မန္တလေး – ၂၀၂၁ အောက်တိုဘာ ၁၄ (မော်ကွန်း)
မန္တလေးမြို့မှာ စစ်ကောင်စီတပ်တွေ ပိတ်ဆို့စစ်ဆေးမှုတွေရှိနေတဲ့ကြားက ဘာသာပေါင်းစုံသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချီတက်ခဲ့ကြပါတယ်။
ဒီကနေ့ မနက်ခင်းစောစောပိုင်းမှာပဲ ဘာသာပေါင်းစုံညီရဲ့လားဟေ့ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ချီတက်ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးမြို့တွင်း လူစည်ကားတဲ့လမ်းမကြီးတွေပေါ်မှာ လှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဘာသာပေါင်းစုံ လူငယ်တွေဦးဆောင်ခဲ့ကြတာဖြစ်ပါတယ်။
ဓါတ်ပုံ- Spring Diary
#Dailynews

