေးမြို့ပင်မသပိတ် ယနေ့မြင်ကွင်း

January 23, 2022

ကလေး – ၂၀၂၂ ဇန်နဝါရီ ၂၃ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့သပိတ်ရဲ့ လမ်းမပေါ် ချီတက်ဆန္ဒပြတဲ့ ၃၅၀ ရက်မြောက်နေ့ မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ပုလဲမြို့က ပျူစောထီးတွေကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်

January 23, 2022

ပုလဲ – ၂၀၂၂ ဇန်နဝါရီ ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်လို့ ပျူစောထီးတွေ သေဆုံးမှုရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပုလဲမြို့နယ်မှာ ပျူစောထီးတွေရဲ့ စစ်သင်တန်းတွေတက်ဖို့ လိုက်လံစည်းရုံးနေတဲ့ အင်မထီးရွာက ဆန်းနိုင်ဝေဟာ မနေ့က ညပိုင်းမှာ သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါအပြင် ဒီကနေ့မှာလည်း ပျူစောထီးတွေကို စစ်သင်တန်းပေးနေတဲ့ ဇီးဖြူကုန်းရွာကို ပုလဲနယ်က တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ် တပ်သားနဲ့ပျူစောထီးတွေ သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ တော်လှန်ရေးတပ်တွေကတော့ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပုလဲမြို့နယ်က ကျေးရွာတချို့မှာ ပျူစောထီးသင်တန်းပေးနေတာတွေလည်းရှိတယ်လို့ဒေသခံတစ်ဦးက ပြောပါတယ်။ ပုလဲမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ဟာ ကျေးရွာတွေဆီ လှည့်လည်စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

“စစ်ကောင်စီနဲ့ ပူးပေါင်းသူမှန်သမျှ၊ ပြတ်ပြတ်သားသားဆန့်ကျင်ကြ” ၃၄၉ ရက်မြောက် ကလေးမြို့ပင်မသပိတ် ယနေ့မြင်ကွင်း

January 22, 2022

ကလေးမြို့ – ၂၀၂၂ ဇန်နဝါရီ ၂၂ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ၃၄၉ ရက်မြောက် လမ်းပေါ် ချီတက် ဆန္ဒထုတ်ဖော်တဲ့ ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

အံဝင်ခွင်ကျမဖြစ်တဲ့ စာသင်ခန်း

September 8, 2020

မော်ကွန်းက တွေ့ဆုံခဲ့တဲ့ အထက် တန်းကျောင်းသူတစ်ဦးနဲ့ ကျောင်းသား တစ်ဦးကလည်း စာသင်ခန်းထဲမှာ အလားတူဖြစ်ရပ်မျိုးတွေ ကြုံခဲ့ရပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ရန်ကုန်တိုင်း၊ သန် လျင်မြို့နယ်က အိုးဝေပညာဒါနကျောင်း မှာနေရင်း အတွဲ(၁)၊ ဝိပ္ပံဘာသာတွဲနဲ့ အထက်တန်းတက်ရောက်နေသူတွေ ဖြစ် ပြီး အလယ်တန်းအဆင့်ကို သူတို့မွေးဖွား ရာ ပြည်နယ်တွေမှာ အောင်မြင်ခဲ့သူတွေ ဖြစ်ပါတယ်။ ကယားပြည်နယ်မှာ အလယ်တန်း အထိ ကျောင်းတက်ခဲ့ဖူးသူ ကယန်း လူမျိုး၊ ရိုမန်ကက်သလစ်ဘာသာဝင် မပိုင်ကဗြေးလာဆိုရင် ပညာဒါနကျောင်း ကို ရောက်မလာခင်အထိ စာသင်ခန်းနဲ့ သိပ်ပြီးအံဝင်ခွင်ကျ မဖြစ်ခဲ့ပါဘူး။ စာသင်ခန်း ဝေယျာဝေစ္စလုပ်ဖို့ အသင်းခွဲတဲ့အခါ မြန်မာမင်းငါးပါးထဲက ကျန်စစ်သားအသင်းဝင်ဖြစ်တာ၊ ‘အာဇာနည်ဗုဒ္ဓဘာသာအမျိုးသားတိုင်းပြည်’ဆို တဲ့စာသားပါ ဇာတိမာန်သီချင်းဆိုရတာ၊   မြန်မာလူမျိုးအကြောင်းတွေကိုပဲဖော်ပြထားတဲ့ သမိုင်းပြဋ္ဌာန်းစာအုပ်ကိုသင်ရ တာတွေဟာ မပိုင်ကဗြေးလာနဲ့ လုံးဝ မသက်ဆိုင်သလို […]

အပြည့်အစုံဖတ်ရန်

မရိုးမသား သင်ရိုးညွှန်းတမ်းများ

September 8, 2020

ရန်ကုန်တက္ကသိုလ်မှာ သမိုင်း ဘာသာရပ် လေ့လာနေတဲ့ ဂုဏ်ထူးတန်းနောက်ဆုံးနှစ်ကျောင်းသား ကိုနိုင်အောင် က အုပ်ချုပ်သူလူတန်းစား အဆက်ဆက် ဟာ ဝါဒဖြန့်ချိရေးလုပ်ဖို့ ကျောင်းသုံး ဖတ်စာအုပ်တွေကို ကြားခံအဖြစ်သုံးနေ တာကို သိသိသာသာ မြင်နေရတယ်လို့ ဆိုပါတယ်။ ကိုနိုင်အောင်ဟာ Mr. History ဆိုတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ YouTube Channel တို့ကနေ တစ်ဆင့် မြန် မာ့သမိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာတွေကို အများပြည်သူလက်လှမ်းမီအောင် အစီ အစဉ်တစ်ခုအနေနဲ့ မျှဝေပေးနေသူလည်း ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနက ပြဋ္ဌာန်း ထားတဲ့ အခြေခံပညာအဆင့် မြန်မာ့ သမိုင်း သင်ရိုးညွှန်းတမ်းတွေမှာ ပင်လုံစာ ချုပ်ကိုချုပ်ဆိုတာဟာ ဗိုလ်ချုပ်အောင် ဆန်းခေါင်းဆောင်မှုကြောင့်လို့သာ ဖော် ပြထားပြီး အမှန်တကယ် သမိုင်းဖြစ်စဉ် အရ လူမျိုးစုအားလုံးဟာ ဘယ်သူကမှ ပိုမသာတဲ့ တန်းတူ […]

အပြည့်အစုံဖတ်ရန်
1 2 3 4 5

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."