သတင်းဆောင်းပါးများ

မှုခင်းမျိုးစုံနဲ့ မလုံခြုံတော့တဲ့ မြို့ရန်ကုန်

August 26, 2022

ရန်ကုန် – ဩဂုတ် ၂၀၂၂ (မော်ကွန်း)  ညရှစ်နာရီကျော်တဲ့အထိ သားငယ်ဖြစ်သူ အာကာမိုးကိုကို အိမ်ပြန်မရောက်သေးတဲ့အပြင် ဖုန်းအဆက်အသွယ်ပါမရလို့ ဒေါ်မို့မို့သင်းဟာ သားဖြစ်သူအတွက် မိုးချုပ်လေ သောကများလေဖြစ်နေပါတယ်။ ညကိုးနာရီဝန်းကျင်မှာတော့ သားကြီးဖြစ်သူကိုခေါ်ပြီး ကားတစ်စီးနဲ့ သားငယ်ရှိနိုင်မယ့်နေရာတွေကို လှည့်ပတ်ရှာဖွေခဲ့ပေမယ့် အရိပ်ယောင်တောင် မတွေ့ရပါဘူး။ ညနက်လာတဲ့အပြင် ကာဖျူးအမိန့်ရှိတာကြောင့် ည၁၂ ဝန်းကျင်အထိပဲ ရှာခဲ့ပြီး အိမ်ပြန်လာရပါတယ်။ သားဇောကြောင့် မနက်၅နာရီဝန်းကျင်မှာ ဒေါ်မို့မို့သင်းတစ်ယောက်တည်း မြို့အနှံ့ နောက်တစ်ခေါက် ထပ်ရှာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သားဖြစ်သူရဲ့ဖုန်းကိုဆက်သွယ်ရခဲ့ပါတယ်။ ဒါပေမယ့် ဖုန်းလက်ခံဖြေကြားပေးသူကတော့ သူ့သားငယ်မဟုတ်ပါဘူး။ “ဖုန်းကိုင်တော့ ကိုယ့်သားလေးထင်ပြီး အန်တီကဝမ်းသာပြီး သားလေးလား၊ အာကာလားမေးတာ။ လှိုင်သာယာ သောင်ကြီးရဲစခန်းက စခန်းမှူးပါတဲ့။ သားလေးဘာဖြစ်လို့လဲဆိုတော့ လှိုင်သာယာပြည်သူ့ဆေးရုံကြီးကို အခုလာခဲ့ပါတဲ့။ အခုကစိတ်ပူသွားပြီလေ။ ရန်ဖြစ်လို့ပဲလား၊ သူများရိုက်လို့လားပေါ့”လို့ ဒေါ်မို့မို့သင်းက အဲ့ဒီနေ့က အဖြစ်အပျက်ကိုပြန်ပြောပြပါတယ်။ […]

အပြည့်အစုံဖတ်ရန်

“NCA နဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပသွားမယ်ဆိုတာတွေ လုံးဝအဆုံးသတ်သွားပြီဖြစ်တယ်”

July 30, 2022

အာဏာသိမ်းစစ်တပ်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ကိုအောင်သူရဇော်တို့ကို ကြိုးပေးသတ်ဖြတ်ခဲ့တဲ့လူသတ်ကျူးလွန်မှုကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့တဲ့အပေါ် PNFC ရဲ့ အတွင်းရေးမှူး (၂) ခွန်ဝေထူးနဲ့ မော်ကွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး – ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ လေးဦးကို ကြိုးပေးသတ်ဖြတ်ခဲ့လို့ ကြေညာတဲ့ ထုတ်ပြန်ချက်မှာ ပါတဲ့ အာဏာသိမ်းစစ်တပ်ဟာ တရားမဝင်တဲ့အတွက် ဒီလို အပြစ်ပေးပိုင်ခွင့်မရှိဘူးဆိုတာကို အရင်ဆုံးအကျယ်တဝင့်ရှင်းပြပေးပါဦး။ ဖြေ – ဒီကြိုးမိန့် သေဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့ကိစ္စက ဥပဒေအကြောင်းအချင်းအရာကနေ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာက လက်ရှိပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရဆိုတာမရှိသေးဘူး။ အမည်နာမအားဖြင့်သာလျှင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုပေမယ့်လည်း ပြည်သူ့အစိုးရဆိုတာမရှိဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင်လည်း အရေးပေါ်ကာလာပြဌာန်းချက် ဥပဒေပုဒ်မ ၄၁၇ အရ ယာယီသမ္မတကနေ နိုင်ငံတော်ရဲ့အာဏာသုံးရပ်ကို ခေတ္တယာယီလွှဲပြောင်းပေးထားတဲ့ အနေအထားပဲဖြစ်တယ်။ ၂၀၀၈ အခြေခံဥပဒေအရကြည့်မယ်ဆိုရင်လည်း စကစသည် […]

အပြည့်အစုံဖတ်ရန်

ဆင်းရဲနွံထဲနစ်နေတဲ့ ပအိုဝ်းဒေသပညာရေး

July 27, 2022

မော်ကွန်း – ၂၀၂၂ ဇူလိုင် မေလနှောင်းပိုင်းရဲ့ တစ်ခုသောနံနက်ခင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရဲ့ ကားဂိတ်တစ်နေရာကို လူအပြည့်နီးပါးပါတဲ့ တရုတ်ပြည်ထုတ် FAW ကားတစ်စီး ထိုးဆိုက်လာတယ်။   ကားပေါ်ကနေ အသက်ငါးနှစ်ကနေ ၁၀ နှစ်ကြားရှိတဲ့ ကိုရင်လေးတွေဟာ သင်္ကန်းတွေမနိုင့်တနိုင် ဖိုသီဖတ်သီနဲ့ ဆင်းလာကြပြီး သူတို့ကိုလိုက်ပို့တဲ့ အမေတွေ၊ အဒေါ်တွေနဲ့အဘွားတွေလည်းပါကြတယ်။ ဒီကိုရင်လေးတွေဟာမန္တလေးက ဘုန်းကြီးကျောင်းကို သွားကြရမှာပါ။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဒေသခံပြည်သူအများစုဟာ ဆင်းရဲကြတာကြောင့် သူတို့သားသမီးတွေ မူလတန်းပြီးတာနဲ့ ရပ်နီးရပ်ဝေးက ဘုန်းတော်ကြီးကျောင်းတွေဆီကိုပို့ပြီး ပညာဆက်သင်ခိုင်းကြတာ ဓလေ့တစ်ခုလိုဖြစ်နေပြီလို့ ပအိုဝ်းဒေသခံတွေကဆိုကြပါတယ်။  ပအိုဝ်းလူငယ်အစည်းအရုံး(PYO)ရဲ့ ဒေသအရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးတစ်ဦးက “ကျွန်မတို့လူမျိုး မိဘတွေက ဆင်းရဲလွန်းတော့ ဈေးသက်သာတဲ့ ပညာရေးကိုပဲစဉ်းစားကြတယ်”လို့ ပြောတယ်။ (ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်နေရာ ဘုန်းတော်ကြီးကျောင်းမှာ စာသင်ပြီးပြန်လာကြသော ကလေးငယ်များ။ (ဓါတ်ပုံ – မော်ကွန်း) ဘိန်းစိုက်တောင်သူမိသားစုမှာမွေးဖွားလာခဲ့တဲ့ […]

အပြည့်အစုံဖတ်ရန်

အကြွေးထဲမြုပ်တော့မယ့် အင်းသားခရမ်းချဉ်သမားများ

June 22, 2022

အင်းလေး – ၂၀၂၂ ဇွန် (မော်ကွန်း) ကမ္ဘာကျော်ခရီးသွားနေရာတစ်ခုဖြစ်ပြီး တိုင်းပြည်ဝင်ငွေ နှစ်စဉ် ကျပ်ဘီလီယံနဲ့ချီ၀င်ခဲ့တဲ့ အင်းလေးကန်ထဲက ယိုင်နဲ့နဲ့တဲတစ်လုံးပေါ်မှာ အင်းသားတချို့ဟာ ဒီနှစ်မှာ ကျွန်းမျောခရမ်းချဉ်စိုက်ခင်းတွေ ကံဆိုးမိုးမှောင်ကျတဲ့အကြောင်းကို ခပ်ပေါပေါ အရက်ဖြူတွေမျှောချရင်း ညည်းတွားနေကြပါတယ်။ သူတို့ထဲက  အိမ်ထောင့်ကြီးရွာသား ကိုဇော်ဝင်းထွဋ်က ထရံကာတဲရဲ့ ပြူတင်းပေါက်ကနေ မြင်ရတဲ့ ကျွန်းမျောခရမ်းချဉ်ပင်တွေကိုကြည့်ရင်း “ဒီနှစ်အကြွေးတင်တာ တစ်အင်းလုံးပဲ” လို့ ဆိုလိုက်ပါတယ်။ အတူတူ ထိုင်နေတဲ့သူတွေအထဲ သူ့လို အရှုံးပေါ် ၊ အကြွေးတင်နေတဲ့ နောက်ထပ်အင်းသားနှစ်ယောက်ကလည်း အကြွေးတင်တာတစ်အင်းလုံးပဲလို့ ဝိုင်းထောက်ခံကြတယ်။ Photo: Mawkun အင်းခရမ်းချဉ်ဆိုတာက မြေလတ်၊ အညာဒေသတို့ကစိုက်တဲ့ ခရမ်းချဉ်အမျိုးအစားနဲ့မတူဘဲ အင်းထဲကကျွန်းမျောပေါ် စိုက်ရပြီး အသီးကိုခွဲကြည့်လိုက်ရင် အရည်တွေလည်နေတာက သူတို့အင်းသီးလို့ ဂုဏ်ယူတဲ့ဟန်နဲ့ ပြောပြကြတယ်။ စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းပြီးနောက် ရိုက်ခတ်လာတဲ့ ဓာတ်မြေဩဇာဈေးမြင့်တက်မှုတွေ၊ […]

အပြည့်အစုံဖတ်ရန်

ဒုက္ခတွင်းနက်ထဲက တီကျစ်

April 22, 2022

ဒုက္ခတွင်းနက်ထဲက တီကျစ် ၂၀၂၂- ဧပြီ (တီကျစ်) မြို့ဝင်တာနဲ့ ဗြုန်းအုတ်နဲ့ဆောက်ထားတဲ့အိမ်လေးတွေက ကားလမ်းမဘေးမှာအစီအရီ။ မြို့အနောက်ဘက်လွင်ပြင်မှာ စိုက်ထားတဲ့ ကြက်သွန်ခင်းတွေက မြစိမ်းရောင်ကောဇောတစ်ချပ်ခင်းထားသလို ပြန့်ပြူးနေလေရဲ့။ မြို့အရှေ့ဘက်ကစီးလာတဲ့ စမ်းချောင်းငယ်တွေက စိုက်ခင်းတွေကြား ခွေခေါက်လိမ်တွန့်ကာစီးဆင်းနေသလို   ရှေးဟောင်းစေတီတချို့ကလည်း ထိုးထိုးထောင်ထောင်နဲ့ ထိုလွင်ပြင်ထဲမှာတည်ရှိပြန်တယ်။ သဘာဝအလှပန်းချီကားသဖွယ် ရှုခင်းတွေနဲ့ ချယ်သထားတဲ့ ဒီမြို့ရဲ့ အမည်က တီကျစ်တဲ့။ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ထဲက ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄,၀၀၀ ကျော်မြင့်တဲ့ အရပ်မှာရှိတဲ့ မြို့ပေါ့။ ဒီဒေသမှာ ရှမ်း၊ ဗမာ အပါအဝင် တိုင်းရင်းသားပေါင်းစုံနေထိုင်ပြီး နက်ပြာရောင်ရိုးရာဝတ်စုံကို အမြတ်တနိုးဝတ်လေ့ရှိကြ တဲ့ ပအိုဝ်းတိုင်းရင်းသားတွေက အများစုနေကြပါတယ်။ ဒီတောင်ပေါ်လွင်ပြင်မှာ ဒေသခံတွဟာ မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးကြတာပါ။ တစ်ရံတစ်ခါ ဒီဒေသကို ရောက်သူတွေအဖို့တော့ ကြည်နူးဖွယ်ရှုခင်းတွေနဲ့ […]

အပြည့်အစုံဖတ်ရန်

ကပ်ရောဂါအပြင် စစ်အာဏာသိမ်းမှုက ရွှေ့ပြောင်းလုပ်သားတွေကို အကျပ်အတည်းဆီပိုမိုတွန်းပို့နေ

January 24, 2022 | မော်ကွန်းမှ ရေးသားသည်

မုဒုံ – ၂၀၂၂ ဇန်နဝါရီ (မော်ကွန်း) ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် ၂၅ နှစ်လောက် မအေးအေးမော်အသက်မွေးခဲ့ပြီးနောက် ကိုဗစ်ကပ်ရောဂါ ဘေးကြောင့် အိမ်ပြန်လာခဲ့ရကတည်းက အလုပ်မရှိခဲ့တာ တစ်နှစ်မကရှိလာပါပြီ။ ကပ်ရောဂါတွေဖြစ်၊ အလုပ်ရုံတွေပိတ်၊ လုပ်အားခတွေလျှော့ခံရတဲ့နောက် ရောဂါရှောင်ရင်း ထိုင်းနိုင်ငံလုပ်ငန်းခွင်ကနေ နေရပ်ပြန်ကြတဲ့ သိန်းနဲ့ချီတဲ့တခြားမြန်မာရွှေ့ပြောင်းအလုပ်သမားတွေလိုပဲ မအေးအေးမော်လည်း သူ့ရွာကို ပြန်လာခဲ့ရတာပါ။ မွန်ပြည်နယ်၊ မုဒုံမြို့ရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့သူ့ရွာကို ၂၀၂၀ အောက်တိုဘာမှာ သူပြန်လာတဲ့အခါ ခင်ပွန်းကို ထိုင်းနိုင်ငံက လုပ်ငန်းခွင်မှာချန်ရစ်ခဲ့ပါတယ်။ ဒါကြောင့် အခုလိုအကျပ်အတည်းကာလမှာ ခင်ပွန်းရဲ့ပေးပို့ငွေကို ချွေတာစားရင်း သူနဲ့ကလေးနှစ်ဦး ရပ်တည်နေနိုင်တာလို့ဆိုပါတယ်။ “ ဟိုမှာနေတော့ ဒီမှာကျန်ခဲ့တဲ့မိသားစုတွေကို ထောက်ပံ့နိုင်တယ်ပေါ့နော်။ ဒီပြန်ရောက်ကတည်းက ကိုယ်အတွက် ဘာမှဝင်ငွေမရှိတော့ ချက်ချင်းခြားနားသွားတယ်ပေါ့။ ငွေရေး၊ ကြေးရေး ရှာဖွေနိုင်မှုနေရာမှာပေါ့” လို့ သူကပြောပြတယ်။ ထိုင်းမှာ လူခံမချန်ခဲ့ဘဲ […]

အပြည့်အစုံဖတ်ရန်

စိန်ခေါ်မှုတွေကြားက ပြန်လည်ရုန်းထွက်လာတဲ့ ကော်သူးလေပညာရေး

January 16, 2022

ဒူးပလာယာ – ၂၀၂၂ ဇန်နဝါရီ (မော်ကွန်း) နေရောင်ခြည်တိုးမပေါက်လောက်အောင် သစ်ပင်တွေအုံ့ဆိုင်းနေတဲ့တောလမ်းလေးထဲမှာ တချို့က အဖြူနဲ့အစိမ်း၊ တချို့ကအဖြူနဲ့အပြာ၊ တချို့က ကရင်ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားကြတဲ့ လွယ်အိတ်ကိုယ်စီနဲ့ကလေးငယ်တွေဟာ အချင်းချင်းစနောက်ပြေးလွှားကစားရင်း စာသင်ကျောင်းဆီ ဦးတည်သွားနေကြတယ်။ ကျောင်းတက်ခေါင်းလောင်းထိုးတဲ့အခါမှာတော့ ဘောလုံးကွင်းတစ်ကွင်းစာကျယ်တဲ့ ကျောင်းရှေ့မျက်နှာစာမှာ တလူလူလွှင့်ထူထားတဲ့ ကရင့်အလံကို ဆရာတွေနဲ့ကျောင်းသားတွေဟာ တန်းစီအလေးပြုကြတယ်။ အဲဒီနောက်မှာတော့ ကော်သူးလေနိုင်ငံတော်သီချင်းကို စကောကရင်ဘာသာစကားနဲ့ ရွတ်ဆိုကြပါတော့တယ်။ ဒါဟာ ကရင်အမျိုးသားအစည်းအရုံး (Karen National Union – KNU) အုပ်ချုပ်နယ်မြေ၊ ကော်သူးလေပြည်နယ်၊ ဒူးပလာယာခရိုင်ထဲက မိကသိုကျေးရွာအလယ်တန်းကျောင်းရဲ့ တစ်နေ့တာအစပါ။ ကော်သူးလေပြည်နယ်ထဲက တခြားကျောင်းတွေဟာလည်း သူတို့ရဲ့တစ်နေ့တာကို အခုလိုပဲစတင်ကြပါတယ်။ မြန်မာအစိုးရအုပ်ချုပ်မှုအောက်ကကျောင်းတွေဟာ ၂၀၂၀ မှာ COVID-19 ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရသလို ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်မှာ စစ်တပ်က […]

အပြည့်အစုံဖတ်ရန်

ဖောင်ဖျက်တိုက်တဲ့ မလွှကုန်းမီးရထားဝန်ထမ်း CDM

March 31, 2021

မတ်၊ ၂၀၂၁ (မော်ကွန်း) အလုပ်ဝင်စကတည်းက မိသားစုနှင့်အတူ နှစ်ပေါင်း ၂၀ ကျော်နေထိုင်လာသည့် အိမ်ငယ်လေးကို ယခုလိုစွန့်ခွာ ထွက်ပြေးရလိမ့်မည်ဟု ကိုထွန်းနိုင် ဘယ်တုန်းကမှ ထင်မထားခဲ့ပါ။ ယခုတော့ သူ့အိမ်ငယ်လေးနှင့်ဝေးရာ နယ်မြို့လေးရှိမိတ်ဆွေတစ်ဦး၏အိမ်တွင် ခေတ္တပြောင်းရွှေ့နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ဘယ်အချိန်အထိနေရမည်မှန်း သူသေချာမသိသေး။ အသက် ၄၆ နှစ်အရွယ်ရှိ ကိုထွန်းနိုင်သည် မြန်မာ့မီးရထားလုပ်ငန်း၊ မလွှကုန်းမီးရထားစက်ခေါင်းရုံတွင် စက်ခေါင်းမောင်းတစ်ဦးဖြစ်ပြီး သူ၏လစာမှာ တစ်သိန်းရှစ်သောင်းကျပ်သာရသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းကွာဟသည့် အကြောင်းပြချက်ဖြင့် စစ်တပ်က တိုင်းပြည်၏ အာဏာကို ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် သိမ်းယူလိုက်သည်။ ထိုလုပ်ရပ်ကို လက်မခံနိုင်သည့် ပြည်သူ့ဝန်ထမ်းများက Civil Disobedience Movement (CDM) ခေါ် ရုံးမတက်ဘဲ ငြိမ်းချမ်းစွာ အာဏာဖီဆန်ကြသည်။ သူတို့အားလုံး၏ […]

အပြည့်အစုံဖတ်ရန်

“ပြည့်စုံတာကတော့ နေရာအနှံ့ကူညီပေးကြတဲ့ ပရဟိတစိတ်ပါ။ မပြည့်စုံတာကတော့ အခုအချိန်မှာ ဆရာဝန်တွေကို အတင်းဖိနှိပ်နေလို့ information ကောင်းကောင်းစုလို့မရလို့ လူနာတွေ အရေးပေါ် အကူအညီတောင်းရင် အဆက်အသွယ်ရှာရခက်တာပါ။”

March 5, 2021

ရန်ကုန် – ၂၀၂၁ ဖေဖော်ဝါရီ (မော်ကွန်း) စစ်တပ်အာဏာသိမ်းခြင်းကို ကန့်ကွက်သည့် ကျန်မားရေးလုပ်သားများသည် အလုပ် မဆင်းဘဲ အာဏာဖီဆန် ဆန္ဒပြသည့် Civil Disobedience Movement (CDM) လုပ်လာကြသည်မှာ တစ်လကြာပြီဖြစ်သည်။ တစ်နိုင်ငံလုံးတွင် ဆေးရုံ ၁,၂၆၂ ရုံရှိပြီး CDM လှုပ်ရှားမှုကြောင့် ပိတ်ထားရသည့်ဆေးရုံ ၃၅၇ ရုံ၊ ဆေးရုံဖွင့်ထားသော်လည်း ကုသခြင်းမရှိသည့် ဆေးရုံ ၂၇ ရုံရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖေဖော်ဝါရီ ၂၂ ရက် အာဏာသိမ်းစစ်ကောင်စီ အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထိုသို့ဆေးရုံများပိတ်ထားသော်လည်း ဆေးကုသရန်လိုအပ်သည့် လူနာများကို နဂိုရှိရင်းစွဲ ပရဟိတဆေးခန်းများနှင့် ပုဂ္ဂလိက ဆေးခန်းများတွင် အခမဲ့ သို့မဟုတ် စရိတ်မျှပေးစနစ်ဖြင့် ကုသပေးလျက်ရှိ ကြောင်း Democracy Clinic အဖွဲ့က ဆိုသည်။ […]

အပြည့်အစုံဖတ်ရန်

ဆိုက်ဘာ လုံခြုံရေးဥပဒေ (မူကြမ်း) အပေါ် သုံးသပ်ချက်များ

February 16, 2021

“ဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီတွေကို ထိန်းချုပ်တာဖြစ်သလို သုံးစွဲသူတွေရဲ့ပုဂ္ဂလိကလုံခြုံရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ရည်ရွယ်ချက်ရှိရှိ ရာဇဝတ်မှုဖြစ်အောင်လုပ်ဆောင်မယ့် ဥပဒေမျိုးဖြစ်ပါတယ်။” Photo – Kaung Htet San ဖေဖော်ဝါရီ၊ ၂၀၂၁ (မော်ကွန်း) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ်တာဝန်ရယူမည့် ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း)ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက်စွဲဖြင့် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများထံမှ သဘောထားမှတ်ချက်တောင်းခံလာသည်။ ထိုဥပဒေမူကြမ်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်းကတည်းက ဆက်သွယ်ရေးဝန်ကြီးဌာနက ရေးဆွဲနေခဲ့ခြင်းဖြစ်ပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက် အတည်ပြုရန်ကြိုးစားလာခြင်းဖြစ်သည်။ စာထဲတွင် ဖေဖော်ဝါရီ ၁၅ ရက် နောက်ဆုံးထား၍ သဘောထားမှတ်ချက် မပျက်မကွက်ပေးရန် ညွှန်ကြားထားသည်။ လက်ရှိအခြေအနေတွင် ဥပဒေပြဌာန်းရန်ကြိုးစားခြင်းသည် တရားဝင်မှုပြဿနာနှင့် အင်တာနက်သုံးစွဲသူများအပေါ် အကျိုးသက်ရောက်မည့်ပုံကို နည်းပညာ၊ ဥပဒေ၊ နိုင်ငံရေး၊ လူ့အခွင့်အရေး စသည့် […]

အပြည့်အစုံဖတ်ရန်

ကိုဗစ်ကာလ နှစ်ဆပိုခက်ခဲနေတဲ့ မသန်စွမ်းများ

January 28, 2021

ကိုပြည့်ဖြိုးဝေအလုပ်လုပ်သည့် စက်ဘီးမော်တာလုပ်ငန်းခွင် ဓါတ်ပုံ – ဂေထော ၂၀၂၁၊ ဇန်နဝါရီ (မော်ကွန်းမဂ္ဂဇင်း) ဂေထောရေးသည်။ ပြီးခဲ့သည့်နှစ် မတ်လနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ COVID-19 ရောဂါပိုးစတင်ကူးစက်လာခဲ့သောကြောင့် အသက် ၃၀ အရွယ် အမြင်အာရုံမသန်စွမ်းသူ ကိုလှဝင်းတင်၏ တစ်ခုတည်းသော ဝင်ငွေရလမ်းဖြစ်သည့် မျက်မမြင်အနှိပ်ခန်းကို ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ရသည်။ ထိုအချိန်က ဇနီးသည်မီးဖွားရက်နီးကပ်နေချိန်ဖြစ်သောကြောင့် သူတို့အဖို့ အစစအရာရာစိန်ခေါ်မှုကြီးမားခဲ့သည်ဟု ၎င်းကပြောပြသည်။ “ဆွေမျိုးတွေကို အင်မတန်ကျေးဇူးတင်ရမယ်။ သူတို့ကူညီပေးထားလို့သာ။ နို့မို့ဆို ကျွန်တော်တို့ဘဝကြီးက မတွေးဝံ့စရာ ပဲ။ လမ်းဘေးရောက်သွားမှာ အသေအချာပဲ” ဟု ဒီဇင်ဘာလတုန်းက ရွှေပြည်သာမြို့နယ်ရှိ သူ၏နေအိမ်တွင် တွေ့ဆုံစဉ်က ပြောပြသည်။ သန်စွမ်းသူများပင် အသက်မွေးဝမ်းကျောင်းအတွက် မနည်းရုန်းကန်နေရသည့် ကပ်ရောဂါကာလတွင် ကိုလှဝင်းတင်တို့လို မသန်စွမ်းများမှာ ပိုမိုအခက်အခဲတွေ့ကြုံကြရသည်။ သို့သော် ၎င်းတို့ကိုအကူအညီပေးနိုင်ရေးအတွက် သီးခြားစာရင်းပြုစု ခြင်းများမရှိသေးသကဲ့သို့ […]

အပြည့်အစုံဖတ်ရန်

ဆင်ဆာလှောင်ချိုင့်ထဲက ရုန်းမထွက်နိုင်သေးသည့် မြန်မာ့ရုပ်ရှင်

January 7, 2021

အောင်ပိုင် ဒီဇင်ဘာ ၂၀၂၀ (မော်ကွန်း) စစ်အစိုးရ၏ဆိုးမွေ ရုပ်ရှင်ဆင်ဆာစနစ်ကို ဒီမိုကရေစီနိုင်ငံများတွင် ကျင့်သုံးသော အသက်အရွယ်အလိုက် ကြည့်ခွင့် ရှိ၊ မရှိ ဆုံးဖြတ်သည့်စနစ် Rating System ဖြင့် အစားထိုးရန် လွန်ခဲ့သော ၁၀ နှစ် ဒီမိုကရေစီအကူးအပြောင်းစကတည်းက ရုပ်ရှင်အနုပညာရှင်များ မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း ဆယ်စုနှစ်တစ်ခုကြာသည့်တိုင် တစ်စုံတစ်ရာထူးခြားမလာဘဲ ၁၉၉၆ ရုပ်ရှင်ဥပဒေပါ ဆင်ဆာစနစ်ကိုသာ ကျင့်သုံးနေဆဲဖြစ်သည်။ ထို့ကြောင့် ရုပ်ရှင်အနုပညာဖန်တီးမှုပိုင်းတွင် ကန့်သတ်မှုများ ကြုံနေရသည်ဆိုကာ မြန်မာ့ရုပ်ရှင်ရာပြည့်နှစ် ၂၀၂၀ အကုန်ပိုင်းတွင် ဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်များသည် လူမှုကွန်ရက်ပေါ်တွင် #RatingSystemNow ဟု ဆန္ဒပြလာကြသည်။ ဇာတ်ညွှန်းဆရာ M နိုးက “မချုပ်မနှောင်ထားသော၊ တာဝန်ယူမှု တာဝန်ခံမှုရှိသော ရုပ်ရှင်အနုပညာပေါ်ပေါက်လာနိုင်ဖို့ အဲဒီတစ်နည်းပဲရှိပါတယ်” ဟု ပြောသည်။ သူသည် […]

အပြည့်အစုံဖတ်ရန်
1 2 3 4 5 29

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."