ဆော-၂၀၂၁ အောက်တိုဘာ ၁ (မော်ကွန်း)
မကွေးတိုင်း၊ ဆောမြို့နယ်၊ ဆော – ကျောက်ထု လမ်းပိုင်းမှာ ဒီနေ့ မနက် ၆ နာရီဝန်းကျင်ကဆောမြို့နယ်ဘက်ကနေ စစ်ကြောင်းထိုးချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး လေးဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ မကွေးအခြေစိုက် ဒေသခံတွေကပြောပါတယ်။
အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကို Yaw Defence Force (Saw & Kyaukhtu) အထူးပျောက်ကြားတပ်ဖွဲ့နဲ့ မကွေးအခြေစိုက် CAF – MGPDF တပ်ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။
” လက်နက်အင်အားနည်းတဲ့အတွက် အပြန်အလှန်ပစ်ခတ်ဖို့မတတ်နိုင်တော့ အခုလိုပဲမိုင်းဆွဲလိုက် ပြန်ဆုတ်လိုက်ပဲလုပ်ရတာပေါ့။ ဒီနေ့ကတော့ စကစ လေးကောင် သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်းအများကြီးပဲ”လို့ မကွေးအခြေစိုက် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေဟာ ဆောနယ်ကို အင်တာနက်လိုင်းတွေဖြတ်တောက်ပြီး စစ်ကြောင်းထိုးပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့် ဆော – ကျောက်ထု လမ်းပိုင်းကိုပြည်သူတွေအနေနဲ့ အသုံးမပြုဖို့ Yaw Defence Force (Saw & Kyaukhtu) တပ်ဖွဲ့ကသတိပေးထားပါတယ်။
စက်တင်ဘာ ၂၉ ရက်ကလည်း ဆောမြို့နယ်ထဲမှာ စစ်ကောင်စီယာဉ်တန်းကို PDF ပူးပေါင်းအဖွဲ့က မိုင်ဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ယောက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသွားသူတွေ အများအပြားရှိခဲ့တယ်လို့လည်း သိရပါတယ်။
#Dailynews

