အောင်ပိုင် ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၈ (မော်ကွန်း) ယခုနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနကို အသုံးစရိတ် ကျပ်ဘီလီယံ ၃,၄၀၀ ကျော် ခွင့်ပြု ထားသည်ဟု ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ အချက်အလက်များတွင် ဖော်ပြသည်။ ယင်းပမာဏသည် COVID-19 ကပ်ရောဂါဘေးတိုက်ဖျက်နေသည့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနထက် ကာကွယ်ရေးဝန်ကြီးဌာနက ကျပ်ဘီလီယံ ၂,၀၀၀ ပိုမိုရရှိခဲ့ခြင်းလည်း ဖြစ်သည်။ ယခုလ ၁ ရက်တွင် စတင်သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ်သည် ကျပ်ဘီလီယံ ၃,၄၀၀ ကျော် (၃,၄၁၄,၁၅၆.၁၉၇ သန်း ) ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကျပ်ဘီလီယံ ၁,၄၀၀ ကျော် (ကျပ် ၁,၄၂၈, ၅၁၇.၁၂၇ သန်း)ရရှိသည်ဟု ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင် ဖော်ပြသည်။ ရန်ကုန်တိုင်းဒေသကြီး၊ […]
အောင်ပိုင် ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၇ (မော်ကွန်း) COVID – 19 ကန့်သတ်ချက်များကိုမလိုက်နာဘဲ မဲဆွယ်အင်အားပြသူများကို အရေးယူရန် COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်လိုသည်ဟု ဧရာဝတီတိုင်း COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီက ပြောသည်။ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် COVID – 19 နှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမိန့်များ ဒေသန္တရအမိန့်များကို လိုက်နာရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားသော်လည်း မလိုက်နာပါက မည်ကဲ့သို့ အရေးယူမည်နည်းဟု မော်ကွန်းက မေးမြန်းသည်ကို ဖြေဆိုခြင်းဖြစ်သည်။ ဧရာဝတီတိုင်း COVID – 19 ကာကွယ်၊ […]
ဂေထော ရန်ကုန် – အောက်တိုဘာ ၇ (မော်ကွန်း) ညီညွတ်သောတိုင်းရင်းသားများလူမျိုးများ ဒီမိုကရေစီပါတီ (UNDP)၏ ကော့မှူးမြို့နယ်တွင် ဝင်ရောက်ယှဥ် ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ်များ စိုက်ထူခွင့်မရကြောင်း ပါတီ၏ ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က မော်ကွန်းသို့ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်က ကော့မှူးမြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌထံ ကိုယ်စားလှယ်လောင်းများ၏ အောင်နိုင်ရေးဆိုင်းဘုတ်များ စိုက်ထူချိတ်ဆွဲခွင့်ပြုရန် စာတင်ထားခဲ့သည်ဟု သူကဆိုသည်။ “ငါးကြိမ်တိတိ ကျွန်တော်တို့သွားပြောခဲ့ပြီးပြီ။ ဆိုင်းဘုတ်ထောင်မယ့်နေရာတွေကို ဓာတ်ပုံရိုက်ပို့ပါဆိုပြီး ဓာတ်ပုံရိုက်ပို့ပြီးပြီ။ အဲဒါကိုလည်း ဒီနေ့အထိဆိုင်းဘုတ်တင်ခွင့်မပေးဘူး။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့ COVID ပြီးမှဆိုင်းဘုတ်ကို တင်ပါဆိုပြီး ကျွန်တော်တို့ကိုပြောတယ်”ဟု ဦးဒေးဗစ်လှမြင့်က ပြောသည်။ ပါတီ၏အောင်နိုင်ရေးဆိုင်းဘုတ်များကိုတင်သည့်အခါ ဆိုင်းဘုတ်ထောင်ပေးမည့်အလုပ်သမားနှစ်ဦးနှင့် ပါတီဝင်တစ်ဦးကသာ ပြုလုပ်ခြင်းဖြစ်သည်ဟု ၎င်းအနေနှင့် စည်ပင်မြို့နယ်ဦးစီးမှူးကို ရှင်းပြခဲ့သော်လည်း COVIDပြီးမှသာ ခွင့်ပေးမည်ဟုအကြောင်းပြန်ခဲ့သည်။ ကော့မှူးမြို့နယ်၊စည်ပင်သာယာရေးကော်မတီ၊ […]
ကျော်ဇေယျ ရန်ကုန်-၂၀၂၀ အောက်တိုဘာလ ၆ (မော်ကွန်း) နိုင်ငံရေးပါတီတွေရဲ့ ဘဏ္ဍာရန်ပုံငွေဆိုင်ရာ ပွင့်လင်းမြင်သာမှု အညွှန်းကိန်း (Political Financing Index) ကို ရွေးကောက်ပွဲမတိုင်မီ ထုတ်ပြန်သွားမယ်လို့ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ (MATA) က ထုတ်ပြန်ပါတယ်။ ဒီအညွှန်းကိန်းကို ကောက်ယူရတာဟာ နိုင်ငံရေး ပါတီတွေနဲ့ မဲဆန္ဒရှင်ပြည်သူတွကြားမှာ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ဖို့အတွက်ဖြစ်တယ်လို့ MATA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။ ဒီလိုပွင့်လင်းမြင်သာမှုကို ဖော်ဆောင်ခြင်းအားဖြင့် ပါတီတွေအတွက် အောင်မြင်မှုလမ်းကြောင်းကိုဖော်ဆောင်နိုင်မယ့် လမ်းစလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။ နိုင်ငံရေးပါတီတွေရဲ့ ရန်ပုံငွေစုဆောင်းမှု၊ ပါတီပိုင် ဘဏ္ဍာရေးအရင်းအမြစ်တွေနဲ့ တခြား ပိုင်ဆိုင်မှုတွေကို အများပြည်သူက မှန်ကန်စွာ သိရှိခွင့်နဲ့ ဆန်းစစ်ဝေဖန်ခွင့် အတွက် ဒီအညွှန်းကိန်းကို ကောက်ယူမှာဖြစ်တယ်လို့ MATA က […]
ဂေထော ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၆ (မော်ကွန်း) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁ ရက်ကစပြီး တစ်နိုင်ငံလုံးရှိ မဲပေးခွင့်ရှိသူစာရင်း နောက်ဆုံးအကြိမ်ထုတ်ပြန်ရာ ရန်ကုန်တိုင်းဒေသကြီး၌ မဲပေးခွင့်ရှိသူ နှစ်သိန်းတိုးလာကြောင်း တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးတင်မောင်အေးက မော်ကွန်းသို့ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာအတွင်း ထုတ်ပြန်ကြေညာထားသည့် မဲစာရင်းတွင် ၅၆ သိန်းရှိရာမှ ယခုနောက်ဆုံးအကြိမ်ကြေညာသည့် မဲစာရင်းတွင် မဲပေးခွင့်ရှိသူ ၅၈ သိန်းရှိလာသည်။ မဲပေးခွင့်ရှိသူဦးရေတိုးလာတာနှင့်ပတ်သက်ပြီး ရန်ကုန်မြောက်ပိုင်းခရိုင်၊ကော်မရှင်အဖွဲ့ခွဲမှအတွင်းရေးမှူး ဦးမောင်မောင်တင်က “မိမိအမည်မဲစာရင်းမှာမပါလို့ ပုံစံ ၃ နဲ့လျှောက်တာရှိတယ်။ နောက်မဲစာရင်းလာမကြည့်တဲ့သူအချို့ကို ပံ့ပိုးကူညီရေးအဖွဲ့မှ အိမ်တိုင်ရာရောက်ကွင်းဆင်းပြီး လိုက်ကောက်တာရှိတယ်။အမှားလည်းရှိတယ်။ အမှားဆိုတာအရေးချွတ်မှားတာတွေ။အဲဒါတွေက ပုံစံ ၄ – ဂ နဲ့ ပြန်ပြင်ရတာ”ဟု သူက ပြောသည်။ မဲစာရင်းနောက်ဆုံးအကြိမ်စတင်ကြေညာသည့် အောက်တိုဘာ ၁ […]
စည်သူ ရန်ကုန် -၂၀၂၀ အောက်တိုဘာ ၅ (မော်ကွန်း) ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ မဟာသိမ်တော်ကြီးစာသင်တိုက်တွင် COVID -19 ရောဂါပိုးကူးစက်ခံရသူ သံဃာတော်၇၆ ပါးနှင့် ကပ္ပိယ ၁၄ ဦးရှိပြီး စာသင်တိုက်အား Lockdown ချထားကြောင်း မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်က ပြောသည်။ ” သံဃာ ၇၆ ပါးကိုကျတော့ ဗဟန်းမှာရှိတဲ့ အဘိဓမ္မာ ဓမ္မဗိမာန်၊ အဲဒီမှာ သံဃာတွေ COVID ကူးတဲ့အခါ ကုတင် ၃၀၀ ကုသရေးစင်တာဖွင့်ထားတာရှိတယ်။ ရန်ကုန်ဆေးရုံကြီးက ဆရာဝန်ကြီးတွေကိုယ်တိုင် ကြပ်မတ်ဆောင်ရွက်ပေးနေတယ်။ အဲဒီကို နံနက်က ၇ နာရီခွဲ ၈ နာရီလောက်က ပို့ဆောင်လိုက်ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်က ပြောသည်။ ရောဂါပိုးကူးစက်ခံရသည့် ကပ္ပိယ ၁၄ ဦးအား […]
သဇင်လတ် ရန်ကုန် – ၂၀၂၀၊အောက်တိုဘာ၅(မော်ကွန်း) သင်္ဃန်းကျွန်းမြို့နယ်ရှိ စွန်းလွန်းဂူဝိပဿနာကျောင်းတိုက်တွင် သံဃာတော် ၅၆ ပါးနှင့် သီလရှင်တစ်ပါးတွင် COVID -19 ရောဂါပိုး ကူးစက်ခံထားရကြောင်း မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁) ဦးနေဘုန်းလတ်က ပြောသည်။ ယင်းတို့အနက် သံဃာတော်၃၆ ပါးနှင့် သီလရှင်တစ်ပါးသည် ယနေ့အသစ်တွေ့ရှိသည့် လူနာများဖြစ်သည်။ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၂ ရပ်ကွက်ရှိ စွန်းလွန်းဂူကျောင်းတိုက်တွင် ယခုလ ၁ ရက်က ပိုးကူးစက်ခံရသည့် ကိုရင်တစ်ပါးနှင့် ထိတွေ့မှုရှိသူ သံဃာ ၁၉ ပါးကို စစ်ဆေးရာတွင် COVID -19 ရောဂါပိုးတွေ့ရပြီးနောက် ကျောင်းတိုက်ရှိ သံဃာတော်၊ သီလရှင်၊ ယောဂီ၀တ်နှင့်ကပ္ပိယ စုစုပေါင်း နှစ်ရာကျော်ကို ပိုးရှိ၊ မရှိစစ်ဆေးရာတွင် သံဃာတော် ၃၆ ပါးနှင့် သီလရှင်တစ်ပါးကို ရောဂါပိုး ကူးစက်နေကြောင်း ယနေ့တွင် […]
စည်သူ၊ရေဂင် ရန်ကုန် -၂၀၂၀ အောက်တိုဘာ ၅ (မော်ကွန်း) လူတစ်ရာနီးပါးအထိ COVID-19 ရောဂါပိုး အစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်ခဲ့တဲ့ Music Zone KTV ပိုင်ရှင် ဦးဇော်မင်းနဲ့ မန်နေဂျာတို့ကို စုံစမ်းစစ်ဆေးနေတာကြောင့် ရဲတပ်ဖွဲ့က တရားရုံးမှာ ချုပ်ရက်ရမန်ယူခဲ့ပြီး အောက်တိုဘာ ၁၆ ရက်ကို ပြန်လည်ချိန်းဆိုထားတယ်လို့ သင်္ဃန်းကျွန်းမြိုနယ်တရားသူကြီး ဦးသန်းလွင်က ဒီနေ့ ပြောပါတယ်။ ဦးဇော်မင်းနဲ့ မန်နေဂျာတို့ကို မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူက တရားလိုပြုလုပ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅)နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒီလိုတရားစွဲဆိုနိုင်ဖို့ သင်္ဃန်းကျွန် မြို့နယ်COVIDကော်မတီက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်က အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြိုနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက ပြောပါတယ်။ သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅)အရ ပြစ်မှုထင်ရှားရင် သုံးနှစ်ထက် […]
စည်သူ ရန်ကုန် -၂၀၂၀ အောက်တိုဘာ ၂ ( မော်ကွန်း) ပြည်ပနိုင်ငံအသီးသီးနဲ့ ပင်လင်ပြင်မှာ စာချုပ်သက်တမ်းကုန်ဆုံးပြီး ပိတ်မိနေကြတဲ့ မြန်မာသင်္ဘောသား ၅,၀၀၀ ကျော်ရှိတဲ့ထဲက ၃၄၀ ကျော်ဟာ အစိုးရရဲ့ စင်းလုံးငှား ကယ်ဆယ်ရေးလေယာဉ်နဲ့ အောက်တိုဘာလအတွင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်တယ်လို့ Sea Rangers အလုပ်အမှုဆောင်အဖွဲ့ဝင် ကပ္ပတိန် ဦးစိန်တန်အောင်က မော်ကွန်းကို ပြောပါတယ်။ စင်ကာပူမှာ ပိတ်မိနေတဲ့ သင်္ဘောသား ၉၀ကျော်ကို အောက်တိုဘာ ၈ရက်နဲ့ ကိုရီးယားမှာပိတ်မိနေကြတဲ့ သင်္ဘောသား ၂၅၀ကျော်ကို အောက်တိုဘာ ၁၂ရက်နဲ့ ၂၄ ရက်တို့မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ကယ်ဆယ်ရေးလေယာဉ်နဲ့ ခေါ်ယူမှာ ဖြစ်ပါတယ်။ “ ကိုရီးယားမှာဆို ၈ လပိုင်းကတည်းက ပိတ်မိနေတဲ့လူတွေရှိတယ်။ အခုချိန်ထိလည်း စာရင်းထဲ မပါသေးဘူး။ အလကားသက်သက် […]
ရေဂင် ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂ (မော်ကွန်း) ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် ကုန်တင်ကားသမားများအား ဝင်ရောက်ခွင့်ပိတ်ပင် လိုက်သည့် အတွက် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအတွက် ကျန်းမာရေးစင်တာ သီးသန့်သတ်မှတ် ပေးရန် UMFCCI မှတစ်ဆင့် တိုင်းအစိုးရသို့ ယနေ့ တောင်းခံထားကြောင်း ဘုရင့်နောင် ကုန်စည်ကူးသန်း ရောင်းဝယ်ရေး အသင်းမှ အတွင်းရေးမှူး ဦးအောင်မိုးက ပြောသည်။ ယမန်နေ့မှစ၍ ရှမ်းပြည်နယ်တွင် ကုန်တင်ကားများကို ဝင်ခွင့်ပိတ်ပင်ခဲ့ပြီး ကားသမားများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ Covid Negative ဖြစ်ကြောင်း ထောက်ခံစာ ပါရှိမှသာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ “ပြည်နယ်နဲ့တိုင်းမှာ ကိုဗစ်စစ်တဲ့ စင်တာတွေ ရှိလာရင် စိတ်ချရတာပေါ့။ အဓိက ကတော့ စစ်ဆေးမှု မြန်ဆန်ဖို့ပါပဲ။ စစ်ဆေးမှုမြန်ရင် ကုန်စည်စီးဆင်းမှုက နဂိုအတိုင်းနီးပါး အဆင်ပြေသွားနိုင်မှာပါပဲ” […]
စည်သူ ရန်ကုန်- ၂၀၂၀ အောက်တိုဘာ ၁ (မော်ကွန်း) အင်းစိန်မြို့မရဲစခန်းက ရဲဝန်ထမ်း ၁၂ဦးမှာ COVID-19 ရောဂါပိုး တွေ့တယ်လို့ အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူးတင်လတ်က မော်ကွန်းကိုပြောပါတယ်။ မနေ့ညက ရောဂါပိုး တွေ့ရှိသူစာရင်း ကိုးရာကျော်ထဲမှာ ပါခဲ့တာပါ။ “ ပိုးတွေ့လူနာနဲ့ထိတွေ့တာခဲ့တဲ့ကြောင့် ရဲစခန်းထဲက လူပျိုဆောင်မှာနေတဲ့ တပ်ဖွဲ့ဝင် ၁၀ဦးနဲ့ အလုပ်တွဲလုပ်တဲ့ နှစ်ဦး စုစုပေါင်း ၁၂ယောက်ကို ကွာရန်တင်းစင်တာပို့ပြီး စစ်တဲ့အချိန်မှာ ပိုးတွေ့ခဲ့တာဖြစ်တယ် ”လို့ သူက ပြောပါတယ်။ လက်ရှိမှာတော့ ရဲစခန်းကိုပုံမှန်အတိုင်း ဖွင့်လှစ်ထားပြီး COVID-19 စည်းကမ်းချက်အတိုင်း လူအဝင်အထွက် ကန့်သတ်ထားတယ်လို့ ဒုရဲမှူးတင်လတ်က ပြောပါတယ်။ ရန်ကုန်တိုင်းမှာ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၉,၀၀၀ကျော်နဲ့ သေဆုံးသူ ၂၆၀ကျော်ရှိပြီး အင်းစိန်မြို့နယ်မှာ အယောက် ၇၈၀ကျော်တွေ့ရှိထားပါတယ်။ […]
ဂေထော ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၃၀ (မော်ကွန်း) စစ်ပွဲနှင့် ကူးစက်ရောဂါ နှစ်မျိုးစလုံး ကြုံနေရသည့် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်မည့်နယ်မြေများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ကြေညာရန် နှေးကွေးနေမှုက ပါတီများ၏ စည်းရုံးရေးဆိုင်ရာ လုပ်ငန်းများတွင် အခက်ကြုံနေရကြောင်း ရခိုင်နိုင်ငံရေးပါတီများက ပြောသည်။ ပြည်နယ်အတွင်းရှိ အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် ယင်း၏ ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးမည့်နယ်မြေများ သတ်မှတ်ကာ အောင်နိုင်ရေးနည်းပညာပိုင်းများအပါအဝင် စည်းရုံးရေး ကုန်ကျစရိတ်များကိုလည်း ရင်းနှီးထားပြီဖြစ်ကြောင်း ပြောသည်။ သို့သော် ကော်မရှင်က ယနေ့အထိ ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပမည့် နယ်မြေများကို မထုတ်ပြန်သည့်အတွက် မရေရာမှုများနှင့် ကြုံနေရကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။ “ အကယ်၍ ရွေးကောက်ပွဲသာမဖြစ်ဘူးဆိုရင် ဒီဟာတွေအကုန်လုံးက အရပ်စကားနဲ့ပြောရမယ်ဆိုရင် ပလုံသွားမှာပေါ့ဗျာ။ အခုလိုစီးပွားရေးက အဖက်ဖက်က […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."