ရန်ကုန် – စက်တင်ဘာ ၃၀ ၂၀၂၀ (မော်ကွန်း) ရန်ကုန်တိုင်းဒေသကြီး၏ ယခုဘဏ္ဍာနှစ် အသုံးစရိတ်ခွင့်ပြုချက်သည် ယခင်နှစ်ထက် ကျပ်ဘီလီယံ ၂၀၀ ကျော် ပိုမို များပြားကြောင်း တိုင်းဒေသကြီးလွှတ်တော်၊ ဘဏ္ဍာရေးနှင့်စီးပွားရေး ကော်မတီက ပြောသည်။ အောက်တိုဘာ ၁ရက် တွင် စတင်မည့် ယခုဘဏ္ဍာနှစ်(၂၀၂၀-၂၀၂၁)အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အသုံးစရိတ်သည် ကျပ် ၉၇၀ ဘီလီယံကျော်ဖြစ်ပြီး ယခင်ဘဏ္ဍာနှစ်က ကျပ် ၇၇၀ ဘီလီယံကျော်သာ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ယခုဘဏ္ဍာနှစ်အတွက် အသုံးစရိတ်များကို “လမ်းတံတား တည်ဆောက်ရေးကဏ္ဍနဲ့ ရန်ကုန်တိုင်းထဲက မီမလင်းသေးတဲ့ ဒေသတွေမှာ မီးလင်းရေး မီးကြိုးအသစ်လဲ တပ်ဆင်တဲ့ လျှပ်စစ်ကဏ္ဍတွေမှာ အများဆုံးသုံးမှာပါ” ဟု ဘဏ္ဍာရေးနှင့်စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောသည်။ လတ်တလော COVID-19 ကူးစက်မှု မြင့်တတ်နေသည့် […]
စည်သူ ရန်ကုန် -စက်တင်ဘာ ၂၇ မော်ကွန်း ပြည်ပနိုင်ငံအသီးသီးနဲ့ ပင်လယ်ပြင်မှာ စာချုပ်သက်တမ်းကုန်ဆုံးပြီး ပိတ်မိနေကြတဲ့ မြန်မာသင်္ဘောသား ၅,၀၀၀ကျော်ကို သီးသန့် စင်လုံးဌားလေယာဉ်နဲ့ကယ်ထုတ်ပေးဖို့ အစိုးရကို တင်ပြထားတယ်လို့ Sea Rangers အလုပ်အမှုဆောင်အဖွဲ့ဝင် ကပ္ပတိန် ဦးစိန်တန်အောင်က မော်ကွန်းကို ပြောပါတယ်။ အစိုးရက နိုင်ငံခြားမှာ ပိတ်မိနေကြတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ခေါ်ယူနေတဲ့အထဲမှာ သင်္ဘောသားအချိုးအစားရတဲ့ ရာခိုင်နှုန်းက နည်းတဲ့အတွက် သီးသန့်စင်လုံးငှားလေယာဉ်နဲ့ ပြေးဆွဲပေးဖို့ တင်ပြထားတာလို့ သူက ပြောပါတယ်။ “ကျွန်တော်တို့ တနလ်ာနေ့လောက်ကို အစိုးရက တစ်ခုခု တုန့်ပြန်မယ်လို့ မျှော်လင့်တာပေါ့၊ အခု ကိုရီးယားမှာဆိုရင် တစ်ချို့ကုမ္ပဏီအသေးစားနဲ့ လုပ်တဲ့သူတွေဆို ကိုယ်စားရိတ် ကိုယ်ပေးပြီး ဟိုတယ်မှာနေနေရတဲ့လူတွေရှိတယ်၊ စားဝတ်နေရေးရော ဟိုတယ်တွေမှာပါ ခက်ခဲနေတဲ့လူတွေ တော်တော်များတယ်”လို့ ဦးစိန်တန်အောင်က ပြောပါတယ်။ […]
စည်သူ ရန်ကုန် -စက်တင်ဘာ ၂၆ (မော်ကွန်း) လူတစ်ရာနီးပါး Covid-19 ရောဂါတွေ့ရှိခဲ့တဲ့ သင်္ဃန်းကျွန် မြို့နယ်က Music Zone KTV ကို တရားစွဲဆိုနိုင်ဖို့ မြို့နယ်ထွေအုပ်က ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနကို တင်ပြထားတာ အကြောင်းမပြန်သေးဘူးလို့ သင်္ဃန်းကျွန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က မော်ကွန်းကိုပြောပါတယ်။ “ကျွန်တော်တို့ကတော့ အစည်းအဝေးဆုံးဖြတ်ချက်ကို တင်ပြထားတယ်ဗျာ၊ ဘာမတော့ ပြန်မလာသေးဘူးဗျာ အခြေအနေကတော့ အဲဒီ့အခြေအနေပဲရှိပါသေးတယ်”လို့ သူက ပြောပါတယ်။ မော်ကွန်းရဲ့ ဆက်လက်မေးမြန်မှုကို ဦးအောင်ထိုက် က မဖြေဆိုတော့ပဲ “ဒီလောက်ပဲ ဖြေလို့ရတယ်” ဆိုပြီး ဖုန်းချသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ရက်က သင်္ဃန်းကျွန်းမြို့နယ်ကိုဗစ်ကော်မတီက အစည်းအဝေးပြုလုပ်ခဲ့ပြီး တရားစွဲဆိုဖို့ ထွေအုပ်ကို တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ကတော့ အကုန်လုံး ဖိအားပေးနေတာပဲ၊ ခရိုင်ကိုလည်း ဖိအားပေးတယ်၊ မြို့နယ်ကိုလည်း […]
ဂေထော ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၂၆ (မော်ကွန်း) စစ်ပွဲနှင့် COVID-19 ရောဂါကူးစက်မှု နှစ်ခုစလုံးကြုံနေရသည့် ရခိုင်ပြည်နယ်တွင် မဲဆွယ်စည်းရုံးရေး အခက်တွေ့နေရကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီများက ပြောသည်။ ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၄၀ ကျော်သာလိုတော့သည့်အချိန်တွင် ရွေးကောက်ပွဲဆိုင်ရာ မည်သည့်လှုပ်ရှားမှုမျှ ထွေထွေထူးထူးမလုပ်နိုင်သေး ကြောင်း မြိုတိုင်းရင်းသားပါတီ၊အတွင်းရေးမှူး ဦးမင်းအောင်က ပြောသည်။ “ ရောဂါကလည်းပြင်းထန်နေတော့ သွားလာလှုပ်ရှားမှုလည်း စီစဥ်ထားတာမရှိဘူး။အချို့နေရာမှာတော့ သူများပါတီတွေ ဆိုင်းဘုတ်တွေ အကုန်ထားပြီးပြီ။ ကျွန်တော်တို့ကျတော့ အဲဒါလည်း မထောင်ရသေးဘူး”ဟု အခြေအနေကို သူက ရှင်းပြ သည်။ ဒေသတွင်းပါတီငယ်တစ်ခုဖြစ်သည့် မြိုတိုင်းရင်းသားပါတီသည် ပါတီမှတ်ပုံတင် ရုတ်သိမ်းမခံရရေးအတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တွင် ကိုယ်စားလှယ်လောင်း သုံးနေရာဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ရခိုင်မျိုးနွယ်စုများတွင် ပါဝင်သည့် မြိုတိုင်းရင်းသားများသည် ပြည်နယ်တစ်ခုလုံးတွင် လူဦီးရေ […]
စည်သူ ရန်ကုန် ၂၀၂၀ – စက်တင်ဘာ ၂၆ (မော်ကွန်း) ရန်ကုန်မှာ COVID-19 ကူးစက်မှုမြင့်တက်နေချိန်တွင် တိုင်းတရားလွှတ်တော်က အမှု ၇၈ မှုကို အွန်လိုင်းအသုံးပြုကာ ပထမဆုံးအကြိမ်အဖြစ် တရားစီရင်ခဲ့တယ်လို့ တိုင်းတရားရေးဦးစီးမှူး ဦးကျော်စွာငြိမ်းက ပြောပါတယ်။ “ဒီလိုအမှတ်ချလိုက်တာဟာ ရုံးမှာလည်း အမှု ကြန့်ကြာမှုတွေ လျော့သွားနိုင်တယ်။ တစ်ချို့လူတွေက ဒီအမှု အမိန့်တွေကို စောင့်နေကြတယ်လေ။ ဒီအမိန့်ပေါ်မူတည်ပြီး သူတို့ရဲ့ အကျိုးစီးပွားတွေ ရှိတယ်။ နိုင်သွားတဲ့လူတွေကလည်း ဒီဂရီရသွားတဲ့လူတွေလည်း လုပ်စရာရှိတာတွေဆက်လုပ်နိုင်မယ်”လို့ သူက ပြောပါတယ်။ ZOOM အက်ပလီကေးရှင်းကို အသုံးပြုတရားစီရင်ခဲ့ခြင်းဖြစ်ပြီး အခမဲ့ယူကာ စမ်းသပ်သုံးစွဲ နေတာကြောင့် အားနည်းချက်တစ်ချို့လည်း ရှိခဲ့တယ်လို့ သူက ပြောပါတယ်။ “ နာရီဝက်လောက်ပဲသုံးပြီး ပြန်ပြန်ပြုတ်ကျတယ်လေ။ ပြန်ပြုတ်ကျတဲ့အခါမှာ ကျွန်တော်တို့က ဝင်တဲ့လူတွေကို password(လျှိုဝှက်နံပတ်)ကိုပြန် […]
သဇင်လတ် ရန်ကုန် ၂၀၂၀ – စက်တင်ဘာ ၂၅ (မော်ကွန်း) ရန်ကုန်တိုင်းဒေသကြီးကို COVID-19 ရောဂါထိန်းချုပ်နိုင်ရေး အသွားအလာကန့်သတ်မှုများ သတ်မှတ်ပြီးနောက် အလှူရှင်များ လာရောက်မှု နည်းသွားသည့်အတွက် မိဘမဲ့ဂေဟာတစ်ချို့တွင် စားသောက်စရာ အခက်အခဲ စတင်ကြုံနေရကြောင်း ဂေဟာတာဝန်ရှိသူတစ်ချို့က ပြောသည်။ ယင်းအပြင် ထိုဂေဟာများရှိ ရင်ခွင်ပိုက်အရွယ်မိဘမဲ့ကလေးငယ်များ၏ အသုံးအဆောင် ပစ္စည်းများလည်း ပြတ်လပ်သည့်အကျပ်အတည်းနှင့် ကြုံနေရကြောင်း သူတို့က ဆိုသည်။ ရွှေပြည်သာမြို့နယ်ရှိ မျိုးဆက်သစ်မိဘမဲ့ဂေဟာသည် မိဘမဲ့ကလေး အယောက် ၆၀ ကျော် ကို ပြုစုစောင့်ရှောက်ထားသည့် ဂေဟာတစ်ခုဖြစ်သည်။ ရောဂါကူးစက်နေသည့်ကာလအတွင်း ဂေဟာသို့ အလှူရှင်မလာတော့သည့်အတွက် အကျပ်အတည်းကြုံနေရခြင်းဖြစ်ကြောင်း မျိုးဆက်သစ်ဂေဟာမှ ပြုစုစောင့်ရှောက်သူတစ်ဦး ဖြစ်သည့် ဒေါ်ကျင်ရှန်းကြည်က ပြောပြသည်။ “ ခါတိုင်းဆိုလို့ရှိရင် ကလေးတွေကို အလှူရှင်တွေဘာတွေလည်းရှိပြီးအဆင်ပြေတော့တစ်ရက်မှာ သုံးနပ်လောက် ကျွေးတယ်ပေါ့နော်။ အခုကကျတော့ […]
ရေဂင် ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၂၄ (မော်ကွန်း) COVID-19 ရောဂါပိုး ကူးစက်မှု ဒုတိယအကြိမ် မြင့်တက်လာစဉ် ရောဂါကာကွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ရန်ကုန်မြို့၏ ဘတ်စ်ကားစီးခရီးသည် ဦးရေသည် တစ်ရှိန်ထိုး ကျဆင်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (YRTA) ၏ မှတ်တမ်းများတွင် ဖော်ပြသည်။ ဩဂုတ်လအထိ နေ့စဉ်ဘတ်စ်ကားစီးခရီးသည်အရေအတွက်သည် တစ်သန်းကျော် ရှိနေရာမှ စက်တင်ဘာလ ၁၉ ရက်တွင် နှစ်သိန်းလေးသောင်းကျော်အထိ စီးနင်းသူအရေအတွက် ထိုးကျခဲ့သည်ဟု YRTA မှတ်တမ်းများတွင် ဖော်ပြသည်။ မြင့်တက်နေသည့် ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် စက်တင်ဘာ ဒုတိယအပတ်တွင် တိုင်းဒေသ ကြီးအပြင်ဘက်သို့ မထွက်ရန် အမိန့်ထုတ်ပြန်ခြင်း၊ အဝေးပြေးယာဉ်လိုင်းများကို ရပ်တန့်ခြင်း နှင့် စက်တင်ဘာ တတိယအပတ်တွင် တိုင်းဒေသကြီးတစ်ခုလုံးကို နေအိမ်တွင်နေထိုင်ရေးအစီအ စဉ်(Stay […]
ဂေထော ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၂၄ (မော်ကွန်း) COVID-19 တိုက်ဖျက်ရေးကာလအတွင်း ကိုယ်ဝန်ဆောင်မိခင် နှစ်သိန်းခုနှစ်သောင်းကျော်ကို ကျပ်သုံးသောင်း ထောက်ပံ့ရန် လုပ်ဆောင်နေသည်ဟု ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိအိဖြိုးက မော်ကွန်းကို ပြောသည်။ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ” ငွေဗိုက်” အက်ပလီကေးရှင်းမှတစ်ဆင့် ကိုယ်ဝန်ဆောင်မိခင်များကို ငွေထောက်ပံ့ရန် စီစဉ်ရာတွင် ထောက်ပံ့ကြေးလျှောက်ထားသူ သုံးသိန်းကျော်အနက် နှစ်သိန်းခုနှစ်သောင်းကျော်ကို ထောက်ပံ့ရန် ရွေးချယ်ထားခြင်းဖြစ်ကြောင်း ဒေါ်အိအိဖြိုးက ရှင်းပြသည်။ “ ကိုယ်ဝန်လို့ပြောပြီး အထောက်အထားမှန်ကန်မှုမရှိတဲ့သူကြ ဖြတ်ချလိုက်တဲ့အခါမှာ နှစ်သိန်းခုနှစ်သောင်းကျော်ရှိပါတယ်”ဟု သူက ပြောသည်။ ယခုထောက်ပံ့ကြေးကို ရယူလိုသည့် ကိုယ်ဝန်ဆောင်မိခင်သည် အထောက်အထားအနေဖြင့် ကျန်းမာရေးဌာနမှထုတ်ပေးထားသော ကျန်းမာရေးစောင့်ရှောက်မှုမှတ်တမ်း (သို့မဟုတ်) ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းမှ ဆရာဝန်လက်မှတ်အထောက်အထားအပြင် ကိုယ်ဝန်ရှိကြောင်း သိသာစေမည့် အရှေ့တည့်တည့်မှ ရိုက်ကူးထားသည့် ဓာတ်ပုံတို့ကို “ငွေဗိုက်”အက်ပလီကေးရှင်း၌ […]
အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၂၄ (မော်ကွန်း) ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ လူမှုကူညီသူများက Quarantine Centre တချို့လုပ်ကိုင်လို သည်ဟု တင်ပြလာသဖြင့် မြို့နယ် COVID-19 တုန့်ပြန်ရေးနှင့် အရေးပေါ်တားဆီးကာကွယ်ရေး ကော်မတီက ခွင့် ပြုပေးထားကြောင်း နာယကက ပြောသည်။ “ကျွန်တော်တို့ အနေနဲ့လည်း စေတနာရှင်တွေ၊ လူမှုကူညီရေးအဖွဲ့တွေကို အားကိုးရပ်တည်နေရတာပါ၊ Quarantine Centre လုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ ကော်မတီကို တရားဝင်ဖြစ်သွားအောင် အကြောင်းကြားဖို့တော့ လိုပါတယ်” ဟု မြို့နယ် COVID-19 တုန့်ပြန်ရေးနှင့် အရေးပေါ်တားဆီးကာကွယ်ရေး ကော်မတီနာယက ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ရွှေပြည်သာမြို့နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက ပြောသည်။ ကျန်းမာရေးကိစ္စများနှင့် Quarantine Centre ဖွင့်လှစ်ရန် နေရာကို […]
သဇင်လတ် ရန်ကုန် – စက်တင်ဘာ ၂၃၊ ၂၀၂၀ (မော်ကွန်း) COVID-19 တိုက်ဖျက်ရေးကာလတွင် တိုးချဲ့ဖွင့်လှစ်ထားသည့် ရန်ကုန်မြို့၏ ဖျားနာကုအခမဲ့ဆေးခန်းများ (Fever Clinic)တွင် ဆရာဝန်၊ ဝန်ထမ်းနှင့် ဆေးပစ္စည်းဆိုင်ရာ မလုံလောက်မှုများနှင့် ကြုံနေရကြောင်း တိုင်းဒေသကြီးရှိ Fever Clinic များ၏ တာဝန်ခံဒေါက်တာကျော်မင်းထွန်းကပြောသည်။ “အကာအကွယ်ပစ္စည်းတွေဆိုရင် PPEဝတ်စုံတွေ KN 95 ၊ Face shield တို့လက်အိတ် တို့ပေါ့ အဲ့တာတွေလို နေတယ်။ နောက်တစ်ခုကဆေးဝါးတွေ ပိုးသတ်ဆေးတို့ ပါရာစီတမော၊ ဓာတ်ဆားတွေပေါ့။ လူနာတွေကအရမ်းများလာတဲ့အခါကျတော့သူတို့ကိုပေးရတဲ့ ဆေးတွေအရမ်းလိုတယ်” ဟုဒေါက်တာကျော်မင်းထွန်းကဆိုသည်။ ပထမတစ်ကြိမ်COVID – 19ဖြစ်ပွားစဉ်က တစ်ရက်လျင်လူနာ ၃၀ ဦးခန့်သာလာရောက်ပြသမှုရှိခဲ့သော်လည်း ယခုရက်ပိုင်းတွင်တစ်ရက်လျင် ၅၀ဦးမှ ၁၀၀ဦးခန့်ရှိနေပြီး ယမန်နေ့က သာကေတရှိ Fever Clinic […]
ဂေထော ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၂၃ (မော်ကွန်း) ကျောက်တော်မြို့ နှင့် ငါးမိုင်အကွာရှိ မဟာမုနိဘုရားဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်းသို့ စစ်ရှောင်လာသူ ၁,၅၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် အိပ်ရာခင်းများ လိုအပ်နေကြောင်း ယင်းစခန်းမှ စစ်ရှောင်များကိုကူညီပေးနေသည့် အရှင်ဆေကိန္ဒက မော်ကွန်းသို့မိန့်သည်။ “လူကယ်ပြန်ကနေပြီး ဆန်အိတ် ၁၀၀ ကျော်လောက်တော့ တစ်ခါထောက်ပံ့ခဲ့တာရှိတယ်။နောက်ပြီးတော့ အစိုးရကနေပံ့ပိုးတာသိပ်မရှိဘူး။အခုလက်ရှိ နီးစပ်ရာရွာနားကနေပြီး စစ်ရှောင်တွေကို စားနပ်ရိက္ခာတို့ ထောက်ပံ့တာမျိုးလောက်ပဲရှိတယ်”ဟု သူက မိန့်သည်။ ကစ္ဆပနဒီမြစ်၏အရှေ့ဘက်ခြမ်းရှိ မျောက်တောင်၊သာစည်၊ရွှေပြည်သစ်၊ကျောက်ဂူစု၊ရွှေပြည်ကြီး၊ အလယ်ကျွန်း၊သုံးဆောင်စုနှင့်မာလာကျေးရွာမှ ပြည်သူများသည် ဒေသတွင်းနယ်မြေမငြိမ်းသက်မှုများကြောင့် စက်တင်ဘာ ၁ ရက်နေ့မှစပြီး ထွက်ပြေးတိမ်းရှောင် လာကြသူများဖြစ်သည်ဟု အရှင်ဆေကိန္ဒကရှင်းပြသည်။ လက်ရှိတွင် COVID-19 ရောဂါပြည်တွင်းကူးစက်မှုမြင့်တက်နေသော်လည်း စခန်းရှိစစ်ဘေးရှောင်ပြည်သူများသည် ဓမ္မာရုံတွင် လူဦးရေရာနှင့်ချီနေထိုင်နေရခြင်းကြောင့် ၎င်းတို့ကို သုံးပေအကွာ၊ ခြောက်ပေအကွာ၊ […]
စည်သူ ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၂၃ (မော်ကွန်း) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးချို့ယွင်းနေပြီဆိုသော လူမှုကွန်ယက်ပေါ်မှသတင်းများမှာ သတင်းမှားများသာဖြစ်ပြီ ပကတိအတိုင်း ကျန်းမာရေးကောင်းမွန်နေတယ်လို့ NLDပါတီ ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့်က မော်ကွန်းကိုပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ချိုယွင်းနေပြီဆိုတဲ့ သတင်းတွေ လူမှုကွန်ယက်အပေါ်မှာ ပျံ့နှံ့နေတဲ့အပေါ် သူက တုန့်ပြန်တာပါ။ “မနေ့က ညနေ၅နာရီလောက် ထိ ကျွန်တော်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည်က အောင်နိုင်ရေးကိစ္စတွေ အကုန်လုံး ဆွေးနွေးတိုင်ပင်ကြပါတယ်။ ကျန်းမာရေးကတော့ ပကတိကို ကျန်းကျန်းမာမာရှိပါတယ်။ စိတ်လည်း အင်မတန်ကို ရွှင်ရွှင်လန်းလန်းနဲ့ အဖွဲ့ချုပ်ကို ဦးဆောင်နေပါတယ်”လို့ သူက ပြောပါတယ်။ သတင်းမှားတွေ တတ်လာတဲ့အခါ အဖွဲ့ချုပ်အနေနဲ့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေထံ သတင်းမှားဖြစ်ကြောင်း အကြောင်းကြား အသိပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."