ရေး – ၂၀၂၁ အောက်တိုဘာ ၁၂ (မော်ကွန်း)
မွန်ပြည်နယ်၊ ရေးမြို့ အစင်စံပြကျေးရွာက NLD အမာခံထောက်ခံသူ ဦးစိုးမိုးအောင်နေအိမ်ကို စစ်ကောင်စီက အောက်တိုဘာ ၁၁ ရက်ညနေ ၃ နာရီမှာချိပ်ပိတ်သွားပြီး နေအိမ်မှာရှိတဲ့ သူ့ရဲ့တူ နှစ်ယောက်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
“ကိုစိုးမိုးအောင်ကိုလာဖမ်းတာ။ သူက လှေထွက်နေတော့ သူ့ကိုမမိသွားဘူး။ အိမ်ကိုချိပ်ပိတ်သွားတယ် အိမ်မှာရှိတဲ့ သူ့တူ နှစ်ယောက်ကိုဖမ်းသွားတယ် “လို့ဒေသခံတစ်ဦးကဆိုပါတယ်။
အစင်ကျေးရွာမှာ ဦးစိုးမိုးအောင်လို NLD ပါတီထောက်ခံသူတွေကို အာဏာသိမ်းစစ်ကောင်စီက သတင်းပေးဒလန်တွေကို အသုံးချပြီး လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံက ပြောပါတယ်။
“ခုက ဒလန်လက်ညှိုးထိုးသမျှအိမ်ကလူတွေကို လိုက်ဖမ်းနေတာ”လို့ ဒေသခံကပြောပါတယ်။
မွန်ပြည်နယ်ရေးမြို့ကအစင်စံပြကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ အယောက် ၂၀ ဝန်းကျင် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Dailynews

