မတ္တရာ – ၂၀၂၁ အောက်တိုဘာ ၁ (မော်ကွန်း)
မန္တလေးတိုင်း ၊ မတ္တရာမြို့၊ တံငါတောင်ကျေးရွာက ဒလန်လို့ အများကသိကြသူ အုတ်စက်ပိုင်ရှင် ဦးစံလှဟာ ဒီကနေ့ နံနက်ပိုင်းမှာ လက်ဖက်ရည်ဆိုင်ထိုင်နေချိန် သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။
” သူက ဆိုင်ထိုင်နေတုန်း ဆိုင်ကယ်နဲ့သေနတ်သမားနှစ်ယောက်က ပစ်သတ်သွားတယ်။ သူက ရွာထဲကိုစစ်ကောင်စီတပ်တွေခေါ်ခေါ်လာနေကျလူ၊ ဒလန်လို့လည်း အများကသိထားကြတယ် “လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဦးစံလှပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်တွေက တံငါတောင်ရွာအနီးဝန်းကျင်မှာ စစ်ဆေး စောင့်ကြပ်မှုတွေလုပ်ခဲ့တယ်လို့ သူကဆိုပါတယ်။
မတ္တရာမြို့မှာ မနေ့ကလည်း စကားပင်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါသေးတယ်။
#Dailynews

