ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃ထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ဉာဏ်လင်း နှင့် ဇေယျာလှိုင် ရေးသည်။ သူ့မိသားစု ရှင်သန်ရပ်တည်ရေးအတွက် ဘယ်လို နည်း နှင့်မှ သူတုံးလုံးလဲသွားလို့မဖြစ်ဟု ကိုတင်ထွန်းခံယူထားသည်။ သူလဲသွားပါက ဇနီးသည်နှင့် ဥမမည်စာမမြောက် ကလေး နှစ်ယောက်တို့ ရှင်သန်ရပ်တည်ရေးမှာ အခက်ကြီးခက်ကြမည် မှာ သေချာသည်။ လင်ရောမယားပါ HIVကူးစက်ခံနေရသည့် ကိုတင်ထွန်း တို့ ဇနီးမောင်နှံတွင် ငါးနှစ်အရွယ်ကလေးတစ်ယောက်နှင့် တစ်နှစ် နှစ်လ အရွယ် ကလေးတစ်ယောက်တို့ရှိသည်။ ကိုတင်ထွန်းက ကားဝပ်ရှော့လုပ်ရင်း၊ ဝါးထရံရက်ရင်းဖြင့် တစ်မိသားစုလုံးကို ရှာကျွေးနေခဲ့သူဖြစ်သည်။ ကျန်းကျန်းမာမာနှင့် အလုပ်တွေဆက်လုပ်ပြီး မိသားစုကို ကျွေးမွေးနိုင်ဖို့ လောလောဆယ်မှာ သူ အလိုအပ်ဆုံး အရာက Antiretrovial Therapy(ART) အေအာတီခေါ် ခုခံအားကျဆင်း နေသူများအား တိုက်ကျွေးသော ပိုးထိန်းဆေးပဲဖြစ်သည်။ […]
ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃) မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ ဉာဏ်လင်း၊ကျော်ဇေယျာထွန်း၊ ဇေယျာလှိုင် ရေးသည်။ ကုထုံးကို ဖွေရှာ အစိုးရကမူ ပဋိပက္ခနောက်ကွယ်မှ သွေးထိုးလှုံ့ဆော်သူ များကို စုံစမ်းဖော်ထုတ် အရေးယူသွားမည်ဟုဆိုသည်။ သမ္မတ ရုံးက အောက်တိုဘာ ၃၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ကြေ ညာချက်တစ်စောင်တွင် ပြဿနာနောက်ကွယ်၌ ပြည်တွင်း ပြည်ပ အဖွဲ့အချို့၊ နိုင်ငံရေးအဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေး ယူထားသော အဖွဲ့အစည်းအချို့ ပါဝင်ပတ်သက်နေသည်ဟု ဆိုထားသည်။ ထိုသို့ ဖော်ပြထားသော်လည်း အဆိုပါ သွေးထိုးလှုံ့ဆော် သူများမှာ မည်သူမည်ဝါတွေဖြစ်သည်ကို တိတိပပ ထုတ်ပြန် ပြောဆိုခြင်း မရှိသေးပေ။ စင်စစ်တွင် ပြဿနာ၏နောက်ကွယ်မှ မီးထိုးပေးသူများကို စုံစမ်းဖော်ထုတ် အရေးယူလိုက်ရုံနှင့် ပဋိပက္ခက ပြေလည်သွား လိမ့်မည်တော့မဟုတ်။ နှစ်ပေါင်းများစွာစုပုံလာသည့် အမုန်း […]
ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃) မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ ဉာဏ်လင်း၊ကျော်ဇေယျာထွန်း၊ ဇေယျာလှိုင် ရေးသည်။ ပဋိပက္ခလွန်ကာလ ရခိုင်ပြည်နယ်၌ ရခိုင်လူမျိုးများနှင့် အစိုးရ အခေါ် ဘင်္ဂါလီ၊ နိုင်ငံတကာအခေါ် ရိုဟင်ဂျာများအား ပြန်လည်နေရာ ချထားရေးကိစ္စမှာ ဦးသိန်းစိန်ခေါင်းဆောင်သော အရပ်သား အစိုးရအတွက် ခေါင်းခဲစရာကိစ္စကြီးတစ်ခုဖြစ် လာသလို အစိုးရသစ်၏ အရည်အချင်းကို စိန်ခေါ်စမ်းသပ်မည့် စာမေးပွဲကြီးတစ်ခုလည်း ဖြစ်လာလိမ့်မည်။ ဇွန်လ ၈ ရက်မှ စတင်ဖြစ်ပွားခဲ့သော လူအုပ်စု နှစ်ခုကြားက သွေးမြေကျပဋိပက္ခမှာ ယခုအချိန်ထိ ပြေ လည်မည့် အခြေအနေ မရှိသေးသလို မည်မျှအထိ ကြာရှည် နိုင်ဦးမည်ကိုလည်း မသိရှိနိုင်သည့် အနေအထားမျိုး ဖြစ်နေသည်။ အစိုးရထုတ်ပြန်သော ကိန်းဂဏန်းများအရ လောလောဆယ်အထိ သေဆုံးသူဦးရေမှာ ၁၆၇ ဦးရှိပြီး အိုးအိမ်မဲ့ အရေအတွက်မှာ […]
၂၀၁၄၊ ဇူလိုင်-သြဂတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၅)မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။ သက်ဦးမွန်၊ဉာဏ်လင်း ရေးသည်။ ခင်မောင်မြင့် ပံ့ပိုးသည်။ ကြိုတွေးသင့်သော ငလျင်ဘေး အထက်တစ်နေရာတွင် ဖော်ပြထားသည့်အတိုင်း ငလျင် အန္တရာယ်ကလည်း အချိန်မရွေးကျရောက်နိုင်သည့် အခြေအနေ တွင်ရှိရာ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများ တည် ဆောက်ကြရေးနှင့် ငလျင်ဖြစ်လာလျှင် အန္တရာယ်မကျရောက် အောင် မည်သို့ပြုမူလှုပ်ရှားရမည်ကိုကျယ်ကျယ်ပြန့်ပြန့် ပညာ ပေးမှုများပြုလုပ်သင့်သည်ဟု ပညာရှင်များက ထောက်ပြပါသည်။ မြန်မာနိုင်ငံအနေနှင့်မူ တကယ်တမ်းငလျင်လှုပ်လာပါက နိုင်ငံတွင်းရှိအဆောက်အအုံများမှာ စိုးရိမ်ဖွယ်ရာအနေအထားတွင်ရှိသည်ဟု မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ ဦးစိုးသူရထွန်း က ဆိုပါသည်။ ”အထူးသဖြင့်တို့တစ်တွေ စိုးရိမ်တာက ၁၉၉ဝ နဲ့ ၂ဝဝဝ ကြားမှာဆောက်တဲ့အဆောက်အအုံတွေပေါ့။ ဘာလို့လဲဆိုတော့ စစ်အစိုးရတက်ပြီးတဲ့နောက်မှာ ကန်ထရိုက်တိုက်တွေ အကြီး အကျယ်ပေါ်လာတယ်။ အဲဒီအချိန်မှာ အင်ဂျင်နီယာပိုင်းရော ကန်ထရိုက်ပိုင်းရော အကုန်လုံးအားနည်းတယ်”ဟု ၎င်းက ထောက်ပြသည်။ […]
၂၀၁၄၊ ဇူလိုင်-သြဂုတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၅)မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။ သက်ဦးမွန်၊ဉာဏ်လင်း ရေးသည်။ ခင်မောင်မြင့် ပံ့ပိုးသည်။ နာဂစ်ဆိုင်ကလုန်းဒဏ်ကို ဆိုးရွားစွာခံခဲ့ရသည့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် က ရွာများအဖို့ မိုးကာလသည် ထိတ်လန့်စရာကောင်းသော ကာလတစ်ခု ဖြစ်နေဆဲပါ။ယခုလို မိုးကာလရောက်လာလျှင် မိုးလေဝသသတင်းကို အမြဲမပြတ် နားထောင်ကြရသကဲ့သို့ ကြိုတင်ပြင်ဆင်မှုများကိုလည်း ဂရုတစိုက်လုပ်ကြ ရသည်။ ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲအတွင်းရှိ ရွာပေါင်း ၁၄ ရွာ၏ အုပ်ချုပ်ရေးမှူး ဦးမြင့်ကြည်ဆိုလျှင် ယခုရက်ပိုင်းအတွင်း အလုပ်တော်တော်များလျက်ရှိသည်။ သူအုပ်ချုပ်သည့် ကျေးရွာ များအတွက် ဦးမြင့်ကြည် လောလောဆယ် အလိုအပ်ဆုံးအရာက သူတို့ဒေသတစ်ကြောတွင် ‘ဟွန်း’ ဟု ခေါ်ဝေါ်နေကြသည့် အသံ ချဲ့စက်ပင်ဖြစ်သည်။ ဦးမြင့်ကြည် အသံချဲ့စက်လိုချင်သည်မှာ အရေးပေါ် မိုးလေ ဝသသတင်းများကို အမြန်ဆန်ဆုံး ထပ်ဆင့်ကြေညာပေးနိုင်ရန်ဖြစ်ပါသည်။ […]
၂၀၁၃၊နိုဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၉)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ မော်ကွန်းသတင်းအဖွဲ့ ရေးသည်။ မျှော်လင့်ချက်ရောင်ခြည် ပညာရှင်များကတော့ အရပ်သားအစိုးရတက်လာသည့် အတွက် သယံဇာတစီမံခန့်ခွဲမှုအပိုင်းမှာ ပိုမို ကောင်းမွန်လာနိုင် သည်ဟု မျှော်လင့်နေကြသည်။ ယခင်အစိုးရအဆက်ဆက်က ဖြစ်ချင်တိုင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်ပြင်ဆင်ဖို့ အခွင့် သာလာပြီဟုလည်း မျှော်လင့်နေကြပါသည်။ သို့သော်လည်း ယခင်အစိုးရအဆက်ဆက်လုပ်ဆောင်ခဲ့သည်များကို ချက်ချင်းပြောင်းလဲပြင်ဆင်လို့တော့ ရနိုင်မည် မဟုတ်ဟု ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးသိန်း လွင်က သုံးသပ်ပါသည်။ ”ပြုပြင်ပြောင်းလဲမှုက ဗြုန်းခနဲ လုပ်လို့မရဘူးလေ။ အရင် တုန်းက ရာစုနှစ်တစ်ဝက်လောက်က စနစ်တစ်ခုနဲ့ လုပ်ခဲ့တယ်။ အခုမှ အစိုးရသစ်တက်လာတာ နှစ်နှစ်ခွဲကျော်ကျော်ပဲရှိသေး တယ်။ နှစ်ငါးဆယ်လောက်လုပ်ခဲ့တာကို နှစ်နှစ်ခွဲနဲ့တော့ မရဘူး၊ အချိန်ယူရဦးမယ်” ဟု […]
၂၀၁၃၊နိုဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၉)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ မော်ကွန်းသတင်းအဖွဲ့ ရေးသည်။ မြန်မာနိုင်ငံ၏ သယံဇာတနှင့်ပတ်သက်ပြီး ပြည်သူလူထု အများစု သိရှိထားသည့်အချက်မှာ မြန်မာနိုင်ငံသည် မြေပေါ်မြေ အောက် သယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ် သည်ဆိုတာလောက်ပဲဖြစ်သည်။ ထိုသယံဇာတများကို အစိုးရက မည်သို့ စီမံနေသည်၊ ယင်း မှ ရရှိသည့် ငွေကြေးများကို မည်သည့်နေရာတွင် မည်သို့အသုံး ချနေသည်ကိုမူ ရေရေရာရာ မသိရှိကြပါ။ ထို့ကြောင့်လည်း အဆက်ဆက်သော အစိုးရများသည် ပြည်သူလူထုအပေါ် ပွင့်လင်းရိုးသားမှုမရှိခဲ့ဟု ပညာရှင်များနှင့် လေ့လာသူများက ထောက်ပြကြခြင်းဖြစ်သည်။သယံဇာတ မည်မျှပင် ပေါများကြွယ်ဝသော်လည်း စီမံခန့် ခွဲမှုလွဲမှားပြီဆိုလျှင် သယံဇာတ၏ အကျိုးစီးပွားကို ပြည်သူများ မခံစားရသည့်အပြင် ထိုအစား သယံဇာတကျိန်စာပဲ ခံစားရတတ် သည်ဟု ပညာရှင်များက ဆိုပါသည်။ စက်တင်ဘာလအတွင်းက ထွက်ရှိခဲ့သည့် ဘဏ္ဍာရေးဆိုင် […]
၂၀၁၃၊ စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၈)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ မော်ကွန်းသတင်း အဖွဲ့ ရေးသားသည်။ ၉၆၉ နှင့် မျိုးစောင့် ၉၆၉ လှုပ်ရှားမှုနှင့်ပတ်သက်လျှင်တော့ စိုးရိမ်စရာရှိသည် ဟု ဦးစိုးမြင့်အောင်က ဆိုပါသည်။ ”ဘာဖြစ်လို့လဲဆိုတော့ (၉၆၉) ကပ်ထားတဲ့ ဆိုင်တွေမှာပဲ သုံးမယ်။ ဗုဒ္ဓဘာသာတွေရဲ့ ဆိုင် တွေမှာ သုံးမယ်၊ ယာဉ်တွေကိုပဲ စီးမယ်ဆိုပြီးတော့ သတ်မှတ်ထားတဲ့ဟာက ကျွန်တော်တို့ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာတွေချည်းပဲ နေတဲ့ နိုင်ငံမဟုတ်ဘူး”ဟု ဦးစိုးမြင့်အောင်ကဆိုသည်။ ဘာသာပေါင်းစုံရှိသည့်အနေအထားတွင် အခြားဘာသာ ဝင်များကို ခွဲခြားဆက်ဆံလိုက်သလိုဖြစ်သွားမလားဟု ၎င်းက မေးခွန်းထုတ်သည်။ ”သူတို့စိတ်ထဲမှာ ဘယ်လိုခံစားရမလဲ၊ ခွဲခြားတယ်လို့ ခံစားရမလား။ ဒီနိုင်ငံထဲမှာ သူတို့မပါဘူးလို့ ခံစားရမလား။ အဲဒါမျိုးတွေပေါ့နော်၊ ကျွန်တော်တို့မှာ စဉ်းစားစရာရှိလာတယ်” ဟု ဦးစိုးမြင့်အောင်က ဆိုသည်။ […]
Photo: Law Eh Soe ၂၀၁၃၊ စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၈)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ မော်ကွန်းသတင်း အဖွဲ့ ရေးသားသည်။ ၂ဝဝ၇၊ စက်တင်ဘာအရေးအခင်း၏ ပုံရိပ်များက ပြည်သူလူထု၏ မျက်စိထဲတွင် ယနေ့ထက်တိုင် လှုပ်လှုပ်ရှားရှားရှိနေကြဆဲ။ မေတ္တသုတ်ရွတ်ဆိုကာ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြနေကြသော သံဃာတော်များ၏ ပုံရိပ်များ။ ဘေးဝဲယာတွင် လက်ချင်းချိက်ကာ အကာအကွယ်ပေးရင်း လိုက်ပါလာကြသော လူထုပရိသတ်၏ ပုံရိပ်များ။ ဆန္ဒပြသံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို စစ်သားနှင့် လုံထိန်းရဲများက အတင်းဟန့်တား၊ နှိမ်နင်း၊ ဖမ်းဆီးချုပ်နှောင်နေကြသည့် မြင်ကွင်းများ။ ထိုအရေးအခင်း၊ ထိုမြင်ကွင်းများကား စစ်အာဏာရှင်ကို သံဃာတော်များဦးဆောင်ကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် သည် ဘက်ခေတ်၏ ထင်ရှားလှသော သမိုင်းမှတ်တိုင်တစ်ခုဟု ဆိုနိုင်ပါ သည်။ ဗြိတိသျှအစိုးရ၏ လက်အောက်မှ လွတ်လပ်ရေးရယူနိုင် […]
Design-ZM ၂၀၁၂-စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁) မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။ ဉာဏ်လင်း၊ ဇေယျာလှိုင်၊ ဝင်းဇော်လတ် ရေးသည်။ မျှော်သာမျှော် မပေါ် ပြည်ပရောက်မြန်မာများ ဂုဏ်သိက္ခာရှိရှိ ပြန်လာခွင့်ရရေးဟူသော ကိစ္စကို လွှတ်တော်အမတ်တစ်ဦးက ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့က အမျိုးသားလွှတ်တော်မှာ မေးမြန်းခဲ့ပါသည်။ ကချင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၁၀)မှ ဦးသန်းမြင့် မေးမြန်းခဲ့သည့် မေးခွန်းက “ပြည်ပရောက်မြန်မာနိုင်ငံသားများ ပြန်လာရေးအတွက် တိကျသည့် ပြဌာန်းချက်တစ်ရပ် သို့မဟုတ် ဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းသွားရန် အစီအစဉ် ရှိ၊ မရှိ” ဟူ၍ဖြစ်သည်။ အဆိုပါမေးခွန်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ပြန်လည်ဖြေကြားခဲ့သည်မှာ နိုင်ငံတော်သမ္မတ၏ အထူးဖိတ်ခေါ်ချက်အရ ဆောင်ရွက်ပေးနေသည်ဖြစ်၍ ဥပေဒတစ်ရပ်ရေးဆွဲပြဌာန်းရန် မလိုအပ်ဟူ၍ဖြစ်သည်။ “နိုင်ငံတော်သမ္မတ၏ ဖိတ်ခေါ်ချက်နှင့်အညီ […]
၂၀၁၂၊စက်တင်ဘာလထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၁) မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။ ဉာဏ်လင်း၊ဇေယျာလှိုင်၊ဝင်းဇော်လတ် ရေးသည်။ သားဖြစ်သူပြန်လာမည်ဆိုလို့သာ ရန်ကုန်လေဆိပ်မှာ လာစောင့်နေရသည်။ ဟုတ်မှဟုတ်ပါ့မလားဟူသော အတွေးက အသက် ၆၂ နှစ်အရွယ် မိခင်တစ်ယောက်ကို ဒွိဟပွားစေသည်။ အမိမြေကနေ သားဖြစ်သူ ထွက်ပြေးတိမ်းရှောင်မသွားခင် သူ့ဆီသို့ နောက်ဆုံး ကသုတ်ကရက် ရေးသားပေးပို့ခဲ့သော စာတို လေးထဲမှာ “အမေ ကျနော် မသေပါ။ စိတ်မပူပါနဲ့။ အခြေအနေအရ နယ်စပ်ကို ထွက်သွားပါတယ်။ တစ်ပတ် သို့မဟုတ် အလွန်ဆုံး နှစ်လလောက်ကြာမယ်” တဲ့။ ထို“အလွန်ဆုံး နှစ်လ”ဟူသော အချိန်ကာလသည် ကုန်လွန်သွားခဲ့သည်။ သားဖြစ်သူ ပြန်မလာ။ နှစ်နှစ်ကုန် သွားသည်။ ဘာသတင်းမှ မရ။ သေပဲသေသွားပြီလား။ နောက်ထပ် အနှစ် ၂၀ ကျော်ထပ်ကုန်သွားပြန်သည်။ သားတစ်ယောက် […]
၂၀၁၄၊မတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၂) မှ သတင်းဆောင်းပါးဖြစ်ပါသည်။ သက်ဦးမွန် ရေးသည်။ မော်ကွန်းစာဖတ်ပရိသတ်တွေကို ထူးခြားတဲ့ မင်္ဂလာ အထိမ်းအမှတ်ပွဲတစ်ခုအကြောင်း ပြောပြချင်တယ်။ အဲဒီမှာ ဘယ်တုန်းကမှ မမြင်ဖူးတဲ့ မြင်ကွင်းမျိုးကို တွေ့ခဲ့ရတယ်။ အဲဒီ နေ့က မတ်လ ၂ ရက်နေ့။ တနင်္ဂနွေနေ့။ ရန်ကုန်မြို့၊ Excel Tower ဆယ်ထပ်ကို ဓာတ်လှေကားနဲ့ တက်ပြီး အဲဒီကိုရောက်တာနဲ့ မင်္ဂလာခန်းမကြီးကို မြင်တွေ့လိုက် ရတယ်။ ဟောဟိုက မင်္ဂလာစင်မြင့်ကို လှမ်းကြည့်လိုက်တော့ စင်မြင့်ထက် ငွေရောင်ကန့်လန့်ကာပေါ်က အပြာရောင်စာလုံးလေး တွေက ထူးဆန်းနေတယ်။ ဘာလို့လဲဆိုတော့ အဲဒီအပြာရောင် စာလုံးလေးတွေကို ဖတ်ကြည့်တဲ့အခါမှာ ”ကိုမျိုးမင်းထက် (Project Manager) နှင့် ကိုတင်ကိုကို (Coordinator) တို့၏ ဆယ်နှစ်ပြည့် မင်္ဂလာ အထိမ်းအမှတ်”ဆိုတဲ့ စာလုံးတွေ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."