Uncategorizedများ

ကျိုက်မရောမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သား ၁၄ ဦးသေဆုံး

July 20, 2024

ကျိုက်မရော – ၂၀၂၄ ဇူလိုင် ၂၀ (မော်ကွန်း) မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ငပုအင်းရွာသစ်နဲ့ လွှစင်ကုန်းလမ်းဆုံကို မနေ့နံနက်ပိုင်းကအာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၃ ဦးသေဆုံးထားတယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီကသိရပါတယ်။ လတ်တလောမှာ ပေါင် ၃၀၀ ဗုံးလို့ ယူဆထားပြီး ကြဲချခဲ့တဲ့ ဂျက်ဖိုက်တာတွေဟာ ဒီနေ့ နံနက် ၁၀ နာရီဝန်းကျင်မှာ နေပြည်တော်အေလာလေတပ်က ထွက်လာတဲ့ လေယာဉ်တွေဖြစ်တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။ ရရှိထားတဲ့ အလောင်းတွေထဲမှာ ၁၄ နှစ်အောက် ကလေးသုံးဦးနဲ့ ကိုယ်ဝန်ဆောင်တစ်ဦးပါ ပါဝင်တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။ ကျိုက်မရောမြို့နယ်မှာ မွန်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ကေအဲန်ယူ၊ ဒီကေဘီအေ၊ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားပါတယ်။ အခုနှစ် မတ်လကုန်တုန်းကလည်း ကျိုက်မရောမြို့နယ်၊ ဓမ္မသရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်းတွေကနေ […]

အပြည့်အစုံဖတ်ရန်

 မိုးကုတ်မြို့ပေါ်မှာ တိုက်ပွဲဖြစ်နေပြီး လူနေအိမ်တွေပေါ် လက်နက်ကြီးကျနေ 

July 13, 2024

မိုးကုတ် – ၂၀၂၄ ဇူလိုင် ၁၃ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ပန်းမထိပ်ရွာမှာ ဒီနေ့ မွန်းလွဲ ၁၂ :၃၀ မိနစ်လောက်ကစတင်ပြီး အာဏာသိမ်းစစ်တပ် နဲ့ TNLA တပ်တို့ နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေကာ စစ်တပ်ပစ်ကူတဲ့လက်နက်ကြီးတွေဟာ လူနေရပ်ကွက်နဲ့အိမ်တွေပေါ်ကိုကျနေတယ်လို့ မြို့ခံတွေကပြောပါတယ်။ “သေနတ်တွေနဲ့ဆက်တိုက်ပစ်နေကြတယ်၊ အရမ်းကြမ်းနေတယ်၊ ပစ်သံတွေကဆက်တိုက်ကြားနေရတယ်၊ အိမ်တချို့လည်းထိထားတယ်”လို့ အရှေ့ရွာရပ်ကွက်နေထိုင်သူအမျိုးသမီးတစ်ဦးကပြောပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်း၊ ပန်းမထိပ်ရွာရှိ အာဏာသိမ်းစစ်တပ်စစ်ဆေးရေးဂိတ်အနီးမှာ ပစ်ခတ်မှုဖြစ်ပေါ်ပြီးနောက် မြို့တွင်းမှာရှိတဲ့ ပတ္တမြားစေတီနဲ့ ရပ်တော်မူဘုရားတွေမှာ တပ်စွဲထားတဲ့ စစ်တပ်၊ စခန်းတွေကနေ လက်နက်ကြီးပစ်ကူပေးနေတာလို့ မြို့ခံတွေကပြောပါတယ်။ မိုးကုတ်မြို့ ပတ္တမြားစေတီအရှေ့၊ ကန်ဘောင်အနီးက နေအိမ်တချို့လည်း လက်နက်ကြီးထိမှန်ထားတယ်လို့ ပြောပါတယ်။ မိုးကုတ်မြို့မှာ မနေ့ညပိုင်းကလည်း စစ်တပ်ဘက်ကလက်နက်ကြီး ပစ်ခတ်တာကြောင့် ဒီးဒုတ်လျိုရပ်ကွက်နေ အမျိုးသားတစ်ဦး လက်နက်ကြီးအစထိမှန်သေဆုံးခဲ့တယ်လို့ ထင်းရှူးခြံရပ်ကွက်နေထိုင်သူတွေကပြောပါတယ်။ လဆန်းလောက်ကတည်းက […]

အပြည့်အစုံဖတ်ရန်

ဝင်းရေးမြို့နယ်ကစစ်ရှောင်တွေ ရွာပြန်ရင် စစ်တပ်ကပစ်သတ်မှာစိုးလို့ အိမ်မပြန်ရဲ

July 12, 2024

ဝင်းရေး – ၂၀၂၄ ဇူလိုင် ၁၂ (မော်ကွန်း) ကေအဲန်ယူ တပ်မဟာ ၆၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ ရွာပြန်ရင် စစ်တပ်က ပစ်သတ်မှာစိုးလို့ မပြန်ရဲကြဘဲဖြစ်နေကြပါတယ်။ အခုနှစ် မတ်လတုန်းက အာဏာသိမ်းစစ်တပ်ရဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်(မော်လမြိုင်၊ရတခ) တိုက်ရိုက်ကွပ်ကဲနေတဲ့ ဝင်းရေးမြို့နယ်၊ အနန်းကွင်းရွာက ဗျူဟာစခန်းကို ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ အနန်းကွင်းအပါအဝင် အနီးအနားကရွာတွေက ပြည်သူတွေဟာ စစ်ရှောင်နေကြရပြီး အနန်းကွင်းရွာ စစ်ရှောင်တွေဆို ပြန်ရင် ပစ်သတ်ခံရမှာစိုးတာကြောင့် မပြန်ရဲကြဘူးလို့ မော်ကွန်းကိုပြောပါတယ်။ “ပြန်လာတဲ့ရွာသားတွေ သတ်ခံထိတာရှိတယ်၊ ပစ်သတ်ခံရပြီးကတည်း မပြန်ကြတော့ဘူးလို့” အနန်းကွင်းရွာသားတစ်ဦးက ပြောပါတယ်။ အနန်းကွင်းရွာ အာဏာသိမ်းစစ်တပ်၊ ဗျူဟာကုန်းစခန်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အကြိမ်ကြိမ်တိုက်ခိုက်မှုကို ခံနေရပေမယ့် အခုထိတော့ စခန်းမကျတသေးပါဘူး။ ရွာထဲမှာ စစ်သားတွေဟာ […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်မြို့အနောက်ပိုင်း ဘော်လုံးကြီးရွာထဲ ဗုံးကျပြီး ပြည်သူနှစ်ဦးသေဆုံး

July 7, 2024

မိုးကုတ် – ၂၀၂၄ ဇူလိုင် ၆ (မော်ကွန်း) မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ပိုင်း ဘော်လုံးကြီးကျေးရွာထဲ မနေ့၊ နေ့ခင်းပိုင်းက ဗုံးကျတာကြောင့် နေအိမ်အတွင်းက ပြည်သူနှစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မိုးကုတ်မြို့အနောက်ပိုင်း၊ ဘော်လုံးကြီးကျေးရွာ ရွာလယ်ထဲကနေအိမ်ပေါ် ဗုံးကျတာကြောင့် မီးဖိုထဲမှာ ထမင်းစားနေတဲ့ မောင်နှမနှစ်ဦး သေဆုံးခဲ့တာလို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ ” ရွာလယ်အိမ်ထဲဗုံးကျတာ၊တိုက်ပွဲ ဖြစ်တာမရှိဘူး၊ ရုတ်တရက်ကြီးအိမ်ပေါ်ဗုံးကျတာ၊ လက်နက်ကြီးကျတာမဟုတ်ဘူး၊ဒရုန်းနဲ့ ဗုံးကြဲတယ်လို့ပြောကြတယ် ” လို့သူကပြောပါတယ်။ သေဆုံးသူတွေဟာ ဘော်လုံးကြီးကျေးရွာနေ အသက် ၆၀ ကျော် ဦးမောင်မောင်နဲ့ အသက်၅၀ ဝန်းကျင် ဒေါ်ယာအိတို့ဖြစ်ပါတယ်။ မိုးကုတ်မြို့အနောက်ပိုင်းကို TNLA တပ်က ဇွန် ၃၀ ရက်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။ မိုးကုတ်မြို့ပြင်စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ဂွေးပင်စစ်တပ်စခန်းမှာတော့ စစ်သားတွေရှိနေပြီး မြို့ထဲကိုလက်နက်ကြီးလှမ်းပစ်ခတ်တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ မိုးကုတ်မြို့မှာ […]

အပြည့်အစုံဖတ်ရန်

စစ်တလင်းကြားက ကရင့်စာသင်ကျောင်းတွေ ဖွင့်ပြီ

June 3, 2024

ကော်သူးလေ-၂၀၂၄ ဇွန် ၃ (မော်ကွန်း) အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်မှုတွေအကြား ကရင့်စာသင်ကျောင်းတွေဟာ အခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာလည်း ဖွင့်လှစ်ကြပါပြီ။ ကေအဲန်ယူ တပ်မဟာ ခုနစ်ခုထဲမှာရှိတဲ့ ကျောင်းအားလုံးမဖွင့်လှစ်နိုင်ပေမယ့် အများစုကတော့ ဖွင့်လှစ်ကြပါတယ်။ အခုမြင်ရတဲ့ ကရင့်စာသင်ကျောင်းကတော့ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန(KECD) အောက်က စာသင်ကျောင်းပါ။ KECD အချက်အလက်တွေအရ မနှစ်ကအထိ ကျောင်းပေါင်း ၁,၅၀၀ ၊ ဆရာ ၁၀,၀၀၀ ဦးနဲ့ ကျောင်းသားဦးရေ ၁၃၀,၀၀၀ ဦးရှိပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း သိမ်းယူခံထားခဲ့ရတဲ့ ကရင့်စာသင်ကျောင်းတွေ ကရင့်လက်ထဲကို တဖြည်းဖြည်းပြန်လည်ရောက်ရှိလာပြီး ကျောင်းသားဦးရေတွေလည်း မြင့်တက်လာနေပါတယ်။ ကေအဲန်ယူပညာရေးအတိုင်ပင်ခံ စောကပိက ကရင့်ကျောင်းတွေ ကရင့်လက်ထဲပြန်ရောက်လာတာဟာ စစ်ကောင်စီအခက် ကရင်အချက်ပဲလို့ ၂၀၂၁ အာဏာသိမ်းပြီးနောက် မော်ကွန်းကိုပြောခဲ့ပါတယ်။ စာသင်ကျောင်းနဲ့ကျောင်းသားဦးရေတွေတိုးလာပေမယ့် ကျောင်းဆရာမလုံလောက်တဲ့ပြဿနာကို […]

အပြည့်အစုံဖတ်ရန်

စက်သုံးဆီဈေး ဆက်တိုက်ထိုးတက်နေ

March 30, 2024

ရန်ကုန်- ၂၀၂၄ မတ် ၂၉ (မော်ကွန်း) ရန်ကုန်မှာ လူအများအသုံးပြုတဲ့ ဓါတ်ဆီဈေးနှုန်းဟာ ဒီလကုန်ပိုင်းမှာ ပိုစျေးတက်လာပြီး ဓါတ်ဆီ 92 တစ်လီတာကို ကျပ် ၈၀ နဲ့ 95 တစ်လီတာကို ကျပ် ၁၈၀ အထိ လအစပိုင်းတုန်းကဈေးထက် ပိုတက်လာပါတယ်။ ယခုလ ၁ ရက်တုန်းက တစ်လီတာကို ၂,၇၁၅ ကျပ် ရှိတဲ့ 92 ဟာ ဒီနေ့မှာ ၂,၇၉၅ ကျပ်ဖြစ်နေပြီး ၂,၇၃၅ ကျပ် ရှိတဲ့ 95 ဟာ ဒီနေ့မှာ ၂,၉၁၅ ကျပ် ဖြစ်နေတာပါ။ ဒီဈေးတက်နှုန်းဟာ ပြီးခဲ့တဲ့နှစ်ကာလတူတုန်းက ဈေးနဲ့ နှိုင်းယှဉ်ရင်လည်း 92 တစ်လီတာကို ၆၅၀ ကျပ်နဲ့ 95 တစ်လီတာကို ၆၇၅ […]

အပြည့်အစုံဖတ်ရန်

စလင်းမှာစစ်ကောင်စီလေယာဉ်တစ်စင်းပျက်ကျ၊ ပိုင်းလော့နှစ်ဦးလေထီးဖြင့်ခုန်ချလွတ်မြောက်

February 29, 2024

မကွေး-၂၀၂၄ ဖေဖော်ဝါရီ ၂၉ (မော်ကွန်း) မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ဒီနေ့လယ်ပိုင်းက လေယာဉ်ပျက်ကျရာမှာ လေထီးနဲ့ခုန်ထွက်လွတ်မြောက်သွားတဲ့ ပိုင်းလော့နှစ်ဦးကို စစ်ကောင်စီတပ်က ပြန်ခေါ်သွားပြီလို့ စလင်းဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေယာဉ်ပျက်ကျခဲ့တဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒေသဖြစ်ပြီး စစ်ကောင်စီတပ်တွေထိန်းချုပ်ထားတာလို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ “ဖြစ်စဉ်ကတော့ မွန်းလွဲပိုင်း ၁၂ နာရီ ၄၅ မိနစ်လောက်မှာ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ထဲက ကြိုဝန်းကြီးကျေးရွာက လယ်ကွင်းထဲမှာ MIG 29 အမျိုးအစားပျက်ကျတယ်။ (ပိုင်းလော့နှစ်ဦးက)လေယာဉ်ပျက်ကျတဲ့အချိန်မှာ လေထီးနဲ့ခုန်ထွက်သွားတယ်။ ထွက်သွားတဲ့နောက်ပိုင်းမှာ စစ်ကောင်စီလေတပ်ကပဲ Mi 17 နဲ့ခေါ်သွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီလေယာဉ်ဟာ မကွေးလေတပ်ကနေပျံတက်လာတဲ့ လေယာဉ်ဖြစ်ပြီး ပျက်ကျပြီးနောက်မှာတော့ စစ်ကောင်စီ တပ်သားတွေရောက်ရှိလာပြီး လေယာဉ်အစိတ်အပိုင်းတချို့ကို ပြန်သယ်ယူကာ ဓာတ်ပုံရိုက်ပြီး ပြန်ထွက်သွားကြတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ကောလင်းကိုပြန်ရဖို့ စစ်ကောင်စီတပ်တွေ မြေပြင်ရော ဝေဟင်ကပါထိုးစစ်ဆင်

November 12, 2023

ကောလင်း-၂၀၂၃ နိုဝင်ဘာ ၁၂ (မော်ကွန်း) စစ်ကိုင်းတိုင်းထဲမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကိုပြန်ရဖို့ စစ်ကောင်စီတပ်တွေ မနေ့က မြေပြင်ကော၊ ဝေဟင်ကနေပါ ထိုးစစ်ဆင်တိုက်နေတယ်လို့ Kawlin Revolution-KR ကတာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ကောလင်းမြို့ကို အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဆက်လက်ထိန်းချုပ်ထားတယ်လို့ KR က အခုလိုပြောပါတယ်။ “မြို့ကိုကာကွယ်ရေး(အဖွဲ့တွေ)က ထိန်းထားပြီး စစ်ကောင်စီက လာတိုက်တာတွေ ရှိနေပါတယ်။ လေကြောင်းနဲ့ လာတိုက်ချိန်မှာ ထိခိုက်မှု အသေးစိတ် မသိရသေးပါဘူးဗျ။ စကစက မြေပြင်ရော ဝေဟင်ရော တိုက်နေတာပါ။ မြို့ပေါ်အခြေအနေကတော့ မတည်ငြိမ်သေးပါဘူး” လို့ KR က တာဝန်ရှိသူက ပြောပါတယ်။ ကောလင်းမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကောလင်းမြို့ရဲ့ မြောက်ဘက်က ကပ်လျက်မြို့တစ်ခုဖြစ်တဲ့ ဝန်းသိုကနေအင်အား […]

အပြည့်အစုံဖတ်ရန်

သီတင်းကျွတ်လပြည့်နေ့ ရန်ကုန်ကျောက်တော်ကြီးဘုရားမှာ လူစည်ကား

October 29, 2023

ရန်ကုန်-၂၀၂၃ အောက်တိုဘာ ၂၉ (မော်ကွန်း) ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မင်းဓမ္မကုန်းပေါ်မှာရှိတဲ့ ကျောက်တော်ကြီးဘုရားမှာ ဒီနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့်၊အဘိဓမ္မာ အခါတော်နေ့မှာ ဘုရားဖူးလာရောက်သူတွေနဲ့ မနက်အစောပိုင်းကတည်းက စည်ကားနေတယ်လို့ ဘုရားဂေါပကအဖွဲ့ကတာဝန်ရှိသူတွေနဲ့ ဈေးသည်တွေကပြောပါတယ်။ ကျောက်တော်ကြီးဘုရားမှာ အခုလို အခါကြီးရက်ကြီးတွေနဲ့ လပြည့်လကွယ်တွေမှာပဲ လူစည်ကားလေ့ရှိတယ်လို့ ဘုရားပန်းရောင်းတဲ့ ဈေးသည်တစ်ဦးကပြောပါတယ်။ “မနက်ကတည်းက နှင်းဆီပန်းကုန်သွားတာ၊ ထပ်ဝယ်လို့တောင် မရဘူး။ ရှိတဲ့ပန်းတွေပဲရောင်းနေရတယ်။ ဒီလိုရက်တွေပဲဈေးရောင်းကောင်းတာ။ ကျန်တဲ့ရက်တွေက လာတော့လာကြတယ်။ လူနည်းတယ်” လို့ပြောပါတယ်။ ကျောက်တော်ကြီးဘုရားအနီးမှာရှိတဲ့ ဆင်ဖြူတွေထားရာနေရာမှာလည်း အခုလိုရက်တွေသာ လာရောက်လည်ပတ်သူများတယ်လို့ ဆင်စာရောင်းချသူတွေနဲ့ သစ်တောဝန်ထမ်းတချို့က ဆိုပါတယ်။ ဆင်ဖြူတွေကို လူစိတ်ဝင်စားမှုနည်းတဲ့အပြင် ငှက်ပျောအူ၊ကြံ၊ ပြောင်းဖူး၊ ဖရဲသီး စတာတွေပါတဲ့ ဆင်အစာတစ်ခြင်းကို ကျပ်နှစ်ထောင်ကနေ ငါးထောင်အထိ ရောင်းချတာကြောင့် ဆင်စာကျွေးတဲ့သူ နည်းပါးတာကိုလည်း မော်ကွန်းက မြင်တွေ့ခဲ့ရပါတယ်။ COVID-19 […]

အပြည့်အစုံဖတ်ရန်

ပို့ကုန်တိုးမြှင့်ချင်ရင် ကန့်သတ်ထားတာတွေလျှော့ပေးရမယ်လို့ ကုန်သည်တချို့ဆို

October 19, 2023

ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၉ (မော်ကွန်း) ပြည်ပပို့ကုန်တိုးတက်စေချင်ရင် ကုန်သွယ်မှုဆိုင်ရာကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့လိုပြီး ဒေါ်လာဈေးနှုန်းအကွာအဟတွေကိုလည်း ညှိနှိုင်းပေးဖို့လိုတယ်လို့ ကုန်သည်နဲ့စီးပွားရေးပညာရှင်တစ်ချို့က ပြောပါတယ်။ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဦးထွန်းအုံက အောက်တိုဘာ ၁၆ ရက်က ရန်ကုန်မြို့က ကုန်သည်စက်မှုအသင်းချုပ်မှာ ရာနဲ့ချီတဲ့ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို တွေ့ဆုံပြီး ပို့ကုန်များများပို့နိုင်အောင် လုပ်ပေးကြဖို့တောင်းဆိုခဲ့ပြီးနောက် ကုန်သည်တချို့က အခုလို တုန့်ပြန်ပြောတာပါ။ ရခိုင်ပြည်နယ်နယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပို့ကုန်တင်ပို့နေတဲ့ လုပ်ငန်းရှင်တစ်ဦးကတော့ လိုင်စင်တစ်ခုရဖို့ ထောက်ခံစာယူခိုင်းတာတွေ၊ တင်ပြခိုင်းတဲ့စာရွက်စာတမ်းတွေ များပြားလွန်းတဲ့အတွက် “ လိုင်စင်လျှောက်တာတွေမှာ ထင်ထားတာထက်ကြာတယ်” လို့ ဆိုပါတယ်။ ဒါအပြင် ပို့ကုန်ပို့ပြီးတဲ့နောက် ရလာတဲ့နိုင်ငံခြားငွေကို စစ်ကောင်စီက မြန်မာငွေနဲ့ပြန်လဲပေးရာမှာ အပြင် ပေါက်ဈေးနဲ့ကွာဟနေတာက လုပ်ငန်းလုပ်ကိုင်ရခက်ခဲစေတယ်လို့ သူကဆိုတယ်။ “ ဒေါ်လာပေါ့၊ အဲဒါကလည်း သူတို့သတ်မှတ်ဈေးနဲ့ အပြင်ဈေးကွာနေတာတွေက ကျွန်တော်တို့အတွက် […]

အပြည့်အစုံဖတ်ရန်

ဝက်လက်စစ်ရှောင်တွေ ရာသီတုပ်ကွေးကူးစက်ခံနေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီလိုအပ်

October 19, 2023

ဝက်လက် – ၂၀၂၃ အောက်တိုဘာ ၁၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရထားသံလမ်းဘေးကျေးရွာတွေက စစ်ရှောင် ၁၀,၀၀၀ ကျော်ဟာ ရာသီအကူးအပြောင်း တုပ်ကွေးကူးစက်ခံနေရတယ်လို့ ဝက်လက်မြို့နယ်ထောက်ပို့အဖွဲ့ဆီကသိရပါတယ်။ စစ်ရှောင်နေရတာ နှစ်လကျော်ကြာပြီဖြစ်တဲ့အပြင် ရာသီဥတုအကူးပြောင်းကာလဖြစ်တဲ့အခုချိန်မှာ ရာသီတုပ်ကွေးဖြစ်ပွားသူများနေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီတွေလိုအပ်နေတယ်လို့ဝက်လက်မြို့နယ်ထောက်ပို့အဖွဲ့၊ တာဝန်ရှိသူ ကိုဖေဖော်ဝါရီဝမ်းကပြောပါတယ်။ “စစ်ရှောင်တွေက ရာသီတုပ်ကွေးဖြစ်နေကြတာပါ၊ ဖျားရင်‌ဆေးဝယ်သောက်နေရပါတယ်၊ဆေးဝါးအကူညီလည်းလိုအပ်ပါတယ်၊ ဆောင်းဝင်တော့မှာဆိုတော့စောင်တွေလည်းလိုနေပါတယ်၊သက်ကြီးရွယ်အိုနဲ့ကလေးတွေလည်းဖျားနေတယ်”လို့ ကိုဖေဖော်ဝါရီဝမ်းကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မန္တလေး -မြစ်ကြီးနားရထားသံလမ်းကို ဇွန်လက စတင်ပြီး စစ်ကိုင်းမြို့ဘက်ကနေပြုပြင်လာတာကြောင့် ဝက်လက်နယ်အရှေ့တောင်ခြမ်း၊ ထန်ကြီးရွာမ၊ထန်းကြီးဘူတာ၊ပေါက်ကန်ရွာမ၊ပေါက်ကန်ဘူတာ၊ကူကောင်းရွာ၊ သုံးဆင့်ကန်ရွာ၊ရေသောက်ကန်ရွာ၊ကူကောင်းရွာ၊ဝက်လူးအိုင်ရွာ၊သာလိုင်းရွာနဲ့ ရုံးသာရွာတွေက ဒေသခံ ၁၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတာပါ။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရပ်နားထားခဲ့ရတဲ့ မန္တလေး – မြစ်ကြီးနားရထားလမ်းကို စစ်တပ်ဘက်က ပြည်သူတွေအသုံးပြုဖို့မဟုတ်ဘဲ လက်နက်နဲ့ရိက္ခာထောက်ပို့လုပ်ငန်းအတွက် ရထားလမ်းကိုပြုပြင်နေတာလို့ ဒေသခံတွေကပြောပါတယ်။ ရထားလမ်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက […]

အပြည့်အစုံဖတ်ရန်

မန္တလေးမြို့မှာ အရပ်ဝတ်နဲ့စျေးဝယ်ပြန်လာတဲ့ စစ်သားတစ်ဦး သေနတ်နဲ့ အပစ်ခံရ

October 7, 2023

မန္တလေး – ၂၀၂၃ အောက်တိုဘာ ၇ (မော်ကွန်း) မန္တလေးတိုင်း၊ မန္တလေးမြို့အောင်မြေသာစံမြို့နယ်၊ ၁၉လမ်း၊၈၆လမ်းနဲ့ ၈၇လမ်းကြား အောင်မြေသာစံအုပ်ချုပ်ရေးရုံးရှေ့မှာ ဒီနေ့ မွန်းလွဲ ၁:၀၀ ဝန်းကျင်က အရပ်ဝတ်နဲ့ စျေးဝယ်ပြန်လာတဲ့ စစ်သားတစ်ဦး သေနတ်နဲ့နှစ်ချက်ပစ်ခတ်ခံလိုက်ရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ “ပစ်တဲ့သူကအနောက်ကပါလာတယ်ထင်တယ်၊ ဆိုင်ကယ်ရုံးရှေ့ရောက်တာနဲ့ပစ်သွားတာ၊ ဦးခေါင်းကိုနှစ်ချက်ပစ်သွားတယ်၊ ဈေးဝယ်ထွက်ရတဲ့အဆင့်ဆိုတော့ ရာထူးမကြီးလောက်ဘူး”လို့ အခင်းဖြစ်ပွားရာ အနီးမှာရှိတဲ့ ဒေသခံတစ်ဦးကဆိုပါတယ်။ အောင်မြေသာစံ အုပ်ချုပ်ရေးရုံးရှေ့မှာ ပစ်ခတ်ခံလိိုက်ရတဲ့စစ်သားဟာ သေဆုံးမှုရှိ၊ မရှိမသိရသေးဘဲပစ်ခတ်ခံရပြီးနောက် လူနာတင်ကားနဲ့ ခေါ်ဆောင်သွားခဲ့တယ်လို့ပြောပါတယ်။ အရပ်ဝတ်နဲ့စျေးဝယ်ပြန်လာတဲ့ စစ်သားပစ်ခတ်ခံရပြီးနောက် အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေးရုံးအတွင်းကနေ လက်နက်ငယ်နဲ့ ပစ်ခတ်မှုတွေရှိခဲ့ကာ အိမ်စီးကားတွေရောက်လာပြီး လမ်းပိတ်စစ်ခဲ့တယ်လို့အောင်မြေသာစံမြို့နယ်ကမြို့ခံတစ်ဦးကပြောပါတယ်။ မန္တလေးမြို့အောင်မြေသာစံရုံးကို စျေးဝယ်ပြန်လာတဲ့ အရပ်ဝတ်စစ်သားကို ဘယ်အဖွဲ့ကပစ်ခတ်တယ်ဆိုတာကိုမသိရသေးသလို မြို့ပြတော်လှန်ရေးအဖွဲ့တွေဘက်ကလည်းသတင်းမထုတ်ပြန်သေးပါဘူး။

အပြည့်အစုံဖတ်ရန်
1 2 3 4 5

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."