ရန်ကုန်-၂၀၂၃ ဒီဇင်ဘာ ၂၇ (မော်ကွန်း) ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ မနေ့ကစပြီး ဇန်နဝါရီ ၂ ရက်အထိ တစ်ပတ်အတွင်း လျှပ်စစ်မီးပြတ်တောက်ချိန်ပိုများမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESCက မနေ့က ထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်းအတွင်းက သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတွေကို ပေးပို့နေတဲ့ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်မှာနဲ့ တောင်သာသဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုကို ပြင်ဆင်မှာကြောင့် အဲဒီကာလအတွင်း လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှု လျော့နည်းနေမှာဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ယာယီလျှပ်စစ်ဓာတ်အားပြတ်တောက်မှာဖြစ်တယ်လို့ YESC က ထုတ်ပြန်ထားပါတယ်။ ရန်ကုန်မြို့တွင်းက မြို့နယ်အများစုမှာ ယခုလဆန်းပိုင်းကတည်းက လျှပ်စစ်မီးပြတ်တောက်မှု မကြာခဏကြုံနေရတာဖြစ်ပြီး အခုရက်ပိုင်းတွေမှာ မီးပျက်ချိန်ပိုများလာတာလို့ ရန်ကုန်မြို့ခံတွေကပြောကြပါတယ်။ “မီးကသူတို့(EPC) ပြောပြော မပြောပြောပြတ်ချင်တဲ့အချိန် ပြတ်နေတာပဲကို။ ဒီနေ့လည်း မနက်ကိုးနာရီလာရမှာ ခဏပဲလာပြီးပြတ်သွားတယ်။ ဆယ်နာရီလောက်ခဏပြန်လာတယ်။ ပြန်ပြတ်တယ်။ ဘာအလုပ်မှမလုပ်လိုက်ရဘူး။ ထမင်းအိုးတောင် မတည်လိုက်ရဘူး” လို့ ရန်ကင်းမြို့နယ်အတွင်းက […]
နတ်တလင်း – ၂၀၂၃ ဒီဇင်ဘာ ၂၇ (မော်ကွန်း) အခုလ ၂၃ ရက်က ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမထဲမှာ အာဏာသိမ်းစစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဒေသခံခုနစ်ဦးဟာ အရပ်သားတွေသာဖြစ်တယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၄၊ ဆက်ဆံရေးတာဝန်ခံ မိုးမခက မော်ကွန်းကိုပြောပါတယ်။ အခုလ ၁၉ ရက်က နတ်တလင်းမြို့နယ်၊ အရှေ့ဘက်ပဲခူးရိုးမအစပ်မှာ အာဏာသိမ်းစစ်တပ်ဟာ စစ်ကြောင်းထိုးရင်း ညံလယ်၊ ရစ်ကွင်း၊ လေးအိမ်တန်းစတဲ့ ကျေးရွာတချို့ကို ဖြန့်ခွဲပြီး မီးရှို့ပစ်ခဲ့တယ်လို့ ၎င်းကပြောပါတယ်။ နောက်တစ်နေ့မှာ အင်အား ၅၀ ကျော်ပါတဲ့ နောက်ထပ်စစ်ကြောင်းတစ်ကြောင်း ရိုးမအစပ်က ကွင်းကျယ်ရွာကနေ ထပ်တက်လာပြီး ရိုးမထဲက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ပဲခူးရိုးမထဲက ကျေးရွာတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါပြီ။ “ဗိုလ်ကြီးစခန်းရွာ၊ […]
စစ်တပ်က မြို့ကိုလေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားများသေဆုံးမှုရှိလာ လောက်ကိုင် – ၂၀၂၃ ဒီဇင်ဘာ ၂၆ (မော်ကွန်း) လောက်ကိုင်မြို့ကို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က မြို့ပေါ်နေရာအားလုံးနီးပါး သိမ်းနိုင်ပြီဖြစ်ပြီး အာဏာသိမ်းစစ်တပ်ဘက်က လေကြောင်းနဲ့သာမက မြေပြင်မှာပါ နေ့စဥ်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ မြို့မှာလက်ရှိနေထိုင်နေသူတွေဆီကသိရပါတယ်။ လက်ရှိလောက်ကိုင်မြို့ပေါ်မှာ MNDAA(ကိုးကန့်တပ်ဖွဲ့)တွေ ရှိနေပြီး မြို့ပြင်တချို့နေရာတွေဖြစ်တဲ့ မီရှန့်ကုန်းနဲ့ နန်ထျန်းမိန်မှာပဲ အာဏာသိမ်းစစ်တပ်ဟာ ကျန်ရှိနေတာလို့ လက်ရှိနေထိုင်နေသူအမျိုးသမီးတစ်ဦးကပြောပါတယ်။ “အခုမြို့ထဲမှာအားလုံးက MNDAA တွေပဲဲ၊ သူတို့ပြောတာတော့ နည်းနည်းလိုသေးတယ်တဲ့၊ ခုမြို့ထဲမှာတော့ အေးအေးဆေးဆေးပဲ၊ ဘယ်သူမှစစ်တာ၊ တားဆီးစစ်ဆေးတာတွေမရှိဘူး၊ အေးဆေးသွားရုံပဲ၊ ဖမ်းတာ ရိုက်နှက်တာလည်းမရှိဘူး၊ စကားပြောရင်လည်းနွေးနွေးထွေးထွေးပဲ”လို့ သူကပြောပါတယ်။ လောက်ကိုင်မြို့ပေါ်ကို MNDAA တပ်တွေ ရောက်ရှိလာပြီးတဲ့နောက် အာဏာသိမ်းစစ်တပ်ဘက်က လေကြောင်းနဲ့ကော မြေပြင်ကနေပါ ဗုံးတွေနဲ့ကျဲပစ်ပြီး တိုက်ခိုက်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “အမြှောက်နဲ့ထုတဲ့ဟာ ဗုံးအကြီးတစ်လုံး၊ […]
သပိတ်ကျင်း – ၂၀၂၃ ဒီဇင်ဘာ ၂၆ (မော်ကွန်း) မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ သပိတ်ကျင်းနဲ့ ချောင်းကြီးကြားကို စစ်ကြောင်းထိုးလာတဲ့စစ်သားတွေကို မနေ့ နေ့လယ်ကနေ ညနေအထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၅၀၉၊ ၅၁၀၊ ပြင်ဦးလွင်ခရိုင် တပ်ရင်း ၁ ၊ သပိတ်ကျင်း (ပ.က.ဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေကိုသိမ်းဆည်းရမိခဲ့တယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။ ချောင်းကြီးကျေးရွာ၊ အနောက်ဘက်တောင်ပေါ်မှာ အာဏာသိမ်းစစ်တပ်နဲ့ PDF တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ချောင်းကြီးဒေသခံတစ်ဦးကပြောပါတယ်။ ” တိုက်ပွဲ ဖြစ်နေတာ၊ တက်လာတဲ့ စစ်သားတွေ ထိပြီးသေတာများတယ်၊ ဒါပေမဲ့အတိအကျတော့မသိရသေးဘူး၊ ဒီဘက်မှာတော့ထူးခြားတာမရှိသေးပါဘူး၊ ခုတောင် ဒရုန်းနဲ့ဗုံးချတဲ့အသံ ကြားလိုက်ရတယ် “လို့ ဖုန်းပြောနေချိန် ညနေ ၆း၃၀ […]
ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၂၆ (မော်ကွန်း) အမေရိကန်ဒေါ်လာလိုအပ်ချက်များပြီး ပို့ကုန်ကျဆင်းနေချိန်မှာ စစ်ကောင်စီဗဟိုဘဏ်ဟာ ပို့ကုန်ရငွေ ပြန်လည်ပေးသွင်းရမယ့် အချိန်ကာလကို ထပ်မံလျှော့ချကန့်သတ်လိုက်ပါတယ်။ အရင်က ပို့ကုန်ရငွေကို ပေးသွင်းရာမှာ အာရှနိုင်ငံတွေကပို့ကုန်အတွက် ၄၅ ရက်အတွင်းထည့်သွင်းရမှာဖြစ်ပြီး အခြားနိုင်ငံတွေကိုတော့ ရက်ပေါင်း ၉၀ အတွင်းပေးသွင်းရမယ်လို့ သတ်မှတ်ထားတာပါ။ ယခုအခါမှာတော့ အာရှနိုင်ငံတွေက ပို့ကုန်ရငွေတွေကို ရက်ပေါင်း ၃၀ အတွင်းနဲ့ အခြားနိုင်ငံတွေကိုတော့ ရက်ပေါင်း ၆၀ အတွင်း ထည့်သွင်းပေးရတော့မယ်လို့ စစ်ကောင်စီရဲ့ဝါဒဖြန့်ချိရေးသတင်းစာတွေကနေတစ်ဆင့် ဒီနေ့မှာ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာလိုက်တာပါ။ စစ်ကောင်စီဗဟိုဘဏ်ဟာ ယခုလဆန်းပိုင်းမှာ ဒေါ်လာကို နှုန်းရှင်အဖြစ် သတ်မှတ်ဖြေလျှော့ပေးခဲ့သလို ပို့ကုန်ရငွေတွေရဲ့ ၆၅ ရာခိုင်နှုန်းကိုလည်း အပြင်ပေါက်ဈေးနဲ့ ရောင်းချခွင့်ပြုခဲ့ပါသေးတယ်။ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးကတော့ နယ်စပ်အခြေအနေတွေကြောင့် ပြည်ပပို့ကုန်ကျဆင်းလာပြီး ပို့ကုန်ရငွေတွေလည်း ကျဆင်းလာနေတာကြောင့် […]
မုံရွာ-၂၀၂၃ ဒီဇင်ဘာ ၂၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ရဲစခန်းက ဒဏ်ရာရထားတဲ့ရဲတစ်ဦးကို မုံရွာကိုပို့ဖို့ ပရဟိတကားနဲ့ထွက်လာတဲ့ ရဲနဲ့စစ်သားတွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက တားဆီးစစ်ဆေးချိန်မှာ အပြန်အလှန်ပစ်ခတ်ကြပြီး ရဲနဲ့စစ်သားတွေသေဆုံးသွားတယ်လို့ ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ မုံရွာမြို့နယ် အမှတ် ၂ တိုက်နယ်ပကဖ ဒုတာဝန်ခံတောကျွဲကြီးက မော်ကွန်းကိုပြောပါတယ်။ “(ရဲစခန်းက)ထွက်လာတာကို ကျွန်တော်တို့က လမ်းမှာ အမြဲတမ်းလုံခြုံရေးဆောင်ရွက်နေတဲ့အဖွဲ့တွေနဲ့ ပူးပေါင်းပြီး သတင်းရလို့ အလင်းဝင်ဖို့အခြေအနေအထိ တားဆီးခဲ့ပါတယ်။ သူတို့က ပြန်လည်ပစ်ခတ်လို့ ကျွန်တော်တို့က တိုက်နယ်ပကဖ၊ ပလဖ၊ တောကျွဲကြီးပြောက်ကြားတပ်ဖွဲ့ပေါ့၊ အားလုံး ခုနစ်ဖွဲ့လောက်ရှိပါတယ်။ ကျွန်တော်တို့ ပူးပေါင်းပြီးတော့ မစ်ရှင်တစ်ခုကို အောင်အောင်မြင်မြင်ဖန်တီးခဲ့တာပါ” လို့ တောကျွဲကြီးကပြောပါတယ်။ အဲဒီပစ်ခတ်မှုအတွင်း ပရဟိတကားမောင်းတဲ့ ပြည်သူနှစ်ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့သလို အထိအခိုက်လည်း မရှိဘူးလို့ သူကဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း ရဲနဲ့စစ်သားငါးဦးသေဆုံးပြီး G-3 သေနတ် […]
ဒူးပလာယာ – ၂၀၂၃ ဒီဇင်ဘာ ၂၆ (မော်ကွန်း) ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ Lion Battalion Commando စစ်ကြောင်းဟာ ကော်သူးလေအာမီ(KTLA) လက်အောက်ကနေ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ KNLA တပ်မဟာ (၆) လက်အောက်ခံစစ်ကြောင်းအဖြစ် ကူးပြောင်းလိုက်ပြီဖြစ်ကြောင်း ဒီကနေ့ ကြေညာပါတယ်။ တပ်မဟာ (၆) တခွင်တိုက်ပွဲတွေမှာ ဗိုလ်အယ်စေးဝါးရဲ့ Lion Battalion ဟာ တိုက်ပွဲတွေကို ပါဝင်တိုက်ခိုက်ခဲ့ပြီး သူကိုယ်တိုင်လည်း လက်တစ်ဘက်ဆုံးရှုံးထားပါတယ်။ Lion Battalion ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ KNU/KNLA ရဲ့ စည်းမျဉ်း၊ စည်းကမ်းဥပဒေတွေနဲ့အညီ အာဏာရှင်စနစ်ကျရှုံးရေးအတွက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး KNLA တပ်မဟာ (၆) လက်အောက်ခံစစ်ကြောင်းဖြစ်ကြောင်း ပြည်သူတွေကို အသိပေးတာလို့ ဆိုထားပါတယ်။ ဗိုလ်အယ်စေးဝါးဟာ ယခင်က KNDO အကြီးအကဲဟောင်း၊ […]
ရန်ကုန် -၂၀၂၃ ဒီဇင်ဘာ ၂၆ (မော်ကွန်း) ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်မှာ ဒီနေ့လယ် ၁ နာရီဝန်းကျင်က ဗန္ဓုလတံတားပေါ်ကနေ ဆင်းလာတဲ့ ကွန်တိန်နာယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး လမ်းမပေါ်သွားနေတဲ့ ကားတချို့နဲ့ လမ်းဘေးမှာရပ်ထားတဲ့ကားတွေကို ဆင့်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။ တံတားပေါ်ကအဆင်း ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်တော့တာကြောင့် လမ်းပြောင်းပြန်မောင်းပြီး ကားတွေကိုဆင့်တိုက်သွားတာလို့ ဖြစ်စဉ်ကို မြင်တွေ့လိုက်ရသူတွေက မော်ကွန်းကိုပြောပါတယ်။ “တံတားပေါ်ကနေဆင်းလာပြီး ဗိုလ်တထောင်ဘုရားလမ်းနဲ့ ဗန္ဓုလလမ်းထောင့်က ကားတွေအရင်တိုက်တာ၊ ပြီးတော့ အရှိန်နဲ့ဆက်သွားပြီး နောက်ကားတစ်စီးကိုထပ်တိုက်တယ်။ လမ်း ၅၀ မှတ်တိုင်နားမှာ အာရာဖက်တစ်စီးကို ထပ်တိုက်တယ်။ ကားမှန်ကွဲတွေလမ်းပေါ်မှာ အများကြီးပဲ။ ကွန်တိန်နာ ကားသမားကတော့ ဆင်းပြေးသွားပြီ၊ မြင်တောင်မမြင်လိုက်ရဘူး” လို့ သူကပြောပါတယ်။ ဘရိတ်ပေါက်ပြီး လမ်းပြောင်းပြန်မောင်းဝင်လာတဲ့ ကွန်တိန်နာကားဟာ မဟာဗန္ဓုလလမ်းနဲ့ဗိုလ်မြတ်ထွန်းလမ်းထောင့်မီးပွိုင့်အကျော်နားမှာ ရပ်သွားတယ်လို့ မြင်တွေ့လိုက်ရသူတွေကပြောပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူထိိခိုက်မှုတော့ မရှိပေမယ့် […]
ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၂၆ (မော်ကွန်း) တအောင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) ပူးပေါင်းတပ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ကိုသိမ်းပိုက်ပြီး မြို့ရဲ့အရှေ့တောင်ဘက်မှာရှိတဲ့ နမ္မတူမြို့က စစ်ကောင်စီစခန်းကို ဆက်လက်တိုက်ခိုက်နေတာကြောင့် မြို့ခံတွေ စစ်ရှောင်ကုန်ကြပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့မနက်ပိုင်းမှာ နမ္မတူမြို့ပေါ်က လက်နက်ကြီး/ငယ်သံတွေ ဆက်တိုက်ကြားနေရပြီး တိုက်ပွဲက မြို့ပေါ်အထိ ရောက်လာပြီဖြစ်တယ်လို့ ဒေသခံ တစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “မနေ့ကနေ့လယ်လောက်တည်းက ပစ်နေတာ။ ကျွန်တော်တို့လည်း ဘယ်မှမထွက်တော့ဘူးနေတာ။ ဒီမနက် လေယာဉ်တွေလည်းဝဲ၊ မြို့ထဲကိုပါ လက်နက်ကြီးတွေပါကျတော့ ကျွန်တော်တို့လည်း ထွက်လာလိုက်တယ်။ မြို့ထဲမှာတော့ ဈေးဆိုင်တွေလည်း သိမ်း၊ အိမ်တွေလည်း အကုန်တံခါးတွေပိတ်ပြီး ပြေးတဲ့သူကလည်းပြေးနဲ့ တစ်မြို့လုံး လူသူမရှိတော့ဘူး” လို့ ၎င်းက ပြောပါတယ်။ မနေ့က နေ့လယ်ပိုင်းကစပြီး လားရှိုး-နမ္မတူလမ်းပိုင်းပေါ်မှာရှိတဲ့ လားရှိုးမြို့အဝင် […]
မန်တုံ – ၂၀၂၃ ဒီဇင်ဘာ ၂၄ (မော်ကွန်း) လေးရက်ကြာတိုက်ခိုက်ပြီးနောက်မှာ မန်တုံမြို့ကို သိမ်းပိုက်နိုင်ခဲ့ကာ ထိန်းချုပ်ထားပြီဖြစ်ကြောင်း တအာင်းတပ်မတော်(PSLF/TNLA) က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ မန်တုံမြို့က အာဏာသိမ်းစစ်တပ်ရဲ့ ဗျူဟာမှူးအခြေချကွပ်ကဲတဲ့စခန်းကို ၁၀၂၇ စစ်ဆင်ရေးအနေနဲ့ ဒီဇင်ဘာ ၁၉ က စတင်တိုက်ခိုက်ခဲ့ပြီး လေးရက်အကြာမှာတော့ ခလရ-၁၃၀ ဗျုဟာကုန်းအပါအဝင် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပ.သ.စ တပ်စခန်း၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှု အကြိမ် ၂၆၀ ကျော်ပြုလုပ်ခဲ့ပြီး အဲဒီအထဲမှာ ဂျက်ဖိုက်တာ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်၊ Y-12 လို အပေါ့စားလေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ အကြိမ် ၁,၀၀၀ ကျော်ပြုလုပ်ခဲ့ကာ စံချိန်တင်လေကြောင်းတိုက်ခိုက်မှုလို့ TNLA ကထုတ်ပြန်ပါတယ်။ လေကြောင်းပစ်ကူတွေအပြင် ဟောင်ဝစ်ဇာလက်နစ်ကြီးတွေနဲ့လည်း […]
ချောင်းဦး-၂၀၂၃ ဒီဇင်ဘာ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အနီးက ညောင်ပင်တဲရွာကို စစ်ကောင်စီတပ်တွေ မနေ့ကစီးနင်းပြီး ဒေသခံတစ်ဦးကို သတ်ကာ ရွာကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေတစ်ရာကျော် ပျက်စီးသွားတယ်လို့ ချောင်းဦးဒေသခံတွေက ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ အခုလအစောပိုင်းကတည်းက ချောင်းဦးမြို့နယ်ထဲက ကင်းမွန်တော်ရွာကို ရိက္ခာပို့ဖို့ ထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး သူတို့နဲ့အတူ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေလည်းပါတယ်လို့ ချောင်းဦးကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။ “အသတ်ခံရတဲ့သူက ဦးဇော်ဝင်း၊ အသက်၅၀ ကျော်ပြီ။ သူကစစ်ကြောင်းအခြေအနေကြည့်ရင်း ဖမ်းခံရပြီး သတ်ခံလိုက်ရတာ။ ရွာကိုတော့ သူတို့ပြန်အထွက်မှာ ရှို့ထားခဲ့တာ။ ဘာမှမကျန်တော့ဘူး။ တစ်ရွာလုံးနီးပါးပဲ၊ ပြာကျသွားပြီ၊ အကောင်းဆိုနည်းနည်းကျန်တော့တာ” လို့ ချောင်းဦးဒေသခံတစ်ဦးက ဆိုပါတယ်။ ရွာကိုမီးရှို့ခဲ့တဲ့စစ်ကြောင်းဟာ အင်အားတစ်ရာဝန်းကျင်ရှိပြီး ရွာကနေပြန်အထွက်မှာ ရွာထဲက ရိတ်သိမ်းထားတဲ့ စပါးတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုယူဆောင်သွားပြီး ကျွဲနွားတချို့ကိုပါ သတ်ဖြတ်ထားခဲ့သေးတယ်လို့ သူကဆိုပါတယ်။ […]
ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၂၂ (မော်ကွန်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်က စစ်ကောင်စီစခန်း ခမရ(၁၃၀)ကို TNLA ပူးပေါင်းတပ်တွေ မနေ့ကမနက်ပိုင်းကစတင်ကာထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီနေ့လယ်ပိုင်းထိတိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် မန်တုံမြို့က ဒေသခံတွေလည်း နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အဲ့ဒီမြို့ကထွက်လာတဲ့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ “လေယာဉ်နဲ့ပါ လာပစ်တယ်။ အကုန် နိုင်သလောက်တော့သယ်ပြီး နီးစပ်တဲ့ရွာတွေ၊ တောတွေထဲ ဝင်ပြေးကြတယ်၊ အခုထိတော့ ပစ်နေတုန်းပဲ” လို့ အဲဒီ့ဒေသခံက ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။ TNLA အဖွဲ့ဟာမန်တုံမြို့နယ်က ရဲစခန်း၊ ဌာနဆိုင်ရာရုံးတွေနဲ့ ပြည်သူ့စစ်စခန်းတွေကို ယခုလဆန်းပိုင်းတည်းက တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီး ကျန်ရှိနေတဲ့ မြို့အရှေ့ပိုင်းက စစ်ကောင်စီခြေမြန်တပ်ရင်းကို ဝင်တိုက်နေတာဖြစ်တယ်လို့ အဲ့ဒီဒေသခံက ပြောပါတယ်။ တအောင်း၊ ပလောင် လွတ်မြောက်ရေးတပ်မတော် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."