သတင်းများ

မဲရုံ ၂၇ ရာခိုင်နှုန်းသာ မသန်းစွမ်းများမဲပေးရာတွင် အဆင်ပြေဟု PACE အဖွဲ့စစ်တမ်းထုတ်ပြန်

November 9, 2020

အောင်ပိုင် ရန်ကုန် – နိုဝင်ဘာ ၉၊ ၂၀၂၀ (မော်ကွန်း) စစ်တမ်းအရ မဲရုံများ၏ ၂၇ ရာခိုင်နှုန်းသာလျှင် မသန်စွမ်းများမဲပေးသည့်အခါ အဆင်ပြေသည်ဟု မနေ့က ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်းတွင် လေ့လာစောင့်ကြည့်သည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE ) က ဆိုသည်။ ယနေ့ထုတ်ပြန်သည့် PACE အဖွဲ့၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကနဦးတွေ့ရှိချက်များ ထုတ်ပြန်ချက်တွင် ,ယင်းသို့ ဖော်ပြပါရှိခဲ့သည်။ “ ဘီးတပ်ကုလားထိုင် (Wheel Chair) နဲ့ လာတဲ့ မဲဆန္ဒရှင်ဟာ အကူအညီမပါဘဲ အလွယ်တကူ သွားလာနိုင်လား။ အဲဒါ အနိမ့်ဆုံးတိုင်းတာချက်ပါပဲ။ နောက်ဆို ကြိုတင်ပြင်ဆင်လို့ ရနိုင်အောင်ပါ” ဟု အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောသည်။ တစ်နိုင်ငံလုံးတွင် မဲရုံပေါင်း ၃၉,၀၀၀ […]

အပြည့်အစုံဖတ်ရန်

မင်းကင်းမဲဆန္ဒနယ်အားလုံး NLD အနိုင်ရ

November 9, 2020

ဂေထော ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၉ (မော်ကွန်း) စစ်ကိုင်းတိုင်းဒေသကြီး၊မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အားလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အနိုင်ရရှိခဲ့သည်ဟု ယင်းမြို့နယ် ရွေး‌ကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဝင်းက မော်ကွန်းကို ပြောသည်။ မင်းကင်းမြို့နယ်တွင် ကိုယ်စားလှယ်ပေါင်း ၁၈ ဦးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာများအတွက် ကိုယ်စားလှယ်ပေါင်း ၁၆ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၄၁,၀၀၀ ကျော်အနက် ၂၀,၀၀၀ ကျော် ရရှိကာ အမှတ် ၂ မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၄၅,၀၀၀ ကျော်အနက် ၁၈,၀၀၀ ကျော် ရရှိပြီး ကျန်ကိုယ်စားလှယ်များကို နိုင်ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် မဲပေးခွင့်ရှိသူ ၈၇,၀၀၀ ကျော်အနက် ၃၉,၀၀၀ ကျော်၏ ထောက်ခံမဲဖြင့် ကျန်ကိုယ်စားလှယ်များကို […]

အပြည့်အစုံဖတ်ရန်

ရခိုင်အမျိုးသားပါတီ (ANP) မာန်အောင်မဲဆန္ဒနယ်အားလုံး အနိုင်ရရှိ

November 9, 2020

ဂေထော ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၉ (မော်ကွန်း) ရခိုင်ပြည်နယ်၊မာန်အောင်မြို့နယ်မဲဆန္ဒနယ်များရှိ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊ပြည်နယ်လွှတ်တော် အမှတ် ၁နှင့် အမှတ် ၂ တို့ တွင် ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်လောင်းအားလုံး အနိုင်ရရှိသည်ဟု ယင်းမြို့နယ်ရွေး‌ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစန်းလွင်က မော်ကွန်းသို့ပြောသည်။ “လေးနေရာအောင်သွားတယ်လေ။အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်၊ပြီးတော့ ပြည်နယ် ၁ ရယ်၊ပြည်နယ် ၂ ရယ်ပေါ့၊အကုန်လုံးအောင်သွားပါတယ်”ဟုသူက ဆိုသည်။ မဲအရေအတွက်စာရင်းကို မော်ကွန်းမှ မာန်အောင်မြို့နယ်၊ရွေး‌ကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ ထပ်မံမေးမြန်းရာတွင် မဲရလဒ်အရေအတွက်ကို မမှတ်မိကြောင်းဆိုသည်။ ယင်းမြို့နယ်တွင် အနိုင်ရရှိသည့် ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သန်းထံ ဆက်သွယ်ရာတွင် ပြည်သူ့လွှတ်တော်တွင် ၁၅,၀၆၇ မဲ၊အမျိုးသားလွှတ်တော်တွင် ၁၃,၆၅၀ မဲ၊ ပြည်နယ်လွှတ်တော် အမှတ် ၁ တွင် ၇၈၉၃ မဲနှင့် အမှတ် ၂ တွင် ၅၇၄၁ […]

အပြည့်အစုံဖတ်ရန်

လက်ရှိသမ္မတ ကြိုတင်မဲအပြတ်အသတ်ရ

November 8, 2020

အောင်ပိုင် ရန်ကုန် – ၂၀၂၀ နို၀င်ဘာ ၈ (မော်ကွန်း) တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ကြိုတင်ဆန္ဒမဲစာရင်းတွင် သမ္မတဦးဝင်းမြင့်သည် ဆန္ဒမဲအများဆုံး ရရှိထားသည်။ ပြည်သူ့လွှတ်တော်အတွက် ကြိုတင်ဆန္ဒမဲစုစုပေါင်း ၁, ၈၈၃ မဲအနက် ဦးဝင်းမြင့်သည် ၁,၇၈၄ မဲရရှိထားသည်ဟု တာမွေမြို့နယ်ရွေးကောက်ပွဲကော်မရှင်ကအတည်ပြုသည်။ ကြံ့ခိုင်ရေးပါတီမှ ဦးမျိုးဝင်းကျော်သည် ၅၉ မဲသာရရှိထားပြီး တခြားသော ပါတီများသည် အားလုံးပေါင်း မဲ ၂၀ ပင် မပြည့်ပေ။ ပြည်သူ့လွှတ်တော်အတွက် တာမွေမြို့နယ်တွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ အခြေခံလူတန်းစားမြှင့်တင်ရေးပါတီ စသည့် ပါတီငါးခုမှ ကိုယ်စားလှယ်လောင်း ငါးဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ ထိုထဲတွင် ကိုယ်စားလှယ်လောင်း ကွယ်လွန်ခဲ့သည့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မပါရှိပေ။ ယနေ့ည ကိုးနာရီအချိန် တာမွေမြို့နယ် […]

အပြည့်အစုံဖတ်ရန်

တွံ့တေးမြို့နယ်တွင် တိုင်းဒေသကြီးကိုယ်စားလှယ် မဲစာရွက်မပါ၍ မှားယွင်းမှုဖြစ်ပေါ်

November 8, 2020

သတင်းဓာတ်ပုံ – ဂေထော ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၈ (မော်ကွန်း) ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာမဲရုံ အမှတ် ၂ တွင် မဲစာရွက်မှားယွင်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် နစ်နာခဲ့သည့် မဲဆန္ဒရှင် ၅၀ ကို ပြန်လည် မဲပေးနိုင်ရန် ညှိနှိုင်းဖြေရှင်းပေးခဲ့သည်ဟု ထိုမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ် ဦးမြင့်လွင်က ပြောသည်။ မဲရုံ၏ ဆန္ဒမဲလက်မှတ်စီစဉ်ပေးမှုတွင် ထိုမြို့နယ်၏ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲလက်မှတ်များမပါဝင်ခဲ့ဘဲ အမျိုးသားလွှတ်တော်တစ်မဲနှင့် ပြည်သူ့လွှတ်တော်နှစ်မဲကို မှားယွင်းစွာဆန္ဒပြုခိုင်းမှုကြောင့် မဲဆန္ဒရှင် ၅၀ ဦးခန့် မှားယွင်းမဲပေးမိခဲ့ကြသည်။ ထိုသို့ မှားယွင်းဆန္ဒပြုမိခဲ့သူများသည် ပြန်လည်မဲပေးခွင့်ရရေး တောင်းဆိုခဲ့သည်။ ယင်းနောက် ကိုယ်စားလှယ်လောင်းများနှင့် ကော်မရှင်အဖွဲ့ခွဲများညှိနှိုင်းကာ မဲဆန္ဒရှင်များ ပြန်လည် ဆန္ဒပြုခွင့်ရရေးစီစဉ်ခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့သည်ဟု ဦးမြင့်လွင်က […]

အပြည့်အစုံဖတ်ရန်

ဗိုလ်တစ်ထောင်မြို့နယ်တွင် တပ်မတော််သားများနှင့် မိသားစုဝင်များ မဲပေး

November 8, 2020

သတင်းဓါတ်ပုံ-စည်သူ ရန်ကုန်- ၂၀၂၀ နိုဝင်ဘာ ၈ (မော်ကွန်း) ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ တပ်မဲရုံ သုံးရုံတွင် တပ်မတော်သားများနှင့် မိသားစုဝင်များ ဆန္ဒမဲ ပေးခဲ့ကြသည်။ ယင်းမဲရုံ သုံးခုတွင် ဆန္ဒမဲ ပေးခွင့်ရှိသည့် တပ်မတော်သားနှင့် မိသားစုဝင်ဦးရေ ၄,၁၀၀ ဝန်းကျင် မဲပေးမည်ဖြစ်သည်။ မဲရုံအမှတ်(၅)နှင့်(၆) တွင် တပ်မတော်(ရေ)မှ မဲပေးခွင့်ရှိသူ ၃,၇၀၀ ကျော်က မဲပေးမည်ဖြစ်ပြီး မဲရုံ အမှတ်(၇) တွင် လျှပ်စစ်ဆက်သွယ်ရေးတပ်မှ မဲပေးခွင့်ရှိသူ ၃၀၀ ကျော်က မဲပေးမည်ဟု ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးတင်ဦးက ပြောသည်။ ယခုရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ယခင်က တပ်တွင်းမှာပင် ဖွင့်လှစ်သည့် တပ်မဲရုံးများကို တပ်ပြင်ပတွင် ဖွင့်လှစ်ကာ တပ်မတော် […]

အပြည့်အစုံဖတ်ရန်

COVID-19 ရောဂါကူးစက်မှုမြင့်သည့် သင်္ဃန်းကျွန်းမြို့နယ်တွင် ဆန္ဒမဲပေးရာ၌ ကျန်းမာရေးဆိုင်ရာကန့်သတ်ချက်တစ်ချို့ ကျိုးပေါက်ခဲ့ဟုဆို

November 8, 2020

သတင်းဓာတ်ပုံ – သဇင်လတ် မဲလာပေးသူဦးရေများပြားခြင်းကြောင့် COVID-19 ရောဂါထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များ ကျိုးပေါက်ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌဦးသိန်း‌အောင်က ပြောသည်။ မဲပေးသူတစ်ဦးနှင့်တစ်ဦးကြား ခြောက်ပေခြားရှိနေရမည်ဟု ကျန်းမာရေးဌာနက ညွှန်ကြားထားသော်လည်း မြေပြင်တွင်မူ စီမံခန့်ခွဲမှုမလုပ်နိုင်တော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်မြေ အမှတ်(၁)တွင် ပါဝင်သည့် ဆ/က ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌက ရှင်းပြသည်။ အဆိုပါရပ်ကွက်တွင် စာသင်ကျောင်းနှစ်ခု၌ မဲရုံများဖွင့်လှစ်ထားပြီး မဲပေးမည်သူဦးရေ ၈,၀၀၀ ကျော်ရှိသည်။ ယင်းပမာဏသည် မဲပေးချိန် ၁၀ နာရီ ပေးထားသည့်အတွက် တစ်နာရီလျှင် လူ ၈၀၀ ကျော် မဲပေးရမည့်နှုန်းဖြစ်သည်။ မြို့နယ်တစ်ခုလုံးတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၁၈၄,၀၀၀ ကျော် ရှိပြီး မဲရုံပေါင်း ၁၃၉ ရုံဖွင့်လှစ်ထားသည်။ မဲလာပေးသူများကလည်း […]

အပြည့်အစုံဖတ်ရန်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဝင်ရောက်ယှဥ်ပြိုင်သည့် တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်တွင် ယနေ့ မဲပေးနေကြသူများ

November 8, 2020

ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၈ (မော်ကွန်း) သတင်းဓာတ်ပုံ – အောင်ပိုင် တာမွေမြို့နယ်တွင် နိုင်ငံရေးပါတီ ၁၂ ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၂၉ ယောက် ဝင်ရောက်ယှဥ်ပြိုင်ကြသည်ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ပြောသည်။ ထိုထဲတွင် ပါတီဖျက်သိမ်းခြင်းခံခဲ့ရသော နှင်းဆီပါတီခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ကွယ်လွန်သူ ဦးအေးသိန်းတို့ ပါဝင်ခြင်းမရှိတော့ပါ။ ရန်ကုန်တိုင်း တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ကရင်ကိုယ်စားလှယ် ခြောက်ဦးနှင့် ရခိုင်ကိုယ်စားလှယ် ငါးဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ #Dailynews

အပြည့်အစုံဖတ်ရန်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဝင်ရောက်ယှဥ်ပြိုင်သည့် ကော့မှူးမြို့နယ်၊ဝါးသိင်္ခကျေးရွာ မဲပေးနေသူများ

November 8, 2020

သတင်းဓာတ်ပုံ – ဂေထော ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၈ (မော်ကွန်း) နိုင်ငံတော်၏အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်သည့် ကော့မှူးမြို့နယ်၊ ဝါးသိင်္ခကျေးရွာ၊အလယ်တန်းကျောင်း မဲရုံ ၁ နှင့် မဲရုံ ၂ တို့တွင် ဆန္ဒမဲပေးနေကြသည်။ မဲရုံ ၁ တွင် မဲပေးခွင့်ရှိသူ ၈၇၀ ကျော်ရှိပြီး မဲရုံ ၂ တွင် မဲပေးခွင့်ရှိသူ ၃၅၀ကျော်ရှိသည်။မဲလာပေးမည့် သူများကို မဲရုံပရဝုဏ်အပြင်၌ Social Distancing သုံးပေအခြား စောင့်ဆိုင်းစေခဲ့သည်။ မဲရုံအဝင်ဝတွင် ဟန်းဂျယ်များဖျန်းပေးခြင်း၊နှာခေါင်းစည်းများနှင့်Face Shield များ ဝေပေးခြင်းတို့အပြင် မဲရုံအတွင်းသို့ မဝင်ခင် အပူချိန်တိုင်းတာသည်။ ဝါးသိင်္ခကျေးရွာအုပ်စု၌ မဲရုံ သုံးရုံရှိပြီး မဲပေးခွင့်ရှိသူ ၁,၉၀၀ ကျော်ရှိကြောင်း ယင်းကျေးရွာ၏ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ဥက္ကဌ ဦးအောင်ဇာဇာဟိန်းက မော်ကွန်းသို့ပြောသည်။ […]

အပြည့်အစုံဖတ်ရန်

ဒဂုံမြို့နယ်တွင် ဆန္ဒမဲပေးသူများ စုပြုံတိုးကြိတ်နေ

November 8, 2020

သတင်းဓါတ်ပုံ – ကောင်းထက်စံ၊ စည်သူ ရန်ကုန်မြို့၊ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ်(၂)တွင်ပါဝင်သော ဘုရားကြီးရပ်ကွက်၊ မဲရုံအမှတ် (၁)တွင် ဆန္ဒမဲပေးမည့်သူများ အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရပြီး တိုးကြိတ်စုပြုံနေသည်ကို ယနေ့နံနက် (၉) နာရီခန့်တွင် တွေ့ရှိရသည်။ ရွှေတိဂုံဘုရားလမ်းမပေါ်ရှိ ထိုမဲရုံတွင် ဆန္ဒမဲပေးသူများထဲမှ အချို့က မဲရုံတာဝန်ရှိသူများအား COVID – 19 ကူးစက်မှုပြင်းထန်းနေသည့် ကာလဖြစ်သည့်အတွက် လျှင်မြန်စွာ မဖြေရှင်းပါက ရောဂါပိုးများ ကူးစက်ရန် လွယ်ကူကြောင်း ပြောကြားနေသည်ကိုလည်း တွေ့ရသည်။ ဒဂုံမြို့နယ်တွင် နိုဝင်ဘာ ၇ ရက်အထိ COVID – 19 ကူးစက်ခံရသူ ၄၄၁ ဦး ရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပိုးကူးစက်ခံရသည့် မြို့နယ်စာရင်းတွင် အဆင့် ၃၆ ရှိသည့် မြို့နယ်ဖြစ်သည်။ ထိုမြို့နယ်တွင် ယခုကျင်းပသည့် အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ […]

အပြည့်အစုံဖတ်ရန်

ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွား

November 6, 2020

အောင်ထူးနိုင် ရန်ကုန် -၂၀၂၀ နိုဝင်ဘာ ၆ (မော်ကွန်း) ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်ရုံး၌ ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ယင်းပေါက်ကွဲမှုအပေါ် မော်ကွန်းက စုံစမ်းမေးမြန်းရာ တိုင်းရွေးကောက်ပွဲကော်မရှင်ခွဲဥက္ကဋ္ဌနှင့်အတွင်းရေးမှူးကို ဆက်သွယ်၍ မရသေးသော်လည်း ပဲခူးခရိုင်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးမင်းသက်နောင်က ပေါက်ကွဲမှုဖြစ်ပွားခြင်းမှာ မှန်ကန်ကြောင်း အတည်ပြုသည်။ “တိုင်းရွေးကောက်ပွဲကော်မရှင်ရုံးပါ၊ ဗုံးပေါက်တယ်လို့တော့ သတ်မှတ်လို့ မရသေးပါဘူး။ အသံကျယ်ကျယ်နဲ့တော့ ပေါက်ကွဲမှုဖြစ်သွားပါတယ်”ဟု ၎င်းက ပြောသည်။ ထိုပေါက်ကွဲမှုကို ရဲကစစ်ဆေးနေဆဲဖြစ်ပြီး သတင်းထုတ်ပြန်ပေးပါလိမ့်မည်ဟု ၎င်းကပြောသည်။ အဆိုပါပေါက်ကွဲမှုကြောင့် လူအထိအခိုက် မရှိကြောင်း ဦးမင်းသက်နောင်က ပြောသည်။ Photo – Supply #Dailynews

အပြည့်အစုံဖတ်ရန်

ဝရမ်းထုတ်ပြန်ပြီး တစ်နှစ်ကျော်အကြာတွင် ဆရာတော် ဦးဝီရသူ လာရောက် အဖမ်းခံ

November 3, 2020

#ဓါတ်ပုံသတင်း စည်သူ ရန်ကုန် -၂၀၂၀ နိုဝင်ဘာ ၂ (မော်ကွန်း) နိုင်ငံတော်အကြည်ညိုပျက်စေတဲ့အတွက် ရာဇသတ်ကြီး ပုဒ်မ ၁၂၄(က)နဲ့ တရားစွဲဆိုခံထားရတဲ့ ဆရာတော် ဦးဝီရသူဟာ ဒီနေ့ ညနေပိုင်းမှာ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ရုံးမှာ လာရောက် အဖမ်းခံခဲ့ပါတယ်။ ဦးဝီရသူကို လက်ရှိအနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရူံးမှာ ထိန်းသိမ်းထားပြီး ရဲတပ်ဖွဲ့အင်အားအများအပြားနဲ့ လုံခြုံရေး ရယူထားတာကို တွေ့ရပါတယ်။ သူလာရောက်အဖမ်းခံတဲ့အချိန်မှာ အမျိုးသားရေး ဆရာတော်တွေနဲ့ ဒကာ၊ဒကာမ ၅၀ ခန့် လာရောက် ဝန်းရံခဲ့ကြပါတယ်။ ၂၀၁၉ ဧပြီနဲ့မေလမှာ မြိတ်မြို့နဲ့ ရန်ကုန်မြိုတွေမှာ ကျင်းပတဲ့ လူထုဟောပြောပွဲ တွေမှာ ဦးဝီရသူရဲ့ ဟောပြောချက်တွေဟာ နိုင်ငံတော်အကြီးအကဲတွေကို ပုတ်ခတ် ဟောပြောခဲ့တာကြောင့် သူ့ကို ရန်ကုန်အနောက်ပိုင်းခရိုင်ဒုတိယအုပ်ချုပ်ရေးမှူးက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ၂၀၁၉ မေလနှောင်းပိုင်းမှာ ခရိုင်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ […]

အပြည့်အစုံဖတ်ရန်
1 … 245 246 247 248 249 250 251 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."