ရန်ကုန် – ၂၀၂၅ မတ် ၁၈ (မော်ကွန်း)
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီ ယာဉ်တန်းကို ဒေသတွင်းတော်လှန်ရေးတပ်တွေ နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ၎င်းတော်လှန်ရေးတပ်ဖွဲ့တချို့က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်က ညောင်ဦးမြို့ရဲ့ စစ်ကောင်စီအထိုင်တပ် ခမရ – ၄၁၅ ကနေ စလင်းမြို့နယ်ဘက်ကို သွားရောက်တဲ့ စစ်ကောင်စီတပ်ရဲ့ အင်အား ၆၀ ပါ ယာဉ်တန်းကို ညောင်ဦး-ချောက် ကားလမ်းတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဒီတိုက်ခိုက်မှုမှာ ပါဝင်တဲ့ Bagan Bo Cho PDF အဖွဲ့က ထုတ်ပြန်ပါတယ်။
ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဟာ ထိခိုက်ဒဏ်ရာရသူတွေကို ပြန်လည်ပို့ဆောင်စဉ် နောက်ထပ်တစ်ကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Bagan Bo Cho PDF ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီရဲ့ သံချပ်ကာယာဉ်တစ်စီးပျက်စီးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း များတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၁၄ ရက်နေ့ကလည်း ညောင်ဦးမြို့နယ် ငါ့သရောက်မြို့နယ်ခွဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးတပ်တွေတိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းပျက်တဲ့အထိ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတချို့နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
ညောင်ဦးမြို့နယ်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တွေအပြင် ဒေသတွင်းတော်လှန်ရေးပြောက်ကျားတပ်ဖွဲ့တွေလည်း အများအပြားရှိနေတာပါ။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနဲ့ ငါ့သရောက်မြို့နယ်ခွဲတွေ ပါဝင်တဲ့ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီက ခန့်ထားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ အားကောင်းသလို ဒေသတွင်းတော်လှန်ရေးတပ်တွေကလည်း အများအပြားရှိနေပါတယ်။
ညောင်ဦးမြို့နယ်ထဲမှာ ပျူစောထီးခေါင်းဆောင်တွေ၊ အုပ်ချုပ်ရေးမှူးတွေ ပစ်သတ်ခံရတာ စစ်ကောင်စီတပ်ကို ပြောက်ကျားတိုက်ခိုက်တာတွေ မကြာခဏရှိနေတယ်လို့ ဒီဒေသခံတစ်ဦးက ပြောပါတယ်။
“ဟိုဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာကို PDF တွေရှိတယ်။ ပုဂံတစ်ဖက်ကမ်းက ဘုရားတွေဆို ဘုရားဖူးတွေ သွားလို့မရတော့ဘူး” လို့ ပုဂံဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ မန္တလေးတိုင်းထဲက ဒေသကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ပြီးခဲ့တဲ့လပိုင်းကစပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးကာ နယ်မြေစိုးမိုးဖို့ လုပ်ဆောင်လာခဲ့ပါတယ်။
မန္တလေးတိုင်း မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကူး၊ နွားထိုးကြီး၊ မြင်းခြံနဲ့တောင်သာမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါ။
ပုံစာ – ညောင်ဦးမြို့နယ်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – Bagan Bo Cho
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
- Mawkun Magazine #Chronicle #dailynews


