သတင်းဆောင်းပါးများ

အငှားယာဉ်မောင်းတွေကြောက်တဲ့ ညထောင်ချောက်

February 19, 2019

၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Feature ဖြစ်ပါသည်။ စီဇံမျိုးကျော် ရေးသည် ရန်ကုန် (ဖေဖော်ဝါရီ၊ ၂၀၁၉) အငှားယာဉ်မောင်း ကိုဇော်လင်း ဟာ ခရီးသည်သွား လိုတဲ့ ဗိုလ်တထောင်ဘုရားလမ်းပေါ်အရောက်မှာ ညဘက်စစ်ဆေးမှုတွေ ပြုလုပ်တဲ့ ရဲလုံခြုံရေးအဖွဲ့တွေရဲ့ တားဆီးရှာဖွေခြင်းခံရပါတယ်။ ကားရှေ့ခန်းကိုရှာပြီး နောက်ခန်းမှာ ပါလာတဲ့ခရီးသည်ကို ရှာချိန်မှာတော့ မူးယစ်ဆေးဝါး တွေ့ရှိခဲ့တာကြောင့် ခရီးသည်နဲ့အတူ သူ့ကိုပါ ရဲစခန်းဆီသို့ခေါ်ဆောင်ခံရပါတော့တယ်။ အသက်သုံးဆယ်အရွယ်အထိ ရဲစခန်းကို အလုပ်ထောက်ခံ စာ ယူဖို့လောက်သာ ရောက်ဖူးခဲ့တဲ့ ကိုဇော်လင်းဟာ ရဲစခန်းကို ခေါ်ဆောင်သွားတဲ့အချိန်မှာ သူ အမှားမလုပ်တဲ့အတွက် ရဲက သူ့ကို စစ်ဆေးပြီး ပြန်လွှတ်ပေးမယ်လို့ ထင်ခဲ့မိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ သူ့ကိုပါ ဓာတ်ပုံတွဲ ရိုက်၊ တရားခံအဖြစ်အမှုတွဲလိုက်ပြီး မူးယစ်ဆေးတွေ့ရှိကြောင်း ရှာဖွေပုံစံမှာ […]

အပြည့်အစုံဖတ်ရန်

ပေါက်ကွဲတော့မယ့် မိလ္လာအိုးပေါ်က ရန်ကုန်

February 18, 2019

၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Feature  ဖြစ်ပါသည်။ ဟေမာန်ပြည့်နှင့် အိရွှေဖြူ ရေးသည်။ ရန်ကုန် (ဖေဖော်ဝါရီ၊ ၂၀၁၉)   ရေစက်မောင်းတဲ့အသံလို တဝူးဝူး စက်သံတွေ ထွက်လာ ပြီး မကြာခင်မှာပဲ လေထဲမှာ ပုပ်အဲ့အဲ့အနံ့တွေ ထွက်ပေါ်လာ ပါတယ်။ အော့အန်ချင်လောက် အောင် ဆိုးရွားတဲ့ဒီအနံ့က စက်သံ အရှိန်ရလာတာနဲ့အမျှ ပိုပြီး ပြင်းထန်လာပါတယ်။ ဒီအနံ့တွေရဲ့ ဇာစ်မြစ်ကတော့ မရမ်းကုန်းမြို့နယ်က လူဦး ရေထောင်ဂဏန်းရှိတဲ့ မုဒိတာအိမ်ရာက နေ့စဉ်စွန့်ပစ်တဲ့ မိလ္လာတွေကို သိုလှောင်ထားတဲ့ အုတ်ကန်ကြီးဆီက လာတာပါ။ မိလ္လာကန်ထဲမှာရှိတဲ့ မစင်တွေကို နေ့စဉ် စက်နဲ့ခြေမွတဲ့အခါ ဒီအနံ့ဆိုးတွေက လှိုင်လှိုင်ထွက်ပေါ်လာမြဲ ဖြစ်ပါတယ်။ မစင်နဲ့အညစ်အကြေးတွေကိုခြေပြီး ထွက်လာတဲ့ အရည် ကြည်တွေကို မြောင်းထဲကနေတစ်ဆင့် စွန့်ထုတ်တာဖြစ်ပါတယ်။ ဒီအနံ့ဆိုးတွေကို […]

အပြည့်အစုံဖတ်ရန်

ပြည်သူကို နှိပ်စက်တဲ့ ရဲ ဘယ်လို အရေးယူမလဲ

February 15, 2019

၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Feature ဖြစ်ပါသည်။ ဗညားကျော် ရေးသည်။ ရန်ကုန် (ဖေဖော်ဝါရီ၊ ၂၀၁၉)                          ည ၁၁ နာရီဝန်းကျင်လောက်မှာ မစုတို့ မိသားစုရဲ့ ခြံဝင်းထဲကို လူတစ်စုဝင်လာပြီး သူ့ခင်ပွန်း ရှိလား ဆိုပြီး လှမ်းအော်မေးပါတယ်။ တံခါးဖွင့်ကြည့် လိုက်ချိန်မှာ ရဲငါးယောက်နဲ့ အရပ်ဝတ် သုံး ယောက်ကိုမြင်လိုက်ရတယ်။ သူ့ခင်ပွန်းအိပ်နေပါ တယ်လို့ ပြောရုံရှိသေး ရဲသုံးယောက်က အိမ်ပေါ် ပြေးတက်လာကာ ခြင်ထောင်ထဲမှာရှိတဲ့ သူ့ ခင်ပွန်းကို အတင်းလုံးထွေးဝင်ဖမ်းပြီး လက်ထိပ် ခတ် ခေါ်သွားပါတယ်။ ဘာအပြစ်ရှိလို့ အခုလိုမျိုး […]

အပြည့်အစုံဖတ်ရန်

ကယ်ရာမဲ့ အသံအကျဉ်းသားများ ဘဝ

February 7, 2019

၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Feature ဖြစ်ပါသည်။ အိရွှေဖြူ ရေးသည်။                   မသော်တာဟာ သူတို့လမ်းထဲ အသံချဲ့စက်ကျယ်လောင်စွာဖွင့်တဲ့ အလှူခံတွေ ဝင်လာမှာကို ကြောက်ရွံ့နေသူတစ်ယောက်ပါ။သူ ကြောက်ရွံ့တာက သူ့အတွက်မဟုတ်ပါဘူး။ ခြောက်လသားအရွယ် သမီးငယ်အတွက် စိုးရိမ်ထိတ်လန့်တာပါ။                    ပြီးခဲ့တဲ့ နိုဝင်ဘာက သူနေထိုင်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဗဟိုအမျိုးသမီးဆေးရုံ ဝန်ထမ်းအိမ်ရာဝင်းထဲကို  ဆောင်းဘောက်စ်သံအကျယ်ကြီးဖွင့်ပြီး အလှူခံတွေဝင်လာ တုန်းကဆိုရင် သူ့သမီးရဲ့ ရင်ဘတ်ဟာ တဒိန်းဒိန်း လှိုက်ခုန်နေတဲ့ အပြင် မျက်အိမ်လည်း ပြူးကျယ်သွားတယ်လို့ဆိုပါတယ်။   […]

အပြည့်အစုံဖတ်ရန်

နွံနစ်တော့မယ့် ပတ္တမြားမြေ

February 4, 2019

၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Feature ဖြစ်ပါသည်။ စီဇံမျိုးကျော် ရေးသည်။ မိုးကုတ် (ဇန်နဝါရီ၊ ၂၀၁၉)                      ဗုံးကြဲခံထားရသလို ချိုင့်တွေ၊ ကျင်းတွေ ပြည့် နှက်နေတဲ့ တောင်ကြောတစ်လျှောက်မှာ ဝါး တိုင်တွေထောင်၊ တာပေါ်လင်စတွေ မိုးထားတဲ့ တစ်ဖက်ယက် တဲသေးသေးလေးတွေက ဟို တစ်စု ဒီတစ်စု နေရာယူထားကြတယ်။                      အဲဒီတဲလေးတွေထဲမှာတော့ စကျင်ကျောက်တွေကို တူနဲ့ ထုခွဲတဲ့သူက ထုခွဲ၊ ရွှံ့ပေနေတဲ့ကျောက်တွေကို ရေဆေးတဲ့သူက ဆေးနဲ့ […]

အပြည့်အစုံဖတ်ရန်

အရှင်မွေး နေ့ချင်းကြီးလာတဲ့ Yangon Petrol ဘယ်လိုပေါ်လာသလဲ

January 26, 2019

(ငွေကြေးအရင်းအနှီး ရှိရင်တောင် မြေနေရာနဲ့လုပ်ပိုင်ခွင့်လိုင်စင်ရဖို့ခက်ခဲတဲ့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းတစ်ခု အချိန်တိုတွင်း ဘာကြောင့်ဘယ်လိုပေါ်လာပါသလဲ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဘယ်လိုပါဝင်ပတ်သက်သလဲ၊ ကုမ္ပဏီရှယ်ယာရှင်တွေနဲ့ ဒါရိုက်တာတွေက ဘယ်သူတွေလဲ၊ အကျိုးအမြတ်တွေကရော ဘယ်လိုလဲ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုကြောင့် Yangon Petrol ပေါ်လာရသလဲဆိုတာ အသေးစိပ်ဖော်ပြထားပါတယ်။) အောင်ပိုင် ရေးသည်။ ကျော်ဇေယျ ပံ့ပိုးသည်။ ရန်ကုန် (ဇန်နဝါရီ၊ ၂၀၁၉) ရန်ကုန်တိုင်းဒေသကြီးအစိုးရဆီကနေအခွင့်ထူးတွေ ရရှိထားတာကြောင့် ဈေးကွက်ထဲမှာရောင်းချနေတဲ့ဈေးနှုန်းထက် တစ်လီတာကို ၄၀ ကျပ်ထက်မနည်းလျှော့ဈေးပြီးရောင်းချလို့ YP လို့အများခေါ်ကြတဲ့ Yangon Petrol စက်သုံးဆီအရောင်းဆိုင်တွေဟာ အချိန်တိုတွင်းလူအများစိတ်ဝင်စားလာမှုကိုရလာကြပါတယ်။ ရောင်းချခွင့်လိုင်စင်မရသေးပေမယ့်လည်း ဈေးကွက်ထဲမှာရောင်းချခွင့်ရနေတာ၊ အစိုးရပိုင်မြေနေရာမှာ လုပ်ပိုင်ခွင့်ရရှိတာ၊ ဆီဆိုင်တစ်ဆိုင် ဖွင့်ရင်အဆင့်ဆင့်လျှောက်ထားရမယ့် ထောက်ခံချက်တွေနဲ့ ခွင့်ပြုချက်တွေကို တိုင်းဒေသကြီးအစိုးရရဲ့အစီအမံနဲ့ လွယ်လင့်တကူအလျင်အမြန်ရရှိသွားတာဟာ အထူးအခွင့်ရေးတွေပါပဲလို့ စက်သုံးဆီလုပ်ငန်းအသိုင်းအဝိုင်းကပြောကြပါတယ်။ အထူးသဖြင့် ဈေးကွက်ကြီးပြီး အချက်အချာကျလွန်းတဲ့ စီးပွားရေးမြို့တော်ရန်ကုန်လိုနေရာမှာ အရင်းအနှီးရှိခဲ့ရင်တောင် ဆီဆိုင်အသစ်ဖွင့်ခွင့်ရဖို့ […]

အပြည့်အစုံဖတ်ရန်

AA ကိုသောင်းကျန်းသူအဖြစ်သတ်မှတ် နှိမ်နင်းရင် ဘာတွေဆက်ဖြစ်လာမလဲ

January 9, 2019

ကျော်ဇေယျ မေးမြန်းသည် ရက္ခိုင့်တပ်မတော် (Arakan Army-AA) ကိုသောင်းကျန်းသူအဖြစ်သတ်မှတ်ပြီးထိရောက်စွာ နှိမ်နင်းဖို့ တပ်မတော်ကို သမ္မတရုံးကညွှန်ကြားလိုက်တယ်လို့ ဇန်နဝါရီ ၇ ရက်ကသမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက မီဒီယာတွေကို ပြောဆို ခဲ့ပါတယ်။ ဒီလိုမီးစိမ်းပြလိုက်တဲ့အတွက် ဘယ်လိုသက်ရောက်မှုတွေရှိနိုင်မလဲ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ် ဘယ်လို ထိခိုက်နိုင်မလဲ ဆိုတာကိုသိရဖို့ နိုင်ငံရေးလေ့လာသူဦးသန်းစိုးနိုင်၊ ပြည်ထောင်စုအင်စတီကျုရဲ့ သုတေသန ညှိနှိုင်းရေးမှူး ဒေါက်တာစိုင်းဦးနဲ့ ရခိုင်အမျိုးသားပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်တို့ကို မော်ကွန်းက မေးမြန်းထား ပါတယ်။ အောက်ဖော်ပြပါတို့မှာအဆိုပါ မေးမြန်းမှုတွေထဲကအချို့ကိုထုတ်နှုတ်တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ Photo-Kaung Htet San ဦးသန်းစိုးနိုင် ( နိုင်ငံရေးလေ့လာသုံးသပ်သူ) “ရခိုင်မှာအာဆာ(ARSA)တွေ လာရောက်ပြီးတော့ ရဲကင်းတွေကိုတိုက်တုန်းက တပ်မတော်ကထိုးစစ်ဆင်ခဲ့သလို အခုအခါ မှာလည်း ပြင်းထန်တဲ့ထိုးစစ်တွေ ရခိုင်ဒေသမှာ ကြုံရတော့မယ်လို့ ထင်ပါတယ်။ “မကြာသေးခင်ကပဲ ကျွန်တော် သတင်းဌာနတစ်ခုမှာပြောပါတယ်။ AA […]

အပြည့်အစုံဖတ်ရန်

ရာစုနှစ်တစ်ခုကျော်ပြီ ဖြစ်တဲ့ ယဉ်ကျေးမှုအမွေအနှစ် ရတနာဘုံမြင့်ကျောင်းတော်

December 2, 2018

၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Legacy ဖြစ်ပါသည်။ ထွန်းဝင်းငြိမ်းရေးသည်။                                     မုတ္တမကနေ မော်လမြိုင်ဘက်ကို သံလွင်တံတားက ကူးလာတဲ့အခါ သံလွင်ရဲ့ရေပြင်ထက်မှာ ရွှေရောင် တွေ ပြိုးပြိုးပြက်ပြက်နဲ့ အလွန်လှပ တဲ့ရှုခင်းကို တွေ့ရပါတယ်။ တောင် တန်းတစ်ခုကို မြို့ ကပတ်ပတ်လည် ဝန်းရံထားတဲ့ မြင်ကွင်းဟာ သာယာ ကြည်နူးဖွယ်ရာ ခံစားမှုကို ဖြစ်ပေါ် စေပါတယ်။ ကျယ်ပြန့်ကြည်လင်တဲ့ သံလွင်မြစ်ရေပြင်၊ စိမ်းမြတဲ့ တောင် တန်း၊ တောင်တန်းပေါ်က ရွှေရောင် တဝင်းဝင်းနဲ့ […]

အပြည့်အစုံဖတ်ရန်

အရေးတကြီး ထိန်းသိမ်းဖို့ လိုနေတဲ့ ရန်ကုန်က မွန်ယဉ်ကျေးမှု လက္ခဏာတွေ

December 2, 2018

၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Feature ဖြစ်ပါသည်။ သြမွန် ရေးသည်။ ရွှေဇင် ပံ့ပိုးသည်။                                     မွန်တိုင်းရင်းသူ မိယဉ်ဂိုချမ်း သည် ကိုးတန်းကျောင်းသူ အရွယ်က မွန်ရိုးရာဝတ်စုံ ဝတ် ကာ အစ်မဖြစ်သူနှင့်အတူ ရန် ကုန်မြို့တော်ဝန်မဏ္ဍပ်တွင် သြင်္ကန်အက ဝင်ပြိုင်ခဲ့ဖူးသည်။ သူတို့ကပြယှဉ်ပြိုင်သည့် ဓာတ် ပုံများ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်သို့ တင်လိုက် သည့်အခါ ယင်းဓာတ်ပုံအောက် တွင် မှတ်ချက်အမျိုးမျိုးဖြင့် ေ၀ ဖန်ခံခဲ့ရလေသည်။   […]

အပြည့်အစုံဖတ်ရန်

အဓမ္မကြောင့်ရလာတဲ့ကိုယ်ဝန် ဖျက်ချခွင့်ပေးသင့်၊ မပေးသင့်

December 2, 2018

၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Feature ဖြစ်ပါသည်။ ဟေမာန်ပြည့်ရေးသည် (ဖေဖော်ဝါရီ၊ ၂၀၁၈)                               မဖြူဖြူ(အမည်လွှဲ)အသက် ကိုးနှစ်အရွယ်တွင် အဖေနှင့် အမေ ကွဲသွားခဲ့သည်။ သူ့ညီမနှင့်အတူ ဖခင်ထံတွင် ကျန်ရစ်ခဲ့သည်။ ထို့နောက် သူ ကျောင်းထွက်လိုက်ရ၏။ ဖခင်ဖြစ်သူမှာ လက်သမားဖြစ်ပြီး အရက်ကို စွဲစွဲမြဲမြဲ သောက်လေ့ရှိသူ။ အရက်မူးလာလျှင် မဖြူဖြူတို့ ညီအစ်မနှစ်ဦးကို အမြဲရိုက်နှက်သည်။                       […]

အပြည့်အစုံဖတ်ရန်

အနာဂတ်ကာလကို ပလတ်စတစ် အမှိုက်တွေက ခြိမ်းခြောက်လာနေ

December 1, 2018

၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Feature ဖြစ်ပါသည်။ ဟေမာန်ပြည့် ရေးသည်။   မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ နေ့စဉ် စွန့်ပစ်အမှိုက်ထွက်ရှိမှု ပမာဏ တတိယအနည်းဆုံးနေရာမှာ ရှိပေမယ့် စွန့်ပစ်ပစ်္စည်းထဲမှာ ပလတ်စတစ် ပါဝင်မှုနှုန်းကတော့ အမြင့်ဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ် (UN Environment Programme – UNEP) နဲ့ Asian Institute of Technology (AIT) တို့ပူးပေါင်းကာ ယမန်နှစ်က ထုတ်ပြန်လိုက်တဲ့ အာဆီယံနိုင်ငံများရဲ့ စွန့်ပစ်အမှိုက်စီမံ ခန့်ခွဲမှုဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အာဆီယံမှာ စွန့်ပစ်အမှိုက်တန်ချိန် အများဆုံးထွက်တဲ့ အင်ဒိုနီးရှားမှာ အမှိုက်ထဲ ပလတ်စတစ် ပါဝင်မှုနှုန်းက ၁၄ ရာခိုင် နှုန်း ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စွန့်ပစ်အမှိုက်မှာ ပလတ်စတစ် […]

အပြည့်အစုံဖတ်ရန်

လေလွင့်ခွေးပြဿနာ အမြန်ဖြေရှင်းပါ

December 1, 2018

၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Feature ဖြစ်ပါသည်။ အိရွှေဖြူ ရေးသည်။ ကိုအောင်အောင်မျိုးတို့ မိသားစု သုံးယောက် မိတ်ဆွေတစ်ယောက်ဆီ ကနေ အိမ်အပြန်၊ သားဖြစ်သူက ရေ ဆာလာတာကြောင့် လမ်းဘေးဇရပ် တစ်ခုပေါ်မှာရှိတဲ့ သောက်ရေအိုးဆီကို တက်သွားလိုက်တယ်ဆိုရင်ပဲ  သူ့သား ရဲ့ အထိတ်တလန့်အော်သံကို ကြား လိုက်ရပါတယ်။ စိုးရိမ်စိတ်နဲ့ သွား ကြည့်လိုက်တဲ့အခါ သူတို့ရဲ့ ကိုးနှစ် အရွယ်သားလေးကို ဇရပ်ပေါ်မှာရှိနေ တဲ့လမ်းဘေးခွေးတစ်ကောင်က ကိုက် လိုက်တာကို တွေ့လိုက်ရပါတယ်။ ချက်ချင်းဆိုသလိုပဲ ကလေးကို သူတို့နေထိုင်ရာ မကွေး တိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ အေးသာယာရပ်ကွက်ထဲက ဆေးခန်းတစ်ခုကို ခေါ်သွားပါတယ်။ ဒါပေမဲ့ ဆေးခန်းမှာ ခွေးရူး ရောဂါကာကွယ်ဆေး မရှိပါဘူး။ ပြင်ပက ဝယ်ထိုးမယ်ဆိုရင် ဆေးတန်ဖိုးက ကျပ်သုံးသောင်းကျော်နေတာကြောင့် […]

အပြည့်အစုံဖတ်ရန်
1 2 3 4 5 6 7 8 29

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."