အငြိမ်းစားပါမောက္ခ ဒေါက်တာ သိန်းလွင်က တိုင်းရင်းသားတွေက တန်း တူညီမျှမှုမရှိဘူးလို့ ပြောဆိုနေတာကို လေ့လာကြည့်မယ်ဆိုရင် စာသင်ခန်းမှာ မိခင်ဘာသာစကားနဲ့ သင်ယူခွင့်ရရှိရေး ကနေ စပြောရလိမ့်မယ်လို့ ဆိုပါတယ်။ ငယ်ရွယ်တဲ့ ကလေးတစ်ယောက်ဟာ ကိုယ့်ဘာသာစကားနဲ့ ပညာသင်ယူခွင့် ရရှိရေးက အရေးကြီးတဲ့အချက် ဖြစ်ပေ မယ့် လက်ရှိအချိန်အထိ မြန်မာမဟုတ်တဲ့ လူမျိုးစုတွေဟာ မြန်မာစကားနဲ့ပဲ သင် နေရတာကြောင့် အကျိုးသက်ရောက်မှုက ကြီးတယ်လို့ သူကဆိုပါတယ်။ ကလေးတွေဟာ ကိုယ်နားမလည် တဲ့ ဘာသာစကားနဲ့ သင်ရပြီး စာမေးပွဲ ဖြေတဲ့အခါမှာ ရမှတ်နည်းတာ၊ ကျောင်း တက်ရတာ မပျော်တော့လို့ ကျောင်းထွက် တာ၊ ရမှတ်ပေါ်မူတည်ပြီး အဆင့်မြင့်ပညာ ကို ရွေးချယ်တဲ့အခါ အခွင့်အရေးနည်း သွားတာ စတဲ့ ဆင့်ကဲအကျိုးဆက်တွေ ကြောင့် တစ်ကိုယ်ရေတိုးတက်မှုနဲ့ […]
အခြေခံပညာဦးစီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်က စာသင်ကျောင်းမှာ ဘုရားရှိခိုး၊ သီချင်းဆို တဲ့ အလေ့အထတွေဟာ လက်ဆင့်ကမ်း လာတဲ့ အလေ့အထတွေသာ ဖြစ်ပြီး စာ ထုတ်ညွှန်ကြားချက်မဟုတ်တဲ့အတွက် တစ်စုံတစ်ရာ ပြဿနာမရှိနိုင်ဘူးလို့ ဆိုပါတယ်။ ”ဆက်မလုပ်ဖို့ စာထုတ်လိုက်မှ သာ နီးစပ်မှုရှိနေတဲ့ ဆက်ဆံရေးကနေ ကွာဟမှုတွေ ဖြစ်လာနိုင်တာပါ။ ဒီတိုင်း က သူ့ဟာသူ အဆင်ပြေနေတယ်” လို့ သူက ပြောပါတယ်။ ဗုဒ္ဓဘာသာအများစု ဖြစ်တဲ့နိုင်ငံမှာ ဓမ္မာရုံအများအပြား ရှိနေ တာဟာ ဘာမှပြဿနာမရှိနိုင်တဲ့ သဘောမျိုးပဲလို့ သူက ဆိုပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ NLD အစိုးရလက်ထက် ချမှတ်ထားတဲ့ ပညာရေးမူဝါဒတွေထဲမှာ ဘယ်ကလေးမှ နောက်မချန်စေရ၊ ဘယ်သူမှ ကျောင်း မထွက်စေရ၊ […]
ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ အမှူဆောင်ဒါရိုက်တာ ဦးမြတ်ကိုကိုက ပညာရေးပြုပြင်ပြောင်းလဲမှုဟာ လူထု ပါဝင်မှု အခန်းကဏ္ဍလျော့နည်းနေတာ ကြောင့် စောင့်ကြည့်ရမယ့်အခြေအနေမှာ သာရှိနေပြီး လောလောဆယ်မှာတော့ သိ သာတဲ့ ပြုပြင်ပြောင်းလဲမှုကို မမြင်ရသေး ဘူးလို့ ဆိုပါတယ်။ ”ပညာရေးကို ဘယ်လိုပြုပြင် ပြောင်းလဲမယ်၊ ဘယ်ဟာကစံတန်ဖိုးတွေ ဖြစ်တယ်ဆိုတာကို မြင်သာအောင် မူဝါဒ မှာ ချမပြထားဘူး။ မြင်သာမှုမရှိတဲ့အခါ ကျတော့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်က နောက်ပြန်လန်ကျသွားရင်တောင် ပြည် သူက ဘာမျှ သိလိုက်ရမှာ မဟုတ်ဘူး”လို့ သူက ပြောပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့ ကြိုး စားနေတဲ့ မြန်မာနိုင်ငံက စာသင်ကျောင်း တွေမှာတော့ ဗဟုဝါဒစံတန်ဖိုးဖြစ်တဲ့ အယူအဆအမျိုးမျိုး အတွေးအခေါ် အသွယ်သွယ်ရဲ့ ပြိုင်ဆိုင်မှုကို လက်ခံနိုင်ဖို့ လက်ရှိအချိန်အထိ အဆင်သင့်ဖြစ်မနေ ဘူးလို့ […]
ထက်မြတ်အောင် ဇန်နဝါရီ၊ ၂၀ ရန်ကုန်မြို့နဲ့ ဒလမြို့ကို ဆက်သွယ်ဖို့ ထိုးနေတဲ့ ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတားဟာ လာမယ့် ၂၀၂၂ မှာဆိုရင် ပြီးစီးတော့မှာဖြစ်ပြီး ဒလဘက်က မြေတွေကို လုပ်ငန်းရှင်တွေက ဆင်းပြီး ဝယ်ယူထားတာကြောင့် အောက်ခြေပြည်သူဆီမှာ မြေမရှိကြတော့ဘူးလို့ ဒလမြို့က လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောပါတယ်။ #dailynews
အောင်ပိုင် ရန်ကုန်၊ ၂၀၂၀ ဇန်နဝါရီ ၁၅ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့်အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်များမပါဝင်ခြင်းကြောင့် အသစ်ဖွဲ့သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် အဖွဲ့ဟောင်းနှင့် ထူးမခြားနားဖြစ်သည်ဟု လူ့အခွင့်အရေးလှှုပ်ရှားသူ တစ်ချို့ က ဝေဖန်သည်။ နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ် ၃/၂၀၂ဝ ဖြင့် မနေ့က ထုတ်ပြန်သည့် အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အသစ်တွင် အဖွဲ့ဝင် ၁၁ ဦး ပါဝင်ပြီး အငြိမ်းစားဝန်ထမ်းအများစုဖြင့် ဖွဲ့စည်းထားရာ အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်များမပါသည့်အပေါ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ချို့က သဘောမကျပေ။ ၂၀၁၉ ဒီဇင်ဘာထဲတွင် အရပ်ဖက်အဖွဲ့အစည်း ၂၀ ကျော် စုပေါင်းကာ ကော်မရှင်ပြန်လည်ဖွဲ့စည်းရာတွင် အရပ်ဖက် အဖွဲ့အစည်းကိုယ်စားလှယ်များပါဝင်ခွင့်ပြုရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန် သမ္မတထံ စာပေးပို့ခဲ့သော်လည်း ဖွဲ့စည်းလာ သည့်အခါ လျစ်လျူရှု့ ခံခဲ့ရကြောင်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ကိုအောင်ဇော်ဦးက […]
ဂေထော ၊ ဒီဇင်ဘာ ၂၄ စစ်ရှောင်စခန်းများတွင် ခိုလှုံနေရသည့်ဒုက္ခသည်များအနက်မှ လာမည့်နှစ်မတ်လတွင် နေရပ်ပြန်နိုင်ရန် ရွာ ၁၇ ရွာကို ရွေးချယ်ထားကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)၏ ဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။ ကျေးရွာများကို ရွေးချယ်ရာတွင် အပစ်မရပ်သေးသော်လည်း နေရပ်ပြန်နိုင်သည့် ရွာများရှိသလို အပစ်ရပ်မှ နေရပ် ပြန်နိုင်မည့်ကျေးရွာများလည်း တွေ့ရှိရကြောင်း ၎င်းက ပြောသည်။ လက်ရှိ ရွေးချယ်ထားသည့် ၁၇ ရွာသည် မြစ်ကြီးနား၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်ရှိ စစ်ရှောင်းစခန်းများတွင် နေထိုင်သူများ ပါဝင်မည်ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။ “ လောလောဆယ်တော့ ကျွန်တော်တို့ ၁၇ ရွာကို ရွေးချယ်ထားတာရှိတယ်၊ ဒါပေမဲ့ တချို့ကတော့ ငြိမ်းချမ်းရေးရမှ လုပ်နိုင်မယ့်ရွာတွေရှိသလို အဲဒီကိစ္စကို ကျွန်တော်တို့ NRPC (အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန) […]
နေပြည်တော်စက်မှုဇုန်နေပြည်တော်စက်မှုဇုန်နေပြည်တော်စက်မှုဇုန်နေပြည်တော်စက်မှုဇုန်နေပြည်တော်စက်မှုဇုန်နေပြည်တော်စက်မှုဇုန်နေပြည်တော်စက်မှုဇုန်နေပြည်တော်စက်မှုဇုန်နေပြည်တော်စက်မှုဇုန်နေပြည်တော်စက်မှုဇုန်နေပြည်တော်စက်မှုဇုန်နေပြည်တော်စက်မှုဇုန်နေပြည်တော်စက်မှုဇုန်နေပြည်တော်စက်မှုဇုန်နေပြည်တော်စက်မှုဇုန်နေပြည်တော်စက်မှုဇုန်နေပြည်တော်စက်မှုဇုန်နေပြည်တော်စက်မှုဇုန်
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကိုးလအတွင်း တရားမဝင်သစ်တန် လေးသောင်းကျော် ဖမ်းဆီးရမိပြီး ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် အများ ဆုံးဖမ်းဆီးရမိသည်ဟု သစ်တော ဦးစီးဌာနကထုတ်ပြန်သည်။ အောက်တိုဘာမှ ဇွန်လကုန် အထိ တန် ၄၁,၀၀၀ ကျော် ဖမ်းဆီးရမိရာ ကယားပြည်နယ်၌ တန်၁၁,၀၀၀ ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် တန်ချိန် ၇,၇၀၀ ကျော်၊ သစ်ထုတ်လုပ်မှု ၁၀ နှစ်ရပ်နားထားသည့် ပဲခူးတိုင်းဒေသကြီး၌ တန် ၄,၅၀၀ ကျော် ဖမ်းမိ ခဲ့သည်။ ထို့အပြင် တရားမဝင်သစ်ခိုး ထုတ်မှုနှင့်ဆက်စပ် တရားခံ ၃,၆၇၀ဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး ယာဉ်ယန္တရား ၂,၄၀၂ စီး၊ ချိန်းဆော ၂၈၇ စီးတို့ သိမ်းဆည်းရ မိသည်။ ဖမ်းဆီးရမိသည့် သစ်များတွင် ကျွန်း၊ တမလန်းနှင့် ပိ…
ရုပ်သံသတင်း – ကောင်းထက်စံ၊ အောင်ပိုင် ဇန်နဝါရီ ၁၆၊ ၂၀၁၉ #mawkun #magazine #chronicle
ဟေမာန်ပြည့် ဇန်နဝါရီ ၁၆ မတ် ၃၁ တွင်ကျင်းပမည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲအတွက် မဲစာရင်း အချိန်မီရရှိနိုင်ရေးနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ယနေ့ပြုလုပ်သော စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲ ဆိုင်ရာသတင်းစာရှင်းလင်းပွဲတွင် စည်ပင်သာယာရွေးကောက်ပွဲကော်မရှင်က ပြောကြားသည်။ “ အချိန်ကတော့ကပ်နေပြီ ။ ကျွန်တော်လည်းဒါကို တအားစိုးရိမ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ရွေးကောက်ပွဲတစ်ခု ရဲ့ အသက်ဟာမဲစာရင်းပဲ” ဟု စည်ပင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးအောင်ခိုင်က ဆိုသည်။ စည်ပင်သာယာရွေးကောက်ပွဲအတွက် မဲစာရင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကောက်ယူမည့် လူဦးရေစာရင်းပေါ် တွင်အခြေခံပြီး ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက်မဲစာရင်း ပြုစုရမည်ဖြစ်သည့်အတွက် လူဦးရေစာရင်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နောက်ဆုံးထားပြီး ရွေးကောက်ပွဲကော်မရှင်မှ ရရှိရန် ပြောကြားထားသည်ဟု ဦးအောင်ခိုင်က ဆိုသည်။ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် […]
ကျော်ဇေယျ ဇန်နဝါရီ-၁၆ ပြည်သူများ၏အိမ်ရာပိုင်ဆိုင်မှု အခွင့်အလမ်းပိုကောင်းလာစေရန်နှင့် ဘဏ်များ၏ဈေးကွက်ချဲ့ထွင်နိုင်ရန် ယခင်က ကန့် သတ်ထားသည့် အိမ်ရာချေးငွေဆိုင်ရာ ကာလကန့်သတ်ချက်ကို ဖြေလျော့သည့် ကြေညာချက်တစ်ခုကို မြန်မာနိုင်ငံ တော် ဗဟိုဘဏ်က ယနေ့ထုတ်ပြန်လိုက်သည်။ ဘဏ်များအနေဖြင့် စုစုပေါင်းချေးငွေပမာဏ၏ ငါးရာခိုင်နှုန်းရှိသော ငွေများကို အိမ်ရာချေးငွေခေါင်းစဉ်အောက်တွင် ငွေချေးနိုင်ပြီး အရင်းပြန်ဆပ်ကာလကို သုံးနှစ်ထက်ပိုမိုသတ်မှတ်နိုင်ကြောင်း ဗဟိုဘဏ်က ဖြေလျှော့လိုက်ခြင်းဖြစ်သည်။ ယခင်က ယင်းခေါင်းစဉ်ဖြင့် ငွေချေးမည်ဆိုလျှင် အရင်းပြန်ဆပ်ကာလကို သုံးနှစ်သာခွင့်ပြုရမည်ဟု ၂၀၁၇၊ နိုဝင်ဘာလ အတွင်း ဗဟိုဘဏ်က ထုတ်ပြန်သတ်မှတ်ထားခြင်းဖြစ်သည်။ ဗဟိုဘဏ်၏ အိမ်ရာချေးငွေဆိုင်ရာကာလသတ်မှတ်ချက်ဖြေလျှော့မှုသည် လက်ရှိ အိမ်ရာဈေးကွက်အပေါ်တွင် ထူးထူး ခြားခြား အကျိုးသက်ရောက်မှု ဖြစ်မလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက သုံးသပ်သည်။ “ သိပ်တော့ မထူးပါဘူး။ အိမ်ရာချေးငွေတွေက အရင်လည်းပေးနေတာပဲ။ ကျွန်တော်တို့ဆို ၁၀ နှစ်တွေ […]
သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၊ သဘာပတ်ဝန်းကျင်ဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဦးမင်းမော်ကတော့ ဝန်ကြီးဌာနအနေနဲ့ လက်ရှိအချိန်အထိ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ရှိပြီဖြစ်ပေမယ့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်ပေါ်နေတဲ့ကိစ္စတွေအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရေးယူဆောင်ရွက် စစ်ဆေးမှုတွေ မလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."