သတင်းများ

မောင်တောခရိုင်တွင် နောက်ဆုံးမဲစာရင်းလာစစ်သူ နှစ်ရာခိုင်နှုန်းကျော်သာရှိ

October 15, 2020

ဂေထော ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၁၅ (မော်ကွန်း) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောခရိုင်မှာ နောက်ဆုံးအကြိမ် မဲစားရင်ကြေညာမှုကို လာရောက်စစ်ဆေးသူ အရေအတွက်ဟာ မဲပေးခွင့်ရှိသူ စုစုပေါင်း၏ နှစ်ရာခိုင်နှုန်းကျော်သာ ရှိတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ ဘဂ်လားဒေ့ရှ်နိုင်ငံနဲ့ နယ်နမိတ်ထိစပ်နေတဲ့ ဒီခရိုင်မှာ ဆန္ဒမဲပေးခွင့်ရှိသူ ၆၇,၀၀၀ ကျော် ရှိတဲ့အနက် နောက်ဆုံးမဲစာရင်းကပ်ထားမှုကို လာစစ်ဆေးသူ ၁,၇၀၀ ကျော်သာ ရှိတယ်လို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးလှစောအောင်က ပြောပါတယ်။ ဒီခရိုင်မှာ နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းကို ဒီလ ၁ ရက်ကနေ ၁၄ ရက်အထိ ကြေညာခဲ့တာပါ။ နယ်မြေလုံခြုံရေးအရ ဘူးသီးတောင်မြို့နယ်ထဲက ကျေးရွာအုပ်စုသုံးခုမှာ မဲစာရင်းမကပ်နိုင်ပေမယ့် ဒီကျေးရွာတွေက မဲပေးခွင့်ရှိသူ စာရင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ ကပ်ထားပေးတယ်လို့ ဦးစောလှအောင်က […]

အပြည့်အစုံဖတ်ရန်

COVID-19 ကာလအတွင်း အရေးပေါ်ဆန်နှင့်ဆီ အများဆုံးဝယ်ယူခဲ့

October 14, 2020

အောင်ပိုင် ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၁၄ (မော်ကွန်း) COVID-19 ကာလအတွင်း ဆန်နှင့်ဆီကို အများဆုံးဝယ်ယူခဲ့သည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်သည့် ‘၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် COVID-19 Economic Relief Plan (CERP) အတွက် ကျပ်သန်း ၁၀၀ အထက် ဝယ်ယူရေးဆိုင်ရာ အချက်အလက်များ’ တွင်ဖော်ပြသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ကျပ်သန်းပေါင်း ၃၂,၀၀၀ ကျော်သုံးစွဲ၍ အရေးပေါ်ဆန် ကျပ်သန်း ၁၈,၉၀၀ ကျော်ဖိုးနှင့် အရေးပေါ်ဆီ ကျပ်သန်း ၁၃,၅၀၀ ကျော်ဖိုးကို ဝယ်ယူခဲ့သည်ဟု ထိုစာရင်းတွင်ဖော်ပြသည်။ အရေးပေါ်ဆန်ဝယ်ယူရာတွင် ပြည်ပတင်ပို့မှု လိုင်စင်များအပေါ်တွင် ၁၀ ရာခိုင်နှုန်းပေးသွင်း၍ […]

အပြည့်အစုံဖတ်ရန်

ရသေ့တောင်တွင် နောက်ဆုံးအကြိမ်ကပ်ထားသောမဲစာရင်း ကြည့်ရှုသူ အလွန်နည်းပါး

October 14, 2020

ဂေထော ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၁၄ (မော်ကွန်း) ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်တွင် နောက်ဆုံးအကြိမ်မဲစာရင်းထုတ်ပြန်ရာ လာရောက်ကြည့်ရှုသူအလွန်နည်းပါးကြောင်း ယင်းမြို့နယ်ရှိရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ဥက္ကဋ္ဌ ဦးခင်မောင်က မော်ကွန်းသို့ပြောသည်။ လတ်လော၌ တပ်မတော်နှင့် AA တို့၏ စစ်ရေးပဋိပက္ခများကြောင့် နယ်မြေမငြိမ်းချမ်းသည့်အတွက် မဲစာရင်းကြည့်ရှုသူအလွန်နည်းပါးကာ လာကြည့်သူအရေအတွက်ကိုလည်း စာရင်းမပြုစုရသေးသည့်အတွက် အတိအကျပြောပြ၍မရသေးကြောင်း သူကရှင်းပြသည်။ “နယ်မြေကသိပ်မအေးချမ်းဘူးဆိုတော့ ကြည့်မဲ့သူသိပ်မရှိဘူး”ဟု သူကဆိုသည်။ မြို့နယ်အတွင်းရှိ မဲစာရင်းမကပ်နိုင်သည့် ကျေးရွာအုပ်စုများ၏ ‌နောက်ဆုံးအကြိမ်မဲစာရင်းများကို စစ်ရှောင်စခန်းများတွင် ကပ်ထားကြောင်း ဦးခင်မောင်က ဆိုသည်။ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်ရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ (ယနေ့) ထုတ်ပြန်ကြေညာခဲ့သည်။ ရသေ့တောင်မြို့နယ်တွင် နောက်ဆုံးအကြိမ်ထုတ်ပြန်သည့်မဲစာရင်း၌ မဲပေးခွင့်ရှိသူ ၈,၈၀၀ ကျော်ရှိပြီး မဲရုံပေါင်း ၁၆၉ […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်တိုင်းတွင် အောက်တိုဘာ ၁၆ ရက်နောက်ပိုင်း Quarantine ၀င်ရသူများကြိုတင်မဲပေး နိုင်ရေးစီစဉ်မည်

October 14, 2020

သဇင်လတ် ရန်ကုန် ၂၀၂၀၊ အောက်တိုဘာ ၁၄ (မော်ကွန်း) ရန်ကုန်တိုင်းတွင် အောက်တိုဘာ ၁၆ ရက်နောက်ပိုင်းမှ Quarantine စင်တာသို့ ရောက်လာမည့်သူများကိုသာ ကြိုတင်မဲလျှောက်ထားနိုင်ရေး စာရင်းကောက် ယူမည်ဟုရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အတွင်းရေးမှူး ဦးတင်မောင်အေးကမော်ကွန်းသို့ ပြောသည်။ “အခုချိန်မှာစာရင်းကောက်လိုက်ရင် ကျွန်တော်တို့ကမဲလက်မှတ်ရောက်လာတဲ့ အချိန်ကျလို့ရှိရင် အဲ့ဒီပုဂ္ဂိုလ် တွေက Quarantine မှာရှိချင်မှရှိတော့မယ်”ဟု ဦးတင်မောင်အေးကဆိုသည်။ အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အတွင်း Quarantine စင်တာတွင် ရှိသူများကို ကြိုတင်မဲလျှောက်ထားနိုင်ရေးစီစဉ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားသော်လည်း ၁၆ ရက်နေ့ နောက်ပိုင်းတွင် ယခုစာရင်းကောက်ယူထားသူများ Quarantine စင်တာတွင် မရှိတော့လျှင် မဲလက်မှတ်များ ဆုံးရှုံးမည်ဖြစ်သောကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ပြန်လည်တင်ပြထားကာ ယခုကဲ့သို့ စီစဉ်နေရခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနသည် စက်တင်ဘာ ၁၁ […]

အပြည့်အစုံဖတ်ရန်

အထူးရဲ ၁၅၅ ဦးတွင် COVID -19 ရောဂါပိုးတွေ့ရှိ၊ ၎င်းတို့ကို မဲရုံလုံခြုံရေး တာဝန်ပေးတော့မည်မဟုတ်

October 14, 2020

သဇင်လတ် ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၁၄ (မော်ကွန်း) လာမည့်ရွေး‌ကောက်ပွဲအတွက် မဲရုံလုံခြုံရေးသင်တန်းပေးနေသော အထူးရဲ ၁၅၅ ဦး တွင် COVID -19 ရောဂါပိုး တွေ့ရှိထားပြီး ၎င်းတို့ကို မဲရုံလုံခြုံရေး တာဝန်ပေးတော့မည် မဟုတ်ဟုမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟ ကမော်ကွန်း သို့ပြောသည်။ “ယခုအချိန်အထိ ရောဂါပိုးတွေ့သောအထူးရဲတပ်ဖွဲ့ဝင်နေရာများအား ရောဂါပိုးကင်းရှင်းသော အထူးရဲတပ်ဖွဲ့ ဝင်များဖြင့်အစားထိုးတာဝန်ထမ်းဆောင်စေမှာဖြစ်ပါတယ်”ဟု ရဲမှူးကြီးက ဆိုသည်။ အထူးရဲများကို ကနဦး ရွေးချယ်ခန့်ထားစဉ်က လိုအပ်သည့်အထူးရဲအရေအတွက်ထက်ပိုမိုရွေးချယ်ထားကာ အရံအဖြစ်ထားရှိထားသဖြင့်ရောဂါပိုးကူးစက်ခံထားရသူများ နေရာတွင် ထိုသူများတာဝန်ထမ်းဆောင်ခိုင်းမည် ဖြစ်ကြောင်း၎င်းကရှင်းပြသည်။ အရံထားရှိသည့် အထူးရဲမည်မျှရှိသည်ကိုမေးမြန်းရာတွင်မူ ရဲမှူးကြီးမှ ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ချေ။ မဲရုံလုံခြုံရေးသင်တန်းများကို အောက်တိုဘာ ၁ ရက်မှ ၂၈ ရက်အထိပေးနေခြင်းဖြစ်ပြီး မဲရုံတစ်ရုံတွင် အထူးရဲတစ်ဦးနှုန်းဖြင့်တာဝန်ပေးအပ်မည်ဖြစ်ကာ မြန်မာတစ်နိုင်လုံးအတိုင်းအတာဖြင့် အထူးရဲ လေးသောင်းကျော် […]

အပြည့်အစုံဖတ်ရန်

ပိတ်နေသည့် ပလက်ဝ ရိက္ခာလမ်းကြောင်းပြန်ပွင့်

October 13, 2020

ရေဂင် ရန်ကုန် -၂၀၂၀ စက်တင်ဘာ ၁၃ (မော်ကွန်း) ရိက္ခာပြတ်လပ်နေသည့် ပလက်ဝမြို့ကိုပို့ရန် ဆမီးမြို့တွင် လမ်းကြောင်းအခက်အခဲကြောင့် ပိတ်မိနေသည့် ဆန်နှင့်စားသောက်ကုန်များကို အောက်ဘိုဘာ ၁၂ ရက် ညပိုင်းကတည်းက ပို့ဆောင်နေပြီဖြစ်ကြောင်း ချင်းပြည်နယ်၊ အမှတ်(၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းက ပြောသည်။ ထိုရိက္ခာများကို ချင်းပြည်နယ်တောင်ပိုင်း ဆမီးမြို့မှ ပလက်ဝမြို့သို့ ကုန်ကားများဖြင့် တပ်မတော်မှလုံခြုံရေးယူကာ ပို့ဆောင်နေခြင်းဖြစ်ကြောင်း သူကပြောသည်။ တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲများ ဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်တွင် ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေသည့်အတွက် စားနပ်ရိက္ခာဈေးမြင့်တက်မှုနှင့် ဒေသခံများ ကြုံနေရကြောင်း စစ်ဘေးရှောင်များအရေး ကူညီပေးနေသူများက ဆိုသည်။ မြို့ပေါ်တွင် ဆန်ကြမ်းတစ်အိတ်ဈေးနှုန်းသည် ၇၅, ၀၀၀ အထိ ပေါက်စျေးရှိနေသည်ဟု ပလက်ဝ စစ်ဘေးရှောင်စခန်းအတွက် အလှူငွေရှာဖွေပေးနေသည့် Josep Oxygen ပရဟိတအဖွဲ့မှ […]

အပြည့်အစုံဖတ်ရန်

CMP စက်ရုံများ ကျန်းမာရေးလမ်းညွန်ချက်နှင့် ညီ မညီ မည်သူမှလာရောက်စစ်ဆေးခြင်းမရှိသေး

October 13, 2020

ဂေထော ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၁၃ (မော်ကွန်း) ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့သည့် ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစား CMP စက်ရုံ၊အလုပ်ရုံများတွင် ကျန်းမာရေးလမ်းညွန်ချက်နှင့်အညီ လိုက်နာခြင်းရှိ၊ မရှိကို မည်သည့်အဖွဲ့အစည်းကမှ လာရောက်စစ်ဆေးခြင်းမရှိသေးကြောင်းလှိုင်သာယာမြို့နယ်၊ရွေလင်ဗန်းစက်မှုဇုန်၊ဥက္ကဋ္ဌ ဦးအေးသောင်းက မော်ကွန်းသို့ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စနစ်တကျကြီးကြပ်စိစစ်ပြီး COVID-19 ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့်ပတ်သက်၍ အဆင့် A ရရှိရန် ပြင်ဆင်ထားသည့် CMP စက်ရုံ၊အလုပ်ရုံများကို အောက်တိုဘာ ၁၂ ရက်မှစ၍ ပြန်လည်လုပ်ကိုင်ဖွင့်ခွင့်ပြုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ “လတ်တလောအနေနဲ့လာရောက်စစ်ဆေးတာမတွေ့ရသေးဘူး။ ဘယ်သူမှလည်း လာမစစ်ဆေးဘူး။ သူတို့ညွှန်ကြားတာက အကြောင်းတစ်စုံတစ်ရာအရ စစ်ဆေးဖို့လိုအပ်လို့ရှိရင် လာရောက်စစ်ဆေးမယ်”ဟု ဦးအေးသောင်းက ပြောသည်။ ယခုလက်ရှိ ဖွင့်လှစ်ထားသည့် စက်ရုံများသည် ယခင် COVID-19 […]

အပြည့်အစုံဖတ်ရန်

ရွေးကောက်ပွဲအတွက် သင်တန်းပေးနေသည့် အထူးရဲတပ်ဖွဲ့တွင် COVID – 19 ပိုးတွေ့ရှိသဖြင့် ဆေးရုံပို့ရန်လာခေါ်သည့် လူမှုအဖွဲ့အစည်းများရန်ပြုခံရ

October 12, 2020

အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၁၂(မော်ကွန်း) ရွေးကောက်ပွဲအတွက် လေ့ကျင့်ပေးနေသည့် ရဲတပ်ဖွဲ့၀င် ၁၁ ဦးတွင် COVID – 19 ပိုးတွေ့ရှိသဖြင့် ဆေးရုံပို့ရန်လူမှုအဖွဲ့အစည်းများက ယမန်နေ့ညပိုင်းက လာရောက်ခေါ်ဆောင်ရာ ပြန်လည်ရန်ပြုခံရသည်ဟု ဗိုလ်တထောင်မြို့နယ် COVID – 19 ရောဂါကာကွယ်ထိန်းချုပ် ရေးကော်မတီနာယက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးက ပြောသည်။ “ရွေးကောက်ပွဲအတွက် အထူးရဲဆိုပြီး ခေါ်ယူသင်တန်းပေးနေသူတွေပါ၊ အဲဒီမှာ Positive တွေ့သွားတော့ လာခေါ်တဲ့ ပရဟိတအဖွဲ့အစည်းတွေကို ပြဿနာရှာတာပါ” ဟု ၎င်းကပြောသည်။ အဆိုပါ အထူးရဲတပ်ဖွဲ့ဝင်များသည် ရွေးကောက်ပွဲတွင် ဗိုလ်တစ်ထောင်မြို့နယ်၌ တာဝန်ထမ်းဆောင်ရန် အမှတ်(၃) အထက်တန်းကျောင်းတွင် ရဲတပ်ဖွဲ့ဝင် ုံးဦးနှင့် အထူးရဲတပ်ဖွဲ့ဝင် ၃၅ ဦးကို သင်တန်းပေးနေခြင်းဖြစ်ပြီး ထိုသူများကို နာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် […]

အပြည့်အစုံဖတ်ရန်

Quarantine စင်တာအဖြစ်အသုံးပြုနေသော ကျောင်းနေရာများကိုမဲရုံအဖြစ်မှပယ်ကာ ယာယီမဲရုံများ အစားထိုးဆောက်လုပ်သွားမည်

October 11, 2020

သဇင်လတ် ရန်ကုန်-၂၀၂၀ အောက်တိုဘာ ၁၁ (မော်ကွန်း) COVID -19 ရောဂါ အတည်ပြုလူနာများနှင့် သံသယလူနာများထားရှိသော စာသင်ကျောင်းများနှင့် တက္ကသိုလ်အဆောက်အဦများကို မဲရုံအဖြစ်လျာထားချက်မှပယ်ကာ ယာယီမဲရုံများဆောက်လုပ်ကာ မဲပေးနိုင်ရန် စီစဉ်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အတွင်းရေးမှူး ဦးတင်မောင်အေးက မော်ကွန်း သို့ပြောသည်။ “Quarantine စင်တာလုပ်ထားတဲ့အဆောက်အဦတွေဆိုရင်ကျွန်တော်တို့က အဲ့ဒီမှာမဲရုံလျာ ထားခဲ့တဲ့ နေရာတွေရှိတယ်ဆိုရင် ကျွန်တော်တို့ဒါ သက်ဆိုင်ရာအစိုးရနဲ့ညှိနှိုင်းပြီးတော့ သီးခြားမဲရုံတွေဆောက် လုပ်မှာပါ”ဟုဦးတင်မောင်အေးကဆိုသည်။ လက်ရှိတွင်မဲရုံအဖြစ် စာသင်ကျောင်းများနှင့်တက္ကသိုလ်များကို အဓိကလျာထားခြင်းဖြစ်ပြီး Quarantine စင်တာအဖြစ်အသုံးပြုနေသော အဆောက်အဦများပါ၀င်နေမှုကို စိစစ်နေဆဲဖြစ်သည်ဟု ဦးတင်မောင်အေးက ပြောသည်။ ရန်ကုန်တိုင်းတွင်မဲရုံအဖြစ် အဆောက်အဦခြောက်ထောင်နီးပါးလျာထားပြီး ထိုအထဲတွင်COVID -19 ရောဂါဖြစ်ပွားမှုကို ကာကွယ်ရေးအတွက် လူစုလူ‌ဝေးမဖြစ်စေရန်ရည်ရွယ်ကာတိုးချဲ့ထားသည့်မဲရုံပေါင်း လေးရာကျော်ပါ၀င်သည်ဟု ၎င်းကဆိုသည်။ အခြေခံပညာဦးစီးဌာန၏ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်၀င်းက မြန်မာတစ်နိုင်ငံလုံးတွင် အခြေခံပညာကျောင်းစုစုပေါင်း ငါးသောင်းကျော် ရှိကာ COVID […]

အပြည့်အစုံဖတ်ရန်

ရခိုင်တွင် အသက် ၆၀ ကျော်မဲပေးခွင့်ရှိသူများ ကြိုတင်မဲပေးနိုင်ရန် စာရင်းကောက်နေ

October 11, 2020

ဂေထော ရန်ကုန် – အောက်တိုဘာ ၁၁ (မော်ကွန်း) လာမည့် အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ ကျော်မဲပေးခွင့်ရှိသူများ ကြိုတင်မဲပေးနိုင်ရန် ရခိုင်ပြည်နယ်တွင် စာရင်းကောက်နေကြောင်း ယင်းပြည်နယ်ရှိ‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က မော်ကွန်းသို့ပြောသည်။ “အခုက စာရင်းကောက်ထားတုန်းရှိသေးတယ်။စာရင်းမရသေးဘူး။အမှန်ကဘာမှလုပ်စရာမလိုဘူးလေ။သူတို့ (အသက် ၆၀ကျော်တွေ) ကြိုတင်မဲပေးချင်ပေးပေါ့။ဒါပဲရှိတာ”ဟု သူကဆိုသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ရောဂါဖြစ်ပွားမှုနောက်ဆုံးအခြေအနေနှင့် စစ်လျဉ်း၍ အွန်းလိုင်းကနေတစ်ဆင့် ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းထဲတွင် Stay at Home သတ်မှတ်ထားသည့် မြို့နယ်များရှိ အသက် ၆၀ ကျော်များ ကြိုတင်မဲပေးနိုင်မည်ဟု သူကဆိုသည်။ “အသက် ၆၀ ကျော်လာတာနဲ့အမျှ COVID ‌ရောဂါရလို့ရှိရင် နည်းနည်းပိုပြီးတော့ စိုးရိမ်ရတဲ့ အခြေအနေမှာရှိပါတယ်။စိုးရိမ်ရတဲ့အသက်အရွယ်တွေ လုံခြုံအောင်လို့ ဆိုပြီးတော့ ကြိုတင်မဲပေးနိုင်ဖို့ […]

အပြည့်အစုံဖတ်ရန်

ကျင့်ဝတ်မညီတဲ့ မှုခင်းသတင်းထောက်အဖွဲ့လေးခုကို ရွေးကောက်ပွဲသတင်းရယူခွင့်ကတ်ပြား ထုတ်ပေးတော့မည်မဟုတ်၊ ထုတ်ပြီးကတ်များလည်း ပြန်သိမ်းမည်

October 8, 2020

စည်သူ ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၈ (မော်ကွန်း) ကျင့်ဝတ်နဲ့မညီတဲ့ မှုခင်းသတင်းထောက်အဖွဲ့လေးခုက သတင်းထောက်တွေကို ရွေးကောက်ပွဲနေ့မှာ သတင်းရယူခွင့် သက်သေခံကတ်ပြားတွေ မထုတ်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားတယ်လို့ မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးရှိန်ဝင်းက မော်ကွန်းကို ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်ထဲမှာ နေပြည်တော်တိုင်းမ်မှုခင်းသတင်းဂျာနယ်၊ မှုခင်းရှုထောင့်သတင်းဂျာနယ်၊ အမိမြေသတင်းစုဆောင်းရေးအဖွဲ့ နဲ့ အမှန်တရားဘက်တော်သားသတင်းစုံဂျာနယ်တို့ ပါရှိပါတယ်။ အမှန်တကယ် သတင်းမီဒီယာ လုပ်ကိုင်သူများကိုသာ ရွေးကောက်ပွဲ သတင်းရယူခွင့် ကတ်ပြားထုတ်ပေးဖို့ UECကို သတင်းမီဒီယာကောင်စီက တိုက်တွန်းပေးဖို့ အကြုံပြုစာကို မြန်မာဂျာနယ်လစ်ကွန်ရက် အပါအဝင် ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းခုနစ်ဖွဲ့က အောက်တိုဘာ ၆ ရက်နေ့ ပေးပို့ထားပါတယ်။ “ရွေးကောက်ပွဲ သတင်းယူတာ အထူးအခွင့်ရေးတော့ မဟုတ်ဘူး။ ဒီကတ်ပြားကို အသုံးချပြီးတော့ တကယ်သတင်းထောက်အလုပ် မလုပ်ဘဲနဲ့ အမည်ခံပြီးတော့ ကျင့်ဝတ်နဲ့မညီတာ […]

အပြည့်အစုံဖတ်ရန်

ကုန်ကားများ ပုံမှန်မပြေးဆွဲနိုင်ပါက ကုန်ဈေးနှုန်းကိုထိန်းနိုင်မည်မဟုတ်ဟု ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌပြော

October 8, 2020

ရေဂင် ရန်ကုန် – အောက်တိုဘာ ၈ (မော်ကွန်း) ကုန်တင်ကားသမားများအား Covid – 19 စစ်ဆေးရာတွင် ကြန့်ကြာမှုများကြောင့် ကုန်စည် စီးဆင်းမှုများ ရပ်တန့်သကဲ့သို့ဖြစ်နေပြီး ကုန်စည်စီးဆင်းမှုများ မူလအခြေအထိ ပြန်လည် ကောင်းမွန်လာခြင်းမရှိပါက ကုန်ဈေးနှုန်းတက်လာမှုကို တားဆီးနိုင်လိမ့်မည်မဟုတ်ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောသည်။ လက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် အာလူး၊ ပဲ၊ ကြက်သွန်၊ ကြက်သွန်ဖြူ၊ စားအုန်းဆီ စသည့် စားသောက်ကုန်များမှာ ကုန်အဝင်မရှိခြင်းကြောင့် တက်ရိပ်ပြနေသည်ဟု ဦးခင်ဟန်ကပြောသည်။ “ကားသမားတွေကို အခုချိန်မှာ မြို့နယ်တိုင်းလိုလိုက အဝင်မခံဘဲ COVID ရှိ၊ မရှိ စစ်ဆေးနေတာဆိုတော့ ကားတွေက မထွက်တဲ့ကားတွေများတယ်။ ထွက်တဲ့ကားကြတော့လမ်း လမ်းမှာ သောင်တင်နေတာပေါ့။ ဒီပြဿနာကို အမြန်ဆုံး အဖြေရှင်းနိုင်ရင် ကုန်ဈေးနှုန်းကတော့ […]

အပြည့်အစုံဖတ်ရန်
1 … 248 249 250 251 252 253 254 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."