သတင်းဆောင်းပါးများ

ပြန်လည်သုံးသပ်ရမည့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာ မဲပေးခွင့်ဆုံးရှုံးမှု

December 10, 2020

အောင်ပိုင် ရန်ကုန် – ၂၀၂၀ ဒီဇင်ဘာ (မော်ကွန်း) ဆန္ဒမဲပေးသည့်နေ့က ကရင်လူမျိုးစောမင်းနိုင်သည် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးကိုပါ ရွေးချယ်မဲပေးခွင့်ရ မည်ဟု မျှော်လင့်ထားခဲ့သော်လည်း လွှတ်တော်သုံးခုအတွက် မဲလက်မှတ်သုံးစောင်သာရသောကြောင့် မဲရုံတာဝန်ရှိ သူများထံ တစ်မဲထပ်ထောင်းသည်။ မဲဆန္ဒရှင်စာရင်းတွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးကို မဲပေးခွင့်ရှိသူဟုပါဝင်မှသာ မဲပေးခွင့်ရမည်၊ မပါလျှင် ပေး ခွင့်မရဟု တာဝန်ရှိသူများက ရှင်းပြသည်။ ထိုရှင်းပြချက်ကို သူနားမလည်နိုင်။ သူနားလည်သည်က သူ၏အမည်သည် မဲဆန္ဒရှင်စာရင်းတွင်ပါဝင်သည်၊ ထို့ကြောင့် ဆန္ဒမဲလေးခုပေးရမည်။ ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင်လည်း ထိုအတိုင်းမဲပေးခဲ့ပြီးပြီ။ ယခုတစ်ကြိမ် တွင်မူ ကျေနပ်လောက်စရာမရှိသည့် အကြောင်းပြချက်ဖြင့် မဲပေးခွင့်ဆုံရှုံးရတော့သည်။ “နိုင်ငံတော်က အသိအမှတ်ပြုတဲ့ မှတ်ပုံတင်မှာလည်း ကရင်လူမျိုး၊ မဲစာရင်းမှာလည်း ပါပြီးသားပဲ။ အရင်ကလည်း ဒီအတိုင်းပဲ မဲပေးခဲ့ပြီးပြီ။ ခုကျမှ အခွင့်အရေး တစ်ခုဆုံးရှုံးရတယ်” ဟု စောမင်းနိုင်က မကျေမလည်နှင့် […]

အပြည့်အစုံဖတ်ရန်

အွန်လိုင်းပေါ် ပျောက်ဆုံးနေသော ကျပ်သန်းပေါင်းခြောက်ထောင်ကျော်

October 31, 2020

အောင်ပိုင် ရန်ကုန် – အောက်တိုဘာ ၂၀၂၀ (မော်ကွန်း) စာဖတ်သူတို့၏ လူမှုကွန်ရက်သုံးစွဲမှုကို အစိုးရက ငွေကျပ်သန်းပေါင်းထောင်ချီသုံးပြီး ဘေးထွက်ဆိုးကျိုးမဖြစ်အောင် စောင့်ကြည့် ထိန်းကျောင်းနေသည်ဆိုသော ပြောဆိုချက်ကိုယုံကြည်ပါသလား။ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ပြည်သူပိုင်ငွေကြေးမြောက်များစွာကို အစိုးရက ထိုအတွက် ထုတ်ယူသုံးစွဲနေသည်မှာ နှစ်နှစ်ကျော် သုံးနှစ်နီးပါး ရှိနေပြီဖြစ်သည်။ အစိုးရက ကျပ်သန်းပေါင်းခြောက်ထောင်ကျော်သုံးပြီး ဖွဲ့စည်းထားသည့်အဖွဲ့ကို လူမှုကွန်ရက်စောင့်ကြည့်ထိန်း ကျောင်းရေးအဖွဲ (Social Media Monitoring Team – SMMT) ဟုခေါ်သည်။ ထိုအဖွဲ့၏ လုပ်ထုံးလုပ်နည်းများနှင့် ငွေသုံးစွဲမှုမှာ ပွင့်လင်းမြင်သာမှုအလွန်နည်းနေသည်ဟု ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များအပါအဝင် ပြည်သူ့ဘဏ္ဍာငွေသုံးစွဲမှုများ ပွင့်လင်းမြင်သာရေးဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ နည်းပညာအရေး လှုပ်ရှားသည့်အဖွဲ့၊ ဥပဒေသမားများနှင့် လူမှုကွန်ရက် စောင့်ကြည့်လေ့လာသူများက ဝေဖန်ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ မင်္ဂလာဒုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက “အစိုးရကို […]

အပြည့်အစုံဖတ်ရန်

ရွေးကောက်ပွဲနှင့် လုပ်ကြံသတင်းတုဘေး ဘယ်လိုပြေးတွေ့ကြမလဲ

September 16, 2020

အောင်ပိုင်ရေးသည်။ COVID ကမ္ဘာ့ကပ်ရောဂါကြောင့် ကျောင်းများပိတ်ထားသော်လည်း အမျိုးသားစီမံခွန့်ခွဲမှုပညာဒီဂရီကောလိပ်ဝင်းထဲရှိ သတင်း စာပညာဌာနမှူးရုံးခန်းတွင် ပါမောက္ခဒေါက်တာဇင်မာကျော်သည် သတင်းတု၊ သတင်းမှားများကို သုတေသနလုပ်နေ သည်မှာ သီတင်းပတ်များစွာ ကြာပြီဖြစ်သည်။ မကြာခင်ကျင်းပတော့မည့် ရွေးကောက်ပွဲအတွက် အွန်လိုင်းကနေ သင်ခန်းစာများပို့ချရန် ပြင်ဆင်နေရသည့်အပြင် ရွေးကောက်ပွဲနဲ့ သက်ဆိုင်သည့် လမ်းညွှန်များ၊ ဥပဒေများ၊ စာတမ်းများကို ရှာဖွေဖတ်ရှုလေ့လာရင်း၊ အင်တာနက်မှ တစ်ဆင့် ကွန်ဖရန့်များတွင် ပါဝင်ဆွေးနွေးရင်း သတင်းတု၊ သတင်းမှား အန္တရာယ်ကို လျှော့ချရန် အဖြေရှာနေခြင်း ဖြစ်သည်။ “လူမှုကွန်ရက်ပေါ်က သတင်းတု၊ သတင်းမှားတွေက ရွေးကောက်ပွဲမှာ Voter Decision (မဲပေးသူတွေရဲ့ ဆုံးဖြတ်ချက်) ကို ပြောင်းလဲအောင် လုပ်နိုင်စွမ်းရှိတယ်ဆိုတာ တွေ့ရပါတယ်” ဟု လေ့လာနေဆဲ စာအုပ်၊ စာတမ်း များစွာ စီရီထားသော ရုံးစားပွဲမှာထိုင်ရင်း ၎င်းကပြောသည်။ […]

အပြည့်အစုံဖတ်ရန်

ဘိုင်အိုမက်ထရစ် ဒေတာစနစ်နဲ့ မှတ်ပုံတင်မယ့် SIM Card များလုံခြုံပါရဲ့လား

July 27, 2020

အောင်ပိုင်ရေးသည်။ လက်ရှိအသုံးပြုနေသည့် SIM card များကို ဇွန် ၃၀ ရက် နောက်ဆုံးထား၍ နိုင်ငံသားစိစစ်ရေးနံပါတ်ဖြင့် မှတ်ပုံတင်ရန်နှင့် နိုင်ငံသားစိစစ်ရေးနံပါတ်တစ်ခုလျှင် SIM card နှစ်ခုထက်ပို၍ အသုံးပြုထားသည်ကို တွေ့ရှိပါက ပိတ်သိမ်းရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဆက်သွယ်ရေး အော်ပရေတာများကို ညွှန်ကြားခဲ့သည်။ အဓိကအကြောင်းအရင်းမှာ မိုဘိုင်းဖုန်းအသုံးပြု၍ ကျူးလွန်သည့် ရာဇဝတ်မှုများကို လျှော့ချနိုင်ရေးနှင့် လုံခြုံရေး အတွက်ဖြစ်သည်ဟု ဆိုသည်။ (သို့သော် SIM card အရေအတွက် မည်မျှပိတ်သိမ်းသည်ကို ယခု ဆောင်းပါး တင်ဆက်သည့်အချိန်အထိ ထုတ်ပြန်ထားခြင်းမရှိသေးပါ။) ယင်းရည်ရွယ်ချက်ဖြင့်ပင် ထပ်တိုးအစီအစဉ်အဖြစ် SIM card အသုံးပြုသူသည် မည်သူမည်ဝါဖြစ်သည်ကို တိတိကျကျမှတ်သားဖော်ထုတ်နိုင်မည့် Biometric Data ဖြင့် SIM card မှတ်ပုံတင်ခြင်းစနစ်ကို အကောင်အ […]

အပြည့်အစုံဖတ်ရန်

ကိုဗစ်ကာလ အာဏာပြလာကြတဲ့ ဒေသန္တရအုပ်ချုပ်ရေး

May 7, 2020

လမ်းပိတ်ထားသောကြောင့် ဆက်သွားမရ ဖြစ်နေသည့် ရေသန့်အရောင်းသမားတစ်ဦး Photo by Aung Py အောင်ပိုင် ရေးသည်။ ဧပြီ ၂၁ ရက် ညပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ညမထွက်ရအမိန့်ဖောက်ဖျက်သူနှစ်ဦးကို နယ်ထိန်းရဲက ဝါးခြမ်းပြားဖြင့်ရိုက်နှက်ခဲ့ပုံများ Facebook စာမျက်နှာပေါ်တွင် ညတွင်းချင်းပျံ့နှံ့လာခဲ့သည်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညမထွက်ရဒေသန္တရအမိန့်တွင် တည်ဆဲဥပဒေအရအရေးယူရန်သာ ပါရှိသည့်အတွက် ယင်းလုပ်ရပ်သည် လူအများကြားတွင် အငြင်းပွားစရာဖြစ်လာခဲ့သည်။ ရိုက်နှက်ခံရသူနှစ်ဦးမှာ ညဘက်သတ်မှတ်ချိန်ကို ကျော်လွန်ကာသွားလာနေသဖြင့် လုံခြုံရေးနှင့်လှည့်ကင်းများက ထိုည၌ပင် ပထမအကြိမ် သတိပေးထားပြီးဖြစ်သည်ဟု ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ပြောသည်။ နောက်တစ်ကြိမ်ထပ်တွေ့သည့်အခါ အချုပ်ထဲမပို့ရန် သူတို့ကတောင်းပန်ပြီး ဆုံးမသည်ကိုခံယူမည်ဟု ဆိုလာသောကြောင့် ဝါးခြမ်းပြားဖြင့်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ရဲအရာရှိများကပြောကြောင်း ဦးတင်အောင်က မော်ကွန်းသို့ ပြန်ပြောပြသည်။ ယခုလိုရိုက်နှက်အရေးယူခြင်းသည် “ဥပဒေနဲ့ညီလားဆိုရင် […]

အပြည့်အစုံဖတ်ရန်

ကိုဗစ်ကူးခံရတာ အပြစ်သားမဟုတ်ပါ၊ ခွဲခြားဆက်ဆံမှုတွေရပ်ကြပါ

April 28, 2020

ဗညားကျော် ရေးသည်။ ရန်ကုန် (ဧပြီ၊ ၂၀၂၀) COVID-19 ကူးစက်ခံရသူတွေဟာ ရောဂါကြောင့် စိတ်သောကရောက်နေရသလို တစ်ဖက်မှာလည်း ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံ ပြစ်တင်ဝေဖန်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်နေရတယ်လို့ ပိုးကူးခံရသူတချို့နဲ့ စောင့်ကြည့်ခံထားရသူတချို့က ပြောပါတယ်။ သူတို့ကို ဆိုရှယ်မီဒီယာပေါ်မှာ ဝိုင်းဝန်းအပြစ်တင်ပြောဆိုနေတာ၊ ပတ်ဝန်းကျင်ကခွဲခြားဆက်ဆံတာတွေဟာ ရောဂါထိန်းချုပ်ရေးအတွက် ကူညီရာမရောက်ဘူးလို့ မော်ကွန်းကဆက်သွယ်မေးမြန်းခဲ့တဲ့ စိတ်ပညာရှင်နဲ့ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးသူတွေက မှတ်ချက်ပေးကြပါတယ်။ ရောဂါပိုးကူးစက်ခံရသူတွေကို ဆိုရှယ်မီဒီယာမှာ တိုက်ခိုက်နေရုံနဲ့ လိုချင်တဲ့ပန်းတိုင်ရာက်မှာမဟုတ်ဘူးလို့ ပါမောက္ခ‌ အငြိမ်းစား၊ စိတ်ပညာရှင် ဒေါက်တာခင်မြင့်ကထောက်ပြပါတယ်။ “အားလုံးက ဘယ်လိုအသိတရားရှိရှိနဲ့ ရင်ဆိုင်ကြမလဲ။ အနေအထိုင်အသွားအလာဆင်ခြင်ပြီးတော့ ရောဂါကို ဘယ်လို ကျော်လွှားမလဲလုပ်ရမှာ” လို့ သူက ဆက်ပြောပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း COVID-19 ကို တိုက်ဖို့လိုတဲ့အင်အားတွေကို ကိုယ့်အချင်းချင်းတိုက်တဲ့နေရာမှာမသုံးကြဖို့နဲ့ လူထုအနေနဲ့ဒေါသတွေဖျောက်ပေးကြဖို့ ဧပြီ ၁၄ ရက်က […]

အပြည့်အစုံဖတ်ရန်

အရေးယူဖို့ခက်နေသေးတဲ့ မိုဘိုင်းငွေကြေးလိမ်လည်မှု

April 20, 2020

ဗညားကျော် ရေးသည်။ ရန်ကုန် – ၂၀၂၀ ဧပြီ (မော်ကွန်း) မတင်ဇာနွယ်ကို ကိုရီးယားမှာနေတဲ့ သူ့သူငယ်ချင်းတစ်ဦးက ငွေကျပ်တစ်သိန်းခွဲ လစဉ်နီးပါးလွှဲပေးတိုင်း ငွေလွှဲခအနေနဲ့ ဘဏ်ကတစ်သောင်းခွဲဖြတ်လေ့ရှိတာကို ပြီးခဲ့တဲ့နိုဝင်ဘာအတွင်း ငွေလွှဲတဲ့အခါကျမှ သတိထားမိခဲ့တာပါ။ ဒါကြောင့် Call Center ကတစ်ဆင့် ဘဏ်ကိုဆက်သွယ်ခဲ့ပေမယ့် ဖုန်းလိုင်းမအားတာကြောင့် မေးမရခဲ့ပါဘူး။ ဒါနဲ့နောက်တစ်နေ့မှာ CB Pay ဆိုတဲ့ Facebook page တစ်ခုကို မက်ဆင်ဂျာကနေ ဆက်သွယ်မေးမြန်း ဖြစ်ခဲ့ပါတယ်။ မတင်ဇာနွယ်ကို ငွေကျပ်တစ်သောင်းခွဲပြန်ထည့်ပေးမယ်ဆိုပြီး သူ့ရဲ့ မှတ်ပုံတင်နံပါတ်နဲ့ ကိုယ်ရေးအချက်အလက်တွေကို အဲဒီ့ပေ့ချ်ကတောင်းပါတယ်။ မက်ဆင်ဂျာကနေ Website Link တစ်ခုလည်းပို့ ပေးတယ်လို့ အသက် ၂၉ နှစ်အရွယ် မတင်ဇာနွယ်က ပြောပြပါတယ်။ အဲဒီလင်ခ့်ကို ဘဏ်က အမှန်တကယ်ပို့ပေးတယ်လို့ မှတ်ယူပြီး သူတို့တောင်းထားတဲ့ […]

အပြည့်အစုံဖတ်ရန်

လက်လုပ်လက်စားတွေ ရင်ထိတ်နေကြတဲ့ ကျောက်မျက်ဥပဒေသစ်

February 28, 2020

စီဇံမျိုးကျော် ရေးသည်။ မိုးကုတ် (ဇူလိုင် – သြဂုတ် ၂၀၁၉) မိုးကုတ်မြို့ဒေသခံ ဦးအုန်းဖေဟာ တစ်နိုင်တစ်ပိုင် ကျောက်ရှာတဲ့လုပ်ငန်းကို နှစ်လေးဆယ်လောက် ပုန်းလျှိုးကွယ်လျှိုး လုပ်ကိုင်လာသူပါ။ ဒီအလုပ်စလုပ်တဲ့ ၁၉၇၅ ဝန်းကျင်လောက်တုန်းက အစိုးရ ဟာ လိုင်စင်မဲ့ လက်လုပ်လက်စား ကျောက်ရှာသူတွေကို တင်း တင်းကျပ်ကျပ် ပိတ်ပင်ထားတဲ့ အချိန်ဖြစ်ပြီး တကယ်လို့ ကျောက်ခိုးတူးတာကို မိသွားရင် ထောင်ဒဏ် ခုနစ်နှစ်ကနေ ၁၅ နှစ်ထိ ကျနိုင်တာကြောင့် ရင်တထိတ်ထိတ်နဲ့ လုပ်စားခဲ့ရတာလို့ အသက်  ၆၀ အရွယ် ဦးအုန်းဖေက ဆိုတယ်။ တစ်ခါကဆိုရင် ဦးအုန်းဖေနဲ့  သူငယ်ချင်းငါးယောက် ကျောက်တူးနေတဲ့ နေရာကို ရဲတွေဝင်ဖမ်းပါတယ်။ ရဲတစ် ယောက်က ဦးအုန်းဖေရဲ့ အင်္ကျီကို လှမ်းဆွဲလိုက်တယ်။ သူက အင်္ကျီကို ခပ်မြန်မြန် […]

အပြည့်အစုံဖတ်ရန်

တိုင်းရင်းသားအရေး ကာကွယ်ပေးမယ့်ဝန်ကြီးဌာန ရှိရဲ့လား

January 28, 2020

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ သတင်းဆောင်းပါးဖြစ်ပါသည် အောင်ပိုင် ရေးသည်။ ဧရာဝတီတိုင်းမှာ ၆၉ ကြိမ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကျင်းပဖို့ ရက်ပိုင်းအလို တိုင်းအစိုးရရဲ့ ညွှန်ကြားစာတစ်စောင်ဟာ ပွဲစီစဉ်သူတွေနဲ့ ဒေသခံ ကရင်တွေရဲ့ မူလအစီအစဉ်ကို ရုတ်တရက် ကန့်သတ်လိုက်ပါတယ်။ အဲဒီစာဟာ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီသို့လိပ်မူထားပြီး အခမ်းအနားကျင်းပရာမှာ ကရင်အာဇာနည်ဆိုတဲ့ စကားရပ်ကို အသုံးမပြုဖို့ပဲဖြစ်ပါတယ်။ စာမှာ လက်မှတ်ထိုးထား သူက ဧရာဝတီတိုင်းဒေသကြီးရဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်ပါတယ်။ ဒါကြောင့် ကရင်အာဇာနည်နေ့ဖြစ်တဲ့ သြဂုတ် ၁၂ ရက် ရောက်တဲ့အခါမှာတော့ ကျင်းပမြဲနေရာဖြစ်တဲ့ ဟင်္သာတမြို့နယ်က ကရင်ပြည်သူ့ပါတီခြံဝင်းထဲမှာ ကရင်အာဇာနည်နေ့လို့ခေါင်း စဉ်မတပ်ဘဲ ကျင်းပခဲ့ကြရပါတယ်။ ဒီပိတ်ပင်တားဆီးမှုတွေရှိပေမယ့် သူတို့ရင်ထဲကို စူးနစ်စိုက်ဝင်နေပြီးသားဖြစ်တဲ့ ကရင်အာဇာနည်ဆိုတဲ့ အသိအမှတ်ပြုမှုကိုတော့ ဆွဲနုတ်ပယ်ဖျက်ဖို့ရာ စွမ်းနိုင်မှာမဟုတ်ဘူးဆိုတာ ယုံကြည်ကြောင်း ဦးဆောင်ကျင်းပသူတွေက […]

အပြည့်အစုံဖတ်ရန်

ပုလဲနဲ့ အလဲခံနေရတဲ့ လူမျိုးစု

January 27, 2020

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ သတင်းဆောင်းပါးဖြစ်ပါသည် ကျော်ဇေယျရေးသည် လငန်းကျွန်း(ဖေဖော်ဝါရီ၊ ၂၀၂၀) ပင်လယ်ပျော်လူမျိုးစုရယ်လို့ လူသိများတဲ့ တနင်္သာရီတိုင်း၊ မြိတ်ကျွန်းစုတန်းတွေမှာ ကျင်လည်နေထိုင်တဲ့ ဆလုံတိုင်းရင်းသားတွေ ဒီနိုင်ငံမှာ ဆက်လက်ရှင်သန်ရေးဟာ ခြိမ်းခြောက်ခံနေရပါတယ်။ ဗမာတိုင်းရင်းသားမျိုးနွယ်စု ကိုးစုထဲပါပြီး လူဦးရေ ၁,၇၀ဝ လောက်ပဲ ရှိတော့တဲ့ ဒီလူမျိုးစုကို အဓိကခြိမ်းခြောက် နေတာက အစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ ပုလဲသယံဇာတ အလိုရမ္မက်ပါ။ ဆလုံလူမျိုးတွေ ကျင်လည်ရာ ဒီကျွန်းတန်းတွေမှာ ပုလဲမွေးမြူရေးလုပ်ငန်းတွေဟာ ရာစုနှစ်တစ်ဝက်မက ရှိနေပြီး ဆက်လက်ပြီးတော့လည်း တိုးချဲ့ လုပ်ကိုင်နေကြပါတယ်။ ကပ္ပလီပင်လယ်အစပ်က ဒေါ်ပုတို့ ရှင်သန်ရာ လငန်းကျွန်းတန်းမှာဆိုရင်လည်း လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရောက်ရှိလာတဲ့ ပုလဲမွေးမြူရေးလုပ်ငန်းကြောင့် အသက်မွေးဝမ်းကျောင်းအလုပ်တွေ ထိခိုက်နေရပါတယ်။ “ဒုက္ခရောက်ပေါ့။ သူတို့ ဒါမျိုးလုပ်ရင် ကျွန်မတို့က လုပ်စားမရပြီ။ ဘယ့်နှယ်လုပ်မတုံး” […]

အပြည့်အစုံဖတ်ရန်

အဂတိနွံနစ်နေတဲ့ မြန်မာ့လူ့အဖွဲ့အစည်း

December 12, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၇ မှ သတင်းဆောင်းပါးဖြစ်ပါသည် အောင်ပိုင် ရေးသည်။ နေလည်းမပူ၊ မိုးလည်းမရွာတဲ့ ဇွန်လရဲ့ တစ်ခုသော နေ့လယ်ခင်းမှာ ထီးရောင်စုံတွေနဲ့ ရှေ့ နောက် ဘေးပတ်လည် ကာရံထားတဲ့ လူတန်းတစ်ခုဟာ ရန်ကုန်တိုင်းတရားလွှတ်တော်ရုံး အဆောက်အအုံထဲကနေ ဆင်ဝင်အပြင်ဘက်ကို တဖြည်းဖြည်း ရွေ့လျားလာပါတယ်။ တံခါးဖွင့်၊ စက်အသင့်နှိုးထားတဲ့ အပြာရောင် Police စာတန်းနဲ့ မှန်စတစ်ကာ အမည်းကပ်ထားတဲ့ အဖြူရောင် ဟိုက် အေ့ကားဆီသို့ ဦးတည်သွားနေတာပါ။ ကားဆီအရောက်မှာတော့ ထီးအမိုးအောက်ကလက်ထိပ် နဲ့လူတချို့ဟာ ကားပေါ်တက်သွားပြီးနောက် ထီးကိုင်ထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီး ၁၀ ယောက်လောက်ဟာ သူတို့ရဲ့ ထီးတွေကို ပိတ်လိုက်ကြပါတယ်။ တရားရုံးဝင်းအပြင်ဘက် မောင်းထွက်သွားတဲ့ကားကို ကြည့်ရင်း ထီးမိုးပေးကြတဲ့သူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ပြုံးပြနှုတ်ဆက်စကားဆိုကာ […]

အပြည့်အစုံဖတ်ရန်

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်က တိုက်ပွဲတွေရဲ့ ဂယက်

November 18, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ဗညားကျော် ရေးသည်။ ရန်ကုန် (စက်တင်ဘာ၊ ၂၀၁၉) ညနေ ၅ နာရီဝန်းကျင်လောက်မှာ ကိုသူရအောင်ဟာ သူ့ဦးလေးနဲ့အတူ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတချို့တင်ထားတဲ့ကားနဲ့ မူဆယ်ကနေ မန္တလေးကို ဆင်းလာခဲ့ပါတယ်။ တစ်နာရီဝန်းကျင်လောက် ကားမောင်းပြီး နမ့်ဖက်ကာမြို့နဲ့ ကွတ်ခိုင်မြို့ကြားအရောက်မှာ ၁၂ ဘီးတပ်ကုန်တင်ကားကြီးနှစ်စီး လမ်းမကြီးကို ကန့်လန့်ဖြတ်ပိတ်ထားတာကို လှမ်းမြင်လိုက်ရပါတယ်။ အဲဒီကားနှစ်စီးအနားမှာ အစိမ်းရောင်ယူနီဖောင်းအပြည့်နဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ လူ ၁၅ ယောက်လောက်ကို တွေ့လိုက်ရပါတယ်။ အဲဒီထဲကတစ်ယောက်က သူ HIJET ကားလေးကို ရပ်ဖို့တားပါတယ်။ ကားရပ်ပေးလိုက်တော့ ကားသော့၊ ဖုန်းနဲ့ပိုက်ဆံအိတ်တွေကို ထုတ်ခိုင်းပြီး သိမ်းယူလိုက်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ဒီလမ်းပေါ်မှာ အခုလိုပဲ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နဲ့ ကြုံခဲ့ပြီး ဆက်ကြေးပေးခဲ့ရဖူးတာကြောင့် “တွေ့တွေ့ချင်းတော့ စိတ်ထဲ […]

အပြည့်အစုံဖတ်ရန်
1 2 3 4 5 6 29

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."