ပြည် – ၂၀၂၁ အောက်တိုဘာ ၁၃ (မော်ကွန်း)
ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့ ၊ နဝင်းရပ်ကွက် ရတနာလမ်းမှာရှိတဲ့ စစ်ခေါင်းဆောင်ပိုင် Mytel တာဝါတိုင်နှစ်တိုင်ဟာ ဒီကနေ့ မနက် ၆နာရီခွဲဝန်းကျင်က ဖောက်ခွဲခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” အသံတော်တော်ကျယ်တာ၊ အိမ်တွေပါတုန်တယ်၊ Mytel တိုင်ကတော့ သုံးမရဖြစ်သွားတယ်”လို့ဒေသခံတစ်ဦးကဆိုပါတယ်။
ဖောက်ခွဲခံရတဲ့ နဝင်းရပ်ကွက်ဟာ ပြည်တက္ကသိုလ်နဲ့ နီးကပ်ပါတယ်။
ဖောက်ခွဲခံရတဲ့ Mytel တာဝါတိုင်ကိုလာကြည့်တဲ့ စစ်သားတွေပါတဲ့အရပ်ကား လက်လုပ်ဗုံးနဲ့ထပ်မံအပစ်ခံရတယ်လို့လည်း ဒေသခံကပြောပါတယ်။
“ကားကိုပစ်သွားတာ၊ လူတော့မထိဘူး၊ ကားဘော်ဒီတော့ထိသွားတယ်၊ လက်လုပ်ဗုံးနဲ့ပဲ ပစ်သွားတာ”လို့ ဆိုပါတယ်။
မြန်မာနိုင်ငံနေရာတော်တော်များများမှာ Mytel တာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးခံနေရပေမယ့် ပြည်မြို့မှာ ပထမဆုံးဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။
#Dailynews

