သတင်းများ

မုံရွာတွင် စစ်ကောင်စီယာဉ်ထိန်းရဲအပစ်ခံရပြီး သေဆုံး

September 22, 2021

မုံရွာ-၂၀၂၁ စက်တင်ဘာ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီကနေ့ နံနက် ၁၁နာရီခွဲဝန်းကျင်က အာဏာသိမ်းစစ်ကောင်စီယာဉ်ထိန်းရဲတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ခုလို ပစ်ခတ်ခံရတဲ့ အနီးနားပတ်ဝန်းကျင်မှာ အစစ်အဆေးတင်းကြပ်နေတယ်လို့ ဖြစ်စဉ်အနီးမှာနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ “အိုးရှင်းနားလည်းမွှေတယ်။ ပြည်ထောင်စုလမ်းထိပ်ကော၊နောက် မီးပွိုင့်နား ဘဏ်လမ်း အဲ့နားလေးလည်း တော်တော်စစ်တယ်။တနေကုန်ပဲ။ လာတဲ့သူအကုန်စစ်နေတာ” လို့ ဒေသခံကပြောပါတယ်။ သေဆုံးသွားတဲ့ ယာဉ်ထိန်းရဲဟာ မုံရွာမြို့ ပြည်ထောင်စုလမ်းနဲ့ မြို့ပတ်လမ်းထောင့်က မီးပွိုင့်အနီးမှာ အသတ်ခံရတာပါ။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုယ်စားပြု သံမဏိနှင့်အဖွဲ့သားများက သူတို့လက်ချက်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ကန်ကြီးထောင့်မြို့နယ်အတွင်းက မြို့ပြပြောက်ကျားတပ်စခန်းကို အာဏာသိမ်းစစ်ကောင်စီဝင်စီး

September 22, 2021

ကန်ကြီးထောင့် – ၂၀၂၁ စက်တင်ဘာ ၂၂ (မော်ကွန်း) ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်အတွင်းက မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ရဲ့ စခန်းတစ်ခုကို မနေ့က ညပိုင်းမှာ စစ်တပ်က ဝင်စီးခဲ့တယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီက သတင်းရရှိပါတယ်။ မဂူကျွန်းကျေးရွာအနောက်ဘက် ပုသိမ်နဲ့ သာပေါင်းမြို့တွေ ထိစပ်နေတဲ့ တောစပ်မှာ စခန်းလုပ်ထားတဲ့နေရာကို အာဏာသိမ်းစစ်တပ်က အင်အား ၃၀ လောက်နဲ့ရောက်လာပြီး ည ၈ နာရီကျော်လောက်က စတင်ကာ ပိတ်ဆို့ခဲ့တာလို့ သတင်းရင်းမြစ်ကပြောပါတယ်။ တော်လှန်ရေးတပ်စခန်းကို ခုလို စစ်ကောင်စီက လာရောက်တိုက်ခိုက်ခဲ့ပေမယ့် အထိအခိုက်မရှိ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ တော်လှန်ရေးတပ်စခန်းဟာ အသေးစားစခန်းတစ်ခုဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်းတွေကတော့ ထားခဲ့ရတာမို့ ဆုံးရှုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ မနေ့ညကလို တော်လှန်ရေးပြောက်ကျားစခန်းဝင်ရောက်စီးနင်းခံရမှုဟာ ဧရာဝတီတိုင်းမှာ ပထမဆုံးအကြိမ်လည်းဖြစ်တယ်လို့ သိရပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

အရာတော်မြို့နယ် ရွာနှစ်ရွာက ဒေသခံပြည်သူ ၂၀ ကျော်ကို အာဏာသိမ်းစစ်ကောင်စီဖမ်းဆီးထား

September 22, 2021

အရာတော် – ၂၀၂၁ စက်တင်ဘာ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကြာပင်လှရွာနဲ့ မကျီးကန်ရွာမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာလို့ ထွက်ပြေးနေရပြီး အဆိုပါရွာတွေက ရွာသူရွာသား ၂၀ ကျော်ကိုလည်း ဖမ်းဆီးထားကြောင်း ဒေသခံတွေက ပြောပါတယ်။ ယမန်နေ့ မွန်းလွဲသုံးနာရီလောက်က အရာတော်မြို့နယ် မကျီးကန်နဲ့ကြာပင်လှရွာတွေက ရွာခံအိမ်တွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့ပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ခုလို ဝင်ရောက်လာတာကြောင့် ရွာနှစ်ရွာစလုံးက ပြည်သူတွေ ထွက်ပြေးခဲ့ရပြီး ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံရကာ အဲဒီအထဲမှာ အမျိုးသမီးငယ်တွေလည်းပါဝင်တယ်လို့‌ ဒေသခံတွေကဆိုပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အကြောင်းမဲ့သက်သက်ဖမ်းဆီးခံရတာလို့ ဒေသခံတွေကပြောပါတယ်။ မနေ့ညနေကစလို့ စစ်ကောင်စီတပ်တွေဟာ မကျီးကန်ရွာရဲ့ စာသင်ကျောင်းမှာ အင်အာဖြည့်တပ်စွဲထားပြီး ဖမ်းထားတဲ့ ရွာသားတွေကို စစ်ဆေးတာတွေနဲ့ အိမ်တွေမှာ ကြိုးတွေနဲ့ တုပ်နှောင်ထားတာတွေကို […]

အပြည့်အစုံဖတ်ရန်

တွံတေးမြို့နယ် NLD ကိုယ်စားလှယ် ဦးနေနိုင်ဦး ဖမ်းဆီးခံရပြီး စစ်ကြောရေး ရောက်ရှိနေ

September 22, 2021

ရန်ကုန်- ၂၀၂၁ စက်တင်ဘာ ၂၂ (မော်ကွန်း) တွံတေးမြို့နယ် NLD ကိုယ်စားလှယ် ဦးနေနိုင်ဦး ဟာ စက်တင်ဘာ ၂၀ ရက် စစ်ကောင်စီ တပ်များရဲ့ ဖမ်းဆီးခြင်းခံ ရပြီး စစ်ကြောရေး ရောက်ရှိနေတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ ၎င်းဟာ တိမ်းရှောင်နေတာကြာပြီဖြစ်ပြီး စက်တင်ဘာ ၂၀ ရက် ညနေ ၄း၀၀ နာရီခန့် နေအိမ်သို့ ပြန်လာချိန် လမ်းမှာပဲ စစ်ကောင်စီတပ်တွေ ပိတ်ဆို့ ဖမ်းလိုက်တယ်လို့ ဆိုပါတယ်။ “ဘယ်မှာဖမ်းခံရတယ်တော့ သေချာမသိဘူး။ အိမ်ကို သတိရလို့ ခန ပြန်လာတဲ့ အချိန် စစ်ကောင်စီ ကဝင်ဖမ်းသွားတာ၊ ဖမ်းခံရတာ ဒီနေ့ဆို နှစ်ရက်ရှိပြီ။ အခု စစ်ကြောရေး ရောက်နေတယ်တဲ့” လို့ မိသားစုနဲ့ […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်မြို့တွင် ဓားပြတိုက်ခံရ တန်ဖိုးကြီးပစ္စည်းနှင့်ငွေအမြောက်အများပါသွား

September 21, 2021

မိုးကုတ် – ၂၀၂၁ စက်တင်ဘာ ၂၁ (မော်ကွန်း) မန္တလေးတိုင်း မိုးကုတ်မြို့ သဒွတ်လျှိုကျေးရွာ နေအိမ်တစ်အိမ်ဟာ မနေ့က နေ့ခင်း ၁ နာရီဝန်းကျင်မှာ ဓားပြတိုက်ခံရပြီး တန်ဖိုးကြီးပစ္စည်းတွေနဲ့ ငွေအမြောက်အများပါသွားတယ်လို့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ” ရွှေ ၃၀ ကျပ်သား ၊ ငွေသား သိန်း ၂၀၀ ကျော် ၊ဖုန်း ခြောက်လုံး ၊ ကျောက် ၁၇ ထုပ်ပါသွားတယ်။ လူ ခြောက်ယောက် ​ခြံဝန်းထဲဝင်လာတာ ခြံဝန်းကလည်း ကျယ်တယ်။ ခါတိုင်းလည်း ကျောက်ပြသူတွေ လာနေကြဆိုတော့ ကျောက်လာပြတယ်လို့ပဲ ထင်ကြတာ နောက်မှဓားပြတိုက်ခံရတာသိရတာ”လို့ သူကဆိုပါတယ်။ လူခြောက်ယောက် နေအိမ်ထဲကို ဝင်လာပြီးနောက် နေအိမ်ထဲမှာရှိတဲ့လူတွေကို လက်ပြန်ကြိုးတုပ်ပြီး ပါးစပ်ကိုပိတ်ထားကာ အဘွားတစ်ယောက်ကိုတော့ ပစ္စည်းတွေထုတ်ပေးခိုင်းတယ်လို့ […]

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်ကောင်စီ လက်နက်ကြီးနဲ့ ရွာထဲကို ပစ်လို့ လေးဦးသေဆုံး၊ (၂) နှစ်အရွယ်ကလေးတစ်ဦးပါ အသက်အန္တရာယ်စိုးရိမ်ရ

September 21, 2021

နွားထိုးကြီး – ၂၀၂၁ စက်တင်ဘာ ၂၁ (မော်ကွန်း) မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ မနေ့ညက အာဏာသိမ်းစစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် မိသားစုဝင်လေးဦး တစ်ပြိုင်တည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ၂၀၂၁ ၊ စက်တင်ဘာ ၂၁ ရက် နံနက် ၁၂နာရီ မိနစ်၂၀အချိန်မှာ စစ်ကောင်စီတပ်တွေဟာ နွားထိုးကြီးမြို့အနောက်ဘက် လျှော်ဖြူကျေးရွာအနီး သေနတ်နဲ့ပစ်ခတ်တာတွေ RPG နဲ့ပစ်ခတ်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒီလိုပစ်ခတ်လို့ လျှော်ဖြူ(အလယ်) ကျေးရွာရှိ ဆီစက်လုပ်ငန်းလုပ်ကိုင်တဲ့အိမ်ကို လက်နက်ကြီး ထိမှန်ရာ မိသားစုဝင်လေးဦး သေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ နွားထိုးကြီးလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်ပါတယ်။ သေဆုံးသူလေးဦးဟာ အသက် ၇၀ ကျော် နှစ်ဦး၊ အသက် ၅၀ ကျော်တစ်ဦးနဲ့ ၂၀ ကျော် တစ်ဦးတို့ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

မန္တလေးရှိ အာဏာသိမ်းစစ်ကောင်စီစခန်းများ ဖောက်ခွဲတိုက်ခိုက်ခံရမှု ထိခိုက်ဒဏ်ရာရရှိသူများရှိ

September 13, 2021

မန္တလေး – ၂၀၂၁ စက်တင်ဘာ ၁၃ (မော်ကွန်း) မန္တလေးနန်းမြို့ကျုံးရဲ့ အရှေ့ဘက် နန်းရှေ့နဲ့ အနောက်ပြင်က အာဏာသိမ်းစစ်ကောင်စီ ရဲစခန်းတွေမှာ ဒီကနေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ တပြိုင်တည်း ဖြစ်ခဲ့ပြီး ရဲနဲ့စစ်သားတွေ ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၁၃ ရက် မနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က နန်းရှေ့၁၉လမ်း သံလမ်းနားစစ်ဆေးရေးဂိတ် လက်ပစ်ဗုံးနဲ့ အထုခံခဲ့ရပြီး စစ်သား၊ရဲ၊ယာဥ်ထိန်းနဲ့ ဆယ်အိမ်မှုး လေးဦးထက်မနည်း ဒဏ်ရာတွေ ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဆယ်အိမ်မှုးတစ်ယောက်သေပြီး ယာဥ်ထိန်းတစ်ယောက်လည်း ​ခြေထောက်ထိသွားတယ်လို့ကြားတယ်။ သူတို့ဘက်ကတော်တော်ထိသွားတယ်”လို့ နန်းရှေ့ဒေသခံတစ်ဦးက ပြောပါတယ်။ တကယ်သေဆုံးခြင်း ရှိမရှိကိုတော့ အတည်ပြုလို့မရသေးပါဘူး။ အလားတူ တချိန်တည်းမှာပဲ နန်းမြို့ကျုံးရဲ့ အနောက်ဘက် ၁၉လမ်း […]

အပြည့်အစုံဖတ်ရန်

ကျွန်းလှမြို့က အာဏာသိမ်းစစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ နှုတ်ထွက်ရန် စာတင်ထား

September 9, 2021

ပုံစာ – အာဏာသိမ်းစစ်ကောင်စီခန့် အုပ်စုအုပ်ချုပ်ရေးမှူး ဦးမိုးလင်း၏ ထွက်စာ။ ဓါတ်ပုံ – Supplied ကျွန်းလှ – ၂၀၂၁ စက်တင်ဘာ ၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့က စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ နှုတ်ထွက်ဖို့ အာဏာသိမ်းစစ်ကောင်စီထံ စာတင်ထားကြတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်က မော်ကွန်းကိုပြောပါတယ်။ မနေ့ကတော့ ကျွန်းလှမြို့နယ် သက္ကယ်ကျင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမိုးလင်းဟာ တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိတော့ဘူးလို့ ဆိုပြီး စစ်ကောင်စီလက်အောက်က မြို့နယ်အုပ်ချုပ်ရေးမှူးဆီစာတင်ခဲ့ပါတယ်။ ကျွန်းလှမှာ နောက်ထပ်ထွက်စာတင်ဦးမယ့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တချို့လည်း ရှိနေသေးတယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။ နိုင်ငံရဲ့အာဏာကို စစ်တပ်က သိမ်းယူပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို သူတို့ကိုယ်တိုင် ပြန်လည်ခန့်အပ်ပြီးတဲ့နောက် မကြာခင်မှာပဲ ကျွန်းလှမြို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ရှစ်ဦး နှုတ်ထွက်သွားခဲ့သေးပါတယ်။ စစ်ကိုင်းတိုင်းကတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတွေ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့ […]

အပြည့်အစုံဖတ်ရန်

ပြည်သူတစ်ထောင်ကျော်ကို သတ်ထားတဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ဆိုင်ကယ်သူခိုး တည့်တည့်တိုးပြီး ပစ်ခတ်ခံရ

September 4, 2021

ယင်းမာပင် – ၂၀၂၁ စက်တင်ဘာ ၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ မနေ့ညနေက ဆိုင်ကယ်သူခိုးနဲ့ အာဏာသိမ်းစစ်တပ် တည့်တည့်တိုးပြီး သူခိုးအပစ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၃ ရက် ညနေ ၆ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊မုံရွာ-ပုသိမ်လမ်းဆုံ Denko ဆီဆိုင်အနီးမှာ ဆိုင်ကယ်ခိုးနေသူတစ်ဦးကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မပြေးနဲ့လို့အော်တာကို ခိုးတဲ့သူကထွက်ပြေးတယ်ပြောတယ်။ ဒါနဲ့အပစ်ခံရပြီး ဆေးရုံရောက်သွားတယ်။ သေမသေတော့မသိရသေးဘူး”လို့ ယင်းမာပင်ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီ အာဏာလုပြီးနောက် တရားဥပဒေစိုးမိုးမှု ကင်းမဲ့သွားပြီး စစ်ကောင်စီတပ်သားတွေကိုယ်တိုင် တရားမဲ့ပြုကျင့်မှုတွေ ပေါ်ပေါက်နေကာ မုံရွာအပါအဝင် နယ်တွေမှာလည်း ဆိုင်ကယ်နဲ့ အခြားတန်ဖိုးကြီးပစ္စည်းတွေ ခိုးယူလုယက်ခံရမှုတွေ ဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မန္တလေးမှာလည်း ဆိုင်ကယ်ခိုးယူလုယက်တာ၊ လမ်းဘေးရပ်ဖုန်းပြောနေတဲ့သူကို ဓါးကိုင်ပြီးခြိမ်းခြောက်လုယက်တာ၊ […]

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်ကောင်စီထုတ်တဲ့ စာ စစ်ကောင်စီတပ်တွေကိုယ်တိုင် နားမလည်သဖြင့် မနာခံဘဲ ပြည်သူတွေကို လိုက်လံဖမ်းဆီးနေ

August 23, 2021

ပုံစာ-ဒီကနေ့ သြဂုတ်လ ၂၃ ရက် နံနက်ပိုင်းက မန္တလေးစက်မှုမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့လက်အောက်ခံအဖွဲ့ ဓါတ်ပုံ-CJ မန္တလေး – ၂၀၂၁ ဩဂုတ် ၂၃ (မော်ကွန်း) မန္တလေးမှာ COVID – 19 ကာကွယ်ရေးအကြောင်းပြပြီး ထုတ်တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ စာတွေကို သူတို့လက်အောက်ခံအဖွဲ့တွေကိုယ်တိုင် မနာခံဘဲ ပြည်သူတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ မြို့ခံတွေက မော်ကွန်းကိုပြောပါတယ်။ အာဏာသိမ်းစစ်တပ်ထုတ်တဲ့ စာတွေကို သူ့လက်အောက်ခံအဖွဲ့တွေကိုယ်တိုင် နားမလည်တာတွေ ရှိနေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ COVID – 19 အကြောင်းပြပြီး အသစ်ထပ်ထုတ်တဲ့ ကန့်သတ်ချက်တွေထဲမှာ နေ့ခင်းဘက် အချိန်ကန့်သတ်တာတွေ မပါတော့တာကြောင့် အပြင်ထွက်လာသူတွေကို စစ်ကောင်စီက မြို့တွင်းမှာ လိုက်လံ ဖမ်းဆီးနေတာပါ။ စစ်ကောင်စီက သြဂုတ်လ ၁၃ ရက်နေ့မှာထုတ်တဲ့ […]

အပြည့်အစုံဖတ်ရန်

ရွှေဘိုမြို့နယ် သာယာအေးရွာကို စစ်အုပ်စုဝင်ပစ်သဖြင့် ဒေသခံများ ထွက်ပြေးနေရ

July 29, 2021

ရွှေဘို – ၂၀၂၁ ဇူလိုင် ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်က သာယာအေးရွာကို အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံတပ်တွေ ဝင်ရောက်ပစ်ခတ်နေလို့ ကျေးရွာလေးရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ ဒီကနေ့ နံနက် ဆယ်နာရီခန့်က ရွှေဘိုမြို့နယ် သာယာအေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေပစ်ခတ်နေတာဖြစ်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေလည်း ကြားနေရကြောင်း၊ လူသေဆုံးထိခိုက်မှုတော့ မသိရသေးကြောင်း အနီးနားကျေးရွာတွေက ဒေသခံများက ပြောပါတယ်။ သာယာအေးရွာက ဒေသခံတွေလည်း ထွက်ပြေးနေရပြီး သာယာအေးရွာအနီးက ရွာတွေဖြစ်တဲ့ ပေါက်ကံရွာ၊ ဘိုးတော်တောရွာ၊ မြို့သစ်ရွာ စတဲ့ ရွာတွေက ဒေသခံပြည်သူတွေပါ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် ကျေးရွာများမှ ပြည်သူငါးထောင်ခန့် နေအိမ်များစွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ရာသီတုပ်ကွေးနဲ့ […]

အပြည့်အစုံဖတ်ရန်

သပိတ်ကျင်းတွင် အင်အားပြင်းထန်သောငလျင်လှုပ်ခတ်

July 29, 2021

ရန်ကုန်- ၂၀၂၁ ဇူလိုင် ၂၉ (မော်ကွန်း) မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့၏ အရှေ့တောင်ဘက် ငါးမိုင်ခန့်အကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာ (၆မိုင်ကျော်) ကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး (၆.၃) အဆင့်ရှိ အင်အားပြင်းထန်သော ငလျင် ယနေ့ ညနေ ၃ နာရီ ကျော်တွင် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 231 232 233 234 235 236 237 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."