ဂေထော
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၁၅ (မော်ကွန်း)
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောခရိုင်မှာ နောက်ဆုံးအကြိမ် မဲစားရင်ကြေညာမှုကို လာရောက်စစ်ဆေးသူ အရေအတွက်ဟာ မဲပေးခွင့်ရှိသူ စုစုပေါင်း၏ နှစ်ရာခိုင်နှုန်းကျော်သာ ရှိတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
ဘဂ်လားဒေ့ရှ်နိုင်ငံနဲ့ နယ်နမိတ်ထိစပ်နေတဲ့ ဒီခရိုင်မှာ ဆန္ဒမဲပေးခွင့်ရှိသူ ၆၇,၀၀၀ ကျော် ရှိတဲ့အနက် နောက်ဆုံးမဲစာရင်းကပ်ထားမှုကို လာစစ်ဆေးသူ ၁,၇၀၀ ကျော်သာ ရှိတယ်လို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးလှစောအောင်က ပြောပါတယ်။
ဒီခရိုင်မှာ နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းကို ဒီလ ၁ ရက်ကနေ ၁၄ ရက်အထိ ကြေညာခဲ့တာပါ။
နယ်မြေလုံခြုံရေးအရ ဘူးသီးတောင်မြို့နယ်ထဲက ကျေးရွာအုပ်စုသုံးခုမှာ မဲစာရင်းမကပ်နိုင်ပေမယ့် ဒီကျေးရွာတွေက မဲပေးခွင့်ရှိသူ စာရင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ ကပ်ထားပေးတယ်လို့ ဦးစောလှအောင်က ပြောပါတယ်။ မောင်တောခရိုင်ထဲမှာ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်နှစ်ခု ပါဝင်ပါတယ်။
လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် မောင်တောခရိုင်မှာ မဲရုံပေါင်း ၁၉၃ ရုံပြင်ဆင်ထား တယ်လို့ အတွင်းရေးမှူးက ပြောပါတယ်။
#Dailynews

