စက်တင်ဘာလထုတ်-၂၀၁၃၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၇)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ သန်းထိုက် ရေးသည်။ ခင်မောင်မြင့်၊ကျော်ဇေယျ နှင့် မောင်သင်တုန်း သတင်းပေးပို့သည်။ ငါးလုပ်ငန်းကိုလည်း မမေ့သင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ရာမှာ စိုက်ပျိုးရေးလုပ်ငန်းအပြင် ငါးကန်၊ ပုစွန်မွေးမြူရေး ကန်တွေ ပြန်လည်ထူထောင်ဖို့ကလည်း အာရုံစိုက်ကြရမယ့် အရာပါ။ ကနဦးရထားတဲ့စာရင်းတွေအရ ငါးကန်ဧက ၂၂,ဝဝဝ လောက် ရေမြုပ်သွားပြီး နောက်ထပ်လည်း နစ်မြုပ်နိုင်တဲ့ ဒေသ တွေလည်း ရှိနေတော့ ဒီနှစ်မှာ ငါးမွေးကန်အားလုံးရဲ့ ၁၅ ရာခိုင် နှုန်းထက်မနည်း ဆုံးရှုံးလိမ့်မယ်လို့ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်း ရေးမှူး ဦးဝင်းကြိုင်ကတော့ ခန့်မှန်းပြောဆိုပါတယ်။ ရခိုင်ပြည်နယ်၊ စစ်တွေရဲ့ မြောက်ဘက်နဲ့ ဘူးသီးတောင်၊ မောင်တောကြားမှာရှိတဲ့ ပုစွန်မွေးကန် ဧက တော်တော်များ […]
စက်တင်ဘာလထုတ်-၂၀၁၃၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၇)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ သန်းထိုက် ရေးသည်။ ခင်မောင်မြင့်၊ကျော်ဇေယျ နှင့် မောင်သင်တုန်း သတင်းပေးပို့သည်။ မြောက်ဦး(စက်တင်ဘာ၊ ၂၀၁၅) ရေပြန်ကျချိန် ရခိုင်ပြည်နယ်၊ မြောက်ဦးနဲ့ မင်း ပြားမြို့နယ်ကြားက လယ်ကွင်းတွေဟာ ကန် သင်းတောင်မမြင်ရတော့ဘဲ သဲသောင်ပြင်ကြီး တစ်ခုလို ဖြစ်သွားတယ်။ တချို့လယ်တွေဆိုရင် လည်း သစ်တုံးတွေ၊ အမှိုက်တွေနဲ့ ပြည့်လို့။သဲဖုံးသွားတဲ့ လယ်ကွက်တွေကို ပြန်ဖော်ပြီး စပါးပြန်စိုက် မယ်ဆိုရင်တောင် မျိုးစပါးရဖို့က ဒီဘက်က ရေဘေးသင့် လယ် သမားတွေအတွက် ခေါင်းခဲစရာဖြစ်နေတယ်။ ရေကြီးရေလျှံ ဖြစ် တဲ့အထဲမှာ လယ်ယာတွေ ပျက်စီးရုံတင်မကဘူး၊ လှောင်ထားတဲ့ ဝမ်းစာစပါးတွေနဲ့ မျိုးစပါးတွေလည်း ပါကုန်ကြတယ်လို့ ဒေသခံ တွေက ဆိုကြတယ်။ ရေပြန်ကျလို့ သုံးပတ်လောက်ကြာတဲ့အထိ လယ်သမား အများစု […]
အသက်၁၅နှစ်မှ၁၉နှစ်ကြားအရွယ်များသည်ပညာသင်ယူသည့်နေရာတွင်သာမကအလုပ်အအကိုင်၊အခွင့်အလမ်းရှာဖွေသည့်နေရာ၌ပါ ပြင်းထန်သောပြိုင်ဆိုင်မှုများကိုကြုံတွေ့တတ်ကြသည်ဟုစိတ်ပညာရှင်ဒေါက်တာခင်မြင့်ကသုံးသပ်သည်။ထို့ပြင်လူနေမှုအဆင့်အတန်းကွာဟမှုကိုလည်းပိုမိုကြုံတွေ့ခံစားရတတ်သည်ဟု ဒေါက်တာခင်မြင့်ကသုံးသပ်ပြသည်။ နောက်ဆက်တွဲအဖြစ်စိတ်ဖိစီးမှုများလာသည့်ဒဏ်ကိုလည်းခံကြရတတ်သည်ဟုသူကဆိုသည်။
ဇွန်လိုင်-၂၀၁၃၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ မီမီခိုင် ရေးသည်။ ဘယ်ယာဉ်မောင်းတွေ ဖုန်းပြောများသလဲ အထူးသဖြင့် ယာဉ်မောင်းစဉ် မိုဘိုင်းလ်ဖုန်းအသုံးပြုမှုသည် ကိုယ်ပိုင် ယာဉ်များနှင့် အငှားယာဉ်များတွင်အများ ဆုံးဖြစ်နေပြီး ခရီးသည်တင်ယာဉ်များ လည်း အနည်းငယ်ပါဝင်လာပြီ ဖြစ် ကြောင်း တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည့် ယာဉ်ထိန်းရဲအချို့က ပြောပြ ပါသည်။ ”ကားမောင်းရင်းဖုန်းပြောတာကိုအများဆုံးတွေ့နေရတာ အိမ်ကားနဲ့ တက္ကစီပဲ။ တော်တော်များများကလည်း လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေပဲ။ လိုင်း ကားသမား ကားမောင်းရင်း ဖုန်းပြောတာ ကတော့ အတွေ့ရနည်းတယ်။ ဒါပေမဲ့ အရင်ကထက်စာရင်တော့ ရှိလာနေပြီ”ဟု ပန်းဆိုးတန်းမီးပွိုင့်ရှိ တာဝန်ကျယာဉ် ထိန်းရဲ ဒုတပ်ကြပ်ဟိန်းစိုးထက်က ပြော ပြသည်။ လက်ရှိရန်ကုန်တိုင်းဒေသကြီး စည် ပင်သာယာနယ်နိမိတ်အတွင်း ပြေးဆွဲနေ သောယာဉ်စီးရေမှာ စုစုပေါင်း […]
ဇွန်လိုင်-၂၀၁၃၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ မီမီခိုင် ရေးသည်။ ရန်ကုန်မြို့၏ အစည်ကားဆုံးလမ်း မကြီးများထဲတွင် အပါအဝင်ဖြစ်သည့် အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်း ဆုံရာ မီးပွိုင့်တွင် တာဝန်ကျယာဉ်ထိန်း ရဲ၏နှုတ်မှ ဝစီမှုတ်သံ ‘ရွှီး’၊’ရွှီး’ဆိုသည်က ဆက်တိုက်ဆိုသလိုထွက်ပေါ်နေသည်။ ထိုဝစီမှုတ်သံကား ယာဉ်မောင်းသူ များနှင့် လမ်းအသုံးပြုသူများအကြား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက် နာစေရေးအတွက် သတိပေး ဝစီမှုတ်သံ ဖြစ်သည်။ မျိုးစုံသောစည်းကမ်းများအတွက် ဝစီမှုတ်ခြင်းတွင် မီးပွိုင့်ဖြတ်နေစဉ်မှာ တောင် ဖုန်းပြောနေသည့် ယာဉ်မောင်း နှင့် လမ်းဖြတ်ကူးနေစဉ်မှာတောင် လမ်း ကို မကြည့်ဘဲ လက်ကိုင်ဖုန်းကိုသာ အာရုံ စိုက်နေသည့် လမ်းအသုံးပြုသူ၊ ခြေကျင် လျှောက်သူများအကြား သတိပေးဝစီ မှုတ်ရသည်က အများဆုံးဖြစ်လာနေ သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးနယ်နိမိတ်နှင့် မြို့တွင်းယာဉ်ထိန်းရဲ […]
ဇွန်လိုင်၊-၂၀၁၃ ၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ ဝင်းဇော်လတ်၊ ခင်မောင်မြင့် နှင့် နှင်းကို ရေးသည်။ ဘယ်ကို ပြေးရမလဲ နာဂစ်တုန်းက မသေမပျောက် ကျန်ခဲ့သည့် ဒေါ်ဌေးမြင့်က အနီးအနား ကျေးရွာများမှ ဘဝတူ ဒေသခံများ အတွက် မုန်တိုင်းဒဏ်ခံအဆောက်အအုံ များ ရရှိရေးကို မျှော်လင့်လျက်ရှိသည်။ အထူးသဖြင့် ရွာနှင့်အဝေးရှိ ကွင်းပြင် များတွင် နေထိုင်သူများအတွက်ဖြစ် သည်။ အရေးကြုံလျှင် လယ်ကွင်းပြင် များကို ဖြတ်ပြေးရန်မှာလည်း မလွယ်ကူ။မြစ်ကူး၊ ချောင်းကူးရန်လည်း စက်လှေ မရှိသူများအတွက် ပို၍ စိုးရိမ်နေသည်။ နာဂစ်မုန်တိုင်းနှင့် ကြုံပြီးကတည်း က မိုးဦးကျချိန်များတွင် အရေးကြီးသည့် ပစ္စည်းအနည်းငယ်နှင့် အဝတ်အစားအချို့ ကို အဆင်သင့်ထုပ်ပိုးထားလေ့ရှိသည့် သူ့အတွက်ကတော့ ရွာရှိ မုန်တိုင်းဒဏ်ခံ အဆောက်အအုံက […]
ဇွန်လိုင်၊-၂၀၁၃ ၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ ဝင်းဇော်လတ်၊ ခင်မောင်မြင့် နှင့် နှင်းကို ရေးသည်။ ပင်လယ်နှင့် နှစ်မိုင်ခန့်သာ ဝေးသည့် မိန်းမလှကျွန်းတစ်ဖက်ကမ်းမှ ပဒဲကော ရွာတွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံမရှိသေးပါ။ ဒေသခံများအဆိုအရ ထိုရွာသည် နာဂစ်မုန်တိုင်း တိုက်စဉ်က ဘိုကလေးမြို့နယ်အတွင်း ကြိမ်ချောင်းကြီးကျေးရွာပြီးလျှင် ဒုတိယ လူအသေအပျောက် အများဆုံး ကျေးရွာဖြစ်သည်။ ”တကယ်လို့ နာဂစ်လို မုန်တိုင်းမျိုး နောက်တစ်ကြိမ်လာခဲ့ရင် ကျုပ်တို့ ဘယ် သွားနေရမလဲ”ဟု ပဒဲကောကျေးရွာမှ အသက် ၃၉ နှစ်အရွယ် လယ်သမား ကိုကျော် လွင်က အသံတုန်တုန်ဖြင့် မေးခွန်းထုတ်သည်။ လွန်ခဲ့သည့် ငါးနှစ်၊ ၂ဝဝ၈၊ မေ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ရန်ကုန်တိုင်း ဒေသကြီးနှင့် […]
မတ်လ-၂၀၁၃ထုတ်၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၄)မှ ခရီးသွားဆောင်းပါးဖြစ်ပါသည်။ ထင်အောင်ကျော် ရေးသည်။ (၄)ငွေဆောင်ရောက်ပြီး နောက်နေ့ မနက်စောစောမှာ သောင်ပြင်ဆီ ကျွန် တော် လမ်းလျှောက်ထွက်လာခဲ့ပါသည်။ ဆောင်းမနက်ခင်းမှာ ပင်လယ်ပြင်မှ တိုက်ခတ်လာသော လေက တသုန်သုန် သွေးနေသည်။ လှိုင်းများက ကမ်းခြေဆီ ရိုက်ခတ်လျက်။ ဝန်းကျင်တစ်ခွင်သည် ငြိမ်သက်အေးချမ်းနေပါသည်။ သို့သော် လူတစ်စုမူ သည်လိုအေး ချမ်းနေတာကို ဂရုပြုနိုင်ဟန်မတူ။ ခါးမှာ ချည်ထားသော ကြိုးဖြင့် ပင်လယ်ထဲမှ တစ်စုံတစ်ခုကို သောင်ပြင်ခြေကန်၍ ဆွဲ တင်နေကြလေသည်။ သူတို့ကား ဒေသ အခေါ် ဆွဲပိုက်သမားများတည်း။ ညက ပင်လယ်ကမ်းစပ်မှနေ၍ ခပ်လှမ်းလှမ်း အထိ ‘ဂငယ်’ပုံသဏ္ဌာန်ဝိုက်ပြီး ပိုက်ချ ထားခဲ့ပါသည်။ ရေပေါ်ပေါ်နေသော ဘောလုံးများက ထိုပိုက်လမ်းကြောင်းကို ဖော်ပြနေပါသည်။ ယခု ယင်းပိုက်ကို ကမ်းပေါ်ကနေ […]
မတ်လ-၂၀၁၃ထုတ်၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၄)မှ ခရီးသွားဆောင်းပါးဖြစ်ပါသည်။ ထင်အောင်ကျော် ရေးသည်။ ပင်လယ်ကြီးက မျက်စိတစ်ဆုံး အဆုံးမရှိ။ အဝေးဆီမှာ ရေပြင်ကျယ်ကြီးက ပြာလဲ့လို့။ မိုးကောင်းကင်က မျက်စိတစ်ဆုံး အဆုံးမရှိ။ လွင့်မျောနေသော စံပယ်ပန်း ကုံးများမှ လွဲလျှင် တစ်မိုးလုံးက ပြာလွင်လို့။ မိုးကောင်းကင်နှင့် အဏ္ဏဝါရေပြင်သည် ဟိုးအဝေးမိုးကုပ်စက်ဝိုင်းဆီမှာ ထိနမ်း နေကြလေသည်။ ကျွန်တော်က ငွေဆောင်ကမ်းခြေ အမ်ဘိုဟိုတယ်ရှေ့ သဲသောင်ခုံပေါ် ရပ်ရင်း ပင်လယ်ကြီးဆီ ငေးရီနေမိပါသည်။ ပြောရလျှင် ပင်လယ်ကို ကျွန်တော်ချစ်သည်။ ပင်လယ်ကို ကြည့်ရင်း ကြီးပြင်းခဲ့ရသည်ကိုး။ ဆောင်းလေပြည်သည် ပင်လယ်ရေပြင်ကို ဖြတ်သန်းရင်း ကုန်းမြေကမ်းကို ပွတ် သပ်ကာ ကလူကျီစယ်သွားလေသည်။ လေထဲမှာတော့ ဆားငန်ရေရနံ့ကလေး စွက် လျက်။ ပင်လယ်ကြီးက ကျွန် တော့်အတွက် စိတ်အပန်းပြေရာ၊ ကြည်နူးစရာ။ […]
မတ်လ -၂၀၁၄ထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၂)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။ ကောင်းမြတ်မိုး နှင့် စောသစ်ထူး ရေးသည်။ အယ်လ်ကိုဟော တစ်အောင်စခွဲ ၊ ဘီယာတစ်ခွက်စာ(၃၅ဝ မီလီလီတာ)၊ အရက်ပြင်းတစ်ပက်၊ ဒါမှမဟုတ် ဝိုင်တစ်ခွက် (၁၅ဝ မီလီလီတာ) ကို အသည်းက ဓာတ်ဖြိုခွဲဖို့ တစ်နာရီကြာ အောင်စောင့်ရတယ်လို့ ဆေးပညာရှင်တွေက တိုင်းတာထား ပါတယ်။ ခန္ဓာကိုယ်က အယ်လ်ကိုဟော စုပ်ယူမှုနှုန်းထားဟာ တစ် ယောက်နဲ့ တစ်ယောက်မတူတာမို့ ကိုယ့်လစ်မစ်ကို ကိုယ်မှတ် ထားဖို့ ဆေးပညာစာအုပ်တွေ ရေးသားထုတ်ဝေနေတဲ့ ဒေါက် တာကျော်သက်ခိုင် (ဆေးတက္ကသိုလ်) က ဆိုပါတယ်။ သူကိုယ် တိုင်လည်း ‘ပညာသားပါပါ အရက်သောက်နည်း’ဆိုတဲ့ စာအုပ် ကို ပြုစုထုတ်ဝေထားပါတယ်။ ”နောက်တစ်နေ့မနက်မှာ ပျော်ပျော်ရွှင်ရွှင်နိုးထလာဖို့ သောက်သုံးလိုက်တဲ့ […]
မတ်လ-၂၀၁၃ထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၄)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ စောသစ်ထူး ရေးသည်။ ရထားတွဲပေါ် စတက်လိုက်တာနဲ့ ကုန်စိမ်းနံ့တွေကစီးကြိုနေတယ်။ ရထား ကြမ်းပြင်ပေါ်မှာ ဂေါ်ဖီ၊ ကန်စွန်းစတဲ့ ကုန် စိမ်းရွက်တွေ ဟိုတစ်စ သည်တစ်စ ပြန့် ကျဲ နေတယ်။ တွဲရဲ့ထောင့်နှစ်ဖက်မှာတော့ ကြွပ်ကြွပ်အိတ်စွပ်ထားတဲ့ အမှိုက်ပုံးတွေ ရှိနေတယ်။ ပုံးထဲမှာတော့ အမှိုက်တွေ မတွေ့ရပါဘူး။ အရင်ကသစ်သားထိုင်ခုံတွေနေရာ မှာ အစိမ်းနုရောင် ဖိုင်ဘာထိုင်ခုံတွေ အစားထိုးထားတယ်။ တွဲနံရံမှာ ”နိုင်ငံ ခြားသားခရီးသွားဧည့်သည်များကို ကူညီ ပါ”ဆိုတဲ့ စတေကာ ကပ်ထားတာလည်း တွေ့ ရတယ်။ နိုင်ငံခြားခရီးသွားဧည့်သည်အချို့ ရထားပေါ်တက်လာကြသလို ဘူတာစင်္ကြံ ပေါ်မှာလည်း ဟိုမေးသည်မေးလုပ်နေတဲ့ နိုင်ငံခြားခရီးသွားစုံတွဲတစ်တွဲကို တွေ့ရ တယ်။ ရေခဲထုပ်သည်၊ ကွမ်းယာသည်၊ ဖရဲသီး၊ သရက်သီးရောင်းတဲ့ ဈေးသည် တွေ […]
ကျားကျားလျားလျား မိန်းမသား အမေရိကန်ပြည်ထောင်စုတွင် ရှိ စဉ် ကွယ်လွန်သူ ကဗျာဆရာကြီး(ဦး)တင်မိုးက ဒေါ်မာမာအေးနှင့် ပတ်သက် သည့် မှတ်ချက်စကားတစ်ခုပြောသည်။ အမေရိကန်ရောက် မြန်မာလူငယ်များက ဒေါ်မာမာအေးကို ‘အမေ’ဟုခေါ်ကြ သည်။ ထိုလူငယ်များက တစ်ခါတလေ သူ့ ဆီမှ ဦးတင်မိုးဆီသို့လည်း သွားလည် တတ်သည်။ ထိုအခါ ဦးတင်မိုးက လူငယ် များကို ”မင်းတို့ ဘယ်ကပြန်လာကြတာ လဲ”ဟု အမြဲမေးသည်။ လူငယ်တွေက”အမေ့အိမ်က…” ဟုဖြေလျှင် ဒေါ်မာမာအေး အိမ်မှ လာ ကြောင်း သိကြပြီးဖြစ်သည်။ ထိုအခါ ”ဟေ…တွေ့လား၊ မာမာအေးကို တွေ့ခဲ့ လား” ဦးတင်မိုးက ပြန်မေးသည်။ လူငယ် တွေက ”တွေ့ခဲ့တယ်”ဟုဖြေသည့်အခါ ”ဆဲရော ဆဲလိုက်လား”ဟု နောက်တစ် ခွန်း ဆက်မေး၏။ ဆဲလိုက်သည်ဟုဆိုလျှင် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."