ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၁၈ (မော်ကွန်း) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ဘက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်တိုက်ခဲ့ပြီး ဒီနေ့ထိနှစ်ရက်ဆက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မတ္တရာဒေသခံတချို့က ပြောပါတယ်။ ဧရာဝတီမြစ်ကမ်းတစ်လျှောက်က ငယ်တိုး၊ သဖန်းဒေါက်နဲ့ စောက်ချုံပေါက်ကျေးရွာတွေကို မနေ့ကစပြီး တိုက်ပွဲတွေပြင်းထန်ခဲ့ကာ ဒီနေ့မနက်ပိုင်းထိ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ မတ္တရာဒေသခံတစ်ဦးက ပြောပါတယ်။ ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေအပြင် ဧရာဝတီမြစ်ထဲက စစ်သင်္ဘောတွေနဲ့ပါ အသုံးပြုတိုက်ခိုက်နေပြီး ဒီအနီးတစ်ဝိုက်ကျေးရွာတွေက စစ်ဘေးရှောင် ထောင်နဲ့ချီထွက်ပြေးနေရတာပါ။ “အခု မတ္တရာစစ်ရှောင်အသစ်တွေထပ်တိုးသွားတယ်။ မန္တလေးဘက်တို့၊ နီးစပ်တဲ့ရွာဘက်တွေ ပြေးတာပေါ့။ ဒီမနက်ထိတော့ လက်နက်ကြီးတွေ တဂျိန်းဂျိန်းပစ်နေတုန်းပဲ။ မတ္တရာမြို့ထဲကနေ လှမ်းပစ်နေတာပဲ” လို့ ၎င်း မတ္တရာဒေသခံက ပြောပါတယ်။ ဒီတိုက်ပွဲဖြစ်နေတဲ့ ကျေးရွာတွေဟာ […]
ရန်ကုန်-၂၀၂၄ နိုဝင်ဘာ ၁၅(မော်ကွန်း) ဒီနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်မှာ ဘုရားဖူးတွေလာရောက် လည်ပတ်နေတဲ့ မြင်ကွင်းတချို့ကို ဖော်ပြလိုက်ပါတယ်။ ဓါတ်ပုံ – မော်ကွန်း 🌐 Website မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ 🌐 Telegram https://t.me/MawkunMM 🌐 Facebook https://facebook.com/mawkunmagazine 🌐 Youtube https://youtube.com/@mawkunmagazine494/community 🌐 TikTok https://tiktok.com/@mawkun.magazine 🌐 X https://x.com/MawKunMM 🌐 Substack https://mawkunmagazine.substack.com/ 🌐 Linktree https://linktr.ee/MawKunMagazine Mawkun Magazine #Chronicle #dailynews
ရန်ကုန်- ၂၀၂၄ နိုဝင်ဘာ ၁၄ (မော်ကွန်း) အကြိမ်(၄၀) မြောက် မသိုးသင်္ကန်းရက်ပြိုင်ပွဲကို ဒီနေ့ညနေမှာ ရန်ကုန်မြို့က ဗိုလ်တထောင်ကျိုက်ဒေးအပ်စေတီမှာ ကျင်းပခဲ့ပါတယ်။ ဓါတ်ပုံ- မော်ကွန်း
ပုလဲ -၂၀၂၄ နိုဝင်ဘာ ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို ဝင်သိမ်းခဲ့တဲ့ ဗမာအမျိုးသားကာကွယ်ရေး တပ်မတော် (BNRA)နဲ့ မဟာမိတ်တပ်တွေဟာ ဒီနေ့လယ်ပိုင်းမှာ မြို့ကနေ ဆုတ်ခွာပေးခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဒီလ ၁၁ ရက် နံနက်ကစပြီး ပုလဲမြို့ပေါ်က စစ်ကောင်စီ အခြေစိုက် နေရာတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေး တပ်တွေဟာ မနေ့ကညပိုင်းမှာ မြို့တစ်မြို့လုံးနီးပါး ထိန်းချုပ်နိုင်ခဲ့တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီနေ့ ထပ်ရောက်လာတဲ့ စစ်ကူနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် မြို့ကနေ ပြန်ဆုတ်ပေးလိုက်ကြတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ” မြို့ကို စွန့်ပြီး ဆုတ်ခဲ့ရပြီ။ ကိုးဆယ်ရာခိုင်နှုန်း ထိမ်းချုပ်နိုင်ခဲ့တယ်။ တိုက်ပွဲလေးရက်ကြာ တိုက်နိုင်ခဲ့တယ်။ ဒီနေ့တော့ စစ်ကူ တစ်ရာ ဝန်းကျင် […]
ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၁၄ (မော်ကွန်း) ရှမ်းပြည်နယ်တောင်ပိုင်းက ရွာငံ-အောင်ပန်းလမ်းပိုင်း၊ ရွာငံမြို့အထွက်က စစ်ဆေးရေးဂိတ်မှာ တိုက်ပွဲဖြစ်တာကြောင့် ဒီညနေ ပိုင်းအထိ ခရီးသွားကားတွေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ ကိုယ်တိုင်ကြုံလာခဲ့ရသူတွေနဲ့ ဒေသခံတချို့က ပြောပါတယ်။ ပိတ်မိနေတဲ့ကားတွေထဲမှာ အများစုက တောင်ကြီးတန်ဆောင်တိုက် မီးပုံးပျံပွဲတော်ကို လာတဲ့ကား အများစုလို့ ဒေသခံ တချို့က ပြောပါတယ်။ အဲဒီလမ်းပိုင်းဟာ မန္တလေး- ဟန်မြင့်မိုရ်- ရွာငံ-ရပ်စောက်-အောင်ပန်း-ရွှေညောင်-တောင်ကြီးအထိ သွားလို့ရတဲ့ လမ်းပိုင်းပါ။ “ရွာငံအဝင်ပဲ။ သိပ်မလိုတော့ဘူး။ အဲဒီမှာ သေနတ်သံတွေ ကြားတော့ ကားတွေအကုန် လမ်းဘေးရပ်ပြီး စောင့်နေကြတာပဲ။ ဘာကို လာပစ်လဲတော့ မသိဘူး။ ဒီနားမှာတော့ ရွာငံအဝင် စစ်ဆေးရေးဂိတ်၊ ရဲကင်းဂိတ်လိုဟာမျိုး ရှိတယ်” လို့ ခရီးသွား တစ်ဦးက ပြောပါတယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ […]
ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၁၄ (မော်ကွန်း) ရှမ်းပြည်နယ်၊ မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီနဲ့ တအာင်းတပ်(TNLA)တွေ ဒီရက်ပိုင်းမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်ခဲ့ပြီး နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်လာတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ မနေ့ညနေပိုင်းကတော့ နောင်ချိုမြို့နယ်တရားရုံးနဲ့ ရဲစခန်းအနီးကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ရဲစခန်း အချုပ် ထောင်မှာ TNLA တပ်က ထိန်းသိမ်းထားတဲ့ အချုပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဒါ့အပြင် ဒီတိုက်ခိုက်မှုကြောင့် အနီးတစ်ဝိုက်မှာရှိတဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးတာတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေက နေ့တိုင်းနီးပါး ဖြစ်နေပြီး မြို့ခံ တစ်ဝက်လောက် စစ်ဘေး ရှောင်နေကြရတယ်လို့ […]
ပုလဲ-၂၀၂၄ နိုဝင်ဘာ ၁၃(မော်ကွန်း) သုံးရက်နီးပါးတိုက်ခိုက်ပြီးနောက် စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို ဗမာအမျိုးသား တော်လှန်ရေး တပ်မတော်(BNRA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဒီနေ့ ညနေ ၄း၃၀ အချိန်မှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။ ဒီလ ၁၁ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ဒီနေ့မှာ ပုလဲမြို့ပေါ်က စစ်ကောင်စီစခန်းအားလုံးကို ရှင်းလင်းနိုင်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း သုံ့ပန်းတွေဖမ်းမိတာရှိသလို တချို့ထွက်ပြေးလွတ်မြောက်သွားကြတယ်လို့လည်း ရှေ့တန်းရဲဘော်တချို့က ပြောပါတယ်။ ဒီနေ့တစ်ရက်ထဲမှာတင် ပုလဲမြို့မကျရေး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အကြိမ် ၂၀ ကျော်အသုံးပြုခုခံပေမယ့် အဆုံးမှာ တော်လှန်ရေးအင်အားစုတွေထံ မြို့ကို လက်လွှတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ” အခြေနေက ရဲစခန်းလည်းသိမ်းနိုင်ပြီ။ ခုလောလောဆယ် မီးငြှိမ်းတာတွေ ရှင်းလင်းတာတွေလုပ်နေတယ်။ သုံ့ပန်း ၄၀ ဝန်းကျင် မိထားတယ်။ […]
ဂွ – ၂၀၂၄ နိုဝင်ဘာ ၁၃ ( မော်ကွန်း) ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဂွမြို့နယ်၊ ဆပ်သွားမြို့ဘေးက ဂျိုင်ကောက်ရွာထဲကို ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသားနှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားတယ်လို ဒေသခံတချို့က ပြောပါတယ်။ ” ဒီနေ့ မနက်ပိုင်းက လာကျတာပါ။ ဘုန်းကြီးကျောင်းအနားက အိမ်မှာ တစ်လုံးကျတယ်။ ခဏကြာတော့ ရွာဟောင်းနဲ့ ရွာသစ်ကို ဖြတ်ထိုးထားတဲ့ တံတားပေါ်မှာ နောက်တစ်လုံးထပ်ကျတယ်။ နှစ်ယောက်ကတော့ ပွဲချင်းပြီးပါ။ ဒဏ်ရာရတဲ့ နှစ်ယောက်မှာလည်း ခြေပြတ်သွားတဲ့တစ်ယောက်က သွေးထွက်လွန်ပြီး အခြေအနေ စိုးရိမ်ရပါတယ်” လို့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။ သေဆုံးသူနှစ်ဦးထဲ အမျိုးသမီးငယ်တစ်ဦးပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီဂျိုင်ကောက်ရွာအနီးက ဆပ်သွားမြို့မှာ အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်နေတာပါ။ ဂျိုင်ကောက်ရွာဟာ ဂွမြို့နဲ့ဆိုရင် မိုင်နှစ်ဆယ်လောက်ကွာတဲ့ဆပ်သွားမြို့အထွက်မှာ ရှိတဲ့ကျေးရွာပါ။ […]
ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၁၃ (မော်ကွန်း) ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းမြို့နဲ့ တောင်ပိုင်းက မင်းတပ်မြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာ ငါးရက်ကြာလာပြီဖြစ်ပြီး စစ်ကောင်စီနဲ့ သူတို့ကြား နှစ်ဘက်တိုက်ပွဲပြင်းထန်နေတယ်လို့ ချင်းညီနောင်အဖွဲ့(Chin Brotherhood-CB)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒီအဖွဲ့ဟာ ‘ချင်းညီနောင်စစ်ဆင်ရေး-Operation CB’ လို့ နာမည်ပေးထားတဲ့ ဒီစစ်ဆင်ရေးကို ဖလမ်းနဲ့ မင်းတပ်မြို့တွေမှာ ဒီလ ၉ ရက်က စတင်ခဲ့ပြီး မြို့ထဲက စစ်ကောင်စီတပ်တွေကို ဝင်တိုက်နေတာ ဒီနေ့အထိပါ။ စစ်ကောင်စီရဲ့ အခြေစိုက်စခန်းတွေကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်လျက်ရှိပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေတယ် လို့ CB က ထုတ်ပြန်ထားပါတယ်။ ဒီစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ မဟုတ်မမှန်တဲ့ တိုက်ပွဲသတင်းတွေကို လက်ရှိမှာ ရေးသား ဖော်ပြတာတွေ ရှိနေပြီး ဒီလိုရေးသားဖော်ပြတာ […]
စစ်တွေ- ၂၀၂၄ စက်တင်ဘာ ၇ (မော်ကွန်း) မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့်ခံထားရတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာသား နောက်ထပ် ၁၄၀ ကို စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ်စီ မနေ့တုန်းက ချမှတ်လိုက်တယ်လို့မိသားစုဝင်တချို့က ပြောပါတယ်။ ” အကုန်လုံးကို နေ့လယ် ၂ နာရီကျော်လောက်က ရုံးထုတ်ပြီးတော့ အမိန့်ချလိုက်တာပါ။ AA နဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲတာပါ။ ဥပေဒက သူတို့လက်ထဲမှာပဲရှိတာကိုး၊ ဘယ်တတ်နိုင်ပါ့မလဲ။ သက်ရှိထင်ရှားရှိနေသေးတာကိုပဲကံကောင်းတယ်လို့ မှတ်ယူရတော့မှာပေါ့” လို့ ထောင်ဒဏ်ချမှတ်ခံရသူတစ်ဦးရဲ့မိသားစုဝင်တစ်ဦးကပြောပါတယ်။ သြဂုတ် ၃၀ရက်ကလည်း မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ခံထားရတဲ့ ဗျိုင်းဖြူရွာသား ၁၄၈ ဦးကို စစ်တွေထောင် စစ်ကောင်စီအထူးတရားရုံးကနေ ထောင်ဒဏ် သုံးနှစ်စီချမှတ်ခဲ့ပါသေးတယ်။ မေလ၂၉ ရက်တုန်းက စစ်ကောင်စီတပ်သားတွေနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ […]
ပလက်ဝ – ၂၀၂၄ စက်တင်ဘာ ၂( မော်ကွန်း) ချင်းပြည်နယ်တောင်ပိုင်းက အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်၊ ဆမီးမြို့မှာ ဟင်းစားရှာဖို့သွားတဲ့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီးသေဆုံးသွားတယ်လို့ ဆမီးမြို့ခံတချို့နဲ့ ဒီနေ့အဆက်အသွယ်ရတော့ ပြောပြပါတယ်။ ကလေးငါးဦးမိခင်ဖြစ်တဲ့ အသက် ၄၃ နှစ်အရွယ်အမျိုးသမီးဟာ ဩဂုတ် ၂၉ ရက် နေ့လယ်ပိုင်းမှာ အရင်တုန်းက စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်ခဲ့ဖူးတဲ့ ဆမီးမြို့တွင်းက လိပ်ကုန်းတောင်ဗျူဟာအနီး ဟင်းစားရှာဖွေနေရင်း မိုင်းနင်းမိပြီးသေဆုံးခဲ့တာလို့ ဆမီးမြို့ခံတစ်ဦးက ပြောပါတယ်။ ” အဲဒီနေ့က သူနဲ့အတူ တခြားအမျိုးသမီးတစ်ဦးလည်း အဖော်ပါသွားပါတယ်။ သူတို့က ဗျူဟာအောက်ကမြောင်မှာ ဟင်းသွားရှာကြတာ။ အဲဒီအချိန်မှာ မိုင်းနင်းမိပြီး တစ်ခါတည်းသေသွားတာပါ။ နောက်တစ်ယောက်ကတော့ ဘာမှမဖြစ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် ခပ်ဝေးဝေး ဟင်းရှာနေကြတာလို့ပြောတယ်” လို့ ဒီအကြောင်းကိုသိတဲ့ အထပ်ပါ ဒေသခံက ပြောပါတယ်။ […]
မိုးကုတ်-၂၀၂၄ ဇူလိုင် ၂၅ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဆီက အတွဲလိုက်ပစ်ဒုံးလက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့သလို မိုးကုတ်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းအားလုံးကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ နေ့လယ်ပိုင်းက သတင်းထုတ်ပြန်ပါတယ်။ “၁၀၂၇” စစ်ဆင်ရေး အပိုင်း ၂ အဖြစ် မိုးကုတ်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို TNLA က ဇွန် ၂၅ ရက်ကနေ မနေ့က ဇူလိုင် ၂၄ ရက်အထိ လေးပတ်ကြာတိုက်ခိုက်ပြီးနောက် မနေ့က ညနေပိုင်းမှာ မိုးကုတ်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း မိုးကုတ်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ လပခ၊ ခလရ(၇၈၊၈၈၊၁၄၈)တို့ကို TNLA က မနေ့က ညနေပိုင်းမှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့သလို မိုးကုတ်အနောက်ပိုင်းက စစ်ကောင်စီစခန်းတွေဖြစ်တဲ့ ရွှေမျက်ဝန်း၊ အေးစေတီကုန်း၊ ဒေါ်နန်းကြည်တောင်၊ ဗျူဟာကုန်းအပါအဝင် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."